Friday, June 17, 2016

iPhone နဲ့စာရွက်ကို external keyboard လုပ်မယ်

iPhone နဲ့စာရွက်ကို external keyboard လုပ်မယ်









iPhone နဲ့စာရွက်ကို external keyboard လုပ်မယ်။ လိုအပ်တာတွေကတော့
1. iPhone တစ်လုံး
2. AppleID တစ်ခု
3. စာရွက်တစ်ရွက်
4. Printer တစ်ခု (ဆိုင်မှာသွားထုတ်လဲရသည်။)
ပထမဆုံး https://itunes.apple.com/us/app/paper-keyboard-type-on-real/id715319520 အဲ့ app ကိုဒေါင်းပါ။
ပြီးသွားရင် http://www.socialgamestudio.com/keyboard မှာ pdf ကိုဒေါင်းပါ။
ဒေါင်းလို့ရတဲ့ pdf ကို printout ထုတ်ပါ။
ခုနက ဖုန်းထဲမှာ install လုပ်လိုက်တဲ့ app ကိုဖွင့်ပြီးသူပြောတဲအတိုင်းဆက်လုပ်သွားရုံပါပဲ ။ အားလုံးပဲအဆင်ပြေကြပါစေ။
Post By Myat Min Soe (Myanmar Mobile Users Group

ဘက်ထရီ အစားသက်သာစေနိုင်မယ့် နည်းလမ်းအချို့

Smart phone အသုံးပြုကြသူများ မကြာခဏ ကြုံတွေ့နေကြရတဲ့ ပြဿနာကတော့ ဖုန်းဘက်ထရီ ကြာကြာ အသုံးမခံတာပဲဖြစ်ပါတယ်။
iOS 7 ထွက်လာပြီးတဲ့နောက်မှာ တစ်ချို့က iOS 7 သည် အစောပိုင်း iOS version များထက် ဘက်ထရီ ပိုပြီးအကုန်မြန်တဲ့ ပြဿနာရှိတယ်လို့ ဆိုကြပါတယ်။ အဖြေဟာ မှန်တယ် မှားတယ် ဆိုတာထက် သေချာတာကတော့ အခြား iOS များမှာ မပါတဲ့ လုပ်ဆောင်ချက် (features) အသစ်များကို iOS 7 မှာ ထပ်မံဖြည့်စွက်ထားတဲ့ အတွက် ဘက်ထရီ အကုန်မြန်တာနဲ့တော့ ဆက်စပ်မှု ရှိနေနိုင်ပါတယ်။
ဒီလိုအခါမျိုးမှာ iOS 7 ၏ Settings မှာ အနည်းငယ် ပြုပြင်ခြင်းဖြင့် ဘက်ထရီ အစားသက်သာစေနိုင်မယ့် နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
သို့သော် အားလုံးကို အတိအကျ လိုက်နာ လုပ်ဆောင်ရန် မလိုအပ်ပဲ မိမိနှင့် သင့်လျှော်မည့် ပြုပြင်မှုများကိုသာ လုပ်ဆောင် အသုံးပြုနိုင်ပါတယ်။
iOS 7 ရဲ့ လုပ်ဆောင်ချက် အသစ်တစ်ခုဖြစ်သော “Background App Refresh” ကို “Disable” လုပ်ထားခြင်းက ဘက်ထရီ အသုံးချမှု သက်သာစေပါတယ်။ သတိပြုရမှာက “Disable” လုပ်လိုက်တဲ့အခါမှာ Location services ပါ Off သွားမှာဖြစ်လို့ Navigation အသုံးမပြုနိုင်ပါ။

AirDrop ကို အသုံးမပြုသည့်အခါ “Off” ထားပါ။

Automatic downloads” ကို “Off” ထားပါ။ အသုံးဝင်လှသော လုပ်ဆောင်ချက်ဖြစ်ပေမယ့် နောက်ကွယ်ကနေ App များအတွက် data အသစ်များကို အမြဲထောက်လှမ်းနေတဲ့ အတွက် ဘက်ထရီ အကုန်မြန်စေပါတယ်။

Brightness” ကို လျှော့ချထားခြင်းကလည်း ဘက်ထရီပါဝါကို သိသိသာသာ သက်သာစေတာမို့ တတ်နိုင်သမျှ အနိမ့်ဆုံးသို့ လျှော့ချထားပေးပါ။ “Auto Brightness” On ထားရုံမျှနှင့်တော့ သိပ်ပြီး အလုပ်မဖြစ်ပါဘူး။

Notification Center” မှာလည်း မိမိအတွက် လိုအပ်သော App ကိုသာ ရွေးချယ် “On” ထားပါ။

Mail setting ရှိ “Fetch New Data” တွင် “Push” ကို “Disable” လုပ်ထားပါ။

Location Services” ကို မလိုအပ်ပါက “Off” ထားပါ။

iOS 7 Home screen မှာ icon လေးတွေကို parallax effect နဲ့ လိုက်လံရွေ့လျားအောင် စွမ်းဆောင်ထားတာကို တွေ့ကြရမှာပါ၊ ဒါဟာလည်း ဘက်ထရီပါဝါကို ပိုပြီး အသုံးပြုရပါတယ်။
အဲဒါလေးကို ရပ်တန့်ဖို့ဆိုရင် Settings -> General -> Accessibility -> “Reduce Motion” ကို “Enable” လုပ်ပါ။

iOS 7 ရဲ့ Wallpaper မှာ “Dynamic” နဲ့ “Stills” ဆိုပြီး တွေ့ကြရပါလိမ့်မယ်၊ Dynamic ကတော့ အလှုပ်အရွလေးတွေနဲ့မို့ ဘက်ထရီ ပိုကုန်နိုင်ပါလိမ့်မယ်။

Siri ၏ setting ရှိ “Raise to Speak” ကို “Disable” လုပ်ထားခြင်းဖြင့် နောက်ကွယ်မှနေ၍ proximity sensor ကို အမြဲတမ်း စစ်ဆေးနေသော အလုပ်လုပ်ခြင်းကို ရပ်တန့်ပါလိမ့်မည်။

Spotlight Search” တွင် ရှာဖွေရန် မလိုအပ်သည်များကို “Off” လုပ်ထားပေးပါ။

Phone Calls, messages များနှင့် အခြားလုပ်ဆောင်ချက်များအတွက် “Vibrations” ကို တတ်နိုင်ရင် အသုံးမပြုပါနှင့်။
Cellular Data setting ရှိ “LTE” ကို “Off” ထားခြင်းဖြင့်လည်း ဘက်ထရီကို သက်သာစေပါတယ်။

General -> Auto Lock ကို အချိန်အနည်းဆုံး သတ်မှတ်ပေးထားပါ။

Limit Ad Tracking” ကို “Enable” လုပ်ပေးထားခြင်းဖြင့် အချို့ App များတွင်ပါလာသော ကြော်ငြာမျာကို တားဆီးနိုင်ပြီး ပါဝါအသုံးပြုမှုကို သက်သာစေပါတယ်။ Privacy -> Advertising -> Limit Ad Tracking -> Enable

အထက်ပါအတိုင်း Settings တွင် ပြောင်းလဲပြီးနောက် သိသိသာသာ ဘက်ထရီစား သက်သာသာ သွားတာကို တွေ့ရပါလိမ့်မည်။


Credit to:မိုးသိကြား(www.moethagyar.info) မှ ကူးယူဖော်ပြပါသည်၊

Find My iPhone အကြောင်းသိစရာ။

Find My iPhone အကြောင်းသိစရာ။
***************************
IOS users သိထားတဲ့ Find My iPhone အကြောင်းလေးထပ်ပြောပါရစေ။ Users များဟာဖုန်းပျောက်ရင် Find My iPhone
ဖွင့်ထားရုံနဲ့ရှာလို့ရမယ်ထင်ကြပါတယ်။ မှန်ပါတယ်ဒါပေမယ့် Find My iPhoneApp ကိုပါသွင်းထားသင့်ပါတယ်။ ဒါမှလည်း LostMode လို့ခေါ်တဲ့
iDevice ဗပျောက်သွားခိုးသွားရင်ပြန်လည်ရှာဖွေနိုင်စေဖို့ပါ။ ဥပမာ…မိမိ iDevice ကကျကျန်တာပဲဖြစ်ဖြစ်မေ့ကျန်တာပဲဖြစ်ဖြစ်တခြား iDevices
ကနေပြန်လည်ရယူနိုင်ဖို့မျှော်လင့်နိုင်ပါတယ်။ ဒီလိုရှာဖွေဖို့ကလည်းတူညီတဲ့ iCloud Account ကို iDevices ၂ ခုလုံးမှာသွင်းထားမှသာလျှင်အသုံး
ပြုနိုင်မည်ဖြစ်ပါတယ်။အသုံးပြုပုံကiDevice Setting ထဲဝင်ပါ။ iCloud ထဲဝင်ပြီး AppleID နဲ့အကောင့်ဝင်ပါ။ အကောင့်ဝင်ပြီးပါက Find My
iPhone ကို on off လုပ်ပြီးပြန်ပြီး On ပါ။ မိမိ iDevice ကို PassCode Lock ဖွင့်ထားမှမည်သူမျှအသုံးပြုနိုင်မည်မဟုတ်ပါ။ Find My iPhone
အသုံးပြုရန် internet connection or wifi connection လိုအပ်ပါတယ်။ Location Service လည်းဖွင့်ထားဖို့လိုအပ်ပါတယ်။ ဒါမှလည်းနေရာ
ကိုရှာဖွေနိုင်မှာပါ။ Find My iPhone App ကို App Store မှဒေါင်းပါ။ Find My iPhone App ထဲဝင်ပါ။ Apple ID နဲ့ log in ဝင်ရပါမယ်။

image          image          image
ဝင်ပြီးရင်တူညီတဲ့ Apple ID or iCloud ID နဲ့သုံးထားတဲ့ iDevice များပေါ်နေပါမယ်။အစိမ်းရောင်မီးလေးစိမ်းနေတာကလက်ရှိ 3G or WiFi နဲ့
အသုံးပြုနေတာပါ။ connection မရှိရင်မီးအစိမ်းမပေါ်ပါဘူး။ မပေါ်ရင်သူနေရာကိုရှာမရပါ။ Find My iPhone App ထဲဝင်ပြီးမိမိ Apple ID
Account သုံးထားတဲ့ iDevice များတွေပေါ်ပါမယ်။ ပျောက်တာပဲဖြစ်ဖြစ်။မေ့ခဲ့တာပဲဖြစ်ဖြစ်မိမိရှာလိုသော iDevice ကိုနှပ်လိုက်ပါ(
အစိမ်းရောင်လေးလင်းနေမှသာရပါမယ်)။
image          image          image

image      image         image
ပြီးပါကအောက်ဘက်မှာPlay sound, lost mode, erase ဆိုတာရှိပါမယ်။ PlaySound
ကိုနှိပ်ရင်ပျောက်နေတဲ့ iDevice မှာ Ring မြည်ပါမယ်။ Lost Mode ကိုဖွင့်ပါက ဖုန်းနံပါတ်တောင်းပါလိမ့်မယ်။ passcode lockထည့်ထားရင်
ထည့်ပေးပါ။မိမိသုံးနေတဲ့ဖုန်းနံပါတ်ထည့်ပေးရပါမည်။ This iPad or iPhone lost. Please return me ဆိုတာပေါ်မယ် Next လုပ်ပေး
ရင်ရပါပြီ။ပျောက်ဆုံး/ဗကျေန်ခဲ့သော iDevice online ဝေင်တာနဲ့ မိမိထည့်လိုက်သောဖုန်းနဲ့ပါတ်ပေါ်ပြီး remind လုပ်ပါလိမ့်မယ်။

image        image       image
Online
မရှိရင်တော့မရပါ။ Online ဖွင့်ထားရင်တော့ရှိနေတဲ့နေရာကိုညွှန်ပြပေးမှာဖြစ်ပါတယ်။ ဘယ်နေရာမှာရှိကြောင်းကိုလည်းနီးစပ်ရာလိပ်စာနဲ့မိမိ
ထည့်တားတဲ့ Apple ID Email သို့လည်းပို့ပေးမှာဖြစ်ပါတယ်ခင်ဗျာ။ အားလုံးက 3G or WiFi connection ရှိမှအဆင်ပြေပါလိမ့်မယ်ခင်ဗျာ။
computer မှလည်းရှာနိုင်ပါတယ်။ www.icloud.com ထဲဝင်ပါ။ မိမိသုံးထားသော Apple ID or iCloud ID ထည့်ပေးရပါမယ်။ ထည်ပြီးပါကမိမိ
ID သုံးထားတဲ့ iDevice ပေါ်လာမှာဖြစ်ပါတယ်။ device မှာ passcode lock ချထားလျှင်ထည့်ပေးရပါမည်။ erase လုပ်ပါကမိမိiDevice မှ Data
တွေဖြတ်ပြစ်မှာဖြစ်ပါတယ်။ Video ပါကြည့်နိုင်ပါတယ်ခင်ဗျာ။
Video ကြည့်ရန်နှိပ်ပါ။

ဒီလောက်ဆို IOS user မျေားသိသင့်သလောက်Find my iphone အကြောင်းသိလောက်ပါပြီ။ မပြည့်စုံခဲ့ရင်လည်းနားလည်ပေးစေချင်ပါတယ်။
ကျနော်သိသလောက်မှတ်သလောက်လေးပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ။

iOS Device တွေကို Passcode မေ့သွားလို့ဘယ်လိုပြန်လုပ်ရမလဲလို့မေးထားတဲ့ သူတွေအတွက် Firmware ပြန်တင်နည်းလေး

iOS Device တွေကို Passcode မေ့သွားလို့ဘယ်လိုပြန်လုပ်ရမလဲလို့မေးထားတဲ့ သူတွေအတွက် Firmware ပြန်တင်နည်းလေး
ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။ iOS Device တွေမှာ Passcode မေ့သွားရင်တော့ အများဆုံးက Firmware ပြန်တင်ရတာများပါတယ်။
Passcode ပြန်ဖြည်နိုင်တဲ့ နည်းလမ်းရှိပေမဲ့ Passcode မေ့နေတဲ့အချိန်မှာ ဖုန်းနဲ့ computer နဲ့ချိတ်ဆက်ရင် Driver မသိတော့တာကြောင့်
အဆင်မပြေဖြစ်တက်ပါတယ်။ ဒီလိုအချိန်မှာ ဘယ်လိုပြန်လုပ်ရမလဲဆိုရင်တော့ iOS တွေက Android တွေလို Recovery mode ကနေ
ဝင်ရောက်ပြီး Factory Data Reset ချလို့အဆင်မပြေတာကြောင့် Firmware ပြန်တင်မှသာအဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။
ဒီလိုအခြေအနေမှာ Firmware ပြန်တင်ဖို့အတွက်ဆိုရင်တော့ မေးစရာရှိလာပါမယ်။ ဖုန်းကိုကျတော်တို့ computer ကနေ iTune နဲ့ချိတ်ဆက်
ပြီးပြန်တင်ရမှာဖြစ်တဲ့အတွက် computer ကနေ ဖုန်းကိုမသိတဲ့အချိန်မှာ ဘယ်လိုလုပ်နိုင်ပါသလဲလို့မေးလို့ရပါတယ်။ အဲဒါကြောင့် ကျတော်
computer ကနေဖုန်းကို Driver သိရှိစေရန် Recovery mode ကနေ computer မှ iTune နဲ့ ချိတ်ဆက်ပြီး Firmware တင်နည်းလေးမျှဝေပေးလိုက်ပါတယ်။ ဒီနည်းလမ်းက service သမားတိုင်း နဲ့ iOS User အချို့အတွက်ကတော့ သိရှိပြီးသားဆိုပေမဲ့ မသိသေးတဲ့သူတွေလဲ
ရှိလို့မေးမြန်းလာတာကြောင့် တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။
အရင်ဆုံးလိုအပ်တာကတော့ Computer မှာ iTune ဆိုတဲ့ Software ရှိဖို့လိုအပ်ပါတယ်။ iTune software မရှိပါက Download အရင်ရယူပါ။
Download iTune >>> https://www.apple.com/itunes/
Download ရယူပြီးရင်တော့ iTune Setup.exe အား computer မှာဖွင့်ပြီး iTune Software အား install ပြုလုပ်ပါ။
Computer မှာ iTune ရရှိပြီဆိုရင်တော့ ဖုန်းအတွက် လိုအပ်တာကတော့ Firmware ပဲဖြစ်ပါတယ်။ iOS Device တွေက Firmware တင်မယ်ဆိုကိုယ့်မှာရှိတဲ့ Firmware က Lastest ဖြစ်ဖို့လိုအပ်ပါတယ်။ Firmware မရှိပါက ခုလက်ရှိ Lastest version Firmware အား အောက်ကလင့်ကနေDownload ရယူပါ။
iOS Lastest version Download >>> http://www.myanmarmobileapp.com/category/ios-firmware
Firmware ရယူပြီးရင်တော့ နောက်တစ်ဆင့်အနေနဲ့ Computer ကို Internet connection ရရန်ပြုလုပ်ပေးရပါမယ်။ iOS Firmware တင်တဲ့အခါ computer မှာ Internet Connection ရှိရန်လိုအပ်ပါတယ်။ ဒါကြောင့် Computer သို့ ဖုန်းတစ်လုံးလုံးကနေဖြစ်ဖြစ် internet ရရှိစေနိုင်မဲ့ တနေရာရာကနေ Internet Connection လွှင့်ပေးထားပါ။ Computer မှာ internet connection ရပြီဆိုရင်တော့ Passcode ကျနေတဲ့ iOS Device ကို Power ဖွင့်ထားရက်နဲ့ပဲ Home Key + Power Key ကိုတွဲပြီးနှိပ်ထားလိုက်ပါ။ Power OFF သလိုမျိုး Screen မှိတ်သွားပါမယ်။ မလွှတ်ပဲဆက်ဖိထားပါ Apple Logo တက်လာပါမယ်။ မလွှတ်ပဲဆက်ဖိထားပေးပါ။ ခဏနေရင် iTune နဲ့ USB Connect လုပ်ခိုင်းတဲ့ပုံလေးပေါ်လာပါမယ်။ ဒါဆိုသင့်ရဲ့ iOS Device မှာ Recovery mode ကိုရောက်ရှိပြီဖြစ်ပါတယ်။ ဖုန်းကို Computer နဲ့ချိတ်ဆက်ပေးလိုက်ပါ။ ခဏလောက်စောင့်ပေးပါ။ iTune Software အားဖွင့်စရာမလိုပါဘူး။ Computer ကနေ iOS Deviceအားသိပြီဆိုရင် iTune Software အလိုလိုပွင့်လာပါလိမ့်မယ်။ iTune Software ပွင့်လာတာနဲ့ မိမိရဲ့ iOS Device ရဲ့ name နဲ့အတူ Update နဲ့ Restore ဆိုတဲ့စာတန်းလေးတွေပါ iTune Software မှာပေါ်လာပါမယ်။ ဒီအခြေအနေရောက်ပြီဆိုရင်တော့ iOS Device အား Firmware တင်နိုင်ရန် Shift key ကိုဖိထားပြီးRestore ဆိုတဲ့စာတန်းလေးကို နှိပ်ပေးလိုက်ပါ။ Box လေးတစ်ခုပေါ်လာပါမယ်။ Box လေးထဲကနေ ကိုယ် Download ရယူထားတဲ့ Firmware ကို Location ရွေးပေးလိုက်ယုံပါပဲ။ iTune ကနေ Firmware ကိုဖြည်ချသွားပေးပြီး iOS Device အား Firmware တင်ပေးသွားပါလိမ့်မယ်။ အချိန်ကြာတာကတော့ Internet Connectionအပေါ်မူတည်ပါတယ်။



အဆင်ပြေပါစေ။

Huawei model အချို့ရဲ့ Diagram လေးတွေပါ။

Huawei model အချို့ရဲ့ Diagram လေးတွေပါ။
လိုအပ်ရင်တော့ အောက်ကလင့်ကနေ၀င်ရောက် ရယူလိုက်ပါ။


Button_download-png


credit – original uploader

iPhone ရဲ့နောက်က ပန်းသီး Logo ကိုမီးလင်းအောင်ပြုလုပ်နည်း

iPhone ရဲ့နောက်က ပန်းသီး Logo ကိုမီးလင်းအောင်ပြုလုပ်နည်း




iPhone ရဲ့နောက်ဘက်ခြမ်းက Apple Logo နေရာမှာ MacBook တွေလိုမီးလင်းအောင်လုပ်ချင်သူတွေအတွက်ပါ ။ Logo နေရာမှာမီးလင်းအောင်လုပ်လို့ရတဲ့ iPhone အမျိုးအစားတွေကတော့ iPhone 6,6 Plus, 6s, 6s Plus တို့ပဲဖြစ်ပါတယ်။ လိုအပ်တဲ့ပစ္စည်းအနေနဲ့ကတော့ Glowing Backlit Apple Logo ဆိုတာလေးဖြစ်ပြီးဖုန်းရဲ့နောက်ဘက်ခြမ်းက နဂိုပါတဲ့ Apple Logo စတီးပြားလေးနေရာမှာ ယင်း Glowing Backlit Apple Logo ကိုအစားထိုးတပ်ဆင်ရမှာပါ။ Glowing Backlit Apple Logo ကို Amazon website ကနေတစ်ဆင့်ဝယ်ယူရရှိနိုင်ပါတယ်။
Universal Buying Apple Logo LED Light for iPhone 6 (4.7-inch) from Amazon
Universal Buying Apple Logo LED Light for iPhone 6 Plus (5.5-inch) from Amazon
ယင်း Glowing Backlit Apple Logo လေးကဈေးနှုန်းအားဖြင့် 17 ဒေါ်လာခန့်ကျသင့်မှာပါ။
3139Dc5qwuL
လုပ်နည်းကတော့ iPhone ရဲ့ Touch/LCD Panel ကိုခွာ ၊ iPhone ရဲ့ Body Housing က Apple Logo စတီးပြားလေးကိုခွာပြီး Glowing Backlit Apple Logo ကိုအစားထိုးတပ်ဆင်ရမှာဖြစ်ပြီး ယင်း Backlit Apple Logo ကို ဖုန်းရဲ့ Display Power ပိုင်းနဲ့ချိတ်ဆက်ပေးရမှာပါ။


ဒါကြောင့်ဖုန်း Screen Display ဖွင့်အသုံးပြုနေချိန်မှာ Apple Logo ကလည်းမီးလင်းနေမှာဖြစ်ပြီး Lock Screen အနေအထား Display ပိတ်ထားချိန်မှာတော့ Apple Logo ကလည်းမီးလင်းမှာမဟုတ်ပါဘူး။ သာမန် user တစ်ယောက်အတွက်ကတော့ iPhone ရဲ့နောက်က ပန်းသီး Logo ကိုမီးလင်းအောင်ပြုလုပ်မယ့် Process ကအဆင်မပြေနိုင်ပါဘူး ။ ဒါကြောင့် iPhone တွေကိုလည်းပြုပြင်ပေးနေတဲ့ ဖုန်းပြုပြင်ရေးဆိုင်တစ်ခုခုမှာသွားလုပ်သင့်ပါတယ်။ iPhone ရဲ့နောက်က ပန်းသီး Logo ကိုမီးလင်းအောင်ပြုလုပ်နည်းကိုတော့အောက်က ဗီဒီယိုမှာအသေးစိတ်ကြည့်ရှုလေ့လာနိုင်ပါတယ်။


Ref:Redmondpie
သက်နိုင်စိုး 

Friday, June 10, 2016

iOS 9 တွင် နောက်ကွယ်မှ လုပ်ဆောာင်နေသည့် အချက် ၁၂ ချက်


iOS 9 တွင် နောက်ကွယ်မှ လုပ်ဆောာင်နေသည့် အချက် ၁၂ ချက်


Apple မှ  iPhone နဲ့ iPad များအတွက် နောက်ဆုံးထုတ်ပေးလိုက်တဲ့ iOS Version 9 ရဲ့ စွမ်းဆောင်ရည် ကောင်းမွန်တဲ့  Feature အချို့ကို iOS 9 ကို အသုံးပြုသူများအနေနဲ့ သိပြီးသားဖြစ်မှာပါ။ iOS9 ကို အသုံးပြုသူတို့ သိသိသာသာ သတိထားမိတဲ့ Feature အချို့ ကတော့ အရင်ကထက် စွမ်းဆောင်ရည်ပိုမိုကောင်းမွန်လာတဲ့ Siri နဲ့ အရင်ကထက် ပိုပြီးတိုးတက်မှု ရှိလာတဲ့ Maps တို့ဖြစ်ပါတယ်။ ဒါပေမဲ့ iOS 9 ရဲ့ အချို့ Feature တွေကိုတော့ အသုံးပြုသူတို့ သိသိသာသာသတိထားမိဖို့ ခက်ခဲနေပါအုံးမယ်။ ဘာကြောင့်လဲဆိုတော့ အဆိုပါ  feature တွေဟာ နောက်ကွယ်ကနေ အလုပ်လုပ်နေတာကြောင့်ဖြစ်ပါတယ်။ နောက်ကွယ်ကနေ အလုပ်လုပ်နေတဲ့ Feature တွေကတော့ Wi-Fi Assist , Smarter Calendar App , Flight Preview , Select Multiple Photo at once (finally) , Organize your notifications , Organize your notes , Teach Siri Your Voice , Share and Send Voicemails , CarPlay , Audio App Suggestions , “Leave a message” for missed Face Time Calls , Navigating between apps စတဲ့ feature တွေပဲဖြစ်ပါတယ်။


1. Wi-Fi Assist

Wi-Fi Assist Feature ကို အသုံးပြုထားမယ်ဆိုရင် မိမိဟာ Wifi Network တစ်ခု အသုံးပြုတဲ့အခါ မိမိရဲ့ Wifi Network Connection ဟာ လိုင်းစွဲအားအရမ်းနည်းနေတဲ့အချိန်ရောက်ရင် မိမိ iPhone သို့မဟုတ် iPad ရဲ့ Cellular data ကို အလိုအလျောက် အသုံးပြုပေးသွားမှာဖြစ်ပါတယ်။ ဒါဟာ အင်တာနက်အသုံးပြုသူတွေအတွက် စိတ်ပျက်စရာ Wifi လိုင်းစွဲအားနဲ့ ကြုံရတဲ့အခါ မိမိ Celluar Data ကို သွားရောက် အသုံးပြုခြင်းအလုပ်ကနေ သက်သာအောင် ဖန်တီးပေးလိုက်ခြင်းဖြစ်ပါတယ်။ ဒီ feature ကို အသုံးပြုလိုရင် Setting >>> Cellular data >>> Wifi Assist ဆိုပြီး အဆင့်အဆင့်ဖြင့် အသုံးပြုနိုင်ပါတယ်။




2. Smarter Calendar App
ဒီ Feature ကတော့ အချိန်တွေ ၊ နေ့စွဲတွေအတိအကျ နဲ့ အလုပ်လုပ်နေကြတဲ့ လုပ်ငန်းရှင်တွေအတွက် အရမ်းကို အသုံးဝင်စေတဲ့ feature တစ်ခုဖြစ်ပါလိမ့်မယ်။ မိမိကို Email နဲ့ ဆက်သွယ် ဖိတ်ကြားထားတဲ့ Event ပွဲတွေ ၊ လေယာဉ်ထွက်ချိန်တွေ စတဲ့ နေ့ရက်တွေကို iOS 9 မှာပါဝင်တဲ့  Calendar App ထဲမှာ အလိုအလျောက်ထည့်သွင်းဖော်ပြပေးမှာဖြစ်ပါတယ်။ မိမိတကယ်သွားရမဲ့ Event တွေရှိလာတဲ့အခါ တည်နေရာကို ထည့်သွင်းပေးထားပါက တည်နေရာကို ဖော်ပြခြင်း ၊ လေယာဉ်ထွက်ချိန်တွေနဲ့ လေယာဉ်ကွင်းကိုသွားမဲ့ ကြာချိန်တွေကို မိမိတည်ရှိရာမြို့ရဲ့ လမ်းအကွာအဝေး ၊ ယာဉ် ကြော ပိတ်စို့မှု အခြေအနေတွေပေါ်မူတည်ပြီး  notification နဲ့ဖော်ပြပေးခြင်းတွေကို လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။


3. Flight Previews
လေယာဉ်နဲ့ပါတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။ မိမိခရီးသွားခဲ့တဲ့ လေယာဉ်နံပါတ်တွေကို Email , Notes နဲ့ Safari တို့မှာ Link အနေနဲ့ ဖော်ပြထားတဲ့အခါ အဆိုပါ Link ကို နှိပ်ကာ လေယာဉ်နဲ့ ခရီးသွားခဲ့တဲ့ မိမိရဲ့ ခရီးအကွာအဝေး ထွက်သည့် နေ့ရက် ၊ ဆိုက်ရောက်သည့်အချိန်နဲ့ အခြား အချက်အလက်တွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။


4. Select Multiple Photos at once (finally)
အရင် iOS version တွေတုန်းက ဓါတ်ပုံတွေကို Select လုပ်တဲ့အခါ တစ်ပုံချင်းစီ Select လုပ်ရပြီး အခု iOS9 မှာတော့ ဓါတ်ပုံတွေကို  Select လုပ်ချင်တယ်ဆိုရင် Select Button ကို နှိပ်ကာ နောက်ထပ် မိမိ Select လုပ်ချင်တဲ့ ပုံတွေပေါ် ဖိပြီး ပွတ်ဆွဲလိုက်ရုံနဲ့ အားလုံး Select မှတ်ပြီးသားဖြစ်သွားမှာပါ။


5. Organize your notifications
မိမိဖုန်းတွင်ဖော်ပြနေတဲ့ notifications တွေကို  Control လုပ်ရတာ Feature ပိုပြီး  စုံလာပါတယ်။ နေ့ရက်အလိုက် Notification တွေကို ပြသခြင်း ၊ မိအသုံးပြုလိုတဲ့ Notification တွေကို နှိပ်လိုက်ရုံနဲ့ Feature ထဲရောက်ရှိသွားခြင်း ၊ Notification တစ်ခုချင်းစီကို ဖျက်နိုင်ခြင်း ၊ Social Media Application များတွင် ပြသော Notification ဆိုလျှင်လည်း notification တွင်ဖော်ပြထားတဲ့ Function ကို အသုံးပြုကာ Social Media Application ရှိ Function ထဲသို့ တိုက်ရိုက် ဝင်ရောက်အသုံပြုပေးခြင်း ၊ ဘယ်အချိန်တွေမှာမိမိဆီကို notification တွေရောက်လာတယ်ဆိုတာကို အချိန်နဲ့ အတိအကျဖော်ပြပေးခြင်း စတဲ့ Notification နဲ့ ပတ်သက်တဲ့ Feature အသစ်တွေအတော်ကို စုံလင်လာခဲ့ပါတယ်။


6. Organize your notes
အရင် Version တွေတုန်းက Note ကို အသုံးပြုတဲ့အခါ မိမိမှတ်ထားသမျှ Note များကို တန်းစီကာ ဖော်ပြပေးပါတယ်။ အခု iOS 9 မှာတော့ မိမိမှတ်ထားသမျှ Note တွေကို folder တစ်ခုခြင်းစီခွဲပြီးဖော်ပြပေးခြင်း ၊ Note မှာ Sketchs Feature များပါဝင်လာခြင်း ၊ Sketchs Feature ကို အသုံးပြုတဲ့အခါ Sketchs Pen ရဲ့ အရောင်များကို ရွေးချယ် အသုံးနိုင်ခြင်း ၊ Note မှာ ဓါတ်ပုံများ ဗီဒီယိုဖိုင်များကို ထည့်သွင်းမှတ်သားနိုင်ခြင်း ၊ စာလုံး ဒီဇိုင်းများရွေးချယ်နိုင်ခြင်း စတဲ့ Microsoft Word မှာလုပ်နိုင်တဲ့ အရာတွေကို iOS9 ရဲ့ Note မှာတင် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။


7. Teach Siri your voice
သင့်ရဲ့ အသံကို Siri မှတ်မိနိုင်စေဖို့ သင်ကြားပေးနိုင်ပါတယ်။ သင့်အသံနဲ့ Siri ကို အသုံးပြုကာ Hey , Siri လို့ခေါ်လိုက်တာနဲ့ မိမိရဲ့ နာမည်ကို Siri မှ ဖော်ပြပေးမှာဖြစ်ပါတယ်။ သင့်အသံကို မှတ်မိနေစေဖို့အတွက် သင့်ရဲ့ Siri ကို စာသားအနည်းငယ်သင်ပေးရမှာဖြစ်ပါတယ်။ ဒီအတွက်တော့ Setting >>> General >>> Siri >> Allow “Hey Siri” ဆိုပြီး အသုံးပြုနိုင်ပါတယ်။


8. Share and Send Voicemails
Voicemail ဝန်ဆောင်မှု ရရှိတဲ့ နေရာများတွင်တော့ မိမိလက်ခံရရှိထားတဲ့ Voicemail တွေကို iOS Share Sheet အား အသုံးပြုကာ အခြားလူတစ်စုံတစ်ယောက်ဆီသို့ ပြန်လည်မျှဝေနိုင်ပါတယ်။


9. Car Play
Car Play ကတော့ အဓိက Siri ကို တွင်ကျယ်စွာ အသုံးပြုခြင်းမျိုးပါပဲ။ မိမိဟာ ကားမောင်းနေရင်းနဲ့ ဖုန်းပြောခြင်း၊ Message ပို့ခြင်း ၊  သီချင်းများဖွင့်နိုင်ခြင်း ၊ Apple Map ကို အသုံးပြုကာ လမ်းညွှန်ပေးခြင်း စတဲ့လုပ်ဆောင်ချက်များကို Siri ဖြင့် ခိုင်းစေလုပ်ကိုင် ခြင်းဖြစ်ပါတယ်။ Car Play ကို အသုံးပြုချင်တယ်ဆိုရင်တော့ မိမိရဲ့ ကားထဲမှာ CarPlay App ထည့်သွင်းထားတဲ့ Hardware အစိတ်အပိုင်းအချို့တော့လိုအပ်ပါလိမ့်မယ်။


10 . Audio App Suggestions
iPhone နဲ့ သီချင်းနားထောင်တဲ့အခါ များသောအားဖြင့်  နားကြပ် (Earpod) နဲ့နားထောင်တာများကြပါတယ်။ နားကြပ်နဲ့ သီချင်းနားထောင်သူတို့အတွက် သီချင်းနားထောင်ဖို့ ဖုန်းကို နားကြပ် တပ်ထားပြီး  lock ချခဲ့မယ်ဆိုရင်  Lock Screen ရဲ့ အောက်ခြေဘယ်ဘက်ထောင့်လေးမှာ သီချင်းသင်္ကေတ လေးနဲ့ သီချင်း Application လေးကို အလွယ်တကူ ဖွင့်လို့ရအောင် ဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီ feature ဟာ iOS 9 မှာသာ ပါဝင်လာတဲ့ feature အသစ်လည်းဖြစ်ပါတယ်။


11. “Leave a message ” for missed Face Time calls
Face Time Call ကတော့ ရိုးရိုးသာမန် ဖုန်းခေါ်ဆိုမှုနဲ့ အားလုံးနီးပါးတူညီမှုရှိပါတယ်။ အကယ်၍ အခြားတစ်စုံတစ်ယောက်မှ Face Time ဖြင့် မိမိဆီသို့ ဖုန်းခေါ်လာခဲ့တဲ့အခါ မိမိဘက်မှ ပြန်မပြောမိတဲ့ အချိန်နဲ့ ကြုံကောင်းကြုံလာနိုင်ပါတယ်။ ဒီလိုအချိန်တွေမှာ Message နဲ့ Reply ပြန်လုပ်နိုင်အောင် Face Time Call Feature မှာ Leave a message option ပါဝင်လာခဲ့ပါတယ်။


12. Navigating between apps
ဒီ Feature ကတော့ အားလုံးသိသာထင်ရှားအောင် မြင်တွေ့နိုင်ပါတယ်။ ဒါပေမဲ့ လည်း အသုံးမပြုမိလောက်အောင်ကို မေ့ကောင်းမေ့သွားနိုင်ပါတယ်။  ဒီ Feature ကတော့ မိမိဖုန်းအတွင်းမှာ Install လုပ်ထားတဲ့  Application များကို အလွယ်တကူရှာဖွေနိုင်အောင်နဲ့ မိမိနောက်ဆုံး  အသုံးပြုထားတဲ့ Application တွေကို ပြသတဲ့ Navigating ဖြစ်ပါတယ်။


Monday, June 6, 2016

IOS . iPhone and iPad အသုံးပြုသူများအတွက်။။ Apple ID /iCloud Account ဖွင့်နည်းပါ။



မိမိ မှာ idevice တစ်ခု ရှိပြီဆို၇င်ကိုယ်တိုင်ပဲ အကောင့် ဖွင့်လိုက်၇အောင်။။။
  ပထမဆုံး သင်အသုံးပြုမည့် Gmail Account ကို ဖုန်းထဲမှာ sign in ၀င်လိုက်ပါ။သတိ။Apple id တစ်ခါဖွင့်ဖူးပြီးသာ mail မ၇ပါ။
Mail .Contacts . Calendars ကိုနှိပ်ပါ။ 


Add Account ကိုနှိပ်ပါ။

Google ကိုနှိပ်ပါ။
 သင်အသုံးပြုမည့် Gamail Acc ထည့်ပါ။


Gmail password ထည့်ပါ။

Save နှိပ်ပါ။ Gmail Sign In ပြီုးပါပြီ။

သင့်ဖုန်း Home Page မှာApp Store ကိုဝင်ပါ။

အောက်ခြေမှ search ကိုနှိပ်ပါ။

Search box မှာ free app လို့်ရိုက်ရှာလိုက်ပါ။ free app ကိုနှိပ်လိုက်ပါ။

ပေါ်လာတဲ့အထဲမှ ကြိုက်၇ာကို ဒေါင်းလိုက်ပါ။အပေါ်ထောင့်က Download Button လေးကိုနှိပ်လိုက်ပါ။
 ဒါဆို၇င်တော့ ဒီလိုလေးပေါ်လာပါမယ်။Create New Apple ID ကိုနှိပ်ပါ။


United State ကိုရွေးပြီး အောက်က Next ကိုနှိပ်ပါ။
 Agree ကိုနှိပ်ပါ။


Agree ကိုဘဲနှိပ်ပါ။

Email မှာ အစောက sinn in ဝင်ထားတဲ့ mail ကိုထည့်ပါ။ Password မှာတော့ english စာလုံ အကြီးတစ်လုံး အနဲဆုံးပါ၇မယ်။အသေးလဲပါ၇မယ်။ ကဏန်းလဲပါ၇ပါမယ်။ နှစ်ခါ ထည့်ပါ။



ှSecurity INFO အောက်က ။ Question ကိုနှိပ်ပါ။ အပေါ်ဆုံးစာကြောင်းကိုရွေးပါ။ Answer မှာ question စာကြောင်းရဲ့ နောက်ဆုံးစာလုံးကိုရွေးပါ။ ဥပမာ ။။ question က What is the first name of your best friend in high school? ကိုရွေး၇င် Answer မှာ School လို့ထည့်ပါ။ သင်မှတ်မိပါက ကြုက်၇ာထည့်နိုင်ပါသည်။ D question and answer က သင်အကောင့်ဖြင့် ပိုက်ဆံပေးဝယ်၇တဲ့ app and game တွေကို ဝယ်တဲ့အခါ မေး၇င် ဖြေပေး၇မှာပါ။ ထို့ကြောင့် မှတ်မိဖို့လိုပါတယ်။





သုံးကြိမ် မေးပြီး သုံးကြိမ်ဖြေ၇မှာပါ။အောက်ကပုံထဲကအတိုင်းပါ။ ပြီး၇င် အောက်က OPTIONAL RESCUE EMAIL မှာတော့ ဒီတိုင်းလေးဘဲထားလိုက်ပါ။

မွေးနေ့ ခု နှစ် ၇က် ထည့်ပါ။  ပြီး၇င် NEXT ပါ။
 ဒီအဆင့်ကိုေ၇ာက်ပါမယ်။


အောက်က ပုံမှာ ထည့်ထားတဲအတို်င်း ထည့်လိုက်ပါ။ ပြီး၇င်တော့ NEXT ပါ။

ဒါဆို၇င်တော့ အဆင်ပြေပါပြီ ။။ ဒီတိုင်းလေး HOME KEY နဲပြန်ထွက်လိုက်ပါ။

သင့် MAIL ထဲကိုသွားလိုက်ပါ။ Apple ကပို့ထားတဲ့ Mailေ၇ာက်နေမှာပါ။ နှိပ်လိုက်ပါ။


 ဒီကိုေ၇ာက်၇င်တော့ Verify now ဆိုတဲ့ စာတန်းလေးကို နှိပ်လိုက်ပါ။
 ဒီအဆင့်မှာတော့ သင်ဖွင့်ထားခဲ့တဲ့ user name and password ကိုထည့်ပြီး Continue ကိုနှိပ်လိုက်ပါ။

 ဒါဆို၇င်တော့ သင့် Apple ID Account ၇ပါပြီ။။


သင်ဒေါင်းလော့ဆွဲတဲ့အခါမှာတော့ Account Password ကိုထည့်ပေး၇မှာဖြစ်ပါတယ်။။

WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း

  windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...