Thursday, July 28, 2016

Huawei ဖုန်းအားလုံးအတွက် IMEI Repair Tool 100%





မင်္ဂလာပါချစ်ပရိတ်သတ်ကြီး

ဒီနေ့ အစ်ကိုကျော်ထူးပို့ပေးလာတဲ့ စပါယ်ရှယ် ပိုစ့်တစ်ခုကို
Huawei ချစ်သူများအတွက် အပြေးကလေးလာပြီး မျှဝေပေးလိုက်တယ်ခင်ဗျား

ခေါင်းစဉ်ကိုမြင်တဲ့အတိုင်းပဲနော် ဘာဆိုတာကိုသိလောက်ပြီထင်တယ်
ဒီတော့ အားလုံးထက် နံပါတ်တစ်ဖြစ်အောင် ဒေါင်းလော့ရယူတော့နော်
Fake မဟုတ်လောက်ဘူး Real ပဲဆိုပြီး မျှော်လင့်ချက်လေးထားလိုက်ပါ


နာမည်က Huawei IMEI Repair Tool နော်
အားလုံးလည်း မျှော်လင့်နေကြတဲ့ Tool လေးဖြစ်မယ်ထင်ပါတယ်၊

ဖုန်းကလစ်သူတွေနဲ့ Serivce သမားတွေအတွက် ပျော်ပျော်ပါးပါး
လှေလှော်သွားနိုင်လောက်ပါပြီ၊ ဒီ Tool လေးကိုသာဆောင်ထားလိုက်
ဖုန်းကို စိတ်ကြိုက်ကလစ်လိုက်တော့ဗျာ မိမိရဲ့ Data Collection ထဲမှာ
သူရှိနေရင် သတိရတုန်း Repair ပြုလုပ်နိုင်တော့တာပေါ့။

ဒီနေရာမှာ ကျနော်ကိုယ်တိုင်စမ်းသပ်အောင်မြင်ပြီးသားတော့
မဟုတ်ရသေးဘူးဆိုတာကိုတော့ ပထမဦးဆုံးဝန်ခံထားပါရစေ

မူရင်းတင်ပေးထားသူ Nishan Gsm လည်း အသုံးပြုနည်း
အပြည့်အစုံကို မရေးသားထားတော့ ဒီပိုစ့်ကိုကျနော်ရေးနေတဲ့
အချိန်မှာ ပြီးပြည့်စုံတဲ့ အနေအထားသို့ မရောက်သေးတာပါ

ဒါပေမယ့် မူရင်း တင်ပေးထားတဲ့ ပိုစ့်ထဲမှာတော့ အောက်ပါအတိုင်း
ရေးပေးထားပါတယ် ဖတ်ကြည့်လိုက်ပါဦး

(Repair IMEI just in few seconds, no root, just direct in manufacture mode)

ဟေဟေ ဘယ်လိုလဲ Root access လဲမလိုသလို စက္ကန့်ပိုင်းအတွင်
သင့်ဖုန်းရဲ့ IMEI ကိုအလွယ်တကူ Repair လုပ်ယူနိုင်တာတဲ့နော်

ဒီလောက်ဆိုရင် ယခုဖေါ်ပြပါ Any Huawei IMEI Repair Tool က
သင့်အတွက် ခက်ခဲမှုမရှိပဲ လွယ်လင့်တကူဖြင့် 100% လောက်အဆင်ပြေ
လောက်ပြီဆိုတာကို ယုံကြည်နိုင်လောက်ပြီလို့ ထင်ပါတယ်။

ကဲသင့်ဖုန်းအတွက် အကြောင်းအမျိုးမျိုးကြောင့် IMEI ပျောက်ပျစ်စီးသွားပြီလား
Invilad Error တက်ပြီး ဘာမှလုပ်မရတော့တာလား Tool ပေါင်းစုံပြီး
ပွဲမတိုးဖြစ်နေတာလား အရမ်းအဆင်ပြေနိုင်မယ့် အလွယ်ကူဆုံး
Repair Tool လေးကိုလိုက်ရှာမိနေတာလား သင်မျှော်လင့်နေတဲ့
နောက်ဆုံးမဟုတ်သေးတဲ့ နောက်ဆုံး Any Huawei IMEI Repair Tool 100%
လေးကို အောက်ကလင့်မှာဒေါင်းလော့ရယူနိုင်ပါပြီ။

Download Here Any Huawei IMEI Repair Tool 100%

WinRar Pass-Nishan50 

Tool Username-Password
Username: HCU
Password: power

အားလုံးပဲ စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒပြည့်ဝနိုင်ကြပါစေ

Samsung IMEI Error အတွက် OneClick Tool

 


What is Jailbreak ? Jailbreak ဆိုသည်မှာ



What is Jailbreak ? Jailbreak ဆိုသည်မှာ 
iOS တွင် ကန့်သတ်မှုများကို ဖောက်ဖျက်၍ မိမိစိတ်ကြိုက် Apple တွင်မရရှိနိုင်သော 
third-party applications များကို ထည့်သွင်းအသုံးပြုနိုင်အောင် လုပ်ဆောင်ခြင်း

What is Jailbreak ...?
Jailbreak ဆိုသည်မှာ တဲ့တိုးပြောရရင် ထောင်ဖောက်သည်ပေါ့။ 
ဘာကြောင့် ထောင်ဖောက်သည် ဟု ဝေါဟာရတွင် ရသနည်းဆိုတော့ 
Apple ရဲ့ product များဖြစ်ကြတဲ့ iPhone, iPad, iPod Touch စသော iDevices များကို မသုံးပြုမည်ဆိုပါက
သူ၏ Firmware (iOS) တွင် ကန့်သတ်ချုပ်ချယ်မှုများ ထည့်သွင်းထားပြီး၊ 

ယင်းတို့ကို ဖောက်ဖျက်၍ မိမိစိတ်ကြိုက်၊ Apple တွင်မရရှိနိုင်သော third-party applications များကို
ထည့်သွင်း အသုံးပြုနိုင်အောင် လုပ်ဆောင်ခြင်းကို "Jailbreak" လုပ်ခြင်းဟုခေါ်သည်။
Jailbreak ပြုလုပ်နိုင်ရန် software များကို အသုံးပြုကြရသည်။ 
Software များစွာရှိခဲ့သော်လည်း အဓိက software များအဖြစ်
1. redsnOw 2. snOwbreeze တို့ကသာ ယခုချိန်ထိ Jailbreak ပြုလုပ်နိုင်ရန်
 version များမြှင့်ပြီး ထောက်ပံ့ပေးနေပါသည်။
Tethered Jailbreak And Untethered Jailbreak
ယင်းကဲ့သို့ Jailbreak ပြုလုပ်ရာတွင်လည်း နည်းလမ်း နှစ်သွယ်ရှိသည်။
1. Tethered Jailbreak
2. UnTethered Jailbreak တို့ဖြစ်သည်။
Apple မှ iOS တစ်ခု Update အသစ်ပေါ်လာတိုင်း Jailbreak tool များက ချက်ခြင်းလိုက်လံ မထွက်ရှိနိုင်ပဲ တစ်ပတ်၊
နှစ်ပတ်ခန့် ကြာသော်မှ ထွက်ရှိလာတတ်ပါသည်။
iOS တွင် ပြန်လည်ပြင်ဆင်ရသော အခက်အခဲ အခြေနေပေါ်မူတည်ပြီး တစ်ခါတစ်ရံ 
Tethered Jailbreak အနေနဲ့ ဦးစွာထွက်ရှိလာတတ်ပါသည်။ 
နောက်မှသာ Untethered Jailbreak အနေနဲ့ ထွက်လာပါသည်။

Tethered Jailbreak
ဆိုသည်မှာ လွယ်လွယ်ပြောရရင် iDevice ကို Jailbreak လုပ်ပေးနိုင်သော်လည်း Device ၏ 
Power OFF သွားပါက ပုံမှန်အတိုင်း power button ကိုနှိပ်ရုံမျှဖြင့် ပြန် ON ၍မရပဲ Computer ကို အသုံးပြုပြီးမှသာ
"Just boot tethered right now" နှင့် ပြုလုပ်ပေးမှသာ Power ON လို့ရပါသည်။
ဒါကြောင့် များသောအားဖြင့် Tethered Jailbreak ကို သိပ်မသုံးကြပဲ 
Untethered Jailbreak ထွက်သည်အထိ စောင့်စားတတ်ကြပါသည်။
Untethered Jailbreak
ကတော့ အားလုံးပြီးပြည့်စုံသော jailbreak လို့ပြောရပေလိမ့်မည်။ 
Device ကို Power ON / OFF ပုံမှန်အတိုင်းပင် ပြုလုပ်ရနိုင်ပါပြီ။

iOS 9 မှာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ဘယ်လိုဝှက်ထားမလဲ


iOS 9 အသုံးပြုထားတဲ့ iPhone, iPad device တွေပေါ်မှာ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို တစ်ပါးသူတွေ မသိနိုင်၊ မမြင်နိုင်အောင် ဝှက်ထားနိုင်ပါတယ်။ ဒီလိုဝှက်ထားနိုင်ဖို့အတွက် အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ပထမဆုံး iPhone သို့မဟုတ် iPad မှာရှိတဲ့ Photos app ကို ဖွင့်လိုက်ပါ။
Photo apps ကို ဖွင့်ပြီးပြီဆိုရင် ကိုယ်ဝှက်ထားချင်တဲ့ ဓာတ်ပုံတွေ၊
 ဗီဒီယိုတွေကို Select မှတ်ရပါမယ်။
နောက်တစ်ဆင့်ကတော့ Select မှတ်ပြီးသွားရင် Share button ကို နှိပ်ရမှာပါမယ်။
Share button ကို နှိပ်ပြီးပြီဆိုရင် အောက်ခြေနားမှာရှိတဲ့ Menu option နေရာမှာ 
Hide ဆိုတဲ့ Button ကို တွေ့မြင်ရပါလိမ့်မယ်။ ၎င်း button ကို နှိပ်လိုက်ပါ။
အဆိုပါ button ကို နှိပ်လိုက်ရင် pop-up တစ်ခု တက်လာမှာဖြစ်ပြီး ကိုယ်ဝှက်မယ့် ဓာတ်ပုံ အရေအတွက်ကို ဖော်ပြပေးထားတာ တွေ့မြင်ရမှာဖြစ်ပါတယ်။ ၎င်း Hide photos ဆိုတဲ့ button ကို နှိပ်လိုက်ရင် ဓာတ်ပုံတွေကို Moments ရဲ့အောက်မှာ မပေါ်အောင် ဝှက်ပေးထားပါလိမ့်မယ်။
အကယ်၍ အဆိုပါပုံတွေကို ပြန်လည် အသုံးပြုချင်တယ်ဆိုရင် Photos app ရဲ့ 
အောက်ခြေနားမှာရှိတဲ့ Albums ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။
 ပြီးသွားရင် Hidden ဆိုတဲ့ Folder ကို ရွေးချယ်ပေးပြီး
 Unhide ပြုလုပ်ချင်တဲ့ပုံတွေကို Select ပြုလုပ်ပါ။ 
Share button ကို နှိပ်ပြီး Menu Option နေရာမှာရှိတဲ့ Unhide ဆိုတာကို နှိပ်လိုက်ရင် 
Hide ပြုလုပ်ထားတဲ့ ဖိုင်တွေကို moments အောက်မှာတွေ့ရမှာဖြစ်ပါတယ်။
Ref: igeeksblog

အိုင်ဖုန်းနှင့် သက်ဆိုင်သည့် အသုံးများသော ဝေါဟာရများ


Activation
*********
အိုင်ဖုန်းကို ၀ယ်ယူပြီးနောက် ကွန်ပျူတာနှင့် ချိတ်ဆက်ကာ Apple ၏ မီဒီယာဆော့ဝဲလ် 
တစ်ခု ဖြစ်သည့် iTunes နှင့် ဖွင့်ပြီး Activation လုပ်ပြီးမှသာလျှင် အိုင်ဖုန်းကို စတင် သုံးစွဲနိုင်သည်။
ယေဘုယျအားဖြင့် ထိုသို့ ပြုလုပ်နိုင်ရန် AT & T သို့ Apple နှင့် သဘောတူညီမှုရယူထားသည့်
ဆက်သွယ်ရေးကုမ္ပဏီနှင့် ကန်ထရိုက်ရှိရန်လိုအပ်သည်။

ကန်ထရိုက်မရှိသူများ အနေဖြင့် အိုင်ဖုန်းကို အလိုလို activate လုပ်ပေးနိုင်သည့်
 ဆော့ဝဲလ်များ (ဥပမာ-ZiPhone, iPlus, iLiberty Plus) ဖြင့် ပြုလုပ်ရန်လိုသည်။
Unlock
******* 
အိုင်ဖုန်းကို သုံးစွဲရာတွင် AT & T သို့ Apple နှင့် သဘောတူညီမှုရယူထားသည့် ဆက်သွယ်ရေးကုမ္ပဏီမှ
ထုတ်ပေးသည့် SIM ကတ်များဖြင့်သာ အသုံးပြုနိုင်ရန် အထူးစီမံပြုလုပ်ထားသည်။
ထိုသို့ ပြုလုပ်ထားခြင်းကို ကျော်ဖြတ်ပြီး မည်သည့် ဆက်သွယ်ရေးကုမ္ပဏီမှ ထုတ်ပေးသည့်
 SIM ကတ်ဖြင့် မဆို ဆက်သွယ်ပြောဆိုနိုင်အောင် ပြုလုပ်ခြင်းကို Unlock လုပ်ခြင်းဟု ခေါ်သည်။
Jailbreak
*********
အိုင်ဖုန်းတစ်လုံးတွင် စ၀ယ်ကတည်းက built-in ထည့်ပေးထားသော Google Map, Stock, Weather, You Tube, iTunes အစရှိသည့် ဆော့ဝဲလ်များ ပါဝင်သော်လည်း အခြားသော 3rd party vendor များမှ ရေးသား ထားသည့် native application များကို (ယခု စာရေးနေစဉ် အချိန်အထိ)ထည့်သွင်းခွင့် မပေးထားပါ။ထိုသို့ ထည့်သွင်းနိုင်အောင် ပြုလုပ်ခြင်းကို jailbreak လုပ်ခြင်းဟု ခေါ်သည်။
3rd Party iPhone application
**************************
Apple မဟုတ်သည့် အခြားသော ဆော့ဝဲလ်ကုမ္ပဏီများမှ ရေးသားသည့် 
ဆော့ဝဲလ်များ၊ ဂိမ်းများကို ခေါ်ဆိုခြင်းဖြစ်သည်။
ဥပမာ - Nitendo Emulator (အိုင်ဖုန်းကို Nitendo Game သဖွယ် ဖြစ်အောင်
 ပြောင်းလဲပေးနိုင်သည့် ဆော့ဝဲလ်)၊ Chess (သို့) Sudoku အစရှိသည့် ဂိမ်းများ
iPhone Web Application 
**********************
Apple မဟုတ်သည့် အခြားသော ဆော့ဝဲလ်ကုမ္ပဏီများမှ ရေးသားသည့် 
အင်တာနက်နှင့်ချိတ်တ်ဆက် အသုံးပြုရသော ဆော့ဝဲလ်များ၊ ဂိမ်းများကို ခေါ်ဆိုခြင်းဖြစ်သည်။
Baseband
*********
အိုင်ဖုန်းတစ်လုံးတွင် ပါဝင်သည့် စက်ပစ္စည်းများနှင့် အိုင်ဖုန်း အသုံးပြုသည့်စနစ်တို့
 အပြန်အလှန် ဆက်သွယ်နိုင်အောင် ကူညီပေးသော ပရိုဂရမ်တစ်ခု ဖြစ်သည်။
အိုင်ဖုန်းမှတဆင့် အသံ (သို့) အချက်အလက်များကို ဖုန်းတာဝါများသို့ 
ဆက်သွယ်ရန်လိုအပ်သည့် အခါတိုင်း baseband က အထောက်အကူ ပေးသည်။
ထို့အပြင် လက်ရှိ အသုံးပြုနေသော Sim Card သည် အသုံးပြုနိုင်ခြင်းရှိမရှိ၊ 
ဖုန်းအချိတ်အဆက်မိ မမိ စသည်တို့ကို စစ်ဆေးပေးသည်။
အိုင်ဖုန်းကို unlock လုပ်ခြင်းသည် baseband ကို မည်သည့် ဖုန်းဆက်သွယ်ရေးကုမ္ပဏီမှ 
ထုတ်သည့် Sim Card နှင့် မဆို အသုံးပြုနိုင်စေရန် ပြင်ဆင်ပေးလိုက်ခြင်း ဖြစ်သည်။
နောက်ဆုံး ထုတ်ဝေထားသည့် baseband version သည် 
04.04.05_G ဖြစ်ပြီး Firmware version 1.1.4 အတွက် ဖြစ်သည်။
Firmware
*********
Firmware ဆိုသည်မှာ ကွန်ပျူတာရှိ Windows စနစ်နှင့် အလားသဏ္ဍာန်တူသည်။
ကွန်ပျူတာတွင် Windows XP သုံးနေရာမှ Windows Vista ထွက်လာသည့်အခါတွင် ပြောင်းလဲ အသုံးပြုနိုင်သကဲ့သို့ ပိုမို ကောင်းမွန်ပြည့်စုံသည့် Firmware အသစ်ထွက်ပါက iTunes မှ တဆင့် အဆင့်မြှင့်ခြင်း ပြုလုပ်နိုင်သည်။
ယခု လက်ရှိအသုံးပြုနေသည့် Firmware version မှာ 1.1.4 ဖြစ်သည်။
မကြာခင် Firmware 2.0 ထွက်လာတော့မည် ဟုလည်း သိရသည်။
Bootloader
**********
အိုင်ဖုန်းတွင် bootloader နှစ်ခုပါဝင်သည်။
တစ်ခုမှာ Arm Core bootloader ဖြစ်ပြီး အိုင်ဖုန်း အသုံးပြုသည့် စနစ်နှင့် သက်ဆိုင်သည်။
နာက်တစ်ခုမှာ baseband bootloader (အထက်တွင် ဖော်ပြပြီး) ဖြစ်သည်။
အိုင်ဖုန်းကို ပိတ်ထားရာမှ စပြီး ဖွင့်လိုက်သည့် အခါတွင် အစီအစဉ်တကျနှင့် 
အသုံးပြုနိုင်စေရန် ၎င်းက ဆောင်ရွက်ပေးသည်။
လတ်တလော အသုံးပြုနေကြသည့် အိုင်ဖုန်းများသည်
 bootloader version 3.9 နှင့် 4.6 ကို အသုံးပြုထားသည်။
3.9 သည် စနစ်အဟောင်းဖြစ်ပြီး အထူးဆော့ဝဲလ်များမှ တဆင့် 
ထို bootloader version 3.9 ကို ကျော်ဖြတ်ကာ unlock လုပ်ခြင်း 
jailbreak လုပ်ခြင်းတို့ကို ပြုလုပ်နိုင်သည်။
ထိုသို့ အထူးဆော့ဝဲလ်များမှ တဆင့် ထို bootloader ကို ကျော်ဖြတ်ခြင်း မပြုနိုင်စေရန်
 Apple ကုမ္ပဏီမှ အသစ်ထုတ်သော ဖုန်းများတွင် version 4.6 ကို ထပ်မံ ထည့်သွင်းခဲ့သည်။
သို့ရာတွင် အထူးဆော့ဝဲလ်များထပ်မံထွက်ရှိလာပြီး version 4.6 ကို ဖယ်ရှားပြီး
 version 3.9 fakeblank bootloader ဟု ခေါ်သည့် ပြင်ဆင်မွမ်းမံထားသည့် 
bootloader မှ တဆင့် unlock လုပ်ခြင်း jailbreak လုပ်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။
သို့သော် ၎င်းကို ပြုလုပ်ရာတွင် မိမိ အသုံးပြုသည့် အထူးဆော့ဝဲလ်ကို လိုက်ပြီး 
အချို့ဆော့ဝဲလ်များမှာ လက်ရှိပါလာသည့် version 4.6 ကို လုံးဝ ဖျက်ပစ်ခြင်း၊ 
သို့မဟုတ် version 3.9 မှ တဆင့် version 4.6 သို့ ပြန်လည် ပြောင်းလဲမရခြင်းစသည့်
ဘေးထွက်ဆိုးကျိုးများ ရှိသည့်အတွက် အသေအချာလေ့လာပြီးမှသာ
 Unlock လုပ်ခြင်း jailbreak လုပ်ခြင်းတို့ကို ပြုလုပ်သင့်သည်။
version 4.6 ဖြင့် ထုတ်ဝေထားသော ဖုန်းကို version 4.6 သို့ ပြန်လည်ပြီး 
ပြောင်းမရခဲ့ပါက warranty မရတော့ပါ။
ထို့အပြင် firmware အသစ်ထွက်လျှင်လည်း အဆင့်ြှမှင့်ခြင်း 
လုပ်နိုင်တော့မည် မဟုတ်သည်ကို သတိပြုပါ။
installer.app
************
၎င်းသည် အိုင်ဖုန်းကို jailbreak လုပ်ပြီးနောက် ထည့်သွင်းရသည့် ပရိုဂရမ်တစ်ခုဖြစ်သည်။
အချို့ဆော့ဝဲလ်များက jailbreak လုပ်ရာတွင် installer.app ကို တပါတည်း ထည့်သွင်းနိုင်ရန် ရွေးချယ်ခွင့်ပေးထားတတ်သည်။
၎င်းသည် Wi-Fi မှတဆင့် အိုင်ဖုန်းထဲသို့ အခြားသော 3rd party application များကို
ထည့်သွင်းခြင်း၊အဆင့်မြှင့်ခြင်း၊ ထုတ်ပယ်ခြင်းတို့ကို ပြုလုပ်နိုင်သည်။
Recovery Mode
***************
အိုင်ဖုန်းထဲတွင် ရှိသမျှကို ဖျက်ပစ်ကာ မူလ၀ယ်ယူစဉ်က အတိုင်း အခြေအနေသို့ ပြန်လည်ပြုလုပ်လိုပါက
၎င်းကို အသုံးပြုပြီး iTunes မှ တဆင့် Firmware ပြန်လည် ထည့်သွင်းခြင်းဖြင့် ပြုလုပ်နိုင်သည်။
Recovery Mode သို့ သွားရန် Sleep/Wake ခလုတ်နှင့် 
Home ခလုတ်တို့ကို အိုင်ဖုန်း ပြန်လည်စတင်သည် အထိ ဖိထားပါ။
ပန်းသီးလိုဂိုလေးကို တွေ့ပါက ဖိထားသော Sleep/Wake ခလုတ်ကို လွှတ်ပြီး 
Home ခလုတ်ကို iTunes လိုဂိုပေါ်လာသည် အထိ ဖိထားပါ။ 
၎င်းနောက် iTunes ကို အသုံးပြုပြီး Frimware ကို ပြန်လည် ထည့်သွင်းနိုင်ပါသည်။
DFU (Device Firmware Update)Mode
*************************************
အိုင်ဖုန်းထဲတွင် ရှိသမျှကို ဖျက်ပစ်ကာ မူလ၀ယ်ယူစဉ်က အတိုင်း အခြေအနေသို့
 ပြန်လည်ပြုလုပ်ရာတွင် recovery mode ဖြင့် ပြန်လည်မပြုလုပ်နိုင်ခဲ့ပါက
 DFU mode ဖြင့် ပြုလုပ်နိုင်သည်။
DFU mode သို့ ရောက်ရှိသွားပါက restore မလုပ်မချင်း အိုင်ဖုန်း၏ အသုံးပြုသည့် 
စနစ် (Operating System) ကို ပြန်လည် တင်ပေးလိမ့်မည် မဟုတ်ပါ။
Sleep/Wake ခလုတ်နှင့် Home ခလုတ်တို့ကို ၁၀ စက္ကန့်မျှ ကြာသည်အထိ ဖိထားပါ။ 
ပန်းသီးလိုဂိုလေးကို မတွေ့ရမီ ဖိထားသော Sleep/Wake ခလုတ်ကို လွှတ်ပြီး 
Home ခလုတ်ကို iTunes မှ recovery mode ထဲသို့ ရောက်ပြီဟု မဖော်ပြသရွေ့ ဖိထားပါ။
DFU mode ထဲသို့ ရောက်ပြီဆိုလျှင် အိုင်ဖုန်း ဖန်သားပြင်တစ်ခုလုံးတွင်
 မည်သည့်အရာမျှ လာပြတော့မည် မဟုတ်ပါ။
ထိုသို့ DFU mode ထဲသို့ ၀င်ရန်မှာ အချိန်ကိုက် လုပ်နိုင်ရန် လိုအပ်ပါသည်။
Wi-Fi (Wireless Fidelity)
**********************
အိုင်ဖုန်းတွင် အင်တာနက်နှင့် ဆက်သွယ်ရန် အသုံးပြုရသည့် ကြိုးမဲ့ 
ကွန်ယက်ဆက်သွယ်ရေး စနစ်ဖြစ်သည်။
အိုင်ဖုန်း အသုံးပြုမည့် နေရာနှင့် အနီးအနားတွင် ကြိုးမဲ့ကွန်ယက်များရှိပါက
 အင်တာနက်ကို အိုင်ဖုန်းမှ တဆင့် အသုံးပြုနိုင်သည်။
Bluetooth
*********
အိုင်ဖုန်းတွင် ပါဝင်သည့် အခြားသော bluetooth enabled ပစ္စည်းများနှင့် ချိတ်ဆက်အသုံးပြုနိုင်သည့်
ဆက်သွယ်ရေးစနစ်တစ်ခု ဖြစ်သည်။ ဥပမာ - Bluetooth earpiece, Bluetooth headphone
Sync (acrnoym for synchronisation) 
*********************************
အိုင်ဖုန်းရှိ သီချင်းများ၊ ဗီဒီယိုများ၊ podcast များကို မိမိ ကွန်ပျူတာတွင်
 ထည့်သွင်းထားသော iTunes ဆော့ဝဲလ်မှ တဆင့် ထည့်သွင်းခြင်း ဖြစ်သည်။ 
အိုင်ဖုန်း အတွင်းသို့ အဆိုပါဖိုင် အသစ်များ ထည့်သွင်းလိုပါက မိမိကွန်ပျူတာရှိ
 iTunes တွင် ပထမဦးစွာ ထည့်သွင်းပြီးနောက် အိုင်ဖုန်းကို USB port မှတဆင့် ကွန်ပျူတာတွင်
တပ်ဆင်ကာ sync လုပ်ခြင်းဖြင့် မိမိ ထည့်သွင်းလိုသော ဖိုင်များ အလိုလို ရောက်ရှိသွားမည်ဖြစ်သည်။
မလိုသည့် ဖိုင်များကို ပြန်လည် ထုတ်လိုပါကလည်း ကွန်ပျူတာရှိ iTunes တွင် 
ဖျက်ပစ်ကာ အိုင်ဖုန်းကို တပ်ဆင်ပြီး sync လုပ်ခြင်းဖြင့် 
မိမိ မလိုတော့သည့် ဖိုင်များကို ရှင်းလင်းပစ်နိုင်သည်။
BSD SubSystem
***************
၎င်းသည် Unix-based အသုံးပြုသည့်စနစ်တစ်ခုဖြစ်သည်။
အိုင်ဖုန်း အသုံးပြုသူအချို့က ၎င်းကို Jailbreak လုပ်ပြီးနောက် 
အိုင်ဖုန်း အတွင်းသို့ ထည့်သွင်းလေ့ ရှိကြသည်။
PodCast
********
၎င်းသည် ရေဒီယိုအသံလွှင့်ချက်များ၊ တေးဂီတများ၊ သတင်းများ၊ သုံးသပ်ချက်များ၊ ဗဟုသုတဖြစ်ဖွယ်များ၊ ဘာသာရပ်ဆိုင်ရာများ၊ ဘာသာစကားသင်ခန်းစာများ အစရှိသည်တို့ကို မိမိနားထောင်လိုသည့် အခါတွင် နားထောင်နိုင်စေရန် ကွန်ပျူတာအတွင်းသို့ ဖြစ်စေ၊ iPod သို့ iPhone သို့ ဖြစ်စေ ထည့်သွင်း နိုင်စေရန် ပြုလုပ်ထားခြင်း ဖြစ်သည်။
Apple မှ ထုတ်ဝေသော iTunes ဆော့ဝဲလ်မှ တဆင့် 
PodCast ပေါင်းများစွာကို အခမဲ့ subscribe လုပ်နိုင်သည်။
ထိုသို့ ပြုလုပ်ခြင်းဖြင့် မိမိ subscribe လုပ်ထားသော PodCast များ အသစ်တင်လိုက်တိုင်း
 iTunes ထဲလို့ အလိုလို download လုပ်ပြီးသား ဖြစ်နေမည်။
ထို့နောက် မိမိ iPod သို့ iPhone ဖြင့် sync လုပ်ခြင်းဖြင့်
 မိမိ အားလပ်ချိန်တွင် PodCast များကို နားဆင်နိုင်သည်။
iPhone SDK (Software Development Kit)
*************************************
၎င်းကို အိုင်ဖုန်းအတွက် Mac Platform မှတဆင့် ဆော့ဝဲလ်များ ရေးသားနိုင်စေရန် 
Apple ကုမ္ပဏီက မကြာမီကမှ ပရိုဂရမ်မာများအတွက် ထုတ်ဝေပေးလိုက်သည်။

iOS 10 public Beta 1 ကို ဘယ်လိုတင်မလဲ ?




iOS 10 public Beta 1 ကို သုံးစွဲသူများအတွက် ယနေ့ စတင်ဖြန့်ချိပေးပြီဖြစ်ရာ
iOS 10 public beta 1 ကို တင်ချင်သူများအတွက် ဖော်ပြပါ နည်းလမ်းအတိုင်း တင်နိုင်မှာဖြစ်ပါတယ်။

iOS 10 public beta 1 ကို ထည့်သွင်းဖို့အတွက် iPhone ရဲ့ Safari browser ကို ဖွင့်လိုက်ပါ။ ပြီးသွားရင် https://beta.apple.com/profile ဆိုတဲ့ လိပ်စာကို Address bar မှာ ရိုက်ထည့်လိုက်ပါ။

အဆိုပါ လိပ်စာကိုရိုက်ထည့်ပြီးသွားရင် Apple ID နဲ့ Password ကို ထည့်သွင်းရမယ့် box ကို တွေ့ရပါမယ်။ Apple ID နဲ့ Password ကို ထည့်သွင်းပြီး Sign in ကို နှိပ်ပေးလိုက်ပါ။




နောက်တစ်ဆင့်ကတော့ Guide for Public Betas ဆိုတဲ့ Page ကို ရောက်သွားမှာဖြစ်ပါတယ်။ ဒီနေရာမှာ iOS ဆိုတာကိုရွေးလိုက်ပါ။





ပြီးသွားရင် Enroll your device ဆိုတာကို နှိပ်ပြီး အောက်ဘက်ကို ဆင်းလိုက်ပါ။ Download profile ဆိုတဲ့ button ကို တွေ့ရပါမယ်။ အဆိုပါ button ကို နှိပ်လိုက်ပါ။ Profile Install ပြုလုပ်ရမယ့် နေရာကိုရောက်ပြီဆိုရင် Install ဆိုတာကို နှိပ်ပေးရပါမယ်။ ပြီးသွားရင် ဖုန်းကို Restart ပြုလုပ်ရပါလိမ့်မယ်။ ပြုလုပ်ပေးလိုက်ပါ။




Phone reboot ပြန်တက်လာရင် Settings > General > Software Update ကို သွားရပါမယ်။ ပြီးသွားရင် Install ပြုလုပ်ပေးလိုက်ပါ။

Android ဖုန်းတချို့မှာ Zapya နဲ့ video / photo တွေကူးပြီးရင် Gallery application / Videos application တို့ကနေပြန်ကြည့်ရင် မပေါ်လို့စိတ်ညစ်နေသူများအတွက် အလွယ်ကူဆုံးဖြေရှင်းနည်း

 

 zapya-for-android
Android ဖုန်းတချို့မှာ Zapya နဲ့ video file တို့ photo တို့ကိုကူးယူပြီး zapya ထဲကနေပြန်ကြည့်လို့ရပေမဲ့ Gallery apk တို့ Videos apk တို့မှာ မပေါ်လို့စိတ်ညစ်နေသူများအတွက် အလွယ်ကူဆုံးဖြေရျင်းနည်းလေးကို အကြံပြုပေးလိုက်ပါတယ်။ ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုရင်တော့ ဒါပာာ zapya apk နဲ့ internal memory များများပါဝင်တဲ့အချို့ဖုန်းများရဲ့ zapya storage location မှာ အဆင်မပြေမှု့ပဲဖြစ်ပါတယ်။ ဒါကိုဘယ်လိုလုပ်ရမလဲဆိုရင် zapya apk ထဲက setting ဆိုတဲ့နေရာကနေတစ်ဆင့် location storage ကို ပြောင်းပြီးအသုံးပြုပေးရမှာဖြစ်ပါတယ်။ samsung တို့ sony တို့ အချို့ model များမှာ zapya apk ကိုစတင်အသုံးပြုရန် install လုပ်လိုက်ပြီဆိုတာနဲ့ zapya နဲ့ ဖုန်းအချင်းချင်း vodeo / photo တို့ကို ကူးယူမယ်ဆိုရင် zapya ရဲ့ ဖိုင်သိမ်းဆည်းခြင်းလုပ်ဆောင်မှု့ပာာ SD Card ထဲမှာသွားရောက်လုပ်ဆောင်ပါတယ်။ အဲဒီလို SD Card ထဲမှာသွားရောက် သိမ်းဆည်းပေးပေမဲ့ SD Card ထဲက Zapya Folder ထဲမှာသွားရောက်ပြီးသိမ်းဆည်းတာ မပပာုတ်ပါဘူး။ အဲဒါကြောင့်လဲ Gallery apk တို့ Videos apk တို့မှာသွားရောက်အလုပ်လုပ်နိုင်ရန် support မပေးနိုင်တာဖြစ်ပါတယ်။ ဘယ်နေရာမှာ သွားရောက်ပြီး ဖိုင်တွေကိုသိမ်းဆည်းပေးလဲဆိုရင်တော့ Filemanager ထဲကိုဝင်လိုက်ပါ။ SD Card location ထဲက com.dewmobile.kuaiya Folder ထဲက data folder ထဲမှာ zapya folder ထဲမှာ သွားရောက်သိမ်းဆည်းပေးထားလို့ ဖြစ်ပါတယ်။ အဲဒီလိုကျတော့ ကျတော်ပြောခဲ့တဲ့လမ်းကြောင်းထဲကိုသွားပြီး ကူးထားတာတွေကိုပြန်လည်ကူးယူပြီး SD Card ထဲမှာ Folder တစ်ခုအနေနဲ့ဆောက်ပြီးထားလိုက်ရင်တော့ Gallery apk တို့ Videos apk တို့မှာအဆင်ပြေပြေအသုံးပြုနိုင်ပါပြီ။

နောက်ထပ်နည်းလမ်းတစ်ခုအနေနဲ့လဲပြုလုပ်နိုင်ပါသေးတယ်။ ကျတော်တို့ Zapya apk ထဲက setting ထဲမှာရှိတဲ့ Storage location ကို Internal လို့ရွေးပေးလိုက်ရင်တော့ Gallery apk တို့ Videos apk တို့ထဲမှာ အဆင်ပြေပြေမြင်ရပါပြီ။ သူကတော့ SD Card ထဲမှာလို com.dewmobile.kuaiya ဆိုတဲ့ Folder ထဲမှာသွားရောက်သိမ်းဆည်းမှာမပာုတ်ပဲ Internal Storage ထဲက Zapya Folder ထဲမှာပဲတိုက်ရိုက်သိမ်းဆည်းပေးတာဖြစ်တာကြောင့် Gallery apk တို့ Videos apk တို့မှာတစ်ခါထဲသွားပြီး အလုပ်လုပ်ပေးမှာဖြစ်ပါတယ်။ ဒါပေမဲ့ Internal Storage ထဲမှာသိမ်းဆည်းတာကို ဖုန်းအသုံးပြုသူတော်တော်များများက ကြိုက်နှစ်သက်မှု့မရှိပါဘူး။ ဒါပေမဲ့ဒီနည်းလမ်းလေးကတော့ အဆင်ပြေဆုံးဖြစ်ပါတယ်။ ကူးယူတဲ့ဖိုင်တွေများလာရင်တော့ SD Card ထဲကိုပြန်လည်ကူးပြောင်းပြီး သိမ်းဆည်းထားရမှာပေါ့နော် 😀

Android User များအတွက် Zapya နဲ့ပတ်သတ်ပြီးကျတော်ပြောပြခဲ့သလို File Transfer ပြုလုပ်ခြင်းနဲ့ပတ်သတ်ပြီး စိတ်ညစ်နေရရင်ဖြေရှင်းနိုင်ရန် အကြံပြုပေးထားခြင်းဖြစ်တာကြောင့် အခြားအဆင်ပြေစွာသုံးစွဲနိုင်တဲ့ နည်းလမ်းများရှိခဲ့ရင်တော့ လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါတယ် ခင်ဗျာ။

Huawei Y210S မှာ Sdcard ကို မသိ တော့ တာကိုဖြေရှင်းခြင်း (Mobile Hardware Course)

 

hh2


Mobile Hardware Service လေ့လာနေသူတွေအတွက် ဗဟုသုတရစေရန်ရည်ရွယ်ပါတယ်။ Huawei Y210S မှာ Sdcard ကို မသိ တော့ တာ လေး Mobile Hardware Service ပညာရှင် ကိုနေလ ရဲ့ ဖြေရှင်းထားပုံလေးဖြစ်ပါတယ်။ ဆက်လက်လေ့လာကြည့်ရအောင်။
အရင်ဆုံး မြှားပြထားတဲ့ နေရာလေးက ကွန်ဒစ်ဇာ လေးမှာ 2.8V ရှိမရှိ တိုင်းကြည့် ရပါမယ် မရှိ ရင် ( 1 ) နေရာ က IC လေး ကို အရင် လဲ ပြီး စမ်းကြည့် ပါ ။ ကွန်ဒစ်ဇာ လေးမှာ 2.8V ရှိရင်တော့ ( 2 ) နေရာ က IC လေးကို လဲ ပေးလိုက်ရင် အဆင်ပြေပါပြီ ခင်ဗျာ ။

cd-Myo Kyaw

Android ဖုန်း ဘာကြောင့် လေးလံလာရသလဲ...???

 

Android ဖုန်းအကြောင်း




Image result for Android images








Android ဖုန်းတွေကို ၀ယ်ကာစကတော့ သုံးရတာသွက်သွက်လက်လက်ပါပဲ ။ ဒါပေမယ့် ၀ယ်ပြီး တစ်လ (သို့မဟုတ်) ရက်သတ္တပတ်များစွာအကြာမှာတော့ ဖုန်းရဲ့ performance က အနည်းငယ်ကျဆင်းစပြုနေပါပြီ။

ဘာကြောင့် လေးလံလာရသလဲ ?
အဓိကအကြောင်းအရင်းကတော့  ဖုန်းထဲမှာဆော့ဝဲပေါင်းများစွာ
တစ်ပြိုင်နက် run နေကြတဲ့အချက်ဖြစ်ပါတယ်။ ကိုယ်က ဆော့ဝဲကိုဖွင့်မထားပေမယ့်လည်း ဖုန်းထဲကဆော့ဝဲတစ်ခုကိုအသုံးပြုပြီးတိုင်း ဆော့ဝဲထဲကနေ ပြန်ထွက်သော်လည်း Android OS က ယင်းဆော့ဝဲကိုအပြီးတိုင်ပိတ်မပေးပါဘူး ။ နောင်တစ်ချိန် ဒီဆော့ဝဲကိုပြန်သုံးတဲ့အခါ လျင်လျင်မြန်မြန်နဲ့တက်လာစေရန်အတွက်ဖြစ်ပါတယ်။ ဒါပေမယ့် ယင်းကဲ့သို့ ဖုန်းထဲမှာဆော့ဝဲတွေတစ်ပြိုင်နက် run ကုန်တဲ့အခါကျတော့ ဖုန်းက သုံးရတာနှေးလာပါတယ်။ ဖုန်းမှာ ပါဝင်တဲ့အတွင်း hardware ပစ္စည်းတွေရဲ့လုပ်ဆောင်နိုင်စွမ်း ၊ quality ကလည်း ဖုန်း performance ကျဆင်းရခြင်းရဲ့အကြောင်းအရင်းတစ်ချက်ဖြစ်ပါတယ်။

ဒါဆိုရင် အသုံးပြုရတာ ပြန်လည်ကောင်းမွန်လာအောင် ဘာတွေလုပ်ရမလဲ?
ဖုန်းရဲ့ Performance , speed ကိုပြန်လည်မြှင့်တင်ပေးတဲ့ ၊ ဖုန်းထဲက အသုံးမလိုတဲ့ ဖိုင်တွေကိုဖယ်ရှားရှင်းလင်းပေးတဲ့ Cleaner ဆော့ဝဲတွေများစွာရှိပါတယ်။ ဖုန်းထဲမှာ ကိုယ်သုံးလိုက်တဲ့ဆော့ဝဲတွေဟာ နောက်ကွယ်( Background) မှာအမြဲ run နေပြီး ဖုန်းရဲ့ memory နေရာလွတ်တွေကို ဒီဆော့ဝဲတွေက အမြဲနေရာယူနေတဲ့အတွက် ဖုန်းရဲ့ performance ကိုကျဆင်းစေပါတယ်။ တစ်ချို့ users တွေကတော့ ဖုန်းသုံးရတာလေးနေရင် Task Killer ဆော့ဝဲတွေသုံးလေ့ရှိကြပါတယ်။ ဒါပေမယ့် task killer ဆော့ဝဲတွေဟာ Background မှာ run နေတဲ့ဆော့ဝဲတွေတင်သာမက တစ်ချို့ မဖြစ်မနေ run ရမယ့် system app တစ်ချို့ကိုပါ ရပ်ဆိုင်းဖြစ်တာကြောင့် အသုံးပြုဖို့မသင့်ပါဘူး ။ ဒါကြောင့် ဖုန်းသုံးရတာလေးလံလာပြီဆိုရင် ဖြေရှင်းရမယ့် အဓိကအချက်က နောက်ကွယ်မှာ အမြဲ run နေဖို့မလိုအပ်တဲ့ ဆော့ဝဲတွေကိုေ၇ွးချယ်ရပ်ဆိုင်းပစ်ခြင်းကသာ အဓိကဖြေရှင်းနည်းဖြစ်ပါတယ်။
နောက်ကွယ်မှာ run နေကြတဲ့ ဆော့ဝဲအရေအတွက် ၊ အမျိုးအစားများအား ကန့်သတ်ပစ်ခြင်း
————————————————————————————–
Google Play မှာအခမဲ့ရယူနိုင်တဲ့ ဆော့ဝဲဖြစ်တဲ့ Greenify ဟာ သင့်ဖုန်းမှာ သွင်းထားတဲ့ ဆော့ဝဲတွေကို auto မ run နိုင်အောင်ပြုလုပ်ပေးနိုင်ခြင်း ၊ Background မှာ run နေတဲ့ဆော့ဝဲတွေထဲကမှ အမြဲ run နေဖို့မလိုအပ်တဲ့ဆော့ဝဲများကိုသာေ၇ွးချယ် ပိတ်ပစ်ပေးခြင်း နဲ့အခြားသော Cleaning process တွေလုပ်ဆောင်ပေးနိုင်ပါတယ်။ Greenify ဆော့ဝဲဟာ ၂၀၁၃ ခုနှစ်ရဲ့ အကောင်းဆုံး Android Application စာရင်းထဲမှာပါဝင်ခဲ့တဲ့ ဆော့ဝဲတစ်ခုဖြစ်ပါတယ်။ Greenify ကိုတော့ အောက်က link ကနေရယူနိုင်မှာပါ။

https://play.google.com/store/apps/details?id=com.oasisfeng.greenify

Live Wallpaper နဲ့ Animation များကိုဖယ်ရှားခြင်း
ဖုန်းမှာ Live wallpaper နဲ့အခြားသော Animation များကို run ထားစေခြင်းဟာလည်း ဖုန်းကိုအသုံးပြုရနှေးကွေးစေတဲ့အကြောင်းအရင်းထဲမှာ အပါအ၀င်ပဲဖြစ်ပါတယ်။  ဒါကြောင့် Animation တွေကိုမလိုအပ်ဘူးဆိုရင် ပိတ်ထားသင့်ပါတယ်။ Android version 2.3 ရဲ့ Display Setting ထဲမှာ Animation function ပါပြီး ယင်း function ထဲကိုဝင်ပြီး No Animation လုပ်ထားနိုင်သလို Android version 4.0 နှင့်အထက်မှာလည်း setting ထဲက Developer Option ထဲမှာ Windows Animation Scale ဆိုတဲ့ function ပါဝင်ပါတယ်။ ယင်း function ထဲကိုဝင်ပြီး Animation Off လုပ်ထားနိုင်ပါတယ်။

ဖုန်းရဲ့ Internal Memory Free space ကိုတိုးစေခြင်း
ဖုန်းမှာ Background app process တွေ run မထားသော်လည်း ဖုန်းရဲ့ Internal Memory Free space နည်းနေရင်လည်း အသုံးပြုရတာလေးလံနေဦးမှာဖြစ်ပါတယ်။  Android app , game တစ်ချို့ဟာ ဖုန်းရဲ့ Internal Memory ကိုသူတို့ရဲ့ data တွေသိမ်းဆည်းဖို့အသုံးပြုလေ့ရှိပါတယ်။
ဒါမျိုးဆော့ဝဲတွေကိုများများသွင်းထားရင်တော့ ဖုန်းက သိပ်မကြာခင်မှာပဲအသုံးပြုရတာလေးလံလာမှာပါ။ ဖုန်းရဲ့ Internal Memory Free space ကိုသေချာရှင်းလင်းပေးနိုင်ဖို့ဆိုရင်တော့  AppMgr III (App 2 SD) လိုမျိုးဆော့ဝဲကို သုံးသင့်ပါတယ်။ ယင်းဆော့ဝဲက ဖုန်းရဲ့ internal memory ထဲမှာသိမ်းဆည်းထားတဲ့ဖိုင်များကို SD Card ထဲသို့လွယ်ကူစွာရွှေ့ပြောင်းပေးနိုင်ပါတယ်။ ဖုန်းရဲ့ Internal Memory ထဲမှာ ခဏတာသိုလှောင်ထားတဲ့ Temporary file များနဲ့ cache file တွေကိုတော့ Clean Master ကဲ့သို့သော ဆော့ဝဲမျိုးကိုအသုံးပြု၍ ရှင်းလင်းနိုင်ပါတယ်။

Home Screen ပေါ်မှာမလိုအပ်တဲ့ Widget များကိုဖယ်ရှားပစ်ခြင်း
 
Home Screen ပေါ်မှာတင်ထားတဲ့ Widget များ ၊ ဥပမာအားဖြင့် သတင်း widget လိုအရာမျိုးတွေဟာ ဆော့ဝဲကိုမဖွင့်ရင်တောင်မှ Widget ပေါ်မှာ သတင်းကတော့ ပုံမှန်ပေါ်နေမှာဖြစ်ပါတယ်။ ယင်းကဲ့သို့ သတင်း update ပုံမှန်တက်နေဖို့အတွက် Background မှာလည်း ယင်း widget ရဲ့ process ကအမြဲ run နေမှာဖြစ်ပါတယ်။ ဒီလို Widget မျိုးတွေဖုန်းရဲ့ Home Screen ပေါ်မှာများများတင်ထားမယ်ဆိုရင်လည်း Background process တွေများသွားတဲ့အတွက် ဖုန်းကအသုံးပြုရတာ နှေးနေ လေးနေဦးမှာဖြစ်ပါတယ်။ ဒါကြောင့် သိပ်မလိုတဲ့ Widget တွေကိုလည်း ဖုန်းရဲ့ Home Screen ကနေဖယ်ရှားထားသင့်ပါတယ်။
ဒီအချက်တွေပြည့်စုံစွာလုပ်ဆောင်ပြီးပြီဆိုရင်တော့ သင့်ဖုန်းဟာ ၀ယ်ကာစနဲ့မခြား သုံးစွဲရတာအမြဲပေါ့ပါးနေမှာဖြစ်ပါတယ်။
 

WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း

  windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...