Wednesday, July 19, 2017

Window 10 password reset ချနည်း

Windows 10 Password မေ့သူသူများအတွက်ကော

အကြာင်းအမျိုးမျိုးကြောင့် Windows Password အခက်အခဲဖြစ်သူများအတွက်

Password unlock ပြုလုပ် နည်း Video Tutorial တင်ပေးလိုက်ပါတယ်။

Windows 10 Password Unlock လုပ်ဖို့ အတွက်

Ultimate DLC System Boot CD လိုပါတယ်။

ထုံးစံအတိုင်း Password Reset ချဖို့အတွက်

Fist Boot ကို CD နဲတက်ပေါ့ဗျာ။အကယ်၍ USB Boot လုပ်ထားရင်လဲ

USB Boot နဲ့တက်ပေါ့ဗျာ။ ကျွန်တော် အရင်ကလဲ

Windows 7 Password Reset ချနည်း Tutorial တင်ထားပေးဖူးပါတယ်။

အခု Tutorial ထဲ့မှာတော့ အခု Ultimate DLC System Boot 2016 Version

 ခွေနဲလုပ်ပြထားတာပါ။ 
2016 Boot CD ကျတော့ Password Reset Tools တွေပိုလွယ်ကူလာပါတယ်။

System 2016 Boot CD Download Now

Windows 10 Password Unlock Tutorial


NORTHON GHOST ဖြင့် HDD တွေကို CLONE ရိုက်နည်း




 


 
HDD တွေကို ဘာကြောင့် Clone ရိုက်ရသလည်း ဆိုတာကို အရင်ရှင်းပြပါ့မယ်။


ကျွန်တော်တို့ စက်တစ်လုံးကို Window တင်တဲ့အခါမှာ WindowInstallation အပိုင်းချည်းပဲကို အနည်းဆုံး ၄၅ မိနစ်လောက်ကြာပါတယ်။ ဂိမ်းဆိုင် သို့မဟုတ် အင်တာနက်ဆိုင်အတွက် အခြားလိုအပ်

တဲ့ Software တွေကိုပါ ထပ်သွင်းမယ်ဆိုရင် အနည်းဆုံး ၂နာရီကျော်ကျော်လောက်ကြာပါတယ်။ ဒါဟာ စက်တစ်လုံးတည်းအတွက်ပါ။အကယ်လို့များ ကျွန်တော်တို့က ဆိုင်တစ်ဆိုင်မှာ စက်အလုံး ၂၀
ရှိတယ်ဆိုပါစို့ ကျွန်တော်တို့က တစ်လုံး ချင်းစီ တင်မယ်ဆိုရင်အချိန်ဘယ်လောက်ကြာမလည်းဆိုတာကို တွက်ကြည့်လိုက်ပါ။


ဒီတော့ ကျွန်တော်တို့က အချိန်တွေကိုလျော့ချပြီး အမြန်ဆုံး ပြီးစီးအောင် လုပ်ဆောင်ဖို့နည်းလမ်းကတော့ HDD Clone ရိုက်နည်းပဲဖြစ်ပါတယ်။ Clone ရိုက်နည်းများစွာရှိတဲ့အထဲမှာမှ ကျွန်တော်ဒီ Post မှာ Northon Ghost နဲ့ လုပ်ဆောင်နည်းကို ပြောပါ့မယ်။


ကဲ စကားတွေများသွားပြီဆက်လိုက်ရအောင် ကျွန်တော်တို့ အရင်
ဆုံး Northon Ghost ကို Install လုပ်လိုက်ပါ့မယ်။ ပြီးသွားပြီဆိုတာနဲ့Software ကို ဖွင့်လိုက်ပါ့မယ်။ဒါဆိုရင်အောက်ပါပုံအတိုင်းပေါ်လာပါလိမ့်မယ်။ 





အထက်ပါပုံအတိုင်းပေါ်လာပြီဆိုရင် ကျွန်တော်တို့က အောက်ပါပုံ

အတိုင်း




Ghost Advanced ကိုဝင်လိုက်ပါ့မယ်။ ဒီနေရာမှာ ကျွန်တော်တို့က

ညာဘက်ခြမ်းမှာရှိသော Clone ဆိုတာကို ၀င်လိုက်ပါ့မယ်။ ဒါဆိုရင်




အထက်ပါပုံအတိုင်းပေါ်လာပြီဆိုရင်တော့ ကျွန်တော်တို့က Next ကိုနှိပ်

လိုက်ပါ့မယ်။အောက်ပါပုံအတိုင်းပေါ်လာတဲ့အခါမှာ




ကျွန်တော်တို့က တစ်ခု အရေးကြီးဆုံး သတိထားရမယ့်အချက်က HDD ရဲ့ Model Number, Serial Number တွေပဲဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ အဲဒီ အချက်တွေကို သတိမထားပဲ မှားယွင်းလုပ်ဆောင်မိတယ်ဆိုရင် မူရင် Final လုပ်ထားတဲ့ HDD ကို ထိခိုက်ပျက်

စီးစေမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က Board မှာတပ်ဆင်မယ့်အခါမှာ Port ဘယ်လောက်မှာတပ်မှာလည်း?..... နောက်တစ်ချက်က HDD ရဲ့ Lable မှာပါတဲ့ Size, Model, Serial Number

တွေကို သေချာမှတ်ရပါမယ်။ မူရင်း HDD ကို Source နေရာမှာဖော်ပြပေးပြီးတော့ Clone လုပ်မယ့် HDD ကို Desination နေရာမှာဖော်ပြပေးမှာဖြစ်ပါတယ်။ အထပ်ဖော်ပြပါပုံအတိုင်း Select မှတ်ပေး

ပြီးတာနဲ့ Next ကို နှိပ်ပေးလိုက်ပါမယ်။




ဖော်ပြပါပုံကတော့  Clone လုပ်မယ့် Disk ကို ပြောတာဖြစ်ပါတယ်။

ကျွန်တော်တို့က OK ကို နှိပ်လိုက်ပါမယ်။






ပြီးသွားရင် အထပ်ပါပုံအတိုင်းမှ Next ကို နှိပ်လိုက်ပါမယ်။ Advanced settings

ထဲကို ၀င်စရာမလိုပါ...





အထက်ပါပုံအတိုင်းပေါ်လာပြီဆိုရင် ကျွန်တော်တို့က Run Nowဆိုတာကို နှိပ်ပေးလိုက်ပါမယ်။ဒါဆိုရင်တော့ အောက်ပါပုံအတိုင်း

ပေါ်လာမှာဖြစ်ပါတယ်။




ဒီနေရာမှာ Message ပြတာကတော့ OK နှိပ်ပြီးတာနဲ့ စက်က Restartကျသွားပြီး DOS Mode ထဲကနေ လုပ်မယ်ဆိုတာကိုပြောတာဖြစ်ပါတယ်။

OK နှိပ်ပြီးတာနဲ့ ကွန်ပျူတာက Restart ကျသွားပါမယ်။ ပြန်တက်လာတဲ့

အခါမှာတော့




ရွေးချယ်စရာ ထဲမှာမှ Option 1 ကိုရွေးချယ်ပေးလိုက်ပါမယ်။ ဒါဆိုရင်တော့




 HDD ကို Clone လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။

% 100 ပြီးသွားပြီဆိုရင်တော့  HDD ကို Clone လုပ်ဆောင်ခြင်းပြီးသွားပြီဖြစ်ပါတယ်။ ဒီအခါမှာတော့ မိမိကွန်ပျူတာတွေမှာ တပ်ဆင်ပြီး အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ အချိန်အားဖြင့် အနည်းဆုံး

၃၀ မိနစ်လောက်ကြာမြင့်မှာဖြစ်ပါတယ်။ နောက်ထပ်ဆက်လက်ပြီးတော့လည်း Ancronic True Image ဆိုတဲ့ Software နဲ့ Clone လုပ်နည်းကိုလည်း ဖော်ပြပေးပ့ါမယ်။ Ancronic နဲ့ ဆိုရင်တော့

အများဆုံး ၁၅ မိနစ်လောက်ပဲကြာမှာဖြစ်ပါတယ်။ အားလုံးပဲအဆင်

ပြေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်။

 Download here


Computer မှာ Blue Screen Error ဘာကြောင့်ဖြစ်လဲ ဘယ်လိုဖြေရှင်းမလဲ

ကျွန်တော်တို့ တစ်ခါတစ်လေမှာ computer အသုံးပြုနေရင် အပြာရောင် screen ကြီးပေါ်လာပြီးဘာမှ 
ဆက်လုပ်လို့ မရတော့ တာမျိုး တွေဖူးမှာပါ။ အဲဒါကို Blue Screen of Death (BSoD) လို့ခေါ်ပါတယ်။

အဲဒီ (BSoD) ဘာကြောင့် ဖြစ်ရသလဲ ဆိုရင် (တော်တော် များများကတော့ Memory error ကြောင့်လို့
ပြောကြပါတယ်)။ တကယ်တော့ (BSoD) Blue Screen error ဖြစ်ရတဲ့ အကြောင်းအရင်း အများကြီးပါ။

အဲဒီ Blue Screen ကြီးရဲ့ဖန်တီးရှင်ကတော့ Microsoft ရဲ့ Window Operating System ပါဘဲ။

Window Operating System ဟာ System error တွေကရုန်းမထွက်နိုင်တဲ့အခါ System Error တွေ
ကို recover မလုပ်နိုင်တော့တဲ့အခါမျိုးမှာ ပေါ်လာတာဖြစ်ပါတယ် ။ 

Blue Screen ကို Microsoft Window Version 3.1 တည်းကစတင်ပါဝင်လာပါတယ် ။ Window Vista 
ရဲံ ကနဦး Versions မှာ Boot Loader Error ကို (RSoD) Red Screen of Death နဲ့ပြပါတယ် ။

Drive တစ်ခုဟာ Kernal Mode မှာအလုပ်လုပ်နေစဉ် system error တွေကို recover မလုပ်နိုင် တဲ့အ
ချိန်မှာ Blue Screen Error ဖြစ်ပေါ်နိုင်ပါတယ် ။ အဲဒီလို့ဖြစ်ရင် Window ကို Restate လုပ်ပေးခြင်းက
ကောင်းဆုံးဖြစ်ပါတယ် ။ Blue Screen ပေါ်မှာပြထားတဲ့စာသားတွေက Software Engineer တွေအ
တွက် error fix လုပ်နိုင်ဖို့ဖေါ်ပြထားတဲ့စာသားတွေပါ ။ eg.(0x0000001E -KMODE -EXCEPTION -
NOT-LIANDLED )ဆိုတဲ့စာသားမျိုးတွေပါ ။ အဲဒီစာသားတွေထဲမှာ error ဖြစ်နေတဲ့ Address ကို ဖော်
ပြပေးပါတယ် ။အဲဒီမှာerror ဖြစ်နေတဲ့ Driver ကိုပါပြပေးပါတယ် ။

အများသောအားဖြင့် window တိုင်းဟာ Default အားဖြင့် (BSoD)ဖြစ်တာနဲ့ Memory Dump လုပ်ပါ
တယ် ။ Memory dump ဆိုတာ Physical Memory ထဲရှီကြောင်းအရာအားလုံးကို Copy ကူးတာပါ။
Operating System version ပေါ်မူတည်ပြီ Dump လုပ်တဲ့ format လည်းအမျိုးမျိုးရှိနိုင်ပါတယ်။

Dump လုပ်လို့ရလာတဲ့ file ကို Kernal debugger နဲ့ debugged လုပ်လို့ရပါတယ် ။ဘာဖြစ်လို့လဲဆို
တော့ Blue Screen မှ ပြထားတဲ့စာသားတွေမှာ ကန့်သတ်ချက်ရှိလို့ပါ ။ သူပြတဲ့error နဲ့ တကယ်ဖြစ်
နေတဲ့ error နဲ့က ကွဲလွဲနေနိုင်ပါတယ် ။အဲဒီတော့ debugger နဲ့ trace လိုက်ရမှာပါ ။ Debugger ကို 
Microsoft က နေ free download ရနိုင်ပါတယ်။

(BSoD) ဟာ Boot Loader error ကြောင့်လည်းဖြစ်နိုင်ပါတယ် ။ အဲဒီလိုအချိန်မှာ Hard drive လည်း 
အသုံးပြုလို့မရသေးတာကြောင့် Memory Dump လည်းလုပ်လို့မရပါဘူး။ window CD နဲ့ Boot တက်
ပြီး error fix လုပ်ရမှာဖြစ်ပါတယ်။

နောက်ထပ် (BSoD) ဖြစ်ရတဲ့အကြောင်း ကတော့ DLL fileတွေCompatibalမဖြစ်လို့ပါ။ Application 
program တွေမှာ DLL file တွေလိုအပ်တဲ့အခါ DLL file တွေကို window က Memory ပေါ်ကို လှမ်း
တင်ပါတယ်။ အဲဒီမှာ Application version ပြောင်းထားတာတို့ ။ DLL နှင့် version မတူတာတို့ဆိုရင် 
လဲ (BSoD) ဖြစ်နိုင်ပါတယ် ။

ဘယ်windows မှာဘဲဖြစ်ဖြစ် အထက်ပါအကြောင်းများကြောင့် (BSoD) ဖြစ်နိုင်သလိုတစ်ခြားတွေ
ကြောင့်လဲ ဖြစ်နိုင်ပါတယ် ။ Virus ကြောင့်လဲ (BSoD) ဖြစ်နိုင်ပါတယ်။ Memory Compatible မဖြစ်
လို့ ဒါမှမဟုတ် Bad Memory တွေကြောင့်လဲ ဖြစ်နိုင်ပါတယ် ။တစ်ခြားအကြောင်းအရာတွေကြောင့်
(BSoD) ဖြစ်နိုင်ပါတယ် ။

Blue Screen Error ဖြေရှင်းနည်း


ဒီနည်းကတော့ Blue screen ဖြေရှင်းနည်းတွေထဲက နောက်တစ်နည်း ဖြစ်ပါတယ်။ Blue screen 
တက်တက်လာလို့ စိတ်ညစ်နေတဲ့ သူငယ်ချင်းများအတွက် အထောက်အကူ ဖြစ်မယ်ထင်လို့ပါ။ 

Window XP, Vista & 7 တွေအတွက် အကုန်အသုံးပြုလို့ ရနိုင်ပါတယ်။ လက်တွေ့စမ်းသပ်
ကြည့်ပြီးလို့ အဆင်ပြေသွားလို့ ဝေမျှလိုက်ပါတယ်။ အဆင်မပြေတာများ ရှိခဲ့ရင်တော့ ကျတော့်ရဲ့ 
အားနည်းချက်ပဲ ဖြစ်ပါလိမ့်မယ်။ အခု ကျတော်က Windows Vista နဲ့ လုပ်နည်းလေး တင်ပြပေး
ပါ့မယ်။ အောက်မှာ ဆက်လေ့လာကြည့်လိုက်ပါ။

လုပ်နည်း

1. Start menu Computer ကို Right Click ထောက်ပီး Properties ကို ၀င်လိုက်ပါ။


2. ကျလာတဲ့ Box ရဲ့ ဘယ်ဘက်နားလေးက advanced system setting ကို ၀င်လိုက်ပါ။


3. System Properties Advanced ထဲမှ အနီဝိုင်းပြထားတဲ့ Setting ကို ၀င်လိုက်ပါ။


4. System and Recovery ထဲမှ အနီရောင် ၀ိုင်းပြထားတဲ့ အောက်မှာရှိတဲ့ Automatically restart ကို အမှန်ခြစ်လေး ဖြုတ်ပေးလိုက်ပါ။ (ပုံမှာကြည့်ပါ)။ ပီးရင် OK ပေးလိုက်ပါ။


ဒါဆိုရင်တော့ ပုံမှန်တက်လာနေကျ Bluescreenဆိုတာကြီး မတက်လာတော့ပါဘူး။


Tuesday, July 18, 2017

Cisco Packet Tracer 60_Build45







Network နယ်ပယ်မှာတော့ Cisco ဆိုတာ နာမည်အကြီးဆုံးဖြစ်ပါတယ်။
Network ကို စတင်လေ့လာမယ့်သူပဲဖြစ်ပါစေ၊ တတ်ကျွမ်းနာလည်းပြီးသား
သူများပင်ဖြစ်ပါစေ Packet Tracer Software လေးကို အသုံးပြုကြရမြဲဖြစ်ပါတယ်။
Network ကို စမ်းသပ်မယ်ဆိုရင် အပြင်မှာ Hardware ပိုင်းနဲ့သာစမ်းမယ်ဆိုရင်
ငွေကုန်ကြေးကျ အရမ်းများပါတယ်။ Router,Net Cable,Net Tools,Connector 
တွေစသဖြင့် အများကြီးဝယ်ပြီး စမ်းနေရမှာပါ။ ဒါကို ဖြေရှင်းပေးဖို့ 
Ciscoကနေ ဆော့ဝဲလေးထုတ်လုပ်ထားပါတယ်။ ဆော့ဝဲလေးထဲမှာတင်ပဲ
Server,PC,Laptop,Phone,etc... များအား နည်းလမ်းမျိုးစုံတို့ဖြင့်
Cinfigure ချပြီး Network လုပ်ငန်းများကို Planning လုပ်လို့ Pratical လုပ်လို့အဆင်ပြေစေမှာပါ။ CCNA လေ့လာတဲ့သူတိုင်းကတော့ ဒီဆော့ဝဲလေးကိုအကျွမ်းတ၀င် သိရှိကြပါတယ်ခင်ဗျာ။





(1)Prepare for CCNA Exam -CCNA ဖြေဖို့ကြိုးစားနေတဲ့ သူငယ်ချင်းများအတွက် -(2) Cisco Packet Tracer V.5.3 | (3) CCNA Lab Training Video


Prepare for CCNA Exam

CCNA ဖြေဖို့ကြိုးစားနေတဲ့ သူငယ်ချင်းများအတွက် ဒီ Post ကိုဝေမျှလိုက်ပါတယ်။

CCNA ဖြေဖို့အတွက် လိုအပ်တဲ့ Software တွေကတော့

1. Cisco Packet Tracer
2. Visual CertExam Suite တို့ပဲဖြစ်ပါတယ်။

အထက်ပါ Software တွေရပြီဆိုရင်တော့ လေ့လာစရာ Study Guide Book, Website နဲ့ Questions & Answers အတွက် vce File ပဲလိုပါတော့တယ်။

Study Guide Book ကိုတော့ ဒီနေရာကနေ ရယူလိုက်ပါ။
Simulation နဲ့ Simulation Questions & Answers အတွက်လေ့လာသင့်တဲ့ Website ကတော့ ဒီမှာပါ။
Questions & Answers အတွက်ဆိုရင်တော့ ဒီနေရာကနေ ရယူလိုက်ပါ။

CCNA နဲ့ ပတ်သက်ပြီး သင်တန်းတက်ရောက် ပြီးသားသူတွေဆိုရင်တော့ အထက်မှာဖော်ပြပေးထားတဲ့ Software တွေနဲ့ Exam Material တွေပြည့်စုံပြီဆိုရင်တော့ စာမေးပွဲဖြေဖို့အတွက် စာစကြည့်လို့ရပါပြီ။ တစ်ကယ်လို့ သင်တန်းတက်ရောက် ထားခြင်းမရှိဘူးဆိုရင်တော့။ Video Training တွေလိုအပ်ပါလိမ့်မယ်၊ Video Training ထဲမှာတော့ CBT Nuggets ရဲ့ Training ကတော်တော်လေးကောင်းပါတယ်။ Network နဲ့ပတ်သက်ပြီးအခြေခံမရှိ သေးတဲ့သူတွေတောင် CBT Nuggets ကို ၂ခေါက်၊ ၃ခေါက်လောက် သေသေချာချာကြည့်လိုက်တာနဲ့ နားလည်လာနိုင်ပါတယ်။ Trainer ပြောတဲ့ English ကလဲ အရမ်းခက်ခဲတဲ့ အသုံးအနှုန်းတွေ မပါသလို၊ စကားပြောတာကလဲ အရမ်းမမြန်ပါဘူး။

Training Video ကို Online ကနေ Share ပေးချင်ပေမဲ့ Connection အခြေအနေကြောင့် ဘယ်လိုမှ Share လို့အဆင်မပြေဘူးဖြစ်နေလို့ပါ။ Training Video ကိုလိုချင်တဲ့ ရန်ကုန်က သူငယ်ချင်းတွေကတော့ ကျွန်တော့ဆီကို လာယူလို့ရပါတယ်။

CCNA စာမေးပွဲကိုဖြေဖို့ အတွက် CCNA နဲ့ပတ်သက်တဲ့ စာတွေကိုလေ့လာပြီးပြီဆိုရင်တော့ Exam Collection ထဲကိုသွားပြီးတော့ မေးခွန်းကို Download လုပ်ယူလိုက်ပါ။ အဲ့လို Download လုပ်ယူတော့မယ်ဆိုရင် တော့ဘယ်မေးခွန်းကို ဘယ်သူတွေက ဘယ်လို Comment ပေးထားတယ်ဆိုတာကို အရင်ဆုံးလေ့လာကြည့်ရမှာဖြစ်ပါတယ်။ အဲ့လို လေ့လာကြီးပြီး အများစုက recommend ပေးထားမဲ့ အဲ့ဒီမေးခွန်းကို လေ့လာပါ။

မေးခွန်းတွေကို လေ့လာတဲ့အခါမှာ A,B,C,D စတဲ့ Answer Senior တွေကို အလွှတ်မကြည့်ပါနဲ့။ မေးခွန်းကို ကျက်မယ်ဆိုရင်တောင် အဖြေအပြည့်အစုံကိုပဲ ကျက်မှတ်ပါ။ ဘာလို့လဲဆိုတော့ စာမေးပွဲဖြေတဲ့အခါမှာ အဖြေတွေက ကိုယ်ကြည့်ထားတဲ့ မေးခွန်းထဲကအတိုင်း Senior အလိုက်အလာပါဘူး။ မေးခွန်းတွေကို လေ့လာလို့ (သို့) ကျက်မှတ်လို့ပြီးပြီဆိုရင်တော့ www.9tut.com ကိုသွားပြီးတော့ Simulation တွေကို Download လုပ်ယူပြီး လေ့လာရမှာဖြစ်ပါတယ်။ မေးခွန်းတွေကိုပဲ ကြည့်သွားပြီး Simulation ကိုလုံးဝမဖြေဘူးလို့တော့ အစဉ်းစားကျပါနဲ့ ဘာလို့လဲဆိုတော့ Simulation ကအနဲဆုံး (၄)ပုဒ်ပါပါတယ်။ တစ်ပုဒ် ကိုအမှတ် ၁၀၀ ၀န်းကျင်လောက် ပေးတယ်လို့ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော် Simulation တစ်ပုဒ် မဖြေနိုင်လိုက်တာ အမှတ် ၁၅၀ လောက်လျော့သွားလို့ပါ။

Simulation မှာ ၂ မျိုးရှိပါတယ်။

ပထမအမျိုးအစားက Configuration Simulation ပါ။ မေးခွန်းမှာပေးထားတဲ့ အတိုင်း ကိုယ်ကိုယ်တိုင် Configure လုပ်ရတာမျိုးပါ။ (ဥပမာအားဖြင့် -Access List Simulation 2)

ဒုတိယအမျိုးအစားက Simulation Question & Answer ပါ။ သူတို့မေးထားတဲ့ မေးခွန်းတွေကို ဖြေဖို့အတွက် Show command ကိုအသုံးပြုပြီး လိုက်ရှာရတာမျိုးပါ။(ဥပမာအားဖြင့် - VTP Simulation)

နောက်ဆုံးတစ်ချက်အနေနဲ့ သတိထားရမှာက CCNA စာမေးပွဲ ဖြေချိန်က ၁၄၀ မိနစ်ပါ၊ ဖြေဆိုရမဲ့ မေးခွန်းက ၅၀ပုဒ်ကျော်ပါ၊ အောင်မှတ်ကတော့ ၈၂၅မှတ်ကျော်မှ အောင်မှာပါ။ မေးခွန်းတွေကို ဖြေတဲ့အခါမှာလဲ ဖြေပြီးလို့ Next ကိုနှိပ်လိုက်ပြီးရင် ပြန်ပြင်လို့မရသလို ပြန်ကြည့်ခွင့်လဲ မရှိပါဘူး။ ဒါကြောင့်မို့ စာမေးပွဲဖြေနေတဲ့အချိန်မှာ စိတ်အေးအေးထားပြီးတော့ အဖြေကိုသေချာစဉ်းစားပြီးရွေးပါ။ ရွေးပြီးလို့ Next ကိုနှိပ်လိုက်ပြီးရင်တော့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးသလိုပါပဲ။

CCNA ဖြေဆိုသူအားလုံး အောင်မြင်ကျပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

.

=================================================

Cisco Packet Tracer V.5.3


CCNA ဖြေဖို့ Cisco Device တွေကို လက်တွေ့စမ်းသုံးဖို့ ဆိုတာ ကျွန်တော်တို့ နိုင်ငံမှာ မလွယ်ပါဘူး။ ဒါကြောင့် CCNA ဖြေဖို့အတွက် Lab တွေလုပ်ရာမှာ အသုံးပြုဖို့ Cisco ကထုတ်ပေးထားတဲ့ Packet Tracer V.5.3 ကို ဝေမျှလိုက်ပါတယ်...............





Download

 .
.

 ========================================================

CCNA Lab

CCNA ဖြေဖို့ ကြိုးစားနေတဲ့ သူငယ်ချင်းတွေ အတွက် CCNA Lab Training Video ကိုဝေမျှပေးလိုက်ပါတယ်.....



Part-1
Part-2
Part-3
Part-4
Part-5
Part-6


Myanmar Fonts ( Alpha Zawgyi,Myanmar2, Myanmar3)

Myanmar Fonts တွေတင်ပေးလိုက်ပါတယ်ခင်ဗျာ။ Alpha Zawgyi ရယ် ၊ အစိုးရရုံးတွေအသုံးများတဲ့ Myanmar 2 font ရယ် ၊နောက်နှစ်တွေမှာ windows တွေမှာပါလာမဲ့နောက်ဆုံးထွက်တဲ့ Myanmar 3 font လေးတွေတင်ပေးလိုက်ပါတယ်။အခုဆိုMyanmar3 font ကို Google Chrome မှာအသုံးပြုနေပါသည်။အောက် Link ကနေ Download လုပ်နိုင်ပါပြီခင်ဗျာ။











Apha Zawgyi (for 32 bit ) - Download Here:
Alpha Zawgyi (for 64 bit) - Download Here:

Myanmar 2 fonts - Download Here:

Myanmar 3 fonts - Download Here:


Monday, July 3, 2017

Windows 10 မှ Log in Password ကို ဖျောက်နည်း


Windows 10 သုံးတဲ့သူအတော်များများ ကွန်ပြူတာဖွင့်လိုက်ရင် Log in
ဝင်ဘို့ Password ရိုက်ရတာကိုအတော်စိတ်ပျက်တတ်ကြပါတယ်။ဘယ်လို
ဖျောက်ရမလဲ မသိတော့ တခါဖွင့်တခါ Password ရိုက်ဖြစ်နေကြပါတယ်။

အဆင့်(၁)
ပထမဆုံး အနေနဲ့ Windows 10 ရဲ့ Run(Search Box) မှာ netplwiz လို့
ရိုက်လိုက်ပါ။တက်လာတဲ့ netplwiz ကိုကလစ်ပါ။(ပုံကိုကြည့်ပါ)




အဆင့်(၂)
ဖွင့်လိုက်တဲ့ netplwiz ဘောက်မှ ပုံမှာပြထားတဲ့အမှန်ခြစ်လေးကို ဖြုတ်
လိုက်ပါ။ပြီးရင် Apply ကိုကလစ်ပါ။




အဆင့်(၃)
အောက်က ပုံမှာမြင်ရတဲ့အတိုင်း အခုလက်ရှိသုံးနေတဲ့ User Name နဲ့
Password ကို ရိုက်ပါ။ပြီးရင် OK ကိုကလစ်ပါ။ပြီးရင်အဲဒီဘောက်ကိုပိတ်
လိုက်ပါ။




Restart (သို့မဟုတ်) Shutdown လုပ်ပြီး ကွန်ပြူတာကိုပြန်ဖွင့်ကြည့်ပါ။
User Name နာမည်ပေါ်လာပြီး Password ရိုက်စရာမလိုဘဲ အော်တိုပွင့်
တာကိုတွေ့ရမှာပါ။

WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း

  windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...