Sunday, June 25, 2017

VPN (Virtual Private Network) Sever ပြုလုပ်ခြင်း။




ကျနော် အခုဆွေးနွေးချင်တာလေးကတော့  VPN လို့ ခေါ်တဲ့  Virtual Private Network Server တည်ဆောက်ခြင်းဖြစ်ပါတယ်။
ICS (Internet Connection Sharing ) ကို User Name & Password ဖြင့် ရှယ်မှာဖြစ်ပါတယ်။
ကဲစလိုက်ကြရအာင်ဗျာ ...

ပထမဆုံးအနေဖြင့်  Internet Connection ရှိနေတဲ့  Computer မှာ Configuration အရင်လုပ်ပါမယ်။
RUN >>>> ncpa.cpl ဟုရိုက်ပါမယ်..။ Network Connection ပေါ်လာရင် ALT ကီးကိုနှိပ်ရပါမယ်။
File >>>>> New Incoming Connection ကို Select လုပ်ပါမယ်။





Add Someone ကိုနှိပ်ပြီး User Name & Password ( မိမိ ကြိုက်နှစ်သက်ရာ ပေးနိုင်ပါတယ် ) ဖြည့် ပါမယ်။



Through the Internet ကို အမှတ်ခြစ်ပေးရပါမယ် .... ပြီးရင် Next ကိုသွားပါမယ်။



ှုInternet Protocol Version 4 (TCP/IPv4) ကို အမှန်ခြစ်ပေးပြီး Allow Access ကို Click ပါမယ်။



ပေါ်လာတဲ့ Computer Name ဆိုတာ ချိတ်ရမဲ့ Host Name ဖြစ်ပါတယ်... မှတ်ထားလိုက်ပါ။



RUN >>> ncpa.cpl ဟုခေါ်လိုက်ပါ  Incoming Connection ဆိုတဲ့  Adapter ပေါ်နေရပါမယ်။ ဒါဆိုရင် Host (သို့ ) Server Computer မှာ လုပ်ဆောင်မှုပြီးပါပြီ။



င်္Important : Firewall  တွင် VPN TCP port : 1723  ကို Allow ပေးထားရန်လိုအပ်ပါသည်။











(2)Client Configuration

ကဲ အခု ... Internet ယူမဲ့  Client Computer မှာ VPN ဆောက်ရပါမယ်။
Control Panel >>>> Network and Sharing Center>>>>> Setup a new connection network ကို Click ပါမယ်။
Connect to a workplace ကိုရွေးပြီး Next ကိုဆက်သွားပါမယ်။



Use my Internet Connection (VPN) ကို Click ရပါမယ်။



Internet Address မှာ ခုနက နောက်ဆုံးပေါ်လာတဲ့ Server Computer ရဲ့ နာမည် ကို ထည့် ပါမယ်။



User Name & Password ကိုထဲ့ပြီး Create လုပ်လိုက်ပါ...။ ဒါဆိုရင် VPN ဆောက်လို့ ပြီးပါပြီ။



RUN >>> ncpa.cpl မှ VPN Connection ကို ဖွင့်ပါ။ Username & Password ပြန်ထည့်ပြီး Connect လိုက်ရင် Internet ဝင်ပြီဖြစ်ပါတယ်။


Monday, June 19, 2017

Point to Point Protocol (PPP) (၂)



          အိုခေ ကျွန်တော်တို့ PPP အပိုင်း (၁) ကိုဆွေးနွေးခဲ့ကြပြီးပြီ။ ဒီတော့ အပိုင်း (၂) မှာ PPP ကိုဘယ်လို configure ချသွားသလဲဆိုတာကို အကြမ်းဖျဉ်းပြောပြပေးမယ်။

PAP configuration
          PAP ကိုပုံမှန်အားဖြင့် configuration လုပ်ကြတဲ့အခါမှာ တော်တော်များများစာအုပ်တွေကို ကြည့်လိုက်ရင် router နှစ်လုံးစလုံးဟာ အချင်းချင်း အပြန်အလှန် authenticate လုပ်ကြတာကိုတွေ့ရမှာဖြစ်ပါ တယ်။ ဆိုလိုတာက အပိုင်း (၁) မှာပြောခဲ့သလို router တစ်လုံးက PPP server နောက်တစ်လုံးက PPP client ဆိုတာမျိုးမဟုတ်ပဲ နှစ်လုံးစလုံးမှာ username နဲ့ password တွေကို configure ချထားပြီး တစ်လုံးနဲ့တစ်လုံးချိတ်ဆက်ကြတာပါ။ ဒါကို ကျွန်တော် lab 16 မှာလုပ်ပြခဲ့ပြီးပါပြီ။ ဒါပေမဲ့ theoretical နဲ့တွဲပြီး နားလည်အောင် ဘယ်လို authenticate လုပ်သလဲဆိုတာပြောပြဖို့အတွက်ကျတော့ PPP server နဲ့ PPP client ဆိုပြီးသုံးနှုန်းလိုက်ရတာဖြစ်ပါတယ်။
         


          အဲဒီမှာ router နှစ်လုံးက တစ်လုံးသည် server ဖြစ်ပြီး နောက်တစ်လုံးသည် client အဖြစ်ဆောင်ရွက်ပါ တယ်။ အဲဒီမှာတွေ့လား server အနေနဲ့ လုပ်ဆောင်တဲ့ router ရဲ့ configuration မှာ username နဲ့ password ကို တည်ဆောက်ထားတာ။ server(config)#username CLIENT1 password TUT ဆိုတာလေ။ ဒီတော့ server ကိုလာချိတ်ဆက်မယ့် client သည် အဲဒီ username နဲ့ password ကိုအသုံးပြုပြီး ချိတ်ဆက်မှသာလျှင် authenticated ဖြစ်ပြီး ချိတ်ဆက်လို့ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် client router ရဲ့ configuration မှာ client(config-if)#ppp pap sent-username CLINET1 password TUT လို့ server ဆီကိုလှမ်းပြီး authenticated လုပ်ပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ အဲဒီ client က ပို့လိုက်တဲ့ username နဲ့ password ကို server မှာတည်ဆောက်တားတဲ့ username/ password ရယ် ppp authentication pap ဆိုတဲ့ command တွေကလှမ်းစစ်တာဖြစ်ပါတယ်။ အကယ်လို့များ client မှာ အဲဒီ command ကို configure လုပ်ခဲ့ရင်တော့ server သည် username နဲ့ password ကို client ဆီကိုပို့ပြီး authenticate လုပ်ရတော့မှာဖြစ်ပါတယ်။ ဒါ့ကြောင့် client မှာ အဲဒီ command ကိုမထည့်ရပါဘူး။ မဟုတ်ရင် server အတွက် clinet မှာ username နဲ့ password ကို configure လုပ်ထားခြင်းမရှိတဲ့အတွက် authentication fail ဖြစ်သွားမှာဖြစ်ပါတယ်။ ဒီတော့ router နှစ်လုံး authenticated ဖြစ်မဖြစ်ကို show ip interface brief ဆိုတဲ့ command ကိုအသုံးပြုပြီးတော့ status မှာ up/up state ဖြစ်မဖြစ်ကိုကြည့်နိုင်ပါတယ်။ ဖြစ်တယ်ဆိုရင်တော့ authenticated ဖြစ်သွားပါပြီ။ ဒါမှမဟုတ် ping ကြည့်လို့ reply ပြန်ခဲ့ရင်လည်း authenticated ဖြစ်တယ်လိုဆိုရမှာဖြစ်ပါတယ်။ အိုခေ နားလည်တယ်နော်။ သိထားရမှာက PAP က authentication လုပ်တဲ့အခါမှာ clear text နဲ့လုပ်တာကြောင့် security မကောင်းပါဘူး။

CHAP configuration
                   CHAP ကတော့ PAP နဲ့ configuration လုပ်တဲ့သဘောတရားချင်းဆင်ပါတယ်။ အရမ်းကြီးကွဲသွားတာမျိုးမဟုတ်ပါဘူး။



          အပေါ်က configuration ကိုကျွန်တော်နည်းနည်းလေးရှင်းပြပေးမယ်။ PAP တုန်းက server မှာ username နဲ့ password ကိုတည်ဆောက်သလို CHAP မှာလည်းတည်ဆောက်ထားတာကိုတွေ့ရမှာဖြစ်ပါ တယ်။ ပြီးတော့ server မှာ ppp authentication chap ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒါကတော့ authenticate လုပ်တဲ့အခါမှာ chap နဲ့ server က authenticate လုပ်ဖို့ဖြစ်ပါတယ်။ ဒီနေရာမှာ client မှာပြောဖို့တစ်ခုရှိတယ်။ အဲဒါက pap တုန်းက ppp sent-username <> password <> ဆိုပြီး configure လုပ်ရပေမယ့် chap မှာတော့ ppp chap hostname လို့သုံးပြီး username လို့မသုံးထားတာကိုတွေ့ရမှာဖြစ်ပါ တယ်။ ပြီးတော့ username နဲ့ password ကို နှစ်ခါခွဲပြီး configure လုပ်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ chap ရဲ့ အားသာချက်က username နဲ့ password ကို server ဆီကိုမပို့ပဲ နဲ့ authentication လုပ်တာဖြစ်လို့ ppp sent-username <> password <> ဆိုတာကိုမသုံးတော့တာဖြစ်ပါတယ်။ ဒါကို ကျွန်တော်အပိုင်း ၁ မှာ theory အနေနဲကဖော်ပြထားပြီးခဲ့ပါပြီ။ ပုံကိုမမြင်ရဘူးဆိုရင် ပုံကိုထောက်ပြီး ကြည့်နိုင်ပါတယ်။

Point to Point Protocol (PPP) (၁)



          ကျွန်တော်တို့ PPP ကို lab တွေလုပ်နေတဲ့အချိန်မှာ တစ်ဖက်ကလည်း PPP နဲ့ပါတ်သက်ပြီး theoretical လေးကိုလည်းရှင်းပြပေးပါ့မယ်။ PPP ဆိုတာ open standard protocol တစ်ခုဖြစ်ပြီး သူ့ကို serial link တွေကိုအသုံးပြုပြီး point-to-point ချိတ်ဆက်တဲ့ network တွေမှာအသုံးပြုတာဖြစ်ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ layer 3 packets တွေကို point-to-point ချိတ်ဆက်ထားတဲ့ data link layer တွေအပေါ်မှာ ပို့ဆောင်ပေးဖို့အတွက်ဖြစ်ပါတယ်။ သူ့အောက်မှာ protocol နှစ်ခု ထပ်မံပါဝင်ပါတယ်။ အဲဒါတွေကတော့
၁) Link control protocol (LCP) နဲ့
၂) Network control protocol (NCP) တို့ပဲဖြစ်ပါတယ်။




PPP ဟာ LCP ကိုအသုံးပြုပြီး layer 2 အတွက်လိုအပ်တဲ့ service တွေကိုအရင်ပြုလုပ်ပေးပါတယ်။ ပြီးပြီဆိုရင်တော့ NCP ကိုအသုံးပြုပြီး layer 3 အပေါ်မှာအသုံးပြုမယ့် IP နဲ့အခြား protocol တွေအတွက် PPP link အပေါ်မှာ ကောင်းမွန်စွာလုပ်ဆောင်နိုင်ဖို့အတွက် ဆောင်ရွက်ပါတယ်။ သို့သော် မှတ်ထားရမှာက PPP ဆိုတာ Data link layer မှာအလုပ်လုပ်တဲ့ protocol ဖြစ်တယ်ဆိုတာပါပဲ။

Establish a PPP session
          PPP link တစ်ခုအောင်မြင်စွာတည်ဆောက်ပြီစီးဖို့အတွက် လုပ်ငန်းစဉ် ၃ မျိုးကိုလုပ်ဆောင်ရပါတယ်။


1)    ပထမဦးဆုံး PPP ကိုအသုံးပြုထားတဲ့ device နှစ်ခုဟာ LCP packets တွေကိုအပြန်အလှန်ပို့ကြပြီး link ကိုစစ်ဆေးခြင်း၊ connection တည်ဆောက်ခြင်း တို့ကိုပြုလုပ်ပါတယ်။
2)    နောက်တစ်ဆင့်အနေနဲ့ ကျွန်တော်တို့ဟာ PPP ကို configure လုပ်တဲ့အခါမှာ PAP သို့ CHAP တစ်ခုခုကိုအသုံးပြုပြီး authentication ကိုပြုလုပ်ထားခဲ့မယ်ဆိုလို့ရှိရင် အဲဒီ authentication process တွေကိုပြုလုပ်ပါတယ်။ ဒါကလည်း အမြဲလုပ်ဆောင်တာမဟုတ်ပဲ authentication လုပ်ထားခဲ့မှသာလျှင်ဆောင်ရွက်မှာဖြစ်ပါတယ်။
3)    နောက်ဆုံးမှာတော့ NCP packet တွေကိုပို့ကြပြီး link ပေါ်မှာ ဘယ် layer 3 protocol တွေကို အသုံးပြုဆောင်ရွက်ပြီးတော့ encapsulation လုပ်မယ်ဆိုတာတွေကိုဆောင်ရွက်ပါတယ်။

ဒီနေရာမှာ မှတ်သားရမှာလေးတွေရှိပါတယ်။ ပုံမှန်အားဖြင့် cisco router နှစ်လုံး serial link ကိုအသုံးပြုပြီး ချိတ်ဆက်ကြတဲ့အခါမှာ default encapsulation protocol (HDLC) ကိုအသုံးပြုပါတယ်။ သူကတော့ cisco proprietary protocol ဖြစ်ပါတယ်။ ဒါ့ကြောင့် အခြား non-cisco router များနဲ့ချိတ်ဆက်တဲ့အခါမှာတော့ open standard protocol တစ်ခုဖြစ်တဲ့ PPP ကိုအသုံးပြုရမှာဖြစ်ပါတယ်။

PPP authentication Methods
          PPP မှာ built-in security mechanisms တွေဖြစ်တဲ့ Password Authentication Protocol (PAP) နဲ့ Chellenge Handshake Authentication Protocol (CHAP) တို့ပါဝင်လာပါတယ်။


          PAP ရဲ့ authentication ကတော့ PPP client router ကနေ server ဆီကို username နဲ့ password ပါတဲ့ message ကိုပို့လိုက်တယ်။ ဒါကို PPP server router က စစ်ဆေးပြီး မှန်ရင် accept လုပ်ပြီး၊ မှားခဲ့ရင်တော့ deny လုပ်ပြီး connection ကိုဖြုတ်ချပါတယ်။ ဒါကို two-way handshake authentication လို့ခေါ်ဆိုပြီး PAP ရဲ့အားနည်းချက်ကတော့ username နဲ့ password တွေကို clear text နဲ့ပို့တာပဲဖြစ်ပါတယ်။ ဒါဟာ ကြားမှာ attacker တစ်ယောက်ရဲ့ကြားဖြတ်ချိတ်ဆက်ခြင်းကိုခံရနိုင်တဲ့အနေ အထားတစ်ခုဖြစ်ပါတယ်။

CHAP authentication methods
          CHAP ကတော့ three-way handshake authentication process ကိုအသုံးပြုပြီး PAP ထက်ပိုပြီးရှုပ်ထွေးတဲ့ encrypted text ကိုအသုံးပြုပါတယ်။



1)    Server က ပထမဆုံးအနေနဲ့ encrypt လုပ်ထားတဲ့ message တစ်ခုကို client ဆီကိုပို့ပေးတယ်။



2)    PPP client ဟာ server ဆီကရလာတဲ့ message သို့ challenge ကို သူ့မှာရှိတဲ့ password ကိုအသုံးပြုပြီး decrypt လုပ်ပါတယ်။ နောက်ပြီး ရလာတဲ့ result ကို server ဆီကိုပြန်ပို့ပေးပါတယ်။



3)    နောက်ဆုံးမှာတော့ server ဟာ သူ့မှာရှိတဲ့ result နဲ့ client ဆီကရလာတဲ့ result ကိုတိုက်ကြည့်လို့မှန်တယ်ဆိုရင် connection ကိုတည်ဆောက်ပေးပြီး၊ မှားတယ်ဆိုရင်တော့ connection ကိုဖြုတ်ချလိုက်ပါတယ်။

PAP နဲ့ CHAP ကြား အဓိကကွာခြားချက်က PAP ဟာ link ပေါ်ကနေပြီး plain-text username နဲ့ password တွေကိုပို့ပြီး authentication  လုပ်တယ်။ ဒါပေမဲ့ CHAP ကတော့ random message တစ်ခုကိုသာပို့လိုက်ပြီး သက်ဆိုင်ရာ clinet ဆီမှာသာ username နဲ့ password ကိုအသုံးပြုပြီး decrypt လုပ်တာပဲဖြစ်လို့ username နဲ့ password ကို link ပေါ်မှာမပို့ဆောင်ပါဘူး။
အခြားကွဲပြားတာတစ်ခုကတော့ PAP ဟာ link ကိုစပြီးတည်ဆောက်တဲ့အချိန်တစ်ခုမှာသာ authentication ပြုလုပ်တာဖြစ်ပါတယ်။ CHAP ကတော့ link ကိုတည်ဆောက်တဲ့အချိန်မှာအပြင် တည်ဆောက်ပြီးတဲ့အချိန်တွေမှာလည်း အချိန်အပိုင်းအခြားအလိုက် random text တွေကိုပို့နေတာကြောင့် attacker တစ်ယောက်ဟာ copy ကူးယူပြီး ချိတ်ဆက်လို့မရအောင် ( playback attack ) ကိုကာကွယ်ပြီးသားဖြစ်စေပါတယ်။
         

IP Routing အကြောင်း



          Ip routing ဆိုတာ network တစ်ခုထဲက host တစ်လုံးရဲ့ data ကို အခြား network တစ်ခုထဲမှာရှိတဲ့ host တစ်လုံးဆီကိုရောက်ရှိအောင်ပို့ဆောင်ပေးတဲ့လုပ်ငန်းစဉ်လို့အလွယ်ပြောလို့ရပါတယ်။ ဒီလို network တစ်ခုကနေ အခြားတစ်ခုဆီကို data packet တွေရောက်ရှိဖို့အတွက် ဆောင်ရွက်ပေးတာကတော့ Router ပဲဖြစ်ပါတယ်။ Router တစ်လုံးဟာ သူ့ဆီကိုရောက်ရှိလာတဲ့ data packet ရဲ့ destination address ကိုကြည့်ပြီး data packet ကိုသက်ဆိုင်ရာ network ထဲကိုရောက်ရှိနိုင်တဲ့ အခြား router တစ်လုံးဆီကို ထပ်ဆင့်ပို့ဆောင်ပေးပါတယ်။ ဒီလိုနဲ့ သက်ဆိုင်ရာ network ဆီကိုရောက်ရှိသည်အထိ router တွေဟာ တစ်လုံးနဲ့တစ်လုံးချိတ်ဆက်ပြီးလုပ်ဆောင်ကြပါတယ်။ ဒါဟာ router ရဲ့လုပ်ဆောင်ပုံပါပဲ။ ဒီတော့ router ဟာ လမ်းပြ ပုလိပ်လိုဖြစ်နေတာပေါ့။ ကားတစ်စီးက ဆူးလေကိုသွားချင်တယ်။ ဒါပေမယ့် လမ်းမသိဘူးဖြစ်နေတယ်။ ဒီတော့ သူက နီးစပ်ရာ လမ်းပြ ပုလိပ်ကိုအကူအညီတောင်းတယ်။ ဒီတော့ ပုလိပ်က ဒီလမ်းအတိုင်းဆက်သွား အဲဒီရှေ့မှာ လမ်းဆုံတစ်ခုရှိလိမ့်မယ်၊ အဲဒီမှာ လမ်းပြပုလိပ်တစ်ယောက်ကို တွေ့ရင် သူ့ကိုဆက်မေးပြီးသွားလိုက်၊ သူလမ်းညွှန်ပေးလိမ့်မယ်ပေါ့ဗျာ။ ဒီတော့ အဲဒီ ကားဟာ နောက်ဆုံး သူသွားချင်တဲ့ ဆူးလေကိုရောက်သွာတာပေါ့။ ဒါပေမဲ့ ဆူးလေမရောက်မချင်းသူ ဘာလုပ်ရသလဲဆိုတော့ လမ်းမှာတွေ့တဲ့ ပုလိပ်ကို မေးမေးပြီးသွားရမှာပေါ့။ ဒီလိုပါပဲ data packet ဆိုတာလည်း သူသွားချင်တဲ့ network ကိုရောက်ရှိဖို့အတွက် network ထဲမှာချိတ်ဆက်ထားတဲ့ router တွေကို မေးပြီးသွားတာပါ။ အိုခေး။ ဒီလို data packet တွေကိုလမ်းညွှန်ပေးဖို့အတွက် router တွေမှာ routing table ဆိုတာရှိပါတယ်။
          အဲဒီတော့ routing table မှာဘာတွေပါသလဲပေါ့။ routing table မှာ
1)    Destination network ရဲ့ network address and subnet mask
2)    Destination network ကိုသွားဖို့အတွက် ဖြတ်ရမယ့် router ရဲ့ address၊ ဒါကို ကျွန်တော်တို့တတွေက next hop လို့ခေါ်တယ်။
3)    ပြီးတော့ အထွက် interface ပေါ့။ destination network ကိုသွားဖို့အတွက် exit interface တို့ပါဝင်ပါတယ်။
Router တွေဟာ Routing table ကိုတည်ဆောက်တဲ့အခါမှာ သက်ဆိုင်ရာ destination network တွေကိုရဖို့ နည်းသုံးနည်းနဲ့ တည်ဆောက်ရပါတယ်။ အဲတာတွေကတော့
1)    Connected route
2)    Static route
3)    Dynamic route တွေဖြစ်ပါတယ်။
ဒါတွေထဲက တခုခုကိုသုံးပြီးတော့ဖြစ်ဖြစ် အားလုံးကိုသုံးပြီးတော့ ဖြစ်ဖြစ် တည်ဆောက်ကြတာဖြစ်ပါတယ်။
အောက်ပါ network ကိုကြည့်ပါ။




Host A သည် host B ကို ဆက်သွယ်တဲ့အခါမှာ host B သည် အခြား network ထဲမှာဖြစ်နေတာကိုတွေ့ရပါတယ်။ ဒီအခါမှာ host A သည် သူပို့လိုတဲ့ data ကို host B ရဲ့ ip ကိုအသုံးပြုပြီးတော့ router ဆီကိုလှမ်းပို့ပါတယ်။ ဒီတော့ router ဟာရောက်လာတဲ့ data packet ရဲ့ destination ကိုကြည့်တယ်၊ ပြီးတော့ သူ့ရဲ့ routing table ထဲကိုကြည့်တဲ့အခါမှာ destination network ကိုတွေ့တော့ အဲဒီ data packet ကို outgoing interface ဖြစ်တဲ့ fa0/1 ကနေပို့လွှတ်လိုက်တဲ့အခါမှာ host B  ဆီကိုရောက်သွားပါတော့တယ်။ အောက်မှာကတော့ Router0 ရဲ့ routing table ကိုတွေ့ရမှာဖြစ်ပါတယ်။ အဲဒီမှာ destination network address ဖြစ်တဲ့ 10.0.0.0/8 ကိုတွေ့ရမှာဖြစ်ပါတယ်။ routing table ကိုကြည့်ဖို့အတွက် router ရဲ့ enable mode မှာ show ip route လို့ရိုက်ထည့်ပြီးကြည့်နိုင်ပါတယ်။ Router ရဲ့ mode တွေကိုမသိသေးဘူးဆိုရင်တော့ ဒီမှာ ၀င်ကြည့်နိုင်ပါတယ်။ 


HSRP ( Host Standby Routing Protocol )



          HSRP အကြောင်းကိုပြောကြမယ်ဗျာ။ ဘာလဲ HSRP ဆိုတာ။ HSRP ဆိုတာကတော့ route redundancy protocol တစ်ခုပဲဗျ။ redundancy ဆိုတာ ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ်အရေးကြီးတယ်လေ။ ရွာတစ်ရွာမှာ မီးရအောင် မီးစက်တစ်လုံးမောင်းထားတယ်။ အဲဒီမီးစက်မပျက်သေးသရွေ့တော့ အဲဒီရွာမှာ မီးရနေမှာပေါ့။ ဒါပေမဲ့ အဲဒီမီးစက်ပျက်သွားခဲ့ရင်တော့ မီးစက်ကိုပြန်ပြင်ပြီးတဲ့အထိ တစ်ရွာလုံး မီးပျက်နေမှာပေါ့ဗျာ။ ဒီတော့ လျှပ်စစ်မီးသုံးပြီးအလုပ်လုပ်ရတဲ့ အလုပ်တွေအားလုံး ရပ်ဆိုင်းထားရမှာပေါ့။ ဒီတော့ အရံမီးစက်တစ်လုံးဝယ်ထားလိုက်တယ်။ ပထမ သုံးနေတဲ့ မီးစက်မပျက်သရွေ့တော့ သူ့ကို ဒီအတိုင်းပဲထားမယ်။ အကယ်လို့များ ပထမသုံးနေတဲ့မီးစက်ကို ပြုပြင်ဖို့လိုအပ်လာပြီဆိုရင်တော့ သူ့ကို မောင်းမယ်ပေါ့။ ဒီတော့ ရွာကလည်း မီးမပျက်တော့ဘူး၊ လုပ်နေကျအလုပ်တွေကိုပုံမှန်ဆက်လုပ်လို့ရနေမယ်။ ဒါဟာ redundancy ပါပဲ။ ဒီတော့ ကျွန်တော်တို့ network လောကမှာလည်း redundancy ဆိုတာကိုထည့်သွင်းစဉ်းစားကြပါတယ်။ ဒါမှလည်း အရေးကြီးတဲ့ network တွေဟာ ပုံမှန်အတိုင်း အရှိန်မပျက် ဆက်ပြီးအလုပ်လုပ်လို့ရနေမှာပါ။ ဒီတော့ အောက်က topology ကိုကြည့်ပါ။



ကျွန်တော်တို့မှာ 192.168.1.0/24 ဆိုတဲ့ network တစ်ခုရှိမယ်။ ပြီးတော့ ISP ကို Router 1 ကနေဖြတ်ပြီးတော့ internet ချိတ်ဆက်ထားတယ်ပေါ့။ ဒီတော့ ကျွန်တော်တို့အနေနဲ့ စဉ်းစားရမှာတစ်ခုရှိပါတယ်။ ကျွန်တော်တို့ရဲ့ network သည် အချိန်နဲ့ တပြေးညီဆောင်ရွက်နေရတဲ့ time sensitive network လား၊ ဒါမှမဟုတ် network ကို အချိန်အတိုင်းအတာတစ်ခုလောက်ပဲသုံးတာလားပေါ့။ ဥပမာ banking network လိုမျိုးတွေဆိုရင် network ပြတ်တောက်မှုဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတွေဆီကို ဦးတည်နိုင်ပါတယ်။ ဒါမှမဟုတ်ပဲ email ပို့တာလောက် download ဆွဲတာလောက်ပဲ network ကိုသုံးတာဆိုရင်တော့ HSRP ကိုသုံးဖို့မလိုအပ်ဘူးပေါ့ဗျာ။ ဒီတော့ အထက်က network ကိုပဲကြည့်။ အကယ်လို့များ R1 ကနေ ISP ကိုချိတ်ဆက်ထားတဲ့ network သာ down သွားခဲ့ရင် ကျွန်တော်တို့ network သည် internet ချိတ်ဆက်မှုပြတ်တောက်သွားပြီဖြစ်ပါတယ်။ ဒါဟာ time sensitive network တွေအတွက်တော့ ကောင်းမွန်တဲ့ network တည်ဆောက်ပုံမဟုတ်ပါဘူး။ ဒီတော့ ကျွန်တော်တို့က ဒီလိုမျိုး မဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတော့ ISP ဆီကို network နှစ်ခုသုံးပြီးချိတ်ဆက်ထားမယ်။ အောက်က ပုံအတိုင်းပေါ့။ ပြီးတော့ HSRP ကိုသာသုံးထားမယ်ဆိုရင် တော့ network တစ်ခု down ပေးမယ့်လည်း နောက်တစ်ခုနဲ့ ISP ကိုအလိုလျှောက်ချိတ်ဆက်ပေးမှာဖြစ်လို့ network ပြတ်တောက်တာမျိုးမဖြစ်တော့ဘူးပေါ့။



ပုံမှာတွေ့ရတဲ့အတိုင်း  ကျွန်တော်တို့ network ကိုချိတ်ဆက်ထားလိုက်မယ်ဆိုရင် အကယ်လို့များ ISP ကိုသွားတဲ့ N 1 network သာ down သွားခဲ့မယ်ဆိုရင် N 2 ဘက်ကနေ ISP ကိုချိတ်ဆက်ပေးထားမှာဖြစ်ပြီး N 2 ဘက်က network down သွားခဲ့ရင်လည်း N 1 ဘက်ကနေ ISP ကိုချိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အိုခေ ဒီတော့ HSRP ကို LAB လုပ်ကြတာပေါ့။ 

HSRP ကို configure လုပ်ရမှာကတော့ ISP ကိုချိတ်ဆက်ထားတဲ့ R1 နဲ့ R2 မှာပေါ့။ R1 ဘက်က connection ပြတ်တောက်သွားရင် R2 ဘက်ကသွားမယ်။ R2 ဘက်က connection ပြတ်တောက်သွားရင် R1 ဘက်ကသွားမယ်။ နှစ်လိုင်းစလုံးကောင်းနေသေးရင်တော့ R1 ဘက်ကပဲသွားခိုင်းမယ်။ R1 ကို primary အနေနဲ့ထားမယ်ပေါ့။ ဒါကို HSRP terminology မှာ Active လို့ခေါ်ပါတယ်။ ကျန် R2 ကိုတော့ standby ပေါ့။ အိုခေ။

ဒီတော့ configuration ကို စလုပ်ကြည့်ရအောင်။

Active အနေနဲ့ထားမယ့် R1 မှာ

()# interface fa0/0
()# standby 1 ip 192.168.1.254 ( ဒါကတော့ virtual IP ပါ။ PC တွေမှာ default gateway ip ထည့်ရင် ဒီကောင့်ကိုထည့်ပေးထားရမှာ။)
()# standby 1 priority 105 ( default က 100 ဖြစ်တယ်။ priority မြင့်တဲ့ ကောင်က active router ဖြစ်မယ်ပေါ့၊ )
()# standby 1 preempt 
()# standby 1 track fa0/1 ( ဒါကတော့ outgoing interface ရဲ့အခြေအနေကို စောင့်ကြည့်တာပါ။)

Standby အနေနဲ့ ထားမယ့် R2 မှာကတော့
()# interface fa0/1
()# standby 1 ip 192.168.1.254 ( R1 နဲ့ R2 အတူတူပဲ )
()# standby 1 preempt


ဒီလိုဆိုရင် HSRP configuration ပြီးဆုံးပြီဖြစ်ပါတယ်။ ကျွန်တော် lab file တင်ပေးထားပါတယ်။ ဘယ်လိုစမ်းရမလဲဆိုတော့ router 1 ရဲ့ interface fa0/1 ကို shutdown ချလိုက်။ ပြီးရင် PC0 ကနေ loopback IP 10.0.0.1 ကို ping ကြည့် ရနေရမယ်။ နောက်ပြီး Router 2 ရဲ့ interface fa0/0 ကို shutdown ချကြည့် ပြီးရင် PC0 ကနေ 10.0.0.1 ကို ping ကြည့်ရနေရမယ်။ အိုခေး။ 

lab file ကို ဒီမှာ ယူပါ၊

Subnetting ကိုတွက်ကြည့်ရအောင် (၁)


          ကျွန်တော်တို့ networking engineer တွေအဖြစ်အလုပ်လုပ်ကြတဲ့အခါမှာ subnet ခွဲတာကို မလွဲမ သွေကြုံတွေ့ကြရမှာဖြစ်ပါတယ်။ ထပ်ပြီးညွှန်းဆိုရရင် subnet ကိုအချိန်တိုအတွင်း တွက်ချက်နိုင်ခြင်းဟာ network သမားတစ်ယောက်အတွက်တော့ သိပ်ကိုကောင်းတဲ့ skill တစ်ခုဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆို တော့ network ဆိုတာ IP တွေနဲ့ ဆော့ကစားရတာဖြစ်ပါတယ်။ ဒါ့ကြောင့် subnetting ကိုပိုင်နိုင်တဲ့ network သမားတစ်ယောက်ဟာ အားသာချက်ရှိပါတယ်။ ကြားရသလောက် အချို့ networking အလုပ်နဲ့ interview ဖြေရတဲ့အခါမှာ subnetting တွက်ခိုင်းတာတွေရှိပါတယ်။ ဒီတော့ subnetting ဆိုတာအရေးကြီးလာပြီပေါ့။ အိုခေး။ subnetting အကြောင်းကိုမပြောခင် အရင်ဆုံး ဘာ့ကြောင့် subnet လုပ်ရသလဲဆိုတာကိုပြောပြမယ်။ ကျွန်တော်တို့ NE level တွေမှာသင်ဖူးကြပါတယ်။ Class A , Class B , Class C ဆိုပြီး IP range တွေလေ။ အောက်မှာပုံလေးနဲ့ကျွန်တော်ပြထားတယ်။ ပြန်ပြီး remind လုပ်လိုက်ပါဦး။ ကောင်းကောင်းမတွေ့ရရင် ပုံကိုထောက်ပြီးကြည့်ပေးပါ။
           
        


          ဒီတော့ ပုံကိုကြည့်လိုက်ရင် class A မှာ network ပေါင်း 126 ခုရယ် host ပေါင်း 16,777,214 
လုံးရယ်ရမယ်။ class B မှာ network ပေါင်း 16,382 ခုရယ် host ပေါင်း 65,534 လုံးရမယ်။ class C မှာဆိုရင် network ပေါင်း 2.097,150 ခုရယ် host ပေါင်း 254 လုံးဆိုပြီးတွေ့ရမှာဖြစ်ပါတယ်။ ကျန်တဲ့ class D နဲ့ class E ကိုတော့ အသုံးပြုခြင်းမရှိပါဘူး။ အဲဒီ class A,B,C တွေကို public IP address တွေလို့ခေါ်ပါတယ်။ ပြောရရင် အဲဒီ address တွေမှသာလျှင် internet ချိတ်ဆက်လို့ရမယ်လို့ဆိုလိုတာဖြစ်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ private ip address range တွေကတော့ internet ကိုတိုက်ရိုက်ချိတ်ဆက်လို့ရမှာမဟုတ်ပါဘူး။


         

          ဒီတော့ public ip နဲ့ private ip တွေက ဘာကွာသလဲဆိုတာကိုသိလောက်ပါပြီ။ ပြီးတော့ internet ပေါ်မှာရှိတဲ့ IP address တွေက တစ်ခုနဲ့ တစ်ခုထပ်နေလို့မရပါဘူး။ unique ဖြစ်နေရမှာဖြစ်ပါတယ်။ ဥပမာ ကျွန်တော်တို့ ရုံးမှာ network ဆင်တဲ့အခါမှာ တစ်လုံးက 192.168.1.1 ဆိုရင် နောက်တစ်လုံးက 192.168.1.2 လို့ပေးရသလိုပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ network တစ်ခုထဲမှာ IP တွေသည် ထပ်နေလို့မရပါဘူး၊ unique ဖြစ်နေရမယ် အိုခေ?။ ဒီလိုပါပဲ internet ဆိုတာလည်း network ကြီးတစ်ခုဖြစ်တဲ့အတွက် သူ့ထဲမှာ ချိတ်ဆက်ကြမယ့် host တွေအားလုံးသည် မတူညီတဲ့ ip တွေ၊ တစ်နည်းအားဖြင့် unique ip တွေဖြစ်ရမှာဖြစ်ပါ တယ်။ ဒီနေ့မှာ တစ်ကမ္ဘာလုံးမှာရှိတဲ့ internet ကိုချိတ်ဆက်လာတဲ့ host တွေဟာ အတော်များများကုန် သွားပြီဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဥပမာ ကျွန်တော်က class C address တစ်ခုကို  Internet Assigned Numbers Authority (IANA) ကနေ၀ယ်လိုက်မယ်။ IANA ဆိုတာကတော့ တကမ္ဘာလုံးမှာရှိတဲ့ internet အသုံးပြုသူတွေကို public ip address တွေမထပ်ရအောင် manage လုပ်ပေးနေတဲ့ အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်ကရလာတဲ့ class C ip address တွေကို ကျွန်တော့် network မှာရှိတဲ့ host တွေမှာ ပေးလိုက်ပြီး internet ကိုချိတ်ဆက်လို့ရပြီပေါ့။ ဒါပေမဲ့ ကျွန်တော် network မှာ ရှိတာက host အရေအတွက် 100 ပဲရှိတယ်။ class C network တစ်ခုမှာ host အလုံးအရေအတွက် 254 လုံးရတယ်လေ။ ဒီတော့ ကျန်တဲ့ 154 ခုသော IP address တွေက မလိုအပ်ပဲ ပိုသွားတယ်လို့ဆိုရမှာဖြစ်ပါ တယ်။ ဒါတွေကို IANA ကအခြားသူတွေကို ပြန်ပြီးချပေးလို့မရတော့ပါဘူး။ ဒါတွေကြောင့် ကျန်ရှိတဲ့ IP တွေကို အကျိုးရှိရှိအသုံးချနိုင်ဖို့၊ security အရလည်း လုံခြုံမှုရှိ စေဖို့အတွက် VLSM လို့ခေါ်တဲ့ subnetting ဆိုတာပေါ်ပေါက်လာတာပဲဖြစ်ပါတယ်။ VLSM ကိုသုံးလိုက်ခြင်းအားဖြင့် ရရှိလာတဲ့ network ကို လိုအပ်သလောက် network တွေပြန်ခွဲထုတ်ပြီး ip တွေ waste မဖြစ်အောင်လုပ်လို့ရပါတယ်။ အောက်မှာ လုပ်ငန်းတစ်ခုအတွက် class C address တစ်ခုကို subnet ဘယ်လိုခွဲထားသလဲဆိုတာကို နမူနာလေးပြထားပါ တယ်။
         



          အဲဒီမှာတွေ့လား။ subnet mask /24 နဲ့ host ၂၅၄ လုံးရတဲ့ network တစ်ခုကို လိုအပ်သလောက်ပြန်ခွဲထုတ်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီတော့ subnet မခွဲခင်လေး အောက်ကဟာ လေးကို ကျက်ထားလိုက်ပေတော့ဗျာ။ အရမ်းလွယ်သွားလိမ့်မယ်။



          အခုတော့ ဒီနေရာမှာ ခဏလေးနားပါရစေ။ အပိုင်း ၂ မှာဘယ်လိုတွက်သွားသလဲဆိုတာကို ဖော်ပြပေးပါ့မယ်။

Subnetting ကိုတွက်ကြည့်ရအောင် (၂)



          အိုခေ မနေ့က subnetting နဲ့ပါတ်သက်ပြီးကျွန်တော် post တင်လိုက်တော့ စိတ်ဝင်တစားဝင်ကြည့် ကြတဲ့အတွက် တော်တော်ကျေနပ်မိပါတယ်။ ဒါ့ကြောင့် ဒီနေ့ အပိုင်း ၂ ကိုအမြန်တင်ပေးလိုက်ပါတယ်။ ဒီတော့ စပြီးတွက်ကြည့်ရေအောင်။ class C ကိုပဲနမူနာခွဲပြမယ်နော်။

192.168.1.0/24 ဆိုတဲ့ network ဟာ ပုံမှန်အားဖြင့် network တစ်ခု နဲ့ host ပေါင်း 254 လုံးရမယ်။ ဟုတ်တယ်နော်။ 28 = 256 လေ။ ဒီတော့ network address နဲ့ broadcast address 2 ခုကိုဖယ်လိုက်တော့ host အတွက် 254 လုံးကျန်မယ်။ ဒါပေမဲ့ ကျွန်တော်တို့သုံးမယ့် network မှာ အဲလောက် ကွန်ပျူတာမရှိဘူး။ အများဆုံး အလုံး 100 ပဲရှိတယ်။ ဒီတော့ ကျန်တဲ့ IP တွေကို အလဟသမဖြစ်အောင် subnet ခွဲဖို့လိုအပ်လာပြီပေါ့။ ဒီတော့ ကျွန်တော် အပိုင်း ၁ မှာနောက်ဆုံးဖော်ပြခဲ့တဲ့ ဇယားလေးကိုပြန်ကြည့်ရအောင်။



ဒီတော့ host အရေအတွက်ကို အရင်ကြည့် ကျွန်တော်တို့လိုတာက အလုံး 100 ဆိုတော့ 128 ကိုယူတာပေါ့။ ဒီတော့ ရလာမယ့် network အရေအတွက်က 2 ခုဖြစ်သွားမယ်။ ဘာတွေလဲဆိုတော့ 192.168.1.0 နဲ့ 192.168.1.128 ဆိုပြီးထွက်လာမယ်။ ဘယ်လိုတွက်လိုက်သလဲဆိုတော့ ရလာမယ့် network ကနှစ်ခုမဟုတ်လား၊ ဒီတော့ 192.168.1.0 ကိုရလာမယ့် host အရေအတွက် 128 နဲ့ 256 ရောက်တဲ့အထိပေါင်းလိုက်။ ဒီတော့ 192.168.1.0 ကို 128 နဲ့ပေါင်းတော့ 192.168.1.128 ဖြစ်လာတယ်။ class C ဖြစ်လို့ နောက်ဆုံး octet မှာပေါင်းလိုက်တာနော်။ ဒီတော့ 192.168.1.128 ဆိုတဲ့ network တစ်ခုထပ်ထွက်လာမယ်။ အဲဒီ 192.168.1.128 ကို 128 နဲ့ထပ်ပေါင်းကြည့် 192.168.1.256 ဖြစ်သွားပြီ။ ဒါဆိုရင်တော့ အဲဒီဟာကိုသုံးလို့မရတော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ 255 ဟာ octet တစ်ခုမှာ နောက်ဆုံး ဂဏန်းပဲလေ။ ဒီတော့ ရလာမယ့် network အရေအတွက်ကိုကြည့်လိုက်ရင် 2 ခုလို့ထွက်လာတယ်မဟုတ် လား။ ဒါ့ကြောင့်မို့ 192.168.1.0 နဲ့ 192.168.1.128 ဆိုတဲ့ network နှစ်ခုထွက်လာတယ်။ အိုခေလား ။ ခက်တော့ ခက်သားကလားဗျာ။ တခါတလေ ရှင်းရင်းနဲ့ ရှုပ်ရှုပ်သွားတာမျိုး။ ဆက်ပြောမယ်နော်။ ဒီတော့ အဲဒီ network address တွေတော့ထွက်လာပြီ။ subnet mask ကဘယ်လိုဖြစ်လာမလဲဆိုတော့ ဇယားမှာ ထားရမယ့် subnet mask ကိုကြည့်လိုက်။ အလုံးအရေအတွက 128 ကိုယူထားတယ်မဟုတ်လား အဲအောက်တည့်တည့်ကို ကြည့်လိုက်ရင် 128 လို့တွေ့လိမ့်မယ်။ ဒီတော့ subnet mask က 255.255.255.128 ဖြစ်လာပါတယ်။ network နှစ်ခုလုံးအတွက်နော်။ အရင်ကဆိုရင် class C network အတွက်ဆိုရင် default subnet mask က 255.255.255.0 လေ။ subnet ခွဲပြီးတဲ့နောက်မှာတော့ 255.255.255.128 ဖြစ်လာပါတယ်။ network လည်း နှစ်ခုကွဲထွက်သွားပါတယ်။ ဒီတော့ ပထမ network ရဲ့ address range သည် 192.168.1.1 ကနေ 192.168.1.126 ဖြစ်ပြီး ကွန်ပျူတာ 126 လုံးသုံးလို့ရပါမယ်။ ဒုတိယ network ရဲ့ address range သည် 192.168.1.129 ကနေ 192.168.1.254 အထိဖြစ်ပြီး host အရေအတွက် 126 လုံးရပါမယ်။ အခုဆိုရင် ကျွန်တော်တို့ host ပေါင်း 126 လုံးသုံးလို့ရတဲ့ network နှစ်ခုရလာမှာဖြစ်ပြီး 192.168.1.0 ဆိုတဲ့ network ကိုသုံးရင် 192.168.1.128 ကို လိုတဲ့အချိန်မှသုံးဖို့ချန်လှပ်ထားနိုင်ပါတယ်။
          နောက်တစ်ခုပြောချင်တာက network မှာ network address ကိုဖော်ပြတဲ့နည်းနှစ်နည်းရှိပါတယ်။ တစ်ခုက subnet mask notification နည်းနဲ့ prefix length notification နည်းတို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ပြောနေတဲ့
-       192.168.1.0
-       255.255.255.128
ဆိုတာ subnet mask notification နည်းပဲဖြစ်ပါတယ်။

-       192.168.1.0/25 ဆိုတာကတော့ prefix length notification နည်းဖြစ်ပါတယ်။ အပေါ်ကနည်းကို တော့ ဘာ့ကြောင့် 255.255.255.128 ဖြစ်လာသလဲဆိုတာကိုရှင်းပြခဲ့ပြီးပါပြီ။ ဒီနည်းကိုတော့ အခုရှင်းပြမယ်။ ပုံမှန်အားဖြင့် class C address ဖြစ်တဲ့ 192.168.1.0 သည် /24 ဖြစ်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ /25 ဖြစ်နေတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် network ဟာ subnet ခွဲထားတယ်ဆိုတာကိုသိနိုင်ပါတယ်။ class C မှာ network bit နဲ့ host bit တွေကိုအောက်ပါအတိုင်းခွဲ ထားပါတယ်။




အဲဒီထဲကမှ ကျွန်တော်တို့က host အရေအတွက် 100 အတွက် အဆင်ပြေတဲ့ 128 ကိုရွေးလိုက်တယ်။ ဇယားရဲ့ 128 အပေါ်တည့်တည့်ကိုကြည့်တဲ့အခါ ယူလိုက်တဲ့ bit place ကိုကြည့်လိုက်ရင် 1 လို့တွေ့ရမှာဖြစ်ပါတယ်။ ဆိုလိုတာက ကျွန်တော်တို့ဟာ လက်ရှိ class C address ရဲ့ H လို့ဖော်ပြထားတဲ့ host ဘက်က bit တစ်လုံးကို network အတွက်ယူလိုက်ရတယ်လို့ဆိုလိုတာဖြစ်ပါတယ်။ ဒီတော့ အောက်ကပုံအတိုင်းဖြစ်လာပါတယ်။ နောက်ဆုံး octet က ရှေ့ဆုံး H နေရာမှာ N ဖြစ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်။




တနည်းအားဖြင့် prefix length notification ဆိုတာ network bit တွေကိုပေါင်းရေးထားခြင်းပဲဖြစ်ပါတယ်။ ပုံမှာ network (N) ဆိုတာလေးတွေကိုပေါင်းကြည့်လိုက်ရင် 25 လုံးရှိတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း 192.168.1.0/25 နဲ့ 192.168.1.128/25 ဆိုတာဖြစ်လာပါတယ်လို့ပြောရင် ဒီနေရာမှာနားလိုက်ပါ့မယ်။ ခေါင်းတွေလည်း မူးနေပါလိမ့်မယ်။ ဒါပေမဲ့ နည်းနည်းလေး အားစိုက်ဖတ်ကြည့်ပေးပါ။ နားမလည်တာတွေကို လည်း facebook ရဲ့ techgate page (https://www.facebook.com/Tech-Gate-183117205356912/ )မှာ comment ပေးပြီးမေးနိုင်ပါတယ်။ ပြီးတော့ subnetting နဲ့ပါတ်သက်ပြီး လေ့ကျင့်ချင်တယ်ဆိုရင်တော့ http://www.subnettingquestions.com/ မှာလေ့ကျင့်နိုင်ပါတယ်။

WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း

  windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...