Tuesday, April 11, 2017

အင်တာနက် Protocol အလုပ်လုပ်ပုံ


ကွန်ပျူတာပေါ်မှ သတင်းအချက်အလက်များ အချင်းချင်း မျှဝေချင်သော လူတစ်စု သည် ၎င်း တို့ အချင်းချင်း ချိတ်ဆက်ခြင်းအားဖြင့်သော်လည်းကောင်း ကွန်ပျူတာအချင်းချင်း သတင်းအချက်အလက်ပေးပို့ချင်သည် ဆိုကြပါစို့။ ၎င်းတို့ ကြိုးပမ်းမှုများသည် computer network မှ တဆင့် အချင်းချင်းချိတ်ဆက် နိုင်သည့် device အဖြစ်သို့ပြောင်းလဲသွားသည်။ အကယ်၍ network သည် အခြား network များနှင့် ဆက်သွယ်နိုင်ပြီး အခြားကွန်ပျူတာများ networkများနှင့် အဆင်ပြေသည်ဆိုလျှင် ပို၍ တန်ဖိုးကြီးပေမည်။ဤ လွယ်ကူ ရိုးရှင်းသော electronic နည်းအရ ချိတ်ဆက်ရန် နှင့် သတင်းမျှဝေရန်လိုအပ်ချက်များသည် ယနေ့အခါ ကမ္ဘာတစ်ဝန်း အင်တာနက်များ အဖြစ်သို့ပြောင်းလဲသွားပေသည်။ အင်တာနက်ဖွံ့ဖြိုးတိုးတက်လာသောကြောင့် အချင်းချင်းဆက်သွယ်ခြင်း သည် လည်းပိုမို ရှုပ်ထွေးလာပြီး network ပုံစံအမျိုးမျိုးဖြင့် အချင်းချင်း ဆက်ဆံမှု ပုံစံမျိုး တည်ဆောက်လာကြသည်။
Internet ၏ အခြေခံလုပ်ဆောင်ချက်ကို သင့်တော်သော လမ်းကြောင်းနှင့် အဆင်ပြေသော ပို့ဆောင်ရေးဖြင့် မူလနေရာမှ သွားရမည့်နေရာသို့ digital သတင်းအချက်အလက်များ ၏ခရီးကို အဆင်ပြေအောင်လုပ်ပေးသည့် ပုံစံ ဟု ဖော်ပြထားသည်။
Local computer network များ (Local Area Network, LANs ဟုလည်းခေါ်သည်)သည် ကွန်ပျူတာ အများစု ကို ချိတ်ဆက်ပြီး တနေရာထဲတွင် ရှိသော အခြား device များအကြား ဆက်သွယ် ပေးသည်။ Network များအကြား သတင်းစီးဆင်းမှုများကို စီမံပေးသော router ဟုခေါ်သော device များမှ တဆင့် အခြား network များ နှင့် လည်း ချိတ်ဆက်၍ ရသည်။ LAN ထဲတွင်ချိတ်ဆက်ထားသော ကွန်ပျူတာများသည် ဖိုင်များ မျှဝေခြင်း နှင့် printer များ အတွက် သို့မဟုတ် multi-player networked video game မျာ ကစားရန် အတွက် အချင်းချင်း ဆက်သွယ်နိုင်သည်။ LAN သည် ပြင်ပလောက နှင့် ဆက်သွယ်မှုမရှိလျှင်တောင် LAN သည် အသုံးဝင်သော်လည်း ပြင်ပလောက နှင့် ချိတ်ဆက်ထားလျှင်ပိုမို အသုံးဝင်သည်။ 
ယနေ့ခေတ် Internet သည် local computer network များ၊ university နှင့် corporate network များတွင် သုံးသော network အကြီးများသာ မက provider များမှ သုံးသော network များအားလုံးအတွက် ပါ world-wide network များအဖြစ် ဖြန့်ကျက်ထားပြီဖြစ်သည်။
Network များအချင်းချင်း ဆက်စပ်ပက်သတ်မှုများကို စီမံပေးသော အဖွဲ့အစည်းကို Internet Service Provider သို့မဟုတ် ISPs ဟုခေါ်သည်။ ISP တစ်ခု ၏ တာဝန်မှာ data များကို သူ့ရည်ညွှန်းရာနေရာရှိ အနီးဆုံး router (‘the next hop’ ခေါ်သည်)သို့ရောက်အောင် ပေးပို့ ပေးခြင်းဖြင့် data များကို သင့် တော်သော နေရာများသို့ ရောက်စေရန် ဖြစ်သည်။ မကြာခဏ next hop မှာ အခြား ISP ဖြင့် သာ သက်ဆိုင်လေ့ရှိသည်။
လုပ်ဆောင်ရန် ISP ၏ အင်တာနက်အသုံးပြုခွင့်ကို National Provider ကဲ့သို့သော ISP အကြီးစားထံမှ ဝယ်ယူရလိမ့်မည်။ (အချို့နိုင်ငံများတွင် အစိုးရမှ ချုပ်ကိုင်နေသော သို့မဟုတ် ပတ်သက်နေသော နိုင်ငံအဆင့် provider တစ်ခု တည်းသာရှိတတ်သည်။ အခြား နိုင်ငံများ၌ အပြိုင်အဆိုင်ဖြစ်နေတတ်သော ပုဂ္ဂလိက Provider များရှိသည်။) National provider များသည် server များကို ထိန်းချုပ်သော multinational company များ မှ connection များ နှင့် Internet backbone ပုံစံမျိုး ဖော်ပြထားသည့် connection များကို လွယ်ကူ ရိုးရှင်းစွာ လက်ခံ ရရှိနိုင် သည်။
အဓိက network equipment တပ်ဆင်ခြင်းများ နှင့်  fiber-optic cable နှင့် satellite များ မှ တဆင့်  ကမ္ဘာ တဝန်း ဆက်သွယ်မှုများ ဖြင့် backbone များကို တည်ဆောက်ထားသည်။ ဤ ဆက်သွယ်မှုများသည် နိုင်ငံအမျိုးမျိုး နှင့် တိုက်အမျိုးမျိုး ရှိ Internet user များ အချင်းချင်း communication များလုပ်နိုင်သည်။ နိုင်ငံတွင်း နှင့် နိုင်ငံတကာ provider သည် network များ အချင်းချင်း communicate လုပ်ခွင့်ကို ပေးသော connection များဖြစ်သော gateway များ ဟု ခေါ်သည့် router များမှ တဆင့် backbone ကို ချိတ်ဆက်ပေးသည်။ အခြား router များကဲ့သို့ gateway များသည် internet traffic များကို စောင့် ကြည့် ထိန်းချုပ်ခံရခြင်း၏ အဓိက အကြောင်းအရင်းဖြစ်ပေမည်။

အင်တာနက်အား တည်ဆောက်ခြင်း

Internet ကိုတီထွင် ခဲ့သူများ သည် ကမ္ဘာတဝန်းလုံးတွင် အင်တာနက်တစ်ခု တည်းသာ ကမ္ဘာ ပေါ်တွင် ရှိသည့် ကွန်ပျူတာ နှစ်လုံးကို ဆက်သွယ် ၍ ရအောင် လုပ်နိုင်သည် ဟု ယူဆခဲ့ကြသည်။
 
၁၉၉၆ Internet Architecture Board ၏ ဥက္ကဠ Brain Carpenter ၏ မှတ်စုထဲတွင် ပုံမှန် အရ (Internet engineering) အဖွဲ့အစည်းသည် ဆက်သွယ်မှု ကို သာ ယုံကြည်ပြီး Network ကြီးထွားလာမှုများသည် ဆက်သွယ်မှုများ ပိုမို ကောင်းမွန်လာခြင်း ရလာဒ်ကို ပြပြီး application တစ်ခု ချင်းစီ ထက်ပို၍ တန်ဖိုး ကြီးသည်။

ကမ္ဘာတစ်ဝန်း ဆက်သွယ် မှုများ၊ သတင်းအချက်အလက်များ လိုသလို ကြည့်ရှုခွင့်များ ကို ရနိုင်ခြင်းသည် တခါတရံ နိုင်ငံရေးနှင့် စီးပွားရေး များ အကြားတွင် ပဋိပက္ခ ဖြစ်ပြီး နေ့စဉ် လုပ်ငန်းခွင် အသုံးမပြု ဘဲ အင်တာနက်၏ policy အချို့ရှိသော်လည်း Internet ကနဦး အစပျိုးသူများ ၏ major community များ နှင့် ကနဦး အသုံးပြုသူများ ရှိသေးသည်။
Internet originator များသည် အခြားသူများ ကိုယ်ပိုင် network များဖန်တီး ခြင်သော အခါတွင် လည်းကောင်း အချင်းချင်းဆက်သွယ်ချင်သော အခါတွင် လည်းကောင်း လွယ်ကူစေရန် ရည်ရွယ်၍ စံနှုန်းများကို ဖန်တီးခဲ့ပြး ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။ Internet standard များကို နားလည်ခြင်းသည် internet မည်သို့အလုပ်လုပ်သည် နှင့် network site များနှင့် service များ ကြည့်ခွင့်ရှိခြင်း မရှိခြင်းကို ရှင်းလင်းစွာ သိရှိနိုင်သည်။   

ချိတ်ဆက်သော device များအတွက် စံနှုန်းများ

လက်ရှိ LAN အများစု ကို wired Ethernet သို့ wireless Ethernet (802.11 or Wi-Fi) နည်းပညာ ဖြင့် တီထွင်ထားသည်။ Internet ဖြင့်အပြန်အလှန်ချိတ်ဆက်မှုအား လုံးသည် ကွန်ပျူတာများ တစ်ခု ကို တစ်ခု ရှာဖွေ ဆက်သွယ်နိုင်ရန် ယေဘူယျ technical standard များသို့မဟုတ် Internet protocol များ ကို သုံးကြသည်။ အပြန်အလှန်ချိတ်ဆက်မှု များ သည် ကိုယ်ပိုင် equipment နှင့် facility များကို သုံးပြီး စီးပွားဖြစ် အတွက် စီမံထားသည်။ အချို့ စည်းမျဉ်းများတွင် internet connection များကို ဥပဒေ များဖြင့် ပြင်းပြင်းထန်ထန်တင်းကျပ် ထားသည်။ အချို့တွင်တော့ နည်းဥပဒေ များလုံးဝမရှိပေ။
Global Internet ပေါ်ရှိ device များအားလုံးကို စုပေါင်းထားသော အခြေခံအကျဆုံး စံနှုန်းကို Internet Protocol (IP) ဟုခေါ်သည်။
 

ကွန်ရက်သို့ ချိတ်ဆက်သော device များသတ်မှတ်ချက်အတွက် စံနှုန်းများ

သင့်ကွန်ပျူတာ Internet ကို ချိတ်ဆက်သောအခါ IP address တစ်ခု ကို ဖော်ပြပေလိမ့်မည်။                                                                                                                         Postal address ကဲ့သို့ပင် IP address သည် internet ပေါ်တွင် ကွန်ပျူတာတစ်ခုကို လေ့လာသတ်မှတ်ပေးသည်။ Postal address နှင့် မတူသည် က တော့ ကွန်ပျူတာတစ်ခု ထဲ နှင့် IP address (personal computing device တစ်ခု အတွက်)သည် အမြဲတစေ မသက်ဆိုင်နေပေ။ထို့ကြောင့် Internet မှ သင့် computer ကို disconnect လုပ်ပြီး နောင်တချိန်တွင် reconnect လုပ်သော အခါ မတူညီသော IP address များထပ်ရမည်ဖြစ်သည်။ ယခု လက်ရှိ အများစု သုံးနေသော IP protocol version မှာ IPv4 ဖြစ်သည်။ IPv4 protocol ထဲတွင် dots နှင့် ခွဲထားသော (ဥပမာ-207.123.209.9) ဂဏန်းလေးလုံး တတွဲ 0-255 IP address ကိုတွေ့လိမ့်မည်။

Domain names နှင့် IP address များ

Website များကဲ့သို့သာ Internet server များ အားလုံး တွင် IP address များရှိသည်။ ဥပမာ www.witness.org ၏ IP address မှာ 216.92.171.152 ဖြစ်သည်။ IP address များကို မှတ်မိခြင်းသည် ရှုပ်ထွေးပြီး IP address များ ခဏခဏ ပြောင်းသောကြောင့် အင်တာနက်ပေါ်တွင် သင်လိုသည့် နေရာသို့ရောက်ရန် လွယ်ကူအောင်ဆောင်ရွက်ပေးမည့် အထူးစနစ်များ ရှိသည်။ ထိုစနစ် မှာ Domain Name System (DNS)ဖြစ်ပြီး ထိုနေရာတွင် ကွန်ပျူတာ အတွဲလိုက်က သင့်ကွန်ပျူတာကို လူအများ မှတ်မိနိုင်သည့် “names” များနှင့် ဆက်စပ်နေသော IP address များ နှင့် ညွှန်ကြားပြသသည်။
ဥပမာ Witness Web ကို ဝင်ရောက်ကြည့်ရှုရန် 216.92.171.152 အစား domain name ဟု ခေါ်သော www.witness.org address ကို သင် ရိုက်ထည့်ပေမည်။ သင့် ကွန်ပျူတာ သည် ထိုအခါ DNS Server တစ်ခု သို့ ယခု နာမည်နှင့် message တစ်ခု ပေးပို့ပေလိမ့်မည်။ DNS server ထို domain name ကို IP address တစ်ခု အဖြစ် ဘာသာပြန် နေချိန်တွင် သင့်ကွန်ပျူတာ သို့ သတင်းအချက်အလက်များကို မျှဝေ နေလိမ့်မည်။ ထိုစနစ်သည် web browsing နှင့် အခြား internet application များကို အသုံးပြုရလွယ်ကူစေပြီး ကွန်ပျူတာများ နှင့် လည်း ရင်းနှီးအောင်ပြုလုပ်ပေးသည်။
စနစ်တကျပြောရလျှင် IPv4 သည် ၄.၂ သိန်းမျှသေ ကွန်ပျူတာ အမျိုးမျိုး ကို အင်တာနက်နှင့် ချိတ်ဆက်မိအောင်ကူညီပေးသည်။ ကွန်ပျူတာ အများစု အား IP address တစ်ခု တည်းမျှ ဝေ သုံးစွဲ နိုင်သော နည်းပညာလည်းရှိသည်။ ထိုမှ တပါး ရရှိနိုင်သော address အစု အဝေးသည် ၂၀၁၁ အစပိုင်းတွင် အနည်း နှင့်အများ တော့ ရှုပ်ထွေးမှုရှိနိုင်သည်။ ရလာဒ်မှာ IPv4 ကို ထူးခြားသော address များ စုဝေးရာ နေရာဖြင့် သုံးစွဲ ရန် ဖန်တီး ခြဲ့ခင်းဖြစ်သည်။ ရိုးရိုး IPv4 address များထက် IPv6 address များသည် ပို၍ ရှည်ပြီး မှတ်ရပိုခက်သည်။ IPv6 address ၏ ဥပမာ မှာ
2001:0db8:85a3:0000:0000:8a2e:0370:7334 ဖြစ်သည်။
၂၀၁၁ အထိ IPv6 protocol ဖြင့် အင်တာနက် အသုံးပြုသူမှာ ၁% ထက်နည်းသော်မည်း မကြာသေးမီ အချိန်အတွင်းတွင် ပို၍ ပြောင်းလဲမှုမြန်ဆန်လာပေလိမ့်မည်။

ကွန်ရက်မှတဆင့် အချက်အလက်များပေးပို့ရန်အတွက် စနစ် (protocols) များ

အင်တာနက်သုံး၍ သတင်းအချက်အလက်များဖလှယ် ခြင်းသည် ပုံစံမျိုးစုံဖြစ်နိုင်သည်။
  • သင့် ဝမ်းကွဲ မောင်နှမများသို့ email တစောင်
  • အဖြစ်အပျက်တစ်ခု ၏ ရုပ်ပုံ သို့မဟုတ် ဗီဒီယို
  • လိပ်စာ database တစ်ခု
  • ညွှန်ကြားချက်များ ပါသော ဖိုင်တစ်ခု
  • အငြင်းပွားဖွယ်ရာ ခေါင်းစဉ်တစ်ခု အပေါ် report ပါသော စာရွက်စာတမ်း
  • စွမ်းရည်တစ်ခု ကို ပြောပြသော computer program တစ်ခု
Protocols များ အရ သတင်းအချက်အလက်မျိုးစုံကို သေသေချာချာ ကိုင်တွယ် နေရာချ ရန် Internet software မျိုးစုံ ရှိသည်။ ၎င်းတို့မှာ
  • Simple Mail Transport Protocol မှတဆင့် (SMTP) email
  • Extensible Messaging and Presence Protocol (XMPP) မှတဆင့် instant messaging
  • File Transfer Protocol (FTP ) မှတဆင့် file sharing
  • BitTorrent Protocol မှတဆင့် peer-to-peer file sharing
  • Network News Transfer Protocol (NNTP) မှတဆင့် Usenet news
  • Protocol များ ပေါင်းစပ်ခြင်း - Voice Over Internet Protocol (VoIP) မှတဆင့် အသံ ဆက်သွယ်ခြင်း
  • Session Initiation Protocol (SIP) နှင့် Real-time Transport Protocol (RTP)

The Web

‘the Internet’  နှင့် ‘the Web’ ကို လူအများစု အမျိုးမျိုးပြောင်းသုံး နေကြသော်လည်း အမှန်တကယ်တမ်း web ဆိုသည်မှာ အင်တာနက် အသုံးပြုခြင်းဖြင့် ရနိုင်သော ဆက်သွယ်မှုတစ်မျိုးဖြစ်သည်။ Web ကို ဝင်ရောက်ကြည့်ရှုသောအခါ Mozilla Firefox၊ Google Chrome၊ Opera သို့မဟုတ် Microsoft Internet Explorer ကဲ့သို့သော web browser software အားအသုံးပြု၍ ပြုလုပ်နိုင်သည်။Web တွင် သုံးသည့် protocol ကို Hyper-Text-Transfer Protocol or HTTP ဟုခေါ်သည်။ သင့်ဆက်သွယ်မှုများကို ကာကွယ်ရန် Transport Layer Security (TLS) encryption ကိုသုံးသော HTTP ၏ လုံခြုံမှု version ကို HTTPS ဟု ခေါ်သည်။

အင်တာနက်ပေါ်ရှိ သင့်သတင်းအချက်အလက်များနောက်လိုက်ခြင်း - ခရီးရှည်

သင့် အိမ်ကွန်ပျူတာမှ website များကို ဝင်ရောက်ကြည့်ရှုခြင်းဥပမာ ကို ကြည့်ကြရအောင်။

အင်တာနက် ချိတ်ဆက်ခြင်း

သင်ကွန်ပျူတာ အား အင်တာနက်ဖြင့် ချိတ်ဆက်ရန် ISP network ကို ပထမဦးစွာ ချိတ်ဆက်နိုင်သည့် modem or router ကဲ့သို့သော equipment အပို များ သင်လိုပေလိမ့်မည်။ end-user computer များသို့မဟုတ် home network များသည် အောက်ဖော်ပြပါ နည်းပညာ ထဲမှ တခု ဖြင့် ISP နှင့် ချိတ်ဆက်ခြင်းခံရပေလိမ့်မည်။
  • Telephone modem (‘dial-up’), ဖုန်းခေါ်သည့် ပုံစံမျိုးဖြင့် ဖုန်းလိုင်းမှ တဆင့် internet data များပို့ခြင်း
  • DSL, အကွာအဝေးတို ခရီးအတွက် telephone line မှ တဆင့် data ပို့နိုင်သော  ပို၍ ထိရောက် မြန်ဆန်သော နည်းလမ်း
  • Cable modem (or ‘cable Internet’), cable television company ၏ coaxial cable မှ တဆင့် internet data ပေးပို့ခြင်း
  • Fiber-optic cables, ဖွံ့ဖြိုးပြီးနိုင်ငံများ၏ လူနေထူထပ်နေရာများအတွက်
  • Wide – area fixed wireless links, အထူးသဖြင့် ဆင်ခြေဖုံးတောရွာဒေသများ အတွက်
  • Mobile phone network မှ တဆင့် data service

Website ကိုကြည့်ရှုခြင်း

    ၁. https://security.ngoinabox.org/ ကိုသင်ရိုက်ထည့်ပါ။ Box Web Server (လက်ရှိ 64.150.181.101) ထဲရှိ Tactical Tech Security အတွက် IP address ပါသော message ဖြင့် ပြန်ရောက်လာသည့် ရွေးချယ်ထားသည့် DNS server ဆီသို့ ကွန်ပျူတာသည့် domain name ‘security.ngoinabox.org’ ကို ပို့ပေးသည်။
    ၂.  IP address ဆီသို့ ကွန်နက်ရှင် တစ်ခု အတွက် request တစ်ခုကို browser မှ ပို့ပေးသည်။
    ၃.  လိုအပ်သော ကွန်ပျူတာ ကို ရှာတွေ့ နိုင်သော router တစ်ခု ကို တွေ့သည် အထိ တောင်းဆိုမှုသည် router အတွဲလိုက်စီမှ ဖြတ်သွားပြီး destination နှင့် အနီးဆုံး router သို့ request copy ကို forward လုပ်ပေးသည်။
    ၄.  သင့် browser မှ URL အပြည့်အစုံကို ပေးပို့ ရန် နှင့် page ကို ဖော်ပြရန် အတွက် data လက်ခံခြင်းများကို ပြုလုပ်ခြင်းဖြင့် ကွန်ပျူတာ သည် သတင်းအချက်အလက်များ သင့်ဆီ ပေးပို့သည်။
အခြား device များမှ တဆင့် message သည် website မှ သင့် ဆီ သို့ ဖြတ်သန်းသွားသည်။ (computer သို့ router များ) device ဘေး ရှိ လမ်းကြောင်းများကို ‘hop’ ဟုခေါ်ပြီး hop အရေအတွက် သည် သူ့လမ်းကြောင်း တလျောက် သင့် message ဖြတ်သန်းသွားသည့် computers သို့မဟုတ် routers အရေအတွက်များ ဖြစ်ပြီး တခါတရံ ၅ မှ ၃၀ အကြားတွင်ရှိသည်။

ဒါတွေဘာကြောင့်အရေးကြီးသနည်း

ပုံမှန်အားဖြင့် ဤ ရှုပ်ထွေးသော ဖြစ်စဉ်များကို ဖုံးကွယ်ထားလေ့ရှိပြီး သင်လိုချင်သည့် သတင်းအချက်အလက်ကို ရရန် သင် ၎င်း တို့အားနားလည်ရန် မလိုပေ။ သို့သော် သတင်းအချက်အလက်များ ကို ဝင်ရောက်ကြည့်ရှုခြင်းကို ကန့်သတ် ဖို့ ကြိုးစားနေသော လူများ သို့မဟုတ် အဖွဲ့အစည်းများ system operation ဖြင့် ဝင်ရောက်စွက်ဖက်ခဲ့လျှင် အင်တာနက်သုံးခွင့် သည် ကန့်သတ်ခြင်းခံရနိုင်သည်။ ထိုကိစ္စတွင် သင့်ကြည့်ရှုခွင့်ကို ဝင်ရောက်စွက်ဖက်ရန် သူတို့ဘာပြုလုပ်ခဲ့သည်ကို နားလည်ခြင်းသည် အလွန်အဆင်ပြေနိုင်သည်။
ကွန်ပျူတာ တစ်ခု နှင့် တစ်ခု အကြား communication များကို ရည် ရွယ်ချက်ရှိရှိ ကာကွယ်နိုင်သည့် device များဖြစ်သော firewall များကို စဉ်းစားကြည့်ပါ။ Firewall များသည် network owner ကို မည်သည့် communication နှင့် network အသုံးကို ခွင့်ပြုထားသည် ဆိုသော မူဝါဒ အား သတ်မှတ်ရန် ကူညီပေးသည်။ ပထမဦးစွာ firewall များသည် အားနည်းနေသော ကွန်ပျူတာနှင့် misconfigured ဖြစ်မှုများကြောင့် ဖြစ်လာသည့် electronic attack များကို ကူညီဖြေရှင်းပေးနိုင်သော ကြောင့် firewall များအသုံးချ မှုကို ကွန်ပျူတာ လုံခြုံရေးအတွက် ဖြစ်သည်ဟု ယူဆခဲ့ကြသည်။ သို့သော် firewall များသည် နောက်ပိုင်းတွင် computer security ထက်ပို၍ အကြောင်းအရာထိန်းချုပ်မှုများအပါအဝင် များပြားသော ရည်ရွယ်ချက်များ မူဝါဒများ ဖြင့် သုံးလာကြသည်။
အခြား ဥပမာ တစ်ခုမှာ တောင်းဆိုထားသော domain name များဆီသို့ IP address များကို ထောက်ပံ့ပေးသော အကူအညီ တစ်ခု အနေနှင့် ဖော်ပြထားသော DNS server များဖြစ်သည်။ သို့သော် အချို့ ကိစ္စများတွင် ထို server များကို ထို domain မှ တောင်းဆိုထားသော သတင်းအချက်အလက်ကို ပိတ်ဆို့ခြင်း များနှင့် IP address ပြန်ပေးခြင်းများကို ကာကွယ်ခြင်းဖြင့် censoring mechanism များအဖြစ် သုံးနိုင်သည်။ Censorship သည် network များအားလုံးကို ဖုံးကွယ်လျက် ၊ filtering software မှ သတ်မှတ်ဆန်းစစ်ထားသော domainများ သို့မဟုတ် subdomain များ၊  protocol တစ်ခု ချင်းစီ သို့မဟုတ် အကြောင်းအရာများ ဖြင့်  internet infrastructure ထဲတွင် အမျိုးမျိုး ကွဲလွဲနိုင်သည်။ censorship ကိုရှောင်ရှားရန် အကောင်းဆုံးနည်းလမ်းမှာ မည်သည့် censorship technique ကို သုံးခဲ့သည် ဆိုသည့်အပေါ်မူတည်သည်။ ကွဲပြားမှုများကို နားလည်ခြင်းမှာ internet ကို ထိရောက်စွာ နှင့် လုံခြုံစွာ သုံးစွဲရန် အတွက် သင့်တော်သော နည်းလမ်း များကို ရွေးချယ်ရန် ကူညီပေးသည်။

Ports နှင့် Protocol များ

Data များ နှင့် resource များကို မျှဝေရန် ကွန်ပျူတာများသည် format ဘယ်လိုလုပ်ရမလဲ နှင့် သတင်းအချက်အလက်များ ဘယ်လို communicate လုပ်ရမလဲ ဟူသော အချက်များကို သဘော တူရန် လိုအပ်သည်။ ထို protocol ဟု ကျွန်ုပ်တို့ခေါ်သော သဘောတူချက်များ သည် လူတို့သုံးစွဲ ကြသော ဘာသာစကား ၏ သဒ္ဒါ နှင့် တခါတရံ နှိုင်းယှဉ် မိ နိုင်သည်။ အင်တာနက် ဆိုသည် မှာ ယင်းကဲ့သို့သော protocol အတွဲလိုက်ပေါ်တွင် မူတည်သည်။

အလွှာလိုက်တည်ရှိနေသော ကွန်ရက် ပုံစံ

Internet protocol များသည် အခြား protocol များပေါ်မူတည်သည်။ ဥပမာ website တစ်ခု ကို ဝင်ရောက်ကြည့်ရှုရန် သင် web browser တစ်ခု သင် သုံးသော အခါတွင် web server နှင့် communicate လုပ်ရန် HTTP သို့မဟုတ် HTTPS protocol ကို browser မှ မှီခိုနေရသည်။ အပြန်အလှန်အားဖြင့် communication သည် လည်း အခြား protocol များပေါ်တွင် မူတည်သည်။ လုံခြုံစွာဝင်ရောက်ကြည့်ရှုနေပါသည်ဟု သေချာစေရန် website အတွက် ကျွန်ုပ်တို့ HTTPS ကို သုံးနေသည်ဟု ယူဆပါ။
အထက်ပါ ဥပမာ ထဲတွင် HTTPS protocol များသည် communication ၏ encryption များကို လုပ်ဆောင်ရန် TLS protocol များပေါ်တွင်မူတည်သည်။ သို့မှသာ network များပေါ်မှ ၎င်း တို့ဖြတ်သွားသောကြောင့် ၎င်း တို့သည် private နှင့်  unmodified များဖြစ်နေကြပေမည်။ အပြန်အလှန်အားဖြင့် TLS protocol များသည်  အသွင်ပြောင်းရာတွင် သတင်းအချက်အလက်များ မတော်တဆ ပျောက်ဆုံး သွားခြင်း သို့မဟုတ် ပျက်ဆီးသွားခြင်းများ မဖြစ်အောင် သေချာစေရန် TCP protocol များပေါ်တွင် မူတည်သည်။ နောက်ဆုံးတွင် TCP သည် data များ လိုရာနေရာ သို့ရောက်သွားစေရန် သေချာဖို့အတွက် IP protocol များကို သုံးသည်။
Encrypted HTTPS protocol ကို အသုံးပြုနေစဉ်တွင် domain name အတွက် IP address ကို retrieve လုပ်ရန် သင့်ကွန်ပျူတာသည် unencrypted DNS protocol ကို သုံးနေရဆဲပင်ဖြစ်သည်။ DNS server တစ်ခုဆီသို့ routing လုပ်ရန်အတွက် တောင်းဆိုမှု များကို mark ရန် DNS protocol သည် UDP protocol ကို သုံးရ ပြီး UDP သည် ရည်ရွယ်သော နေရာသို့ data transmission အတွက် IP ပေါ်တွင် မှီခိုရသည်။
ဤ ကဲ့သို့သော protocol relationship ကြောင့် ရှိပြီးသော အလွှာများကဲ့သို့ပင် network protocol များကို ကျွန်ုပ်တို့ တခါတရံ refer လုပ်ရသည်။ layer တစ်ခု စီမှ protocol တစ်ခုသည် communication function အတွက် တာဝန်ရှိသည်။

Port များကိုအသုံးပြုခြင်း

အထက်တွင်ဖော်ပြခဲ့သော TCP protocol မှ ဖြတ်၍ computer အချင်းချင်း ဆက်သွယ်ပြီး အဆင့်မြင့် protocol များကို သူတို့ အလုပ် သူတို့ လုပ်ရန် အတွက် အချိန်အတိုင်းအတာ တစ်ခု အထိ ဆက်သွယ်နေဆဲပင်ဖြစ်သည်။ TCP  သည် ကွန်နက်ရှင်များကို ထိန်းချုပ်ရန် နှင့် တစ်ခု နှင့် တစ်ခု ကွန်နက်ရှင်ကို ခွဲခြားရန် port များ၏ concept တစ်ခု ကို သုံးရသည်။ နံပါတ်တပ်ထားသော port များကိုသုံးခြင်းသည် ကွန်ပျူတာကို တောင်းဆိုမှုတစ်ခု သို့မဟုတ် data ကို မည်သည့် software က ကိုင်တွယ်သင့် သည် ဆိုတာကို ဆုံးဖြတ်စေသည်။ (UDP သည် ဤ ရည်ရွယ်ချက် ကြောင့် port number များကို သုံးတတ်သည်။) IANA (Internet Assigned Names Authority) သည် application service မှ သုံးသော အမျိုးမျိုးသော အဆင့်မြင့် protocol များအတွက် port number များကို assign ချသည်။ assign ချထားသော port number စံပြ နမူနာများမှာ 
  • 20 and 21 - FTP (file များကူးပြောင်းခြင်းအတွက်)
  • 22 - SSH (secure shell remote access)
  • 23 - Telnet (insecure remote access)
  • 25 - SMTP (e-mail ပို့ခြင်း)
  • 53 - DNS (computer အမည်တခုအား IP address ပြောင်းခြင်း)
  • 80 - HTTP (ပုံမှန် Web browsing; တခါတရံ proxyအဖြစ်သုံးခြင်း)
  • 110 - POP3 (e-mail လက်ခံခြင်း)
  • 143 - IMAP (e-mail ပို့၊ လက်ခံခြင်း)
  • 443 - HTTPS (လုံခြုံသော Web ဆက်သွယ်မှု)
  • 993 - လုံခြုံသော IMAP
  • 995 - လုံခြုံသော POP3
  • 1080 - SOCKS proxy
  • 1194 - OpenVPN
  • 3128 - Squid proxy
  • 8080 - ပုံမှန် HTTP-style proxy
အထက်ပါ နံပါတ် များကို သုံးခြင်းသည် protocol များ၏ နည်းပညာအရလိုအပ်ချက်များ မဟုတ်ဘဲ တကယ်တမ်းတော့ မည်သည့် data မဆို မည်သည့် port မဆိုမှ ပို့နိုင်သည်။ (circumvention technique အတွက် standard port မဟုတ်လဲ သုံး၍ ရသည်။) သို့သော်လည်း အဆင်ပြေလွယ်ကူစေရန် ဤ assignment များကို default သုံးနိုင်သည်။ ဥပမာ သင့် web browser သည် မည်သည့် port number ကိုမှ ဆန်းစစ်ခြင်း မပြုဘဲ website ကို ဝင်ရောက်ကြည့်ရှုမည်ဆိုလျှင် port 80 ကို အလိုလျောက်သုံးသွားပေလိမ့်မည်။အခြား software များတွင်လည်း တူညီသော default များရှိသည်။ သို့မှသာ သင်သုံးနေသော service များနှင့် ပတ်သက်သော port number များကို သိရှိခြင်း သို့မဟုတ် သတိရစရာမလိုဘဲ သင် internet service များကို သုံးနိုင်သည်။ 

Cryptography

Cryptography ဆိုသည်မှာ communication များကို ရှုပ်ထွေးစေရန် ခက်ခဲသော နည်းပညာများ ကို သုံးသော စောင့်ကြည့် လေ့လာချက်များကို ခုခံ ကာကွယ်နိုင်သည့် ခိုးယူနားထောင်သူ အား နားထောင်ရ ခက်ခဲအောင်ပြုလုပ်ထားသော နည်းတစ်မျိုးဖြစ်သည်။ Cryptography သည် communication များကို network operator များပြင်ဆင်ခြင်းမှ ကာကွယ် နိုင်သည် သို့မဟုတ် အနည်းဆုံးတော့ modification များကို ထိခိုက်စေသည်။ ၎င်းသည် web browser တစ်ခု ကဲ့သို့ သင် အသုံးပြုနေသော software တစ်ခု မှ web server ကဲ့သို့သော အခြားတစ်ဖက် connection ဆီသို့  tunnel တစ်ခု အလုပ်လုပ်ပုံနှင့် တူသည်။
ခေတ်မီ cryptography ကို နည်းပညာပိုင်းအရ ခုခံနိုင်မှု အားနည်းအောင်ပြုလုပ်ထားပြီး အလွယ်တကူရနိုင်သော cryptographic application များသည် ခိုးနားထောင်ခြင်းမှ user privacy ကို အလွန်အမင်း ကာကွယ်နိုင်စွမ်းရှိသည်။ သို့သော်လည်း user များ cryptography လုံခြုံစွာ အသုံးပြုရန် လိုအပ်သော အချက်များကို မလိုက်နာ ပါက ecryption ကို targeted malware သို့မဟုတ် key-management နှင့် key-exchange problem များ အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ရှောင်ကွင်း၍ ရ နိုင်သည်။ ဥပမာ cryptographic application များသည် အခြား တစ်ဖက် network connection များ အဆုံးတွင် ကွန်ပျူတာ သို့မဟုတ် လူတစ်ယောက်၏ဇစ်မြစ် ကို လေ့လာဆန်းစစ်ရန် နည်းလမ်းတစ်ခု လိုအပ်ပေမည်း။ မဟုတ်လျှင် private communication များကို ဖြတ်ယူနားထောင်ရန် communication တစ်ခု partner အယောင်ဆောင်ကာ အလယ်တွင် ခိုးနားထောင်သူ တစ်ယောက်အတွက် communication မှာ အားနည်းနေပေလိမ့်မည်။ ဇစ်မြစ် လေ့လာဆန်းစစ်ချက်ကို software မျိုးမျိုးဖြင့် နည်းအမျိုးမျိုး ကိုင်တွယ်နိုင် သော်လည်း verification အဆင့်များကို ကျော်လွှားခြင်း သို့ မဟုတ်ရှောင်ကွင်းခြင်းသည် တစ်ယောက်ယောက် ၏ အားနည်းချက်ကို စောင့်ကြည့် နိုင်စွမ်းကို တိုးစေသည်။ 
အခြား စောင့် ကြည့်သည့် နည်းလမ်းမှာ ခိုးနားထောင်သည့်သူ communication ပါ အကြောင်းအရာများကို နားမလည်လျှင်တောင်မှ communication တစ်ခုသည် အကြောင်းအရာတစ် ခု၊ မူလဇစ်မြစ်၊ ရည်ညွှန်းရာနေရာ သို့ မဟုတ် အဓိပ္ပါယ် များစုပေါင်းထားသည့် အကြောင်း ပြသော traffic analysis ပင်ဖြစ်သည်။ Traffic analysis သည် ခိုင်မာသည့် နည်းလမ်းဖြစ်နိုင်ပြီး ခုခံရန် အလွန်ခက်ခဲသည်။ ဆိုလိုသည်မှာ traffic analysis technique မှ anonymous party တစ်ခု ၏ ဇစ်မြစ်ကို လေ့လာရန်ကူညီ သော anonymity system များ အတွက် ရည်ညွှန်းခြင်းဖြစ်သည်။ Tor ကဲ့သို့သော advanced anonymity system များတွင် traffic analysis ထိရောက်မှုများကို လျော့ရန် ရည်ရွယ်သော အချို့ measure များပါသော်လည်း ခိုးနားထောင်သူ၏ စွမ်းရည်များပေါ်မူတည်၍ အားနည်းနေနိုင်သေးသည်။

Routing & Routers


Routers တွေကာ OSI Reference Model ရဲ့ တတိယမြောက်Layer ဖြစ်တဲ့ Network layer မှာ အလုပ်လုပ်တာဖြစ်တဲ့တွက်ကြောင့် သူ့တို့ကို Layer 3 devices တွေလို့လည်း ခေါ်လို့ရပါသေးတယ်။ Routers တွေရဲ့ အခြေခံအလုပ်က နှစ်ခုရှိပါတယ်။

    • * သွားရောက်ရမယ့်နေရာ(Destination)ကို ရောက်ရှိဖို့ layer 3 လမ်းကြောင်းကိုရှာပေးဖို့

    • * Packets တွေကို သူ့ရဲ့နောက်ဆုံးလိုအပ်တဲ့ သွားရောက်ရမယ့်နေရာရောက်တဲ့အထိ interface တစ်ခုကနေ နောက်တစ်ခုစီိကို လက်ဆင့်ကမ်းပေးဖို့
ပထမလုပ်ဆောင်ချက်ကို ပြီးမြောက်ဖို့အတွက်ကာ Router ကာအောက်ဖော်ပြပါအတိုင်းဆက်လုပ်ဖို့ လိုပါတယ်။

    • - Router ကိုယ်တိုင်က မိမိနဲ့ကပ်လျက်ချိတ်ထားတဲ့ အခြား Routers တွေကို လေ့လာပြီး ဘယ်network ကို ဘယ်လမ်းကြောင်းကနေ ရောက်နိုင်မလဲဆိုတာကိုလေ့လာရပါမယ်။

    • - ရောက်ရမယ့် networks numbers တွေရဲ့ရှိနေတဲ့နေရာကိုရှာပေးရပါမယ်။

    • - ရောက်ရမယ့်နေရာတစ်ခုချင်းစီအတွက်ကို အကောင်းဆုံးလမ်းကြောင်းတွေ ရှာရပါမယ်။

    • - ရောက်ရမယ့်နေရာ ကွန်ယက်တွေ (Destination networks) တွေကို ဘယ်လိုရောက်အောင်သွားနိုင်သလဲဆိုတဲ့ routing information တွေကို နောက်ဆုံး up-to-date ဖြစ်နေအောင် ထိန်းသိမ်းနေရမယ်။
ဒုတိယမြောက်လုပ်ဆောင်ချက်ကို ပြီးမြောက်ဖို့ဆိုရင်တော့၊ Router ကာ ဝင်လာတဲ့ IP packet ထဲမှာပါတဲ့ ရောက်ရမယ့် (Destination IP address) နေရာကိုစစ်ဆေးပြီး၊ ရောက်ရမယ့်နေရာရဲ့ network number ကာဘာလဲဆိုတာကို ဆုံးဖြတ်ချက်ချတယ်။ ပြီးသွားရင် သူ့ရဲ့ကိုယ်ပိုင် Routing table ကိုနဲ့ကိုက်စစ်ပြီး လိုအပ်တဲ့ outgoing interface ပေါ်ကိုလွဲပေးလိုက်ပါတယ်။
နောက်ပိုင်းမှာ ကျွန်တော်ဆက်ပြီးဖေါ်ပြပေးမယ့် အပိုင်းတွေမှာ Routing table ဆိုတာဘာလဲ။ Routing Table ထဲမှာ ရောက်ရမယ့်နေရာရဲ့ network number တွေရဲ့စာရင်း(a list of destination network numbers) တွေရှိတယ် အဲဒီ network တွေရဲ့ အခြေအနေတွေ၊ အဲဒါတွေက ဘာလဲဆိုတော့ ဘယ်destination ကို ရောက်ဖို့ဆိုရင် ဘယ်interface ကို သုံးသင့်တယ်၊ အကယ်၍destinationကာ ဘေးချင်းကပ်လျက်ချိတ်ထားတဲ့router(neighbouring router) တစ်လုံးထက်မကကျော်ပြီးမှ ရောက်နိုင်တဲ့နေရာဆိုရင် ဘယ်(neighbouring router)ကို packet ကိုလွှဲပေးရမလဲ ဆိုတာတွေကို အချိန်ရသလို ဆက်လက်လက်ရေးသွားပေးပါ့မယ်။မျက်စိမှားစေတဲ့ Routing Protocol နဲ့ Routed Protocol ဆိုတာဘာတွေလဲဆိုတာကိုလဲဆက်လက်ရှင်းသွားပေးပါ့မယ်။

Router အကြောင်း

( Router အကြောင်းသိချင်သော သူငယ်ချင်းတွေ အတွက် ဆရာ ဦးဇော်လင်း တို့ ဆီက ကျွန်တော် စုဆောင်းထားတာလေးပါ ဝေငှလိုက်ပါတယ်ဗျာ။)

ကဲ အခုပြောမယ့်အကြောင်းအရာကတော့ Router အကြောင်းလေးပဲ ဖြစ်ပါတယ်။ Router တွေ ဆိုတာကတော့ Network သမားတွေ၊ Network ကို လေ့လာချင်သူတွေ၊ အဆင့်မြင့် ကွန်ယက်ချိတ်ဆက်ဖို့အတွက် လိုအပ်သော မသိမဖြစ် သိထားရမယ့် အရေးပါတဲ့ အချက်တစ်ခု ဖြစ်တယ်။ Router ဆိုတာ ဘယ်လိုမျိုးလဲ။ ဘယ်လို အလုပ်လုပ်သလဲ။ ဘယ်လိုမျိုး အားသာချက်တွေရှိသလဲဆိုတာတွေကိုပါ သိထားရမှာ ဖြစ်တယ်။ ဒီတော့ အခုပြောမယ့်အကြောင်းတွေကို သေချာဖတ်ပါ။

Router တွေဆိုတာ Computer တွေ (Network) ကွန်ယက်ချိတ်ဆက်ရာမှာ အသုံးပြုသောကိရိယာ တစ်ခုဖြစ်တယ်။ တကယ်တော့ Router တွေဆိုတာ Network တွေကို တစ်ခုတည်းကနေပြီးတော့ Network တွေ ပွားများလာအောင် ချဲ့ထွင်ဖို့အတွက် ပြုလုပ်ထားသော Network Device တစ်ခု ဖြစ်တယ်။ အဆင့်လည်း မြင့်တယ်။ ဘယ်လိုမျိုး အသုံးပြုရတာလဲဆိုတော့ ဒီ Router တွေဟာ Network ကွန်ယက် ၂ ခု သီးသန့်ရှိနေတာကို တစ်ခုတည်းဖြစ်အောင် ချိတ်ဆက်အသုံးပြုနိုင်ဖို့အတွက် အသုံးပြုရန် ပညာရှင်တွေက ထုတ်လုပ်ထားသော အဆင့်မြင့် ဒီဇိုင်းပစ္စည်း တစ်ခုပါပဲ။ သီးခြားစီရှိနေတဲ့ ကွန်ယက် Network ၂ ခုကို ချိတ်ဆက်ပေးလိုက်တယ်ဆိုတာက ဥပမာ Ethernet Network နှင့် FDDI Network တို့ဖြစ်တဲ့ Network ကွန်ယက် ၂ ခုကို တစ်ခုတည်းဖြစ်သွားအောင် ချိတ်ဆက်အသုံးပြုချင်တယ်ဆိုရင် ဒီ Router ကို အသုံးပြုပြီးတော့ ချိတ်ဆက်မှရမှာ ဖြစ်တယ်။ Router ကို အသုံးမပြုရင်တော့ ချိတ်ဆက်အသုံးပြုလို့ ရချင်မှရနိုင်မယ်ပေါ့။

အဲ့ဒီလိုမျိုး Router ကို အသုံးပြုပြီးတော့ ပုံစံမတူတဲ့ Ethernet Network နှင့် FDDI Network တို့ကို ချိတ်ဆက်လိုက်မယ်ဆိုရင် ဒီ Network ၂ ခုကို အသုံးပြုနေလျက်ရှိသော အသုံးပြုသူတွေဟာ ဒီ Ethernet Network နှင့် FDDI Network တို့ဆီမှ Resources တွေကိုခေါ်ယူ အသုံးပြုနိုင်မှာ ဖြစ်တယ်။ ဒီလို ကွဲပြားတဲ့ Network ကွန်ယက် ၂ ခုကို Router အသုံးပြုပြီးတော့ ချိတ်ဆက်ပေးလိုက်ခြင်းအားဖြင့် Network ၂ ခုဆီက Resources တွေကို အသုံးပြုလို့ရနေတာကိုပဲ Internetwork လို့ခေါ်တာ ဖြစ်တယ်။ ထပ်ပြီး ရှင်းအောင်ပြောရရင်တော့ ဒီ Ethernet Network နှင့် FDDI Network တို့ဟာ သီးခြားစီရှိသော Function တွေနှင့် သီးသန့်စီ အလုပ်လုပ်နေကြတယ် ဆိုပေမယ့် ဒီ Router ကို အသုံးပြုပြီးတော့ ချိတ်ဆက်လိုက်တဲ့အတွက်ကြောင့် အဲ့ဒီ Network နှစ်ခုကြားမှာ ရှိနေသော Data တွေ၊ အချက်အလက်တွေကို ချိတ်ဆက် ဖလှယ်ခြင်းတွေကို လုပ်ဆောင်နိုင်တာပေါ့။ ဒီ Internetwork ကို အကောင်းဆုံး နားလည်နိုင်ဖို့အတွက် ဥပမာပေးပြီး ပြောရရင်ဖြင့် အခုလက်ရှိ အင်မတန်မှကို ပေါ်ပြူလာဖြစ်နေသော၊ လူတွေ အသုံးများနေသော Internet ပဲဖြစ်တယ်။ Internet ဟာဆိုရင် Internetwork ပဲဖြစ်တယ်။ Network ကွန်ယက်သေးသေးလေးတွေကအစ ချိတ်ဆက်အသုံးပြုထားတဲ့အတွက် လူတွေလိုအပ်သမျှသော အချက်အလက်တွေ၊ 0.Data တွေ မှန်သမျှကို ရှာဖွေယူလို့ရနေတာ ဖြစ်ပါတယ်။

Router တွေကို TCP/IP Protocol Suit ကို အသုံးပြုသော Internetwork ကွန်ယက်ကြီးတွေမှာ အများအားဖြင့် အသုံးပြုများကြပါတယ်။ Router တွေဟာ အလုပ်လုပ်တဲ့အခါမှာ Network ကွန်ယက်တွေရဲ့ကြား Packet တွေကို ပို့ဆောင်ရာမှာ Network Layer ဖြစ်တဲ့ Open Systems Interconnection (OSI) Layer တွေထဲက Layer 3 နှင့် အလုပ်လုပ်တာ ဖြစ်တယ်။ ဘာဖြစ်လို့ ဒီ Layer 3 ကိုပဲ အသုံးပြုတာလဲဆိုတော့ ဒီ Router တွေဟာ Bridge တွေထက် ပိုပြီးတော့ အဆင့်မြင့်သော OSI Layer တွေနှင့်ပဲ အလုပ်လုပ်နိုင်တာ ဖြစ်တဲ့အတွက်ကြောင့်ပဲ ဖြစ်တယ်။ ဘာလို့ အဲ့လိုဖြစ်တာလဲဆိုတော့ Router တွေဟာ Packet တစ်ခုကို ပို့ပေးရတဲ့အခါမှာ အဲ့ဒီ Packet ရဲ့ လိပ်စာ MAC Address ကိုပဲ ကြည့်ပြီးတော့ ပို့ပေးရတာ မဟုတ်ပါဘူး။ အဲ့ဒီ Packet လေးသွားရမယ့်နေရာဖြစ်တဲ့ Destination Address ကိုပါ သိရမှာ ဖြစ်တယ်။ ပြောရရင် Router တွေဟာ Packet လေးတစ်ခုကို ပို့မယ်ဆိုရင် အဲ့ဒီ Packet လေးရဲ့ လိပ်စာအပြင် အဲ့ဒီ Packet လေးဟာ ဘယ်ကိုသွားမလဲဆိုတဲ့ Destination Address ကို ရှာရတာဖြစ်တယ်။ နောက်ပြီးတော့ Router ဟာ Packet တွေကို Route တဲ့ နေရာမှာရော၊ Data တွေကို Process လုပ်တဲ့ နေရာမှာရော၊ အချက်အလက်တွေကို Filter စစ်ထုတ်ပေးတဲ့နေရာမှာရော ပိုပြီးတော့ Performance ကောင်းကောင်းဖြင့် လုပ်ဆောင်နိုင်ပါတယ်။ ပြောရရင်တော့ Router တွေဟာ Bridge တွေထက် ပိုပြီးတော့သာတာပေါ့။

ပိုပြီးနားလည်အောင် Router တွေရဲ့ အားသာတဲ့ အချက်တွေကို တစ်ချက်ချင်းစီ ပြောပြမယ်။
• Router တွေဟာချိတ်ဆက်သော Network တွေ များပြားလာတာနဲ့အမျှ Network တစ်ခုလုံးမှာ Data ပို့မယ့် လမ်းကြောင်းတွေဟာ များပြားလာပြီးတော့ Fault Tolerance တွေလည်း ပံ့ပိုးပေးလာနိုင်ပါတယ်။
• နောက်ပြီးတော့ Router ဟာ Bridge တွေထက်သာတာက Data တွေကို ပို့ဖို့အတွက် လမ်းကြောင်းတွေကို အများကြီး ရှာနိုင်ပါတယ်။ ပြောရမယ်ဆိုရင် အချက်အလက်တွေကို ပို့တဲ့နေရာမှာ Router တွေမှာလမ်းကြောင်းတွေ အများကြီးနှင့်ပို့တာ ဖြစ်တယ်။ ဒီလမ်းကြောင်းမရရင် နောက်တစ်လမ်းကနေ ပို့လို့ရအောင်လမ်းကြောင်းကို Route မှာ ဖြစ်တယ်။
• နောက်တစ်ခုကကျတော့ Router တွေဟာ Network Segment တွေ အများကြီးကို ချိတ်ဆက်ပေးနိုင်ပါတယ်။ Data တွေအတွက် Traffic လမ်းကြောင်းတွေကိုလည်း စိစစ်ပေးနိုင်တယ်။ ပြောရရင်တော့ဒီ Packet တစ်ခုကို တစ်နေရာလွှတ်ပြီးရင် နောက် Packet တစ်ခုကိုကျတော့ နောက်တစ်နေရာကို ထပ်လွှတ်ပေးနိုင်ခြင်းတို့ ဖြစ်တယ်။
• ဒီ Router တွေကို အသုံးပြုရာမှာ နောက်ထပ် အားသာချက်တစ်ခုကတော့ အလွန်ရှုပ်ထွေးသော Network ကွန်ယက်တွေကို တပ်ဆင်ရာမှာ သို့မဟုတ် ချိတ်ဆက်ရာမှာ အသုံးပြုနိုင်ခြင်းပဲ ဖြစ်တယ်။ Network Segment တစ်ခုချင်းစီကို Subnetwork သို့မဟုတ် Subnet လို့ ခေါ်ပါတယ်။ အဲ့ဒီ Subnet တိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင် Network Address လိပ်စာ ကိုယ်စီရှိကြပါတယ်။ နောက်ပြီး Subnet တစ်ခုချင်းစီမှာ Nodes တွေ အများကြီး ရှိပါတယ်။ အဲ့ဒီ Node တိုင်းမှာလည်း ကိုယ်ပိုင်လိပ်စာတွေဖြစ်တဲ့ Address တွေ ကိုယ်စီရှိကြပါတယ်။ ဘယ်လောက်ပဲ ရှုပ်ထွေးသော Network ကွန်ယက်ကြီးပဲ ဖြစ်ပါစေ၊ Network Address တွေ၊ Host/Node Address တွေ ဘယ်လောက်ပဲများပါစေ၊ ဒီ Router ဟာ ရှိနေသော Network Address တွေ၊ Host/Node Address တွေအတိုင်း မရရအောင်ကို ပေးပို့ရမယ့် Packet တွေကို လိုက်ပြီးတော့ ပို့ပေးပါတယ်။ ဆိုလိုတာက Router တွေဟာ ဘယ်နေရာပဲဖြစ်ဖြစ် ရှိနေတဲ့ Network Address နှင့် Host/ Node Address တွေကို ပေါင်းပြီးတော့ Network ထဲမှာရှိတဲ့ ဘယ်နေရာပဲဖြစ်ဖြစ် ပို့ပေးရမယ့်နေရာကိုရောက်အောင် ပို့ပေးနိုင်ပါတယ်။
• ဒါ့အပြင် Router တွေဟာ Data Packet တွေကို ပို့တဲ့အခါမှာ ဘယ်လမ်းကြောင်းကနေပို့ရင် ဘယ်လိုကောင်းတယ်၊ မြန်စေတယ်ဆိုတာကိုသော်လည်းကောင်း၊ ဘယ် Router ကို အသုံးပြုရမလဲဆိုတာကိုသော် လည်းကောင်း ရွေးချယ်တတ်ပါတယ်။ ဒါကြောင့် Router တွေဟာ သူ့ဆီကို Data Packet တွေ ရောက်လာပြီဆိုရင် ဒီ Packet ကို အမြန်ရောက်အောင် ဘယ်လမ်းကြောင်းကနေမှ ပို့လိုက်မယ်ဆိုတာမျိုး ရှိပါတယ်။
• ဒါပေမယ့် Router တွေဟာ သူ့ဆီကို လာတဲ့ Packet တွေကို Network Address မသိရင်ပဲ ဖြစ်စေ၊ ဒါမှမဟုတ် အဲ့ဒီ Packet ရဲ့ Destination Address ကိုသော် လည်းကောင်း မသိနိုင်တဲ့၊ အတိအကျမပါလာတဲ့ Packet မျိုးဆိုရင်တော့ Router ဟာ လုံးဝကို ပို့မပေးပဲနှင့် ပယ်ဖျက်ပစ်တတ်ပါတယ်။

Router တွေမှာ Routing Table လို့ခေါ်တဲ့ အချက်အလက်တွေပါရှိတဲ့ Table တစ်ခုရှိပါတယ်။ အဲ့ဒီ Routing Table မှာ Packet တွေနှင့် ပတ်သက်သော Network Address တွေ၊ Packet တွေပို့ဖို့အတွက် Internetwork တစ်ခုလုံးမှာ ရှိသော ဖြစ်နိုင်သမျှသော Path လမ်းကြောင်းတွေရှိတာ ဖြစ်တယ်။ Router တွေဟာ Packet တွေကိုပို့ဆောင်ရန်အတွက် Routing Table မှာ ရှိသော ဖြစ်နိုင်သမျှသော Path လမ်းကြောင်းတွေကို ကြည့်ပြီးတော့ Packet တွေကို ပို့တာဖြစ်တယ်။ နောက်တစ်ခုက Router တွေဟာ Packet တွေကို ပို့ပေးတဲ့အခါမှာ ၄င်း Router တွေရဲ့ Destination Address တွေကို ကြည့်ပြီးတော့ အလုပ်လုပ်တာ ဖြစ်တယ်။ နောက်ပြီးတော့ Router တွေဟာ Packet တွေကို ပို့တဲ့အခါမှာ အဲ့ဒီ Packet တွေရဲ့ Network Address ကို အတိအကျသိမှ ပို့ပေးတာ ဖြစ်တယ်။ ဒါ့ကြောင့် Packet တစ်ခုကို ကြည့်လိုက်လို့ အဲ့ဒီ Packet မှာ Network Address က အတိအကျပါမလာဘူးဆိုရင် ပို့ပေးမှာ မဟုတ်ပါဘူး။ Packet တွေရဲ့ Network Address တွေပါပြီးတော့ ပို့ပေးရမယ့် Destination Address မပါဘူးဆိုရင်လည်း ပို့မပေးပါဘူး။

Router တွေဟာ Data အချက်အလက်တွေကို ပို့ပေးတဲ့အခါမှာ Router တွေရဲ့ Packet တွေကို ပို့ပေးတဲ့ပုံစံကို ပြောပြမယ်။ Internetwork ဆိုတာ ကွန်ယက်သေးသေးတွေရော၊ ကြီးကြီးတွေရော ပေါင်းစပ်ပြီးတော့ ဖြစ်လာတာဆိုတော့ တစ်ခါတစ်ရံ အရမ်းကို ရှုပ်ထွေးသော ကွန်ယက်တစ်ခု ဖြစ်နေတတ်ပါတယ်။ အဲ့ဒီလိုမျိုး ရှုပ်ထွေးသော ကွန်ယက်တွေမှာ Packet လေးတစ်ခုကို သူသွားမယ့်နေရာ ရောက်အောင် ပို့ပေးဖို့ရာ သိပ်ကို လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ပါဘူး။ ဒီတော့ Router တွေဟာ သူတို့ဆီကို Packet တစ်ခု ရောက်လာပြီဆိုရင် အဲ့ဒီ Packet ကို ဘယ်နေရာကို ပို့ပေးရမလဲဆိုတာကို သိဖို့အတွက် ကြည့်လိုက်ပါတယ်။ Network Address ကို ကြည့်တာ ဖြစ်တယ်။ Network Address ကို Routing Table မှာ ကြည့်တာ ဖြစ်တယ်။ သိပြီဆိုမှ ၄င်း Packet ကို ပြန်ထုတ်ပိုးလိုက်ပြီးတော့ ပို့ပေးရမယ့်နေရာကို သွားရောက်ပြီးတော့ ပို့တာဖြစ်တယ်။ Router တွေဟာ Bridge တွေထက်တော့ မတူညီတဲ့ Network နည်းပညာမှာ Packet တွေကို ပို့တဲ့အခါမှာ ပိုလွယ်ကူပါတယ်။ ဥပမာပြောရရင် တကယ်လို့ Router တစ်ခုဟာ Token Ring Network တစ်ခုကနေမှ Ethernet Network တစ်ခုဆီကို Data Packet တွေ ပို့ပေးရတော့မယ်ဆိုရင် အဲ့ဒီ Token Ring Network ကနေလာတဲ့ Data Packet ကို Ethernet Network ဆီကို ပို့ဖို့အတွက် အဲ့ဒီ Packet လေးကို Token Ring Network ပုံစံ ဖြစ်နေတဲ့အတွက်ကြောင့် အရင်ဖြည့်လိုက်ပါတယ်။ ပြီးတော့မှ Ethernet Network Frame ပုံစံအတိုင်း ပြန်ပြီးတော့ ထုတ်ပိုးလိုက်ပြီးတဲ့အခါကျတော့မှ ပို့ပေးရမယ့်နေရာကို အရောက်ပို့တာ ဖြစ်တယ်။ Packet တစ်ခုကို ကြည့်လိုက်။ ဘယ် Network ကလည်းဆိုတာ ကြည့်လိုက်။ နောက်ပြီး အဲ့ဒီ Packet ကို ပို့ပေးရမယ့် လိပ်စာ Network Address ကို MAC Address မှာ ကြည့်တယ်။ ပြီးရင် ပို့ပေးတယ်။ ဒီလိုမျိုးလုပ်တာဟာ အမှန်တော့ Network Traffic ကိုလေးစေပါတယ်။ Network ရဲ့ Speed ကို ကျသွားစေပါတယ်။ ဘာဖြစ်လို့ Network Speed ကို ကျသွားစေတာလဲ၊ Network Traffic ကို လေးစေတာလဲ ဆိုတာကို ပြောပြမယ်။ ဒါက ချိတ်ဆက်တဲ့ ကွန်ယက် Network တွေရဲ့ မတူညီတဲ့ Frame Size ကြောင့်ပါ။ ဥပမာနေနဲ့ ပြောရရင် Ethernet Network Frame Size ဟာ အနီးစပ်ဆုံး ပြောရရင်တော့ 1500 Bytes အထိသာ ရှိပါတယ်။ ဒါပေမယ့် Token Ring Network Frame Size ကျတော့ 4000 Bytes ကနေမှ 18000 Bytes အထိ ရှိကြပါတယ်။ ဒီတော့ 4000 Bytes ကနေမှ 18000 Bytes အထိ ရှိသော Ethernet Network ကနေပို့လိုက်သော Data Packet တွေကို Token Ring Network ဆီကိုပို့ပေးမှာဆိုတော့ ဒီအတိုင်းပို့လို့မရဘူး။ Ethernet Network Frame Size အတိုင်းပို့ပေးရမှာဆိုတော့ Frame Size ကို ထပ်ပြောင်းပေးရတယ်။ ဒီတော့ 4000 Bytes ကနေမှ 18000 Bytes အထိရှိသော Token Ring Network Frame Size ကို 1500 Byte ရှိသော Ethernet Network Frame Size အဖြစ် ပြန်ပြောင်းပေးရမှာ ဖြစ်တယ်။ ဒီတော့ Router ဟာ Ethernet Network Frame 12 ခုတောင် ပြုလုပ်ပေးရပါတယ်။ အဲ့ဒီတော့ Network ရဲ့ Speed က လေးပြီပေါ့။

Router တွေမှာ သူတို့ကိုယ်တိုင် ပြုလုပ်ထားသော Routing Table ဆိုတာ ရှိပါတယ်။ အဲ့ဒီ Routing Table မှာ ဘာတွေရှိလဲဆိုတော့ Packet တွေရဲ့ Network Address တွေ၊ နောက်ပြီး အဲ့ဒီ Network မှာ ရှိနေသော Router တွေရဲ့ Address တွေ ရှိပါတယ်။

Router မှာ Routing Table ပြုလုပ်ပုံပေါ် မူတည်ပြီးတော့ Routing အမျိုးအစား (၂) မျိုး ရှိကြပါတယ်။ အဲ့ဒီ (၂) မျိုးကတော့ -
• Static Routing နှင့်
• Dynamic Routing တို့ ဖြစ်ကြပါတယ်။

Static Router
Static Routing ကို အသုံးပြုသော Router မှာဆိုရင် သူ့မှာရှိသော Routing Table ကို Administrator ကနေမှ Manually ကိုယ်တိုင်ကိုယ်ကျ Update လုပ်ပေးဖို့လိုအပ်ပါတယ်။ Router ဟာ အကယ်၍များ အတိုဆုံးနှင့် အထိရောက်ဆုံး လမ်းကြောင်းကို မလိုအပ်သည့်တိုင်အောင် အမြဲတမ်းရည်ရွယ် ပို့နေကျ လမ်းကြောင်းအတိုင်းပဲ ပေးပို့ပါတယ်။ တကယ်လို့ Router ရဲ့ Table မှာ ပေးပို့ရမယ့် Packet ရဲ့ Network Address ပါသည့်တိုင်အောင် Destination မရှိခဲ့ရင် Router ဟာ Packet ကို ပယ်ဖျက်ပစ်လိုက်ပါတယ်။

Dynamic Router
Dynamic Router ကို အသုံးပြုသော Router မှာဆိုရင် သူ့မှာရှိသော Routing Table ကို Static Routing မှာကဲ့သို့ Administrator ကနေမှ Manually လိုက်ပြီးတော့ Update လုပ်စရာ မလိုပါဘူး။ သူ့ဘာသာသူ Routing Table ကို Automatically အလိုအလျောက် Update လုပ်သွားတာ ဖြစ်တယ်။ ဒါပေမယ့် ပထမဦးဆုံးသော Router ကတော့ Routing Table ကို သူ့ဘာသာသူ Administrator ကနေမှ Configure သတ်မှတ်ပေးရပါတယ်။ ပထမဦးဆုံးသော Router တစ်ခုတည်းပါပဲ။ ကျန်တဲ့ Dynamic Router တွေကတော့ သူအလိုအလျောက် Automatically အရ Update လုပ်သွားမှာ ဖြစ်တယ်။ ဆိုလိုတာက Dynamic Routing ကို အသုံးပြုသော Router တွေကျတော့ Discovery Process ဆိုတာကို အသုံးပြုပြီး ရှိနေတဲ့ Router တွေရဲ့ အချက်အလက်တွေကို ရှာဖွေပါတယ်။ Dynamic Router တွေဟာ သူတို့အချင်းချင်း ဆက်သွယ်လို့ရတဲ့အပြင် အခြား Router တွေရဲ့ ရရှိလာတဲ့ အချက်အလက်တွေပေါ် မူတည်ပြီးတော့ Routing Table တွေကို Update လုပ်နိုင်ပါတယ်။ အကယ်၍များ Network တစ်ခုမှာ Multiple Routers လမ်းကြောင်းတွေ အများကြီးရှိခဲ့မယ်ဆိုရင် Router ဟာ ဘယ်လမ်းကြောင်းက အကောင်းဆုံးလဲ ဆိုပြီးတော့ ဆုံးဖြတ်နိုင်ပါတယ်။ Router တွေရဲ့ အကောင်းဆုံးလမ်းကြောင်းဟာ ဘယ်လမ်းကြောင်းလဲလို့ ရွေးချယ်ရာမှာ နည်းလမ်း (၂) မျိုး ရှိပါတယ်။

ဒါတွေကတော့ -
• Distance Vector Algorithm နှင့်
• Link-State Algorithm တို့ပဲ ဖြစ်ပါတယ်။

Distance Vector Algorithm
ဒီနည်းလမ်းကတော့ ကွန်ယက် ၂ ခုအကြား ဆက်သွယ်သွားရမယ့်ခရီးမှာ ဖြတ်သွားရမယ့် Router အရေအတွက်ပေါ် မူတည်ပြီးတော့ Costs in Host ကို တွက်ပါတယ်။ ဒီတော့ လမ်းကြောင်းမှာ ဖြတ်သွားရမယ့် အနည်းဆုံး Hops အရေအတွက်ရှိတဲ့လမ်းကြောင်းကို ရွေးချယ်ပါတယ်။ ဒီ Distance Vector Routing Algorithm ကိုအရင်ဆုံးအသုံးပြု
သော Protocol ကတော့ Routing Information Protocol ပဲဖြစ်ပါတယ်။ ၄င်းကို TCP/IP ရော၊ IPX/SPX ၂ ခုစလုံးမှာပါ အသုံးပြုကြပါတယ်။ Distance Vector Protocol ဖြစ်တဲ့ RIP လို Protocol ဆိုရင် ဘယ်လောက်တောင်လဲဆိုတာ သူ့ရဲ့ Routing Table တစ်ခုလုံးကြီးကို Network တစ်ခုလုံးဆီသို့ စက္ကန့်သုံးဆယ်ကြာတိုင်း ပို့လွှတ်နေပါတယ်။

RIP – Routing Information Protocol
RIP2 - Routing Information Protocol (Version 2)
EIGRP - Enhanced Interior Gateway Routing Protocol
IGRP - Interior Gateway Routing Protocol
ဒါတွေကတော့ Distanced Vector Algorithm ကိုသုံးတဲ့ Routing Protocols တွေပဲဖြစ်ပါတယ်။

Link - State Algorithm
ဒီနည်းလမ်းကတော့ Packet တစ်ခုအတွက် လမ်းကြောင်းမှာ အခြားသော အချက်အလက်တွေကိုပါ ထည့်သွင်း စဉ်းစားလာပါတယ်။ ဘယ်လို အချက်အလက်တွေလဲဆိုတော့ Network Traffic, Connection Speed, Costs တွေကိုပါ ထည့်သွင်း စဉ်းစာလာပါတယ်။ ဒီနည်းနဲ့ ဒီ Algorithm ကို အသုံးပြုတဲ့ Router အနေနဲ့ကတော့ ပိုပြီးတော့ Processing Power လိုအပ်တာပေါ့။ ဒါပေမယ့် Packet တွေကို ထိထိရောက်ရောက် လိုရာကို ပေးပို့နိုင်တယ်လေ။ TCP/IP ရဲ့ Routing Protocol ဖြစ်တဲ့ OSPF (Open Shortest Path First) ဟာ ဒီ Link - State Algorithm ကိုအသုံးပြုပါတယ်။
Dynamic Router တွေဟာ Maintain လုပ်ရတာလည်း လွယ်ကူသလို Static Router တွေထက်စာရင် ပိုမိုကောင်းမွန်တဲ့လမ်းကြောင်းကို ရွေးချယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် Routing Table ကို Update လုပ်ရတာရယ်၊ နောက်ထပ် Network Traffic တွေကို ဖြစ်ပေါ်စေပါတယ်။ ပုံမှန်သွားလာနေတဲ့ Traffic အပြင် သူတို့ရဲ့ Discovery လုပ်ဆောင်ဖို့ သွားလာမှုတွေ ရှိလာတယ်လို့ ပြောချင်တာပါ။ ဒီတော့ Data Traffic အပြင်သူတို့ Traffic တွေရှိလာတာပေါ့။

အောက်မှာဖော်ပြထားတာတွေကတော့ Link - State Algorithm ကို အသုံးပြုသော Routing Protocols တွေပဲဖြစ်ပါတယ်။
OSPF – Open Shortest Path First
IS - IS - Intermediate System to Intermediate System

အောက်မှာ Router ၏ အားနည်းချက်နှင့် အားသာချက်ကို ဖော်ပြပေးထားပါတယ်။
Protocol တိုင်းဟာ OSI Model ရဲ့ အလွှာတိုင်းမှာ အလုပ်လုပ်ကြတာ မဟုတ်ပါဘူး။ အဲ့ဒီ အထဲမှာမှ Route လုပ်ပေးနိုင်သော Protocol ရှိသလို၊ Route လုပ်မပေးနိုင်သော Protocol များလည်း ရှိပါတယ်။ Route လုပ်ပေးနိုင်သော Routable Protocol တွင် Network Layer Information များပါရှိပြီးတော့ Non-Routable Protocols မှာတော့ Network Layer Information များ မပါရှိပါဘူး။

Routable Protocol တွေကတော့ -

• TCP/IP
• IPX/SPX
• DECNet
• OSI
• DDP (Apple Talk)
• XNS တို့ ဖြစ်ကြပါတယ်။

Non-Routable Protocol တွေကတော့-
• NetBEUI
• DLC (HP Printers နှင့် IBM Mainframe) တွေမှာအသုံးပြုသည်။
• LAT (Local Area Transport၊ DEC Networking ရဲ့ အစိတ်အပိုင်း) တို့ ဖြစ်ကြပါတယ်

Basic of routing


Network တစ်ခုမှ တခြားNetwork တစ်ခုသို့ packet တစ်ခု delivery ရာတွင် မည်သည့်လမ်း ကြောင်းမှ ပို့လွှတ်ရမည်ကိုရှာဖွေပေးခြင်းကို Routing ဟုခေါ်သည်။ အလွယ်မှတ်ရန်မှာ routing ဆိုသည်မှာ router များ destination network သို့ရောက်ရှိဖို့  လမ်းကြောင်းရှာဖွေခြင်းဖြစ်သည်။
သက်ဆိုင်ရာ Network Address ကိုအခြေခံ၍ မည်သည့် Interface မှ ပို့လွှတ်ရမည်ဆိုသည်ကို ဆုံးဖြတ်ပေးခြင်းဖြစ်သည်။Router ၏ Interface တစ်ခုသို့ packet တစ်ခုဝင်ရောက်လာသောအခါ packet header တွင်ပါဝင်သော Destination IP ကိုကြည့်၍၊ Routing Table နှင့်တိုင်ဆိုင်စစ်ဆေးကာ အ ကောင်းဆုံးလမ်းကြောင်းကိုရွေးချယ်ပေးသည်။
Routing Table ဆိုသည်မှာ မြေပုံနှင့်ဥပမာဆင်တူပြီး၊ destination network သို့ရောက်ရှိရန် မည်သည့် Interface မှသွားသင့်ကြောင်း Router ကို ပြောပြခြင်းဖြစ်သည်။ Network အသီးသီးသို့ရောက်ရှိမည့် လမ်းကြောင်းများကိုရေးမှတ်ပေးထားခြင်းဖြစ်ပြီး၊ Ram ထဲတွင်သိမ်းဆည်းပေး ထားသည်။
သိထားသင့်သော Route များမှာ အောက်ပါအတိုင်းဖြစ်သည်။
1. Static routes
2.Default routes
3.Dynamic routes
Static Route
Network Engineer ကိုယ်တိုင် သက်ဆိုင်ရာNetwork သို့သွားဖို့ လမ်းကြောင်း Manual သတ်မှတ် ပေးဖြင်းဖြစ်သည်။ အပြောင်းလဲနည်းသော Small Network အတွက် အလွှန်အသုံးဝင်သည်။ Serial Wan Link လိုမျိုး Bandwidth နည်းနည်းသာသုံးစွဲနေရသောအခါ မျိုးတွင် သင့်တော်သည်။ အဘယ့်ကြောင့်ဆိုသော် Routing အတွက်သုံးစွဲရသော Bandwidth နည်းသောကြောင့် bandwidth ချွေတာရာရောက်သလို၊ security အတွက်လည်း routing access အတွက် engineer ကိုယ်တိုင် network များကို ရွေးချယ်ခွင့်ရှိသောကြောင့် security ကောင်းမွန်သည်။
ip route destination network address [subnet mask]
{next-hop-address | interface] [distance]


Default Route
            Default Route သည်လည်း special static route တစ်မျိုးဖြစ်သည်။သက်ဆိုင်ရာ destination networkသို့ သွားရန် သင့်တော်သောလမ်းကြောင်းသည် routing table ထဲတွင်မတွေ့ပါက default route ကိုသုံး၍ packet ကို forward လုပ်နိုင်သည်။ the gate way of last resort ဟုလည်းခေါ်သည်။ ဥပမာ- ISP Router နှင့် တိုက်ရိုက်ချိတ်ဆက်ထားသော router များပေါ်တွင်တွေ့နိုင်သည်။ small network များတွင် အင်တာနက်သုံးရန် ISP Router သို့ Default Router အနေနှင့်ထွက်နေခြင်းဖြစ်သည်။

Dynamic Routes

            Routing Protocol တစ်ခုကိုအသုံးပြုခြင်းအားဖြင့် Router သည် dynamic route ကို learn လုပ်သည်။ Routing Protocol သည် same routing protocol သုံးနေသော neighboring router များထံမှ လမ်းကြောင်းနှင့်ပက်သက်သည်များကို မှတ်သားလေ့လာသည်။ Routing အချင်းချင်း Information ဖလှယ်ခြင်းဖြင့် network အားလုံး၏ subnet  number များကို သိရှိနိုင်သည်။

Routing Protocol and Routed Protocol
            တကယ်တမ်း packet ကို သက်ဆိုင်ရာ Networkk တစ်ခုသို့ သယ်သွားသည်မှာ IP ဖြစ်သည်။ packet များကို သက်ဆိုင်ရာ Network သို့ forward or router လုပ်ပေးသော Protocol ကို routed protocol ဟုခေါ်သည်။ ဥပမာ- IP and IPX
            Route များကိုလေ့လာပြီး routing table ကိုတည်ဆောက်သည်။ Router များသည် route  များကို လေ့လာဖို့ အချင်းချင်း Information ဖလှယ်ရသည်။ ဆိုလိုသည်မှာ router များက သက်ဆိုင်ရာ Network အသီးသီးသို့ ရောက်ရှိမည့် အကောင်းဆုံးလမ်းကြောင်းကိုရွေးချယ်ရန် အသုံးပြုသော algorithm, rule ဖြစ်သည်။ ဥပမာ- RIP, EIGRP, OSPF and BGP

Routing Protocol နှစ်မျိုးရှိသည်။ ၄င်းတို့မှာ-
Interior Gateway Protocols (IGP)
          Autonomous System တစ်ခုအတွင်းမှာသာ အချင်းချင်း routing information ကိုဖလှယ်နိုင် သည်။ ဥပမာ IGP များမှာ- Routing Information Protocol version 2 (RIPv2), Enhanced Interior Gateway Routing (EIGRP), and Open Shortest Path First (OSPF) တို့ဖြစ်သည်။

Exterior Gateway Protocols (EGP)
          Different Autonomous System များအကြား routing information ကိုဖလှယ်နိုင်သည်။ ဥပမာ- Border Gateway Protocol (BGP) သည် ယနေ့ခေတ်တွင်တစ်ခုတည်းသော EGP ဖြစ်သည်။

Metrics

Routing Protocol  များ အကောင်းဆုံးလမ်းကြောင်းကိုရွေးချယ်ဖို့ calculation လုပ်ရန် Metric ကိုသုံးနိုင် သည်။lowest metric ရှိသောလမ်းကြောင်းသည် best route ဖြစ်သည်။ Routing Protocol များက အသုံး ပြုသော Metric များမှာအောက်ပါအတိုင်းဖြစ်သည်။
  • Hop count:
    The number of times that a packet passes through the output port of one router
  • Bandwidth:
    The data capacity of a link; for instance, normally, a 10-Mbps Ethernet link is preferable to a 64-kbps leased line
  • Delay:
    The length of time that is required to move a packet from source to destination
  • Load:
    The amount of activity on a network resource, such as a router or link
  • Reliability:
    Usually refers to the bit error rate of each network link
  • Cost:
    A configurable value that on Cisco routers is based by default on the bandwidth of the Interface 
 







Autonomous Systems

Single Administrative control တစ်ခုအောက်တွင်ရှိသော Network Group တစ်ခုကို AS တစ်ခုဟုသတ် မှတ်သည်။ company တစ်ခုတည်းဖြစ်နိုင်သလို၊ company တစ်ခုအတွင်းမှာပင် AS များကွဲနေနိုင်သည်။ companies group များလည်းဖြစ်နိုင်သည်။ EIGRP, OSPF, IS-IS, and BGP များသည် AS ကိုနားလည်သော်လည်း RIP သည် နားမလည်ပေ။ တစ်နည်းအားဖြင့် single organization တစ်ခု ၏ administrative control တစ်ခုအောက်တွင်ရှိသော internetwork တစ်ခုသည် AS ဖြစ်သည်။ ISP တစ်ခုစီသည် Different AS တစ်ခုဖြစ်သည်။
          Single AS တစ်ခုအတွင်းမှာသာအလုပ်လုပ်သော Routing Protocol များကို IGP ဟုခေါ်သည်။
          Different AS များအတွင်းအလုပ်လုပ်သော Routing Protocol များကို EGP ဟုခေါ်သည်။eg-BGP
www.icann.org တွင် ASN များလေ့လာနိုင်သည်။











Administrative Distance

Routing Protocol တိုင်းတွင် AD တန်ဖိုးရှိသည်။ Lowest AD တန်ဖိုးရှိသော Routing Protocol သည် Highest AD တန်ဖိုးရှိသော routing protocol ထက် လမ်းကြောင်းရွေးရာတွင် ပိုမိုကောင်းမွန်သည် ဟူယူဆသည်။ Administrative Distance သည် integer ဖြစ်ပြီး၊ 0-255 ဖြစ်သည်။







Routing Protocol ကို -
  • Distance vector routing protocol ( Bellman-Ford-Moore algorithms )
  • Link state routing protocols
  • Hybrid routing protocol ဟူ၍ ခွဲခြားနိုင်သည်။
Distance ဆိုသည်မှာ ဘယ်လောက်ဝေးသလဲ(How far) ဖြစ်ပြီး၊ vector ဆိုသည်မှာ ဦးတည်ရာ (which direction) ကိုဆိုလိုဖြင်းဖြစ်သည်။Distance Vector Routing Protocol များမှာ RIP Version-1 , Version-2, IGRP တို့ဖြစ်သည်။ distance vector routing protocol သုံးနေသော router များသည် routing brocast ကို Listening လုပ်ခြင်းဖြင့် neighboring router များကို learn လုပ်ကြသည်။ neighbor router ကိုရှာဖွေဖို့ handshaking and helo process ကိုမသုံးပေ။ distance vector routing table ထဲတွင် သက်ဆိုင်ရာနက်ဝက်တစ်ခုသို့ သွားမည့် လမ်းကြောင့်များနှင့်ပက်သက်သော အချက်လက်များရှိသည်။ neighbor router များထံမှ Update ကိုလက်ခံခြင်းဖြင့် routing table ကို update လုပ်သည်။ အချင်ချင်း routing update ဖလှယ်ကြရာတွင် routing table တစ်ခုလုံးကို ပို့လွှတ်သည်။
Distance Vector routing protocol ၏ ပြဿနာတစ်ခုမှာ slow convergence ဖြစ်သည်။ router များအားလုံး လက်ရှိအသုံးပြုနေသော topology ကိုနားလည်ပြီး မူလအခြေအနေသို့ ပြန်အလုပ်လုပ်ရန်ကြာမြင့်သောအချိန်ကာလတစ်ခုကို convergence time ဟုခေါ်သည်။ ဆိုလိုသည်မှာ network ထဲတွင် router တစ်လုံး fail ဖြစ်သွားသည်ဆိုပါစို့- ကျန်router များသည် သက်ဆိုင်ရာNetwork များသို့ရောက်ရှိဖို့ လမ်းကြောင်းများ ပြန်လည်ရွေးချယ်သတ်မှတ်ရန် routing table တွင် ပြန်လည်ပြင်ဆင်မှုများလုပ်ကြရသည်။ ထိုကာလတစ်လျှောက် user၏ Packet ကို forward လုပ်ခြင်းကိစ္စများမလုပ်နိုင်ပေ။ ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး လက်ရှိပြောင်း လဲသွားသော topology ကိုနားလည်ကာ မူလအတိုင်းပြန်အလုပ်လုပ်နိုင်သည်ထိ ကြားကြာ မြင့်ချိန်ကို ဆိုလိုခြင်းဖြစ်သည်။
Periodic timer interval ကို ပြောင်းခြင်း၊ triggered update ကို implementation လုပ်ခြင်းဖြင့် ဖြေရှင်းနိုင်သည်။ RIP သည် default အားဖြင့် စက္ကန့်သုံးဆယ် ဖြစ်သည်။စက္ကန့်သုံးဆယ်ပြည့်တိုင်း update လုပ်ကြသည်။ network အတွင်းရှိ router တစ်လုံး fail ဖြစ်သွားသောအခါ periodic update ကိုမစောင့်တော့ပဲ fail ဖြစ်သွားသော router နှင့်ပက်သက်သော အချက်လက်မျှသာ ချက်ချင်းဖြန့်ဝေပေးခြင်းကို triggered update ဟုခေါ်သည်။ အချိန်ကုန်သက်သာခြင်း၊ bandwidth ချွေတာရာရောက်သည်။ထူးခြားမှုသက်သက် သာ ပေးပို့ခြင်းဖြစ်သည်။
နောက်ပြဿနာတစ်ခုမှာ Routing Loops ဖြစ်သည်။ Layer 3 Loops ကို route poisoning နှင့် counting to infinity ကိုသုံးခြင်းဖြင့် တားမြစ်နိုင်သည်။
Router များသည် packet တစ်ခုကို သက်ဆိုင်ရာနက်ဝက်တစ်ခုသို့ forward လုပ်ရာတွင် ၊ destination network သို့ရောက်ရှိဖို့ မိမိNetwork မှသည် destination network ကြားလမ်းတစ်လျှောက် ဖြတ်သန်းသွားလာနိုင်သော maximum router အရေတွက်ရှိသည်။ ၄င်းကို TTL(time to live) packet တစ်ခု သက်တမ်းရှည်ခွင့်ဖြစ်သည်။ ဥပမာ- google သို့ Ping command ရိုက်ပြီး ICMP packet တစ်ခုကိုကြည့်ရအောင်။

Google သို့ရောက်ရှိဖို့ router ပေါင်း ၄၈ လုံးထိဖြတ်သန်းခွင့်ရှိသည်။
     RIP သည် Maximum hop count ၁၅ လုံးဖြစ်သည်။ ၁၆ လုံးမြောက် router ထိခရီးမဆက်နိုင်ပါ။ fail ဖြစ်သွားသော router နှင့်ပက်သက်ပြီး Maximum hop count 16 ဟု ကြောငြာခြင်းဖြင့် ၄င်း router သည် fail ဖြစ်ကြောင်း ကျန်router များသိရှိနိုင်သည်။
Split Horizon Rule သည် router တစ်လုံးမှပို့လွှတ်လိုက်သောအကြောင်းရာကို ၄င်း router သို့ပြန်လည်ပို့ခြင်းမှတားမြစ်သည်။ ဥပမာ- Router-1 သည် Router-2 ထံမှ route နဲ့ပက်သက် သည်များကို learn လုပ်သည်ဆိုပါစို့။ Router 1 သည် Router 2 ထံသို့ same router ကိုပြန်လည် advertise လုပ်စရာမလိုပေ။
Distance Vector protocols သည် fail ဖြစ်သွားသော route နှင့်ပက်သက်သော bad news ကို Infinity ဟုခေါ်သော special metric value (16) ကိုဖြန့်ဝေခြင်းကို Route poisoning ဟုခေါ်သည်။
နောက်ဆုံး layer 3 loops ကိုတားမြစ်ဖို့နည်းလမ်းမှာ Holddown Timer ဖြစ်သည်။ route တစ်ခု down သွားသည်ကိုသိလျှင်သိခြင်း၊ router အားလုံး down သွားမှန်းသိအောင် အချိန်ကာလတစ်ခု Hold လုပ်ထားခြင်းဖြစ်သည်။ Hold Down Process သည် router များအားလုံးကို fail ဖြစ်သွားသော router နှင့်ပက်သော information များကို ignore လုပ်ခိုင်း ခြင်းဖြစ်သည်။
Link State Routing Protocol မှာ OSPF ဖြစ်သည်။ bandwidth ကိုအခြေခံ၍ အကောင်းဆုံး လမ်းကြောင်းကိုရွေးချယ်ရာတွင် calculate လုပ်သည်။
 Hybrid Routing Protocol မှာ EIGRP ဖြစ်သည်။ RIP နှင့် OSPF ၏ အားသက်ချက်များကို အသုံးပြုထားခြင့်ကြောင့် Hybrid ဟုခေါ်သည်။ Advance Distance Vector Routing Protocol ဟုလည်းခေါ်သည်။

IP Address ကို ဘယ်လိုရယူမလဲ


 IP Address နဲ့ Domain name တွေကိုအင်တာနက်ရဲ့အစပိုင်းမှာ ထိန်းချုပ်တဲ့အဖွဲ့အစည်းက ICANN (Internet Corporation for Assigned and Number) ဖြစ်ပါတယ်။ အိုင်ကန်း လို့လဲခေါ်ပါတယ်။ အိုင်ကန်း ကအမေရိကန်အစိုးရ ကုန်သွယ်ရေးဝန်ကြီးဌာနကနေ ကန်ထရိုက်ရထားတာဖြစ်ပါတယ်။
အိုင်ကန်းရဲ့အောက်မှာရှိတဲ့ IANA (Internet Assigned Numbers Authority) ကတော့ အင်တာနက်ရဲ့ domain name တွေနဲ့ IP address တွေကို ကြီးကြပ်ထိန်းချုပ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ domain name ကတော့ အများသိကြတဲ့အတိုင်း ကိုယ်ကြိုက်တဲ့ domain ရောင်းသူဆီက၀ယ်လို့ရပါတယ်။ အားလုံးက စီးပွားရေးဆန်ဆန်လုပ်ကြပါတယ်။

IP address ကိုတော့ domain name လိုစီးပွားရေးဆန်ဆန်မရောင်းပါဘူး။ IANA က ကမ္ဘာပေါ်မှာရှိတဲ့ ဒေသအလိုက် RIR (Regional Internet Registry) တွေဆီကိုပြန်လည်တာဝန်ခွဲပေးပါတယ်။ RIR တွေကတော့ -
၁၊ အမေရိက (ARIN) American Registry for Internet Numbers
၂၊ ဥရောပ (RIPE) Réseaux IP Européens Network Coordination Centre
၃၊ အာရှ ပစိဖိတ် (APNIC) Asia-Pacific Network Information Center
၎၊ တောင်အမေရိကနှင့် ကာရေးဘီးယန်းကျွန်းစုများ (LACNIC) Latin America and Caribbean Network Information Center
၅၊ အာဖရိက (AfriNIC) African Network Information Center
တို့ဖြစ်ပါတယ်။

ကျွန်တော်ကိုယ်တိုင်ကတော့ ARIN နဲ့ဘဲဆက်ဆံဘူးပါတယ်။ များသောအားဖြင့်တော့ email နဲ့ဘဲ အစအဆုံးလုပ်သွားတာပါ။ လိုအပ်လို့ ဖုံးနဲ့ပြောရရင်လဲ ARIN ကလူတွေကပြောရဆိုရ အရမ်းအဆင်ပြေပါတယ်။
၂၀၀၈ ခုနှစ်မှာ ARIN ကနေ IP Address လိုချင်ရင် အသေးဆုံး block က /22 ဖြစ်ပါတယ်။ IP Address ၁၀၂၄ ခုရတာပေါ့။ ၂၀၀၁ ခုနှစ်တုံးကတော့ /19 block ကအသေးဆုံးဖြစ်ပါတယ်။ ARIN ဆီက IP Address တောင်းဖိုရဆိုရင်
၁၊ BGP AS Number ရပြီးသားဖြစ်ရပါမယ်။
၂၊ Internet Service Provider (ISP) အနည်းဆုံး ၂ ဦးကိုအသုံးပြုမှဖြစ်ကြောင်း သက်သေပြနိုင်ရပါမယ်။
၃၊ ကိုယ်တောင်းသလောက် IP Address တွေကို ဘယ်လိုနေရာမှာသုံးမယ်ဆိုတာကို ရှင်းပြရပါမယ်။ (တခါတလေလည်း လုပ်ကြံပြီးရေးရတာပေါ့။)
ရလာတဲ့ IP Address ကို ကိုယ်ကအပိုင်ရတာမဟုတ်ပါဘူး။ ကိုယ်မသုံးတော့ဘူးဆိုရင် ARIN ကိုပြန်ပေးရပါမယ်။ တနှစ်တစ်ခါ နှစ်စဉ်ကြေးပေးရပါမယ်။ ဥပမာ /20 block အတွက် တနှစ်ကို ဒေါ်လာ ၂၂၅၀ ပေးရပါတယ်။ block အရွယ်အစားပေါ်မူတည်ပြီး ဈေးကွာသွားပါတယ်။ အသေးစိတ်ကို ဒီမှာဖတ်ကြည့်ပါ။

တကယ်လို့ RIR ဆီက အကြောင်းကြောင်း IP Address တောင်းလို့မရဘူးဆိုရင်တော့ ကိုယ်သုံးမဲ့ ISP ဆီကနေတောင်းလို့ သေချာပေါက်ရနိုင်ပါတယ်။ ISP တွေမှာ RIR ဆီကနေတောင်းထားတဲ့ IP Address တွေအမြဲတန်းလိုလို အရံသင့်ရှိပါတယ်။

ဘယ် Routing Protocol ကိုသုံးကြမလဲ



IP Network တစ်ခုမှာ သုံးလို့ရတဲ့ Routing Protocol တွေကိုလက်ချိုးရေလို့ရပါတယ်။ ဘယ်နည်းလမ်းကိုသုံးမယ်လို့ ရွေးတဲ့အခါမှာ စဉ်းစားရမယ့်အချက်တွေကိုဆွေးနွေးသွားပါမယ်။
ဈေးကွက်မှာဝယ်လို့ရတဲ့ Router တစ်ခုမှာ အသုံးပြုလို့ရတဲ့ Routing Protocol တွေကတော့
၁၊ Static Route
၂၊ RIP (version 1 and 2)
၃၊ OSPF
၎၊ IS-IS
၅၊ BGP
၆၊ IGRP *
၇၊ EIGRP *
(* IGRP နဲ့ EIGRP တို့ဟာ Cisco ကစတင်တီထွင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် Cisco ထုတ်လုပ်တဲ့ Router မှာသာ ပါလေ့ရှိပါတယ်။)

၁၊ ဘယ်နေရာမှာသုံးမှာလဲ
၁.၁ အင်တာနက်လုပ်ငန်းများ
အင်တာနက်ပေါ်မှာအခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက်ဆိုရင် BGP ကိုမသုံးမဖြစ်သုံးသင့်ပါတယ်။ အင်တာနက်နဲ့အဆက်အသွယ်ပြတ်သွားရင် လုပ်ငန်းရပ်ဆိုင်းသွားမှာဖြစ်တဲ့အတွက်ကြောင့် ISP အနည်းဆုံး ၂ ဦးနဲ့ ချိတ်ဆက်ဖို့လိုပါတယ်။
ISP များနဲ့ချိတ်ဆက်ပြီးရင် ကိုယ့်ရဲ့လုပ်ငန်း ကို အင်တာနက်ကနေဆက်သွယ်သုံးစွဲသူတွေကို ဘယ် ISP ကတဆင့်ဝင် ရောက်ဆက်သွယ်ဖို့ ထိန်းချုပ်နိုင်တာ BGP တစ်ခုဘဲရှိပါတယ်။

ဥပမာ - ISP ၂ ခုရှိတယ်ဆိုပါစို့။
ISP ၁ ကိုအမြဲတမ်းသုံးနေပြီး ၊ အကြောင်း တစ်ခုကြောင့် ISP ၁ ကိုဆက်သွယ်လို့မရဘူးဆိုမှ ISP ၂ ကိုပြောင်းသုံးမယ်ပေါ့။ ဒါကို active-standby လို့ခေါ်လေ့ရှိပါတယ်။
အခြားတနည်းကတော့ ISP နှစ်ခုလုံးကို တပြိုင်နက်သုံးတာပေါ့။ ISP ၁ နဲ့နီးတဲ့ သုံးစွဲသူတွေက ISP ၁ က၀င်လာမှာဖြစ်ပြီး၊ ISP ၂ နဲ့နီးတဲ့ သုံးစွဲသူတွေက ISP ၂ က၀င်လာမှာဖြစ်ပါတယ်။ ဒါကို active-active (သို့မဟုတ်) load-balanced လို့ခေါ်လေ့ရှိပါတယ်။
ဒုတိယနည်းကပိုကောင်းပေမယ့် ပိုဈေးကြီးတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ISP တွေက အသုံးပြုတဲ့ bandwidth ပေါ်မူတည်ပြီး ပိုက်ဆံတောင်းလေ့ရှိလို့ပါ။

၁.၂ ISP (Internet Service Providers) နဲ့ IX (Internet Exchanges)
ISP နဲ့ IX တွေမှာဆိုရင်တော့ သေချာပေါက် BGP ကိုအသုံးပြုဖို့လိုပါတယ်။ BGP အပြင် ISP ရဲ့အထဲမှာ အခြား Routing Protocol တစ်ခုကိုအသုံးပြုဖို့လဲလိုပါတယ်။ ကျွန်တော်သိသလောက်တော့ IS-IS, OSPF တို့ဟာ အသုံးအများဆုံးဖြစ်ပါတယ်။

၁.၃ Customer DMZ and Extranets
ဘဏ်လုပ်ငန်းတွေနဲ့ စတော့ဒိုင်လုပ်ငန်း တွေမှာအများဆုံးတွေ့ရပါတယ်။ လုပ်ငန်းပေါင်းစုံနဲ့ဆက်သွယ်တဲ့နေရာဖြစ်တာကြောင့် Routing Protocol မျိုးစုံကိုတွေ့ရပါလိမ့်မယ်။ အထက်မှာဖေါ်ပြထားတဲ့ ၇ မျိုးလုံးကိုတွေ့ရမှာ ဖြစ်ပါတယ်။

၂၊ လောလောဆယ် ဖွဲ့စည်းပုံနဲ့ နောက်ဖြစ်လာနိုင်မဲ့ဖွဲ့စည်းပုံ
Topology ပေါ်မူတည်ပြီးစဉ်းစားရမှာကို ဆွေးနွေးသွားပါမယ်။
Router ဆိုတာ ကွန်ပျူတာလိုဘဲ့ memory, CPU, OS တို့နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ မှတ်ရတာတွေများရင်၊ တွက်ချက်ရတာတွေများရင် နှေးသွားမှာပါဘဲ။ Router မှာ မှတ်ရ ၊ တွက်ရတာကတော့ Route တွေနဲ့ Packet တွေဖြစ်ပါတယ်။ တတ်နိုင်သလောက် Router မှာမလိုအပ်တဲ့ Route တွေမှတ်မထားရအောင် ပြင်ဆင်ဖို့က Network Engineer ရဲ့တာဝန်ဖြစ်ပါတယ်။

ဥပမာ -
Router စုစုပေါင်း ၁၀၀ ရှိပြီး၊ Router တစ်ခုတိုင်းမှာ Route ၁၀၀ ရှိတယ်ဆိုပါစို့။ Routing Protocol တစ်ခုကိုသုံးပြီး Router တွေကိုချိတ်ဆက်ပြီးတဲ့အခါ Router တိုင်းမှာ Route ၁ သောင်းစီရှိသွားပါလိမ့်မယ်။
တကယ်လို့ Routing Protocol က Router တွေကို အုပ်စုဖွဲ့ခွင့်ပေးပြီး၊ Router တွေကိုလည်း ပေါင်းချုပ်ခွင့်ပေးတယ်ဆိုပါစို့။ Router ၁၀၀ ကို ၊ Router ၁၀ ခုစီပါတဲ့ အုပ်စု ၁၀ စုခွဲလိုက်ပြီး အုပ်စုတစ်ခုနဲ့တစ်ခုကြားမှာ ပေါင်းချုပ်ထားတဲ့ Route တွေကိုဘဲ ဖလှယ်ကြမယ်ပေါ့။ ဒီလိုပြင်လိုက်တဲ့အခါမှာ Router တိုင်းမှာ Router ၁ ထောင်စီဘဲရှိတော့မှဖြစ်ပါတယ်။ memory ၁၀ ဆ သက်သာသွားတာပေါ့။ Route တွေနဲသွားတော့ CPU က Routing Table မှာရှာတဲ့အခါလည်း ပိုမြန်သွားပါမယ်။

ဒီလိုအဆင့်ခွဲ၊ အုပ်စုခွဲတာကို Hiearchial Routing လို့ခေါ်ပါတယ်။ OSPF နဲ့ IS-IS မှာ Area ခွဲတဲ့နည်းကိုသုံးပြီး အုပ်စုခွဲနိုင်ပါတယ်။
Route တွေပေါင်းချုပ်တာကိုတော့ route summarization လို့ခေါ်ပါတယ်။ OSPF, IS-IS, EIGRP, BGP အားလုံးမှာ route ပေါင်းချုပ်တာကို သုံးနိုင်ပေမယ့် အသုံးပြုပုံခြင်းကွာပါတယ်။ OSPF မှာ Route ပေါင်းချုပ်တာကို မတူတဲ့ area ၂ ခုကို ဆက်သွယ်ပေးတဲ့ Router (ABR - Area Border Router) မှာသာသုံးလို့ရပြီး ၊ EIGRP မှာတော့ ကြိုက်တဲ့နေရာမှာ Router ပေါင်းချုပ်တာကို သုံးနိုင်ပါတယ်။

ဒီလို hiearchial routing လုပ်နိုင်ဖို့၊ route summarization လုပ်နိုင်ဖို့ သေချာကြိုတင်ပြင်ဆင်ရပါမယ်။ Network တစ်ခုမှာ Router အသစ်တစ်ခု၊ Switch အသစ်တစ်ခု တပ်ဆင်တဲ့အခါ ထင်ရာမြင်ရာ port တင်ခုမှာ ချိတ်လိုက်ရင် hiearchial routing လုပ်ဖို့မဖြစ်နိုင်သလို၊ ထင်ရာမြင်ရာ IP address ပေးလိုက်မယ်ဆိုရင် route summarization လုပ်ဖို့မဖြစ်နိုင်ပါဘူး။

အပြားလိုက် (flat)၊ ကွင်း (ring) ပုံစံဖြစ်နေတဲ့ Network မှာ hiearchial routing နည်းလမ်းသုံးဖို့မလွယ်ပါဘူး။

(POE) နဲ့ကစားကြမယ် - Power Over Ethernet




          POE ဆိုတာနည်းပညာတစ်ခုဖြစ်ပါတယ်။ POE ရဲ့အမည်အရှည်ကတော့ Power Over Ethernet လို့ခေါ်ပါတယ်။ POE ကို Ad-hoc Technique နှင့် IEEE Standard တို့ပေါင်းပြီးထုတ်လုပ်ထားတာဖြစ်တယ်။
သို့သော် POE ကို IEEE Standard ဖြင့် အဓိကထား ထုတ်လုပ်ထားတာဖြစ်ပါတယ်။
POE ရဲ့ IEEE Standard ကတော့ IEEE802.3 ဖြစ်တယ်။ ဒါကြောင့် IEEE802.3 သည် POE ဖြစ်တယ်။ အခု ကျွန်တော်က POE ဆိုပြီး ပြောနေတယ်။
ဒါပေမယ့် POEဆိုတာ ဘာလဲလို့နားမလည်ကြသေးဘူးမဟုတ်လား။ကဲဒါဆို POE ဆိုတာကြီးကို နားလည်အောင်ပြောပြပါတော့မယ်။
POE က Power Over Ethernet လို့ ခေါ်တယ်။ Ethernet ဆိုတာကတော့ အားလုံးသိကြမယ်လို့ ထင်ပါတယ်။
Ethernet ဆိုတာကလည်း Protocol ပါပဲနော်။ အဲဒီ Ethernet ကို ဘယ်မှာအသုံးပြုတာလဲဆိုရင်တော့ Computer တစ်လုံးနှင့်တစ်လုံး Network ချိတ်ဆက်တဲ့နေရာမှာ အသုံးပြုတာဖြစ်တယ်။
အခုကျွန်တော်ပြောမယ့် POE (Power Over Ethernet) ကတော့ Ethernet ပေါ်ကနေ Power သွားတာကို ပြောချင်တာ ဖြစ်မယ်။
IEEE ကနေ Power Over Ethernet နည်းပညာကို 2003 ခုနှစ်မှာ စတင်ခဲ့တာဖြစ်တယ်။
POE ကိုထုတ်လုပ်ခဲ့တဲ့ပုံစံကတော့ Power ပေါ်မှာ Data သွားနိုင်သလို Data ပေါ်မှာလည်း Power သွားနိုင်ရမယ် ဆိုတဲ့ပုံစံနဲ့ ထုတ်လုပ်ထားတာဖြစ်တယ်။
အံ့သြသွားပြီလား! POE က Power ပေါ်မှာ Data သွားတယ်ဆိုတာကျွန်တော်တို့အိမ်တွေမှာ အသုံးပြုနေတဲ့ လျှပ်စစ်မီးလိုင်း ဖြစ်တဲ့ Power Link ကနေတစ်ဆင့် Data သွားနိုင်သလို Computer
တစ်လုံးနှင့်တစ်လုံး Network ချိတ်ဆက်တဲ့နေရာမှာ အသုံးပြုတဲ့ Ethernet Cable ဖြစ်တဲ့ CAT 5 Cable ပေါ်ကနေ လျှပ်စစ် Power ကော Data ပါသွားနိုင်ပါတယ်။ ဟ....ဒါဆိုရင်စဉ်းစားစရာဖြစ်သွားပြီ။
အခုကျွန်တော် တို့ အသုံးပြုနေတဲ့ လျှပ်စစ်မီးလိုင်းကနေ POEကို အသုံးပြုပြီးတော့ Computerတွေ Network တွေချိတ်ဆက်မယ်ဆိုရင် Network ချိတ်ဆက်လို့ရနိုင်မ လား။  ရတာပေါ့ဗျာ.... သိပ်ရတာပေါ့...။
ကျွန်တော်တို့အိမ်တွေမှာ အသုံးပြုနေတဲ့ လျှပ်စစ်မီးလိုင်းကနေ POE ကို အသုံးပြုပြီးတော့ Computer တွေကို Network တွေ ချိတ်ဆက်မယ်ဆိုရင်  Network ချိတ်ဆက်လို့ရပါတယ်။
ဒါဆိုရင် Ethernet Cable ဖြစ်တဲ့ CAT 5 Cable ပေါ်ကနေ POE ကိုအသုံးပြု ပြီးတော့  လျှပ်စစ် Power ပေးချင်တယ်ဆိုရင် Power ပေးလို့ရနိုင်မလား? ရတာပေါ့ဗျာ အရမ်းရတာပေါ့။
အခုဆိုရင် POE နည်းပညာကိုအသုံးပြုပြီးထုတ် လုပ်ထားတဲ့ VOIP device, Wireless Access Point, Switch တွေစတဲ့ Device တွေမှာ ကျွန်တော်တို့တွေ အရင်တုန်းကလိုလျှပ်စစ်ပလပ်ပေါက်မှာ Device
တစ်ခုချင်းစီအတွက် Power ပေးစရာမလိုတော့ဘဲ Ethernet Cable လေးထိုးပေးလိုက်ရုံနဲ့ Power လဲပေးပြီး Data လဲသွားနိုင်မှာဖြစ်ပါတယ်။ ကဲ ကဲ ဒီလောက်ဆိုရင် POE လို့ခေါ်တဲ့ Power Over Ethernet အကြောင်းကို နားလည်လောက်ပြီလို့ထင်ပါတယ်။ ဒါကြောင့် Power Over Ethernet အ ကြောင်းကို ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ်။

Sunday, April 9, 2017

Write Protect လုပ်ထားသည့် SD Card ကို Format ပြုလုပ်ခြင်း




တစ်ခါတစ်လေမှာ Write-Protect ပြုလုပ်ထားတဲ့ SD Card, Flash Drive တွေကို Format ပြုလုပ်လို တဲ့အခါမှာ Switch ပါရှိတဲ့ Drive တွေဟာ အလွယ်တကူနဲ့ Switch ကို အဖွင့်အပိတ် ပြုလုပ်ပြီး Format
ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အချို့သော SD Card တွေဟာ Write Protect ပြုလုပ်တဲ့ Switch မရှိဘဲ Write-Protect ဖြစ်နေတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ အထဲက ဖိုင်တွေကို ဖျက်ပစ်ချင်သူတွေ၊ SD Card ကို Format ပြုလုပ်ချင်သူများအနေနဲ့ အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
Write-Protect ကို Registry ကနေ ဖယ်ရှား ရှင်းလင်းနည်းနဲ့ Command Prompt ကနေ ဖယ်ရှားနည်း
နှစ်နည်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ Registry ကနေ ဖယ်ရှားမယ့် နည်းလမ်းကတော့ ပထမဆုံး Run Box ကို ဖွင့်ပြီး Regedit လို့ ရိုက်ထည့် လိုက်ပါ။ ပြီးသွားရင် HKEY_LOCAL_MACHINE ကို ရွေးရမှာ
ဖြစ်ပါတယ်။ HKEY_LOCAL_MACHINE အောက်ရောက်ရင် SYSTEM ကို ရွေးပေးရပါမယ်။ အဲဒီ
အောက်ကမှ Current ControlSetControlStorage ဆိုတဲ့ လမ်းကြောင်းအတိုင်း ရွေးချယ်ပေးသွားရ မှာ ဖြစ်ပါတယ်။
Stroage ဆိုတဲ့အောက်ကို ရောက်ပြီဆိုရင် ညာဘက်အခြမ်းမှာ Write Protect ဆိုတဲ့ ဖိုင်လေးကို တွေ့ ရမှာ ဖြစ်ပါတယ်။ အဆိုပါ ဖိုင်လေးကို Double Click နှိပ်ပြီး တန်ဖိုးနေရာမှာ 0 ပေးထားလိုက်ပါ။ ပြီး သွားရင်တော့ Registry ထဲက ထွက်ပြီး ကွန်ပျူ တာကို Restart ပြုလုပ်ပေးလိုက်ရင် အဆိုပါ SD Card ဒါမှ မဟုတ် USB Drive တွေကို Write Protect ပြုလုပ်ထားတာ ပျက်ပြယ်သွားမှာ ဖြစ်ပါတယ်။
Command Prompt ကနေ ပြုလုပ်ချင်သူတွေအနေနဲ့ Command Prompt ကို ဖွင့်ဖို့အတွက် Run Box မှာ cmdဆိုတဲ့ Command ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ အကယ်၍ Windows 8 အသုံးပြု သူတွေဆိုရင်
တော့ cmd ကို ရိုက်ထည့်ပြီးရင် Run as Administrator ဆိုတာကို ရွေးချယ်ပြီး ဝင်ရမှာဖြစ်ပါတယ်။ Command Prompt ထဲကို ရောက်ပြီဆိုရင် ဖော်ပြပါ Command တွေကို တစ်ဆင့်ချင်းအသုံးပြု ရမှာ ဖြစ် ပါတယ်။
ပထမဆုံး diskpart ဆိုတဲ့ Command ကို အသုံးပြုရပါမယ်။ Diskpart လမ်းကြောင်းအောက် ရောက် သွားပြီဆိုရင် list disk ဆိုတဲ့ Command ကို အသုံးပြုရပါမယ်။ ဒီနေရာမှာ တပ်ဆင်ထားတဲ့ Stroage Device တွေ အကုန်လုံးကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ပြီးသွားပြီဆိုရင် select disk x (x ဆိုတဲ့ နေရာမှာ မိမိ Write Protect ဖယ်ချင်တဲ့ Device ရဲ့ နံပါတ်ကို ရွေးပေးရမှာ ဖြစ်ပါတယ်) ဆိုတာကို ရိုက် ထည့်ရ မှာ ဖြစ်ပါတယ်။ နောက်တစ်ဆင့်ကတော့ attributes disk clear readonly ဆိုတာကို ရိုက်ထည့်ပြီး
နောက်တစ်ကြောင်းမှာ clean ဆိုပြီး ထပ်မံ ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။
ဖိုင်တွေကို ရှင်းပြီး သွားပြီဆိုရင် Partition ပြုလုပ်ပေးဖို့အတွက် create partition primary ဆိုတာကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ formatfs=ntfs ဆိုပြီး ရိုက်ထည့်လိုက်ရင် Write Protect မိနေတဲ့ Device တွေကို Disk Part ပေါ်ကနေ ဖယ်ရှားပေးပြီး Format ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း

  windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...