ကျနော် အခုဆွေးနွေးချင်တာလေးကတော့  VPN လို့ ခေါ်တဲ့  Virtual Private Network Server တည်ဆောက်ခြင်းဖြစ်ပါတယ်။
ICS (Internet Connection Sharing ) ကို User Name & Password ဖြင့် ရှယ်မှာဖြစ်ပါတယ်။
ကဲစလိုက်ကြရအာင်ဗျာ ...
ပထမဆုံးအနေဖြင့်  Internet Connection ရှိနေတဲ့  Computer မှာ Configuration အရင်လုပ်ပါမယ်။
RUN >>>> ncpa.cpl ဟုရိုက်ပါမယ်..။ Network Connection ပေါ်လာရင် ALT ကီးကိုနှိပ်ရပါမယ်။
File >>>>> New Incoming Connection ကို Select လုပ်ပါမယ်။
Add Someone ကိုနှိပ်ပြီး User Name & Password ( မိမိ ကြိုက်နှစ်သက်ရာ ပေးနိုင်ပါတယ် ) ဖြည့် ပါမယ်။
Through the Internet ကို အမှတ်ခြစ်ပေးရပါမယ် .... ပြီးရင် Next ကိုသွားပါမယ်။
ှုInternet Protocol Version 4 (TCP/IPv4) ကို အမှန်ခြစ်ပေးပြီး Allow Access ကို Click ပါမယ်။
ပေါ်လာတဲ့ Computer Name ဆိုတာ ချိတ်ရမဲ့ Host Name ဖြစ်ပါတယ်... မှတ်ထားလိုက်ပါ။
RUN >>> ncpa.cpl ဟုခေါ်လိုက်ပါ Incoming Connection ဆိုတဲ့ Adapter ပေါ်နေရပါမယ်။ ဒါဆိုရင် Host (သို့ ) Server Computer မှာ လုပ်ဆောင်မှုပြီးပါပြီ။
င်္Important : Firewall တွင် VPN TCP port : 1723 ကို Allow ပေးထားရန်လိုအပ်ပါသည်။
(2)Client Configuration
ကဲ အခု ... Internet ယူမဲ့  Client Computer မှာ VPN ဆောက်ရပါမယ်။
Control Panel >>>> Network and Sharing Center>>>>> Setup a new connection network ကို Click ပါမယ်။
Connect to a workplace ကိုရွေးပြီး Next ကိုဆက်သွားပါမယ်။

Use my Internet Connection (VPN) ကို Click ရပါမယ်။

Internet Address မှာ ခုနက နောက်ဆုံးပေါ်လာတဲ့ Server Computer ရဲ့ နာမည် ကို ထည့် ပါမယ်။

User Name & Password ကိုထဲ့ပြီး Create လုပ်လိုက်ပါ...။ ဒါဆိုရင် VPN ဆောက်လို့ ပြီးပါပြီ။

RUN >>> ncpa.cpl မှ VPN Connection ကို ဖွင့်ပါ။ Username & Password ပြန်ထည့်ပြီး Connect လိုက်ရင် Internet ဝင်ပြီဖြစ်ပါတယ်။

No comments:
Post a Comment