Friday, May 26, 2017

Jailbreaking ဆိုတာဘာလဲ


Jailbreak လုပ်တယ်ဆိုတာ Apple ကုမ္ဋဏီက iOS လို့ခေါ်တဲ့ operating system နဲ့ run တဲ့ သူ့ထုတ်ကုန်ပစ္စည်းတွေ အပေါ်မှာ ကန့်သတ်ထားတဲ့ သတ်မှတ်ချက်တွေကို ချိုးဖောက်ပြီးတော့ ကိုယ်သုံး ချင်တဲ့ လိုင်း၊ ကိုယ်သုံးချင်တဲ့ဆော့ဖ်ဝဲတွေနဲ့ သုံးနိုင်အောင် တရားမဝင် ပြုလုပ်ခြင်းလို့ အကြမ်းဖျင်း အဓိပ္ဋာယ်ဖွင့်ဆိုနိုင်ပါတယ်။
ဥပမာ နောက်ဆုံးထွက် iPhone 7+ လိုမျိုးမှာ jailbreak လုပ်တာတွေ ခေတ် စားတယ်။ တစ်နည်းပြောရရင်တော့ ပိတ်ထားတာတွေကို ပွင့်သွားအောင် နည်းမျိုးစုံသုံးပြီး၊ သတ်မှတ်ထားတဲ့ ဟာ့ဒ်ဝဲအပေါ်မှာ အခြား ကိုယ်သုံးချင်တဲ့ နာမည်ကြီး ဆော့ဖ်ဝဲနဲ့ application တွေကို သုံးနိုင်အောင် စီစဉ်ခြင်း လို့ ဆိုနိုင်ပါတယ်။

iPhone 6 နဲ့ iPhone 6S တွေကို jailbreak လုပ်သင့်တယ်
iPhone ပိုင်ဆိုင်သူတွေအနေနဲ့ jailbreak ဟာ စိတ်ဝင်စားစရာ ကောင်းတဲ့ စွန့်စားမှုတစ်ခုလို့ဆိုနိုင်တယ်။ Application တွေ၊ network နဲ့ system တွေကို လမ်းပွင့်သွားပြီး ပြဿနာအတော်များများကို ဖြေ ရှင်းပြီးသားဖြစ်သွားလိမ့်မယ်။ မိုဘိုင်းဖုန်း အတော်များများဟာ သူတို့ ကိုယ်ပိုင် share တွေနဲ့သာ အဆင်ပြေကြတာများတယ်။
ကိုယ့်ဖုန်းကို ကိုယ့် system အတိုင်း ကန့်သတ်ချက်တွေရှိနေသရွေ့ jailbreaking တွေကခေတ်စားနေမှာပဲ။ ကန့်သတ်ချက်တွေကို မကြိုက်ရင်၊ iPhone အတွက် သတ်မှတ်ပေးထားတဲ့ application တွေကိုပဲ မသုံးချင်ရင်၊ iPhone 6/6S တွေကို လိုတာထက် ပိုသုံးချင်ရင် jailbreaking လုပ်သင့် တယ်လို့ အကြံပြုကြတယ်။


Jailbreaking လုပ်သင့်တယ်ဆိုတဲ့ အမြင် ၃ ရပ်ရှိတယ်
1- အခြား Network တွေကိုပါ ရနိုင်တယ်
iPhone သုံးသူတွေမှာ ပြဿနာက အထူးသဖြင့် iPhone 6 နဲ့ 6S မော်ဒယ်တွေမှာ သတ်မှတ်ထားတဲ့ network ကုမ္ဋဏီတွေရဲ့ လိုင်းခွင် အတွင်းမှာသာ သုံးနိုင်မယ်ဆိုတဲ့  ပြဿနာပဲဖြစ်ပါတယ်။ ဥပမာ iPhone တွေ ကို AT&T ကုမ္ဋဏီက လိုင်းသုံးစွဲခွင့် မူပိုင်ယူထားတယ်။ အဲဒီ မူပိုင်ခွင့်ဟာ ၂ဝ၁၈ ခုနှစ် အထိ သက်ရောက်မှုရှိနေလိမ့်ဦးမယ်။
AT&T ကုမ္ဋဏီဟာ ဆက်သွယ်ရေးဝန်ဆောင်မှုပေးရာမှာ ပြဿနာ ပေါင်းစုံရင်ဆိုင်နေရတယ်။ ဖုန်းခေါ်ရင်ပြုတ်ကျတာမျိုး၊ လိုင်းမကောင်း တာမျိုးတွေ ဖြစ်တတ်လို့ မိုဘိုင်းဖုန်းသုံးသူတွေဟာ AT&T နဲ့မှ သုံးရမယ် ဆိုတဲ့ ဖုန်းတွေကို ရှောင်တတ်ကြတယ်။
ဒါပေမယ့် iPhone ကိုမှ ကြိုက်တယ်ဆို တဲ့သူတွေကတော့ မလွှဲ မရှောင်သာ jailbreaking လုပ်တဲ့ ဆော့ဖ်ဝဲတွေကိုပဲ အားကိုးအားထား ပြုကြရတော့တယ်။ နောက်ဆုံးပေါ် iPhone 7+ ကို jailbreak လုပ်တဲ့ ဆော့ဖ်ဝဲဟာ T-Mobile ကုမ္ဋဏီရဲ့ GSM လိုင်းဝန်ဆောင်မှုကို ရရှိအောင် ပြုလုပ်ပေးနိုင်တယ်။ T-Mobile ကတော့ အမေရိကန် ပြင်ပနိုင်ငံတွေမှာပါ သုံးနိုင်ပြီး လိုင်းခွင်လည်း ပိုမိတာကြောင့် လူကြိုက်များတယ်။
2 - Application များများ သုံးနိုင်ခွင့်ရှိတယ်
Apple Store လို့ခေါ်တဲ့ အွန်လိုင်း application စတိုးမှာ Apple ကထုတ်သမျှ ဆော့ဖ်ဝဲ application တွေကို ရနိုင်တယ်။ အသုံးဝင်တဲ့ ဆော့ဖ်ဝဲတွေ၊ ဂိမ်းတွေကို ရယူနိုင်တယ်။ တကယ်လို့ iPhione 6/ 6S တွေကို jailbreak လုပ်လိုက်ရင် Apple က ကန့်သတ်ထားတဲ့ application တွေကိုပါ သုံးလို့ရသွားမယ်။ ခွင့်မပြုတာကို သုံးချင်ရင် တရားဝင်ခွင့်ပြုချက်တွေကို ချိုးဖောက် ရပါတယ်။ ‘ဒါမှလည်း ဂိမ်း အတော်များများကို ကစားနိုင်ပါလိမ့်မယ်။
Jailbreaking application တွေမှာ အကောင်းဆုံးတွေက
- MyWi
MyWi နဲ့ဆိုရင် iPhone 6S ကို မိုဘိုင်း hotspot တစ်ခုလို သုံးနိုင်တယ်။
- MxTube
YouTube က ဗီဒိယိုဖိုင်တွေကို download ချယူနိုင်တယ်။ ‘ဒါကြောင့် အင်တာနက်မရရင်လည်း offline မှာ ကြည့်နိုင်တယ်။
- PDANet
လူတိုင်းနဲ့ အင်တာနက် connection မှာ share လုပ်နိုင်လိမ့်မယ်။
- MY3G
Wi-Fi ရချင်ရင်သုံးနိုင်တယ်။ ခုထိ တော့ LTE ပဲရသေးတယ်။ YouTube ဗီဒီယိုဖိုင်တွေကို ကြည်လင်ပြတ်သားစွာ ကြည့်နိုင်တယ်။
- Intelliscreen
ဒီ application က ကိုယ့်လုပ်ငန်းအစီအစဉ်နဲ့ အီးမေးလ် account တွေကို ဖုန်းရဲ့ screen ပေါ်မှာ ပေါ်နေအောင် စီစဉ်ထားလို့ရတယ်။
3 - 3G နဲ့ ဗီဒီယို Chat လုပ်နိုင်
iPhone 4 မှာကတည်းက ထူးခြားတဲ့ FaceTime video chat ဆိုတာပါတယ်။ အဲဒီ chat ကလည်း Wi-Fi network နဲ့မှရတယ်။ 3G connection နဲ့ FaceTime ကိုသုံးချင်ရင် iPhone 4S ကို jailbreak လုပ်မှရတယ်။ ‘ဒါမှလည်း iPhone ရဲ့ feature တွေကို 3G နဲ့ ရနိုင်တယ်။ Wi-Fi သုံးတာလောက် မကောင်းဘူးဆိုပေမယ့် အဆင်တော့ ပြေပါလိမ့် မယ်။ Wi-Fi နဲ့ connection ကျနေရင်လည်း ပြဿနာမရှိတော့ဘူးပေါ့။

ဒါတွေကတော့ jailbreaking လုပ်ရခြင်း အကျိုးတရားတွေလို့ ပြောရမယ်။ နောက်ထပ် အဆိုးတရား သုံးချက်ရှိသေးတယ်။ မလုပ်သင့် ဘူးဆိုတဲ့ အမြင်တွေပေါ့။
၁ - ဝရမ်တီ ပျက်ပြယ်သွားမယ်
Jailbreaking လုပ်တယ်ဆိုတာကို ဥပဒေကြောင်းနဲ့ညီတယ်၊ တရားဝင်တယ်လို့ ထင်နေကြပါတယ်။ အနည်းဆုံးကတော့ ပေးထားတဲ့ ဝရမ်တီ ပျက်ပြယ်သွားနိုင်ပါတယ်။ တကယ်လို့ ကိုယ့် iPhone မှာ ဝရမ်တီမရှိရင် ဖုန်းနဲ့ပတ်သက်ပြီး ပျက်စီး၊  ချွတ်ယွင်း၊ အခြား ပြဿနာတွေကို Apple ကုမ္ဋဏီအနေနဲ့ တာဝန်ယူတော့မှာ မဟုတ် ပါဘူး။ ဝရမ်တီဆုံးရှုံးတာမခံချင်ရင် jailbreaking မလုပ်ပါနဲ့လို့ပဲ တားရတော့မယ်။
၂ - အပိတ်ခံရမယ်
iPhone ကို လုံးဝသုံးမရနိုင်တဲ့ အနေအထား ဖြစ်သွားနိုင်တယ်။ တကယ်လို့ iPhone 4S ပေါ်မှာ ဆော့ဖ်ဝဲ application တွေကို jailbreak လုပ်ပြီးသုံးမယ်ဆိုရင် အပိတ်ခံလိုက်ရတဲ့အဖြစ်ကို ရင်ဆိုင်ရနိုင် တယ် ဆိုတာကို စိတ်ထဲမှာထားပြီးတော့မှ လုပ်သင့်တယ်။ ‘ဒီလိုဖြစ်သွားရင် သိမ်းထား မှတ်ထားတာတွေ ဆုံးရှုံးပြီး အသစ်ကနေ ပြန်စရတော့မှာဖြစ်လို့ စဉ်းစားသင့်တယ်။
၃ - လုံခြုံရေးပြဿနာ ဆင်ခြင်စရာ
Jailbreak လုပ်ထားတဲ့ iPhone တွေမှာ လုံခြုံရေးအတွက် သိပ်စိတ်မချရဘူး။ Jailbreak လုပ်လိုက်ကတည်းက ကိုယ့် iPhone ထဲကို ဟက်ကာတွေက မဟုတ်တာတွေထည့်ပေးလိုက်ပြီးပြီလို့ အချို့က ယူဆကြတယ်။ ‘ဒါကြောင့် jailbreak လုပ်ပြီးရင် ဖုန်းက ကိုယ့်ဘက်မှာ သိပ်မရှိတော့ဘူး။ စိတ်မချရတော့ဘူးလို့ ပြောကြတယ်။
Jailbreak ကို လုပ်သင့်တယ်၊ မလုပ် သင့်ဘူးလို့ အမျိုးမျိုး အငြင်းပွားနေကြတာ ယခုပြောခဲ့တာတွေထက် အများကြီးရှိနိုင်ပါ သေးတယ်။ ဘာပြောပြော မလုပ်မီစဉ်းစား ပါလို့ပဲ သတိပေးချင်ပါတယ်။


Thursday, May 25, 2017

DDOS attack




DoS ဆိုတဲ့ တိုက်ခိုက်မှုဟာ ယနေ့ခေတ်မှာ အင်တာနက် တိုက်ခိုက်ရေးသမားတို့ အသုံးပြုတဲ့ နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်.. Denial of Service ဆိုတဲ့အတိုင်း အတိုက် ခိုက်ခံရသူရဲ့ Computer သို့မဟုတ် Webserver ရဲ့ Bandwidth , CPU, Memory အသုံးပြုမှုတွေက သာမာန်ပေးစွမ်းနိုင်တဲ့ ပမာဏထက် ပိုပြီးလိုအပ်တဲ့အတွက် Out of Service တွေ ဖြစ်ကုန်တာပါ။ ကြားဖြတ်၍ Resource အားလုံးကို စားသုံးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ထပ်ပြီး ရှင်းအောင်ပြောရမယ်ဆိုရင် ကျွန်တော်တို့က www.planetcreator.net

ဆိုပြီး Browser မှာရိုက်ထည့်လိုက်ရင် နောက်မှာ အလုပ် လုပ်ပေးတာက www.planetcreator.net

တင်ထားတဲ့ Webserver က အလုပ်လုပ် ဖြေကြား၊ ဖော်ဆောင်ပေးရတာဖြစ်ပါတယ်။ ဒီတော့ သာမာန်တောင်းဆိုမှုနဲ့ ပိုတဲ့ Fade Request တွေကို server ကပြန်လည်ဖြေကြား ပေးနေရတဲ့အတွက် Over Load ဖြစ်ကာ Server က ဆက်သွယ်မှုရပ်တန့်သွားရခြင်းဖြစ်ပါတယ်။

DoS တိုက်ခိုက်မှုမှာ သတ်မှတ်ထားတဲ့ Targeted System (Victim) နဲ့ ၄င်း System ရဲ့ Port, network component, firewall ကို အတိအကျရွေးချယ် တိုက်ခိုက်တာဖြစ်တဲ့ အပြင် printer တွေ Alarm System တွေပြတ်တောက်သွားအောင် တိုက်ခိုက်တာလည်းရှိပါတယ်....

ဒါကြောင့် DoS အတိုက်ခံရပြီဆိုရင်
* Network ရဲ့ စွမ်းရည်ကျဆင်းလာခြင်း (နှေးကွေးလာခြင်း)
* Website များကို အသုံးပြုတဲ့အခါ အသုံးပြု၍ မရခြင်း (တိုက်ခိုက်တဲ့သူက http server ကို request အမြောက်အများတောင်းဆိုခြင်းကြောင့်)
* spam mail တွေ အ၀င်များလာခြင်း ( Mail Server ပျက်စီးမယ်/တိုက်ခိုက်သူက အချိန်တိုအတွင်းမှာ မေးလ်တွေ ထောင်ပေါင်းများစွာကို victim အားပို့ဆောင်သောကြောင့်)
* Computer or Webserver များရဲ့ CPU & Memory Usage တွေ မြင့်တက်နေခြင်းတို့ကိုတွေ့ရနိုင်ပါတယ်။


တိုက်ခိုက်ပုံ

DoS ရဲ့ တိုက်ခိုက်ပုံကတော့ Peer to Peer တိုက်ခိုက်သလိုပါပဲ... အထူးပြုလုပ်ထားတဲ့ DoS Tool တွေနဲ့ Vitim ရဲ့ host သို့မဟုတ် ip address and port တွေကို အချိန်တို အတွင်းမှာ request ပေါင်းများစွာတောင်းဆို အသုံးပြုခြင်းပဲဖြစ်ပါတယ်။

တိုက်ခိုက်တဲ့ မှုကွဲတွေကတော့
* ICMP Flood
* Teardrop Attack
* Peer-to-Peer Attack
* Permanent Denial of Service
* Application Level Floods (IRC Floods)
* Nuke
* Distributed Attack
* Reflected Attack
* Degradation-of-Service
* Unintentional Denial of Service
* Denial of Service Level II
* Blind Denial of Service

DDoS ( Distributed Denial of Service) ဆိုတာ DoS ရဲ့ Advanced Version တစ်ခုလို့ ဆိုနိုင်ပါတယ်။ ပစ်မှတ် Server တစ်ခုကို flooding packets ပေါင်းများစွားအာ
single network တစ်ခုကတင် မဟုတ်ပဲနဲ့ Multiple host or network တွေကနေတိုက်ခိုက်တာပါ။ DDoS က ယနေ့ခေတ်အတွက် ကုရာ နတ္ထိဆေးမရှိသလိုဖြစ်နေပြီး မိမိသုံး
တဲ့ Server ရဲ့ Security အားနည်းတာလည်း ဖြစ်နိင်သလို site ရဲ့ security စောင့်ကြည့်မူ့တွေအားနည်းမူ့ကြောင့်လည်း ဖြစ်ပါတယ်။


ဘယ်လိုပဲဖြစ်စေ DoS နဲ့ DDoS ကိုကျွန်တော်တို့ ထပ်ပြီး အနည်းငယ် အကျယ်ချဲ့ ကြည့်ရအောင်.. ကျွန်တော်က လူတစ်ယောက်ကို စိတ်ပိုင်းဆိုင်ရာ နှောက်ယှက်ချင်တယ်ဆိုရင် အဲ့လူရဲ့ ဖုန်းနံပါတ်ကိုကောက်နိုပ်လိုက်မယ်.. ပြီးရင် အဲ့လူနားထောင်လောက်တဲ့ အချိန်ကျမှ ဖုန်းကို ကောက်ချလိုက်မယ်.. ဒီလိုအကြိမ်အရေအတွက် များလာခဲ့မယ်ဆိုရင် တစ်ဖက်ကလူလည်းအနှောက်အယှက်ဖြစ်မယ်... စိတ်ညစ်မယ်ပေါ့.. ဒါဟာ Attacker to Victim တိုက်ရိုက် ဆက်နွယ်တဲ့ DoS နည်းလမ်းပဲ... ဒါပေမဲ့ Victim က နည်းပညာကောင်းပြီး Attacker ရဲ့ ဖုန်းနံပါတ်လေးတစ်ခုတည်းကိုပဲ Block လုပ်ထားလိုက်မယ်ဆိုရင် Attacker က ခေါ်လို့ရမှာမဟုတ်တော့ဘူး ... ဒီလိုအချိန်မှာ Attacker က ထပ်လောင်း၍ တစ်ခြားနည်းလမ်းကိုသုံးလာလိမ့်မယ်.. အဲ့ဒါကတော့ Radio Station တွေကနေပြီးတော့ လာမည့်ဘယ်နေ့ ဘယ်အချိန်မှာ ဘယ်ပွဲအတွက် လက်မှတ်တွေကို ဈေးနှုန်းချိုသာစွာရောင်းချနေတယ်... နောက်ထပ် ဘယ်နေရာမှာ အန္တရာယ်နဲ့တွေ့နေတယ်.. ဒီလို Fade တွေကို Victim နဲ့ သတ်ဆိုင်တဲ့သူတွေကို သတင်းပေးလိုက်မယ်ဆိုရင် Victim ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေကလည်း Victim ကို တစ်ယောက်ပြီးတစ်ယောက် ဖုန်းဆက် အကြောင်းကြား အသိပေးနေတော့မှာပါပဲ.. ဒါက Distributed လုပ်တယ်လို့ ခေါ်တယ်.. တစ်နည်းအားဖြင့် DDoS ပေါ့...

Distributed လုပ်တဲ့နေရာမှာ Attacker (Hacker) တွေက Malware, Virus တွေနဲ့ဖြစ်စေ Fade Mail, Social Engineering နဲ့ဖြစ်စေ အွန်လိုင်းကို ဖြန့်လိုက်ပါတယ်... ၄င်း Attacker ရဲ့ Malware,Virus တွေ မိမိစက်ထဲကိုရောက်လာတာပဲဖြစ်စေ Social Engineering နဲ့ရောက်လာတာပဲ ဖြစ်စေ မိမိရဲ့ စက်ဟာ Attacker ရဲ့ အသုံးချခံဖြစ်သွား ပါပြီ... ဒါကို Zombie လို့ခေါ်ပါတယ်... ဒီ Zombie တွေဟာ ဟက်ကာတွေရဲ့ ခိုင်းစေတာကို လုပ်ဆောင်ဖို့ အချိန်တိုင်းအသင့်ရှိနေကြပါတယ်... ဒီလိုအွန်လိုင်းမှာ ဟက်ကာတွေ ရဲ့ အသုံးချခံနေရတဲ့ Zombie တွေက မနည်းပါဘူး။ ဒီအချိန်မှာ တိုက်ခိုက်မဲ့ Attacker (Hacker) က ၄င်းရဲ့ Zombie တွေကို အချိန်၊ နေရာ တွေကို ညွန်ကြားပေးလိုက်တာနဲ့ Victim ကို အားလုံး Fade Request, Fade Mail တွေ ပို့ဆောင်ကြတာပါပဲ...

Fade Mail ဆိုတာက Mail Bomber ပုံစံမျိုး တစ်ကြိမ်မှာ မေးလ်ပေါင်း သောင်းနဲ့ ချီပြီး ပို့ဆောင်နိုင်သလို ၄င်းကို Distributed လုပ်ပြီးတိုက်ခိုက်တာလည်းရှိပါတယ်... သာမာန် user တစ်ယောက်က ထိုသူသွားလည်တဲ့ Website (www.abc.com) တစ်ခု ရှိတယ်ဆိုကြပါစို့ .. Attacker က ၄င်းရဲ့ Website မှာ စိတ်ဝင်စားစရာ ကြော်ငြာလေး တစ်ခုထည့်ထားမယ် ... ဒီအချိန်မှာ ၄င်း site (www.abc.com) ကိုလာရောက်လည်ပတ်တဲ့သူတွေက ၄င်း ကြော်ငြာ်လေးကို နိုပ်လိုက်တိုင်းမှာ Attacker ကြိုတင်သတ်မှတ် ထားတဲ့ Victim ရဲ့ mail server ကို မေးလ်ပေါင်း မြောက်များစွာ ပို့ကြပါလိမ့်မယ်... ဒီလိုအချိန်မှာ တစ်ဖက်က SMTP/POP စသည့် Mail Server တွေက Down သွားနိုင်ပါ တယ်။

ဒါဟာ ရိုးရှင်းတဲ့ တိုက်ခိုက်မှုပဲရှိပါသေးတယ်...DoS and DDoS တိုက်ခိုက်မှုမှာ 'packet-forgery' ခေါ်တဲ့ packet အတုအယောင် ဖန်တီးခြင်း၊ 'IP spoofing' ခေါ်တဲ့ IP Address ကို packet နဲ့အတူပြောင်းလဲခြင်း စသည်အများကြီးရှိပါသေးတယ်..

ဒီနေရာမှာ Ethernet ဆိုတာကို နဲနဲလေး လူဗိန်းနားလည်လောက်တဲ့ ပုံစံနဲ့ ပြောပါမယ်.. Ethernet ရဲ့ System တွေဆက်သွယ်မှုမှာ "packets" frames လေးတွေ ကရှိပါတယ် အဲ့ frame ထဲ destination address, source address type field and data လေးတွေပါဝင်ပါတယ်... Ethernet address က 6 bytes ရှိပြီး ၄င်းတို့ရဲ့ ကိုယ်ပိုင် Ethernet Address တစ်ခုစီ ရှိကြပါတယ်။ Ethernet က အသုံးပြုတာက CSMA/CD (Carrier Sense and Multiple Access with Collision Detection) ကိုအသုံးပြုတာဖြစ်တဲ့အတွက် ၄င်းတို့က Data တစ်ခုပို့တော့မယ်ဆိုရင် ၄င်းပို့မယ့် Destination လမ်းကြောင်းပေါ်မှာ သူပို့ဆောင်တဲ့ Data တွေ ရှိမရှိစစ်ပါတယ်... ရှိသေးရင် ခေတ္တခဏ စောင့်ပြီးမှ ထပ်ပို့ပါ တယ်... ဒီလိုလုပ်တာကို Collision Detection လုပ်တယ်လို့ခေါ်ပါတယ်.. ဒီတော့ တစ်ခါပို့နိုင်ပြီး လက်ခံတာကတော့ အဆက်မပြတ်လက်ခံနိုင်တယ်ဆိုတဲ့ သဘောပေါ့....

ဒါကို ဥပမာတစ်ခုထပ်ပေးမယ်... Ethernet technology ဆိုတာ အမှောင်ခန်းထဲမှာ လူတွေဝိုင်းဖွဲ့ စကားပြောတာနဲ့တူပါတယ်... အခန်းထဲမှာဘယ်သူပြောပြော အားလုံးက ကြားပါတယ်.. ဒါက Carrier Sense ဖြစ်ပါတယ်။ အခန်းထဲက လူတိုင်းက သူတို့ စိတ်ဆန္ဒရှိရင် ပြောဆိုနိုင်ပါတယ်.. ဒါက Multiple Access ဖြစ်ပါတယ်.. ဒါပေမဲ့ပြောတဲ့သူ တွေတိုင်းက ယဉ်ကျေးသိမ်မွေ့တဲ့အတွက် စကားပြောတဲ့ နေရာမှာ ဆင်ခြင်ကြတယ်ပေါ့... အကယ်၍ တစ်ယောက်က စကားပြောတဲ့အခါမှာ နောက်တစ်ယောက်က ပထမတစ် ယောက်ရဲ့ စကားအပြီးကိုစောင့်ကြပြီး ဘာမှမပြောပါဘူး... ဒါက Collision Detection ဖြစ်ပါတယ်။ အခန်းထဲမှာ ရှိတဲ့ လူတွေမှာ နာမည်ကိုယ်စီရှိကြပါတယ်.. ဒါက unique Ethernet address ဖြစ်ပါတယ်... ဒီအချိန်မှာ အခန်းထဲက လူတစ်ယောက်က " Hello, brb, I'm PlanetCreator " လို့ပြောရင် ဒါက Ethernet destination and source
address ဖြစ်ပါတယ်... ပြောမဲ့သူက အားလုံးကို ပြောချင်တယ်ဆိုရင် "Hello everyone, I'm PlanetCreator" လို့ပြောပါလိမ့်မယ်.. ဒါက Broadcast Message လို့ခေါ်ပါတယ် အဖြစ်အများဆုံးကတော့ ဒီအခန်းထဲမှာ ရှိတဲ့သူတွေအားလုံးက တစ်ယောက်ကို တစ်ယောက် ယုံကြည်တဲ့အတွက် စကားကို လျို့ဝှက်ချက်မပါပဲ ပွင့်ပွင့်လင်းလင်းပြောကြပါ တယ်... ဒါက non-encrypted data communication is common ဖြစ်ပါတယ်..

ဒီအချိန်မှာ အခန်းထဲကို လူစိမ်းတစ်ယောက်က ၀င်လာတယ်ဆိုပါစို့ ဒါကို (has tapped that Ethernet segment) လို့သတ်မှတ်မယ်... အထဲမှာပြောတဲ့သူတွေအားလုံးက လျို့ဝှက်ချက်မရှိပဲပြောသလို ၀င်ရောက်လာတဲ့ လူစိမ်းကလည်း စကားဝိုင်းကို မနှောက်ယှက်ပဲ ထိုင်ပြီးနားထောင်နေမယ် .. ဒါကို Sniffing လုပ်တယ်လို့ခေါ်မယ်... ပြီးရင် အခန်းထဲက ပြန်ထွက်သွားမယ်... ဘာမှနှောက်ယှက်မှုမလုပ်ခဲ့တဲ့အတွက် သူ့ကို Detect လုပ်ဖို့ခက်ပါတယ်.. ဒီလောက်ပါပဲ...

ဒီအချိန်မှာ ၀င်ရောက်လာတဲ့ လူစိမ်းက အဆက်မပြတ်ပြောနေမယ်ဆိုရင် ဒါက DoS to that segment of the Ethernet ဖြစ်တယ်လို့ခေါ်ပြီး သူတစ်ယောက်တည်းတင်သာမ က အခြားသူများကိုပါ စကားတွေ တစ်ပြိုင်နက်ထဲပြောအောင် လုပ်တယ်ဆိုရင် DDoS ပေါ့... ပြီးရင် အခန်းတစ်ခုလုံး လက်ပံပင်ဇရပ်ဖြစ်သွားတော့ စကားဝိုင်းခေါ်တဲ့ server ပျက်ပြီပေါ့...

လူစိမ်းက ခဏကလို စကားတွေပြောတဲ့အခါ အခြားသူတစ်ယောက်လို အသံမျိုးနဲ့ ထပြီး စကားပြောမယ်.. နောက်တစ်ခါ နောက်တစ်ယောက် လေသံနဲ့ အသံတုလုပ်ပြောမယ် ဆိုရင် ဒါက IP Spoofing လုပ်တယ်ခေါ်တယ်... ပြီးရင် နောက်တစ်ယောက်ကို နာမည်အတုနဲ့ စကားတွေပြောနေမယ်ဆိုရင် packet forgery လို့ခေါ်တယ်...

သာမာန်အတွက် Attacker (Hacker) က How are you ? ဆိုတဲ့ မေးလ်ခွန်းကို Server (Victim) က I'm fine ဆိုပြီးတစ်ခါဖြေနိုင်ပါတယ်။ ဒါပေမဲ့ Attacker ဖန်တီးထားတဲ့ Zombie တွေက တစ်ချိန်တည်း တစ်ပြိုင်တည်း How are you? How are you? How are you? ဆိုပြီး အုံလိုက်မေးတဲ့အခါ server က တစ်ယောက်ကိုဖြေကြားပေးပြီး နောက်တစ်ယောက်ကို ဖြေကြားပေးဖို့ လုပ်ဆောင်ရပါတယ်... ဒီလိုဖြေကြားနေရတာများတော့ CPU တွေ RAM တွေက မခံနိုင်တော့ပါဘူး။ ဒါကြောင့် ဆက်သွယ်မှုတွေ ပြတ်တောက်သွားတာပါ။ Server Overload ဖြစ်ပြီး Data တွေ ဆုံးရှုံးတဲ့အထိ ဖြစ်တတ်ပါတယ်။


DoS or DDoS attack ကိုဘယ်ကိုကာကွယ်မလဲ ဆိုတာကတော့ ရာနှုန်းပြည့်ကာကွယ်နိုင်တဲ့ နည်းလမ်းကို မတွေ့သေးပါဘူး။ ဒါပေမဲ့ ကောင်းမွန်တဲ့နည်းလမ်းတစ်ချို့တော့ရှိပါ တယ်...

* အမြဲတမ်းမိမိရဲ့ anti virus program ကို update လုပ်ပေးပါ
* Firewall အားမှန်ကန်၍ တင်းကြပ်သော rule များသတ်မှတ်ပါ...
* မိမိကွန်ပျူတာမှာ မလိုအပ်တဲ့ Intenet Port Number တွေကိုပိတ်ပါ.. ကွန်ပျူတာရဲ့ Port ကိုစစ်ရန် http://www.auditmypc.com/firewall-test.asp

* Email အား စနစ်တစ်ကျအသုံးပြုပါ... mail filtering ကိုအသုံးပြုပါ...
ဒီအတွက် အဓိက အနေနဲ့ကတော့ Firewall ကိုထပ်ပြီးပြောပါမယ်.. Firewall မှာ Hardware Firewall နဲ့ Software Firewall ဆိုပြီးရှိပါတယ်...
 

Hardware Firewall

ဒါကို Network Firewall လို့လည်းခေါ်ပြီး ယနေ့ခေတ် နောက်ဆုံးပေါ် ADSL Router တွေမှာ တစ်ခါတည်းတွဲပြီးပါလာတတ်ပါတယ်... Coporate လုပ်ငန်းတွေဆိုရင်တော့ Firewall Router တစ်ခုကို သီးသန့်ဝယ်ပြီး ဆင်ထားတတ်ကြပါတယ်... Software Firewall ထက်စာရင် Hardware Firewall ကပိုပြီးကောင်းမွန်ပါတယ်..

နောက်တစ်ခုက ဒါကတော့ DoS or DDoS တွေကို ကာကွယ်ဖို့ ကောင်းမွန်တဲ့ Server ဖွဲ့စည်းမှုတစ်ခုပါပဲ... အထဲမှာ Hardware Firewall အပြင် Load Balancer ဆိုတာကိုပါထည့်ထားပါ တယ်...

Load Balancer ကိုပြထားတာပါ...
အားလုံးကို အကျဉ်းချုပ်ပြီးပြောရမယ်ဆိုရင် DoS ဆိုတာ Attacker ကနေ Victim ကို တိုက်ရိုက်တိုက်ခိုက်တယ်.. DDoS ဆိုတာကတော့ ကြားခံ Zombie ကိုမွေးပြီး တိုက်ခိုက် တယ်... ဒီလောက်ပါပဲ...


Zombie & Botnet

Zombies ဆိုတာ ဟက်ကာရဲ့ အသုံးချခံတစ်ခုဖြစ်ပြီး Victim ကို ဟက်ကာရဲ့ ခိုင်းစေချက်အတိုင်း တိုက်ခိုက်ရတာဖြစ်ပါတယ်.. ဒါကြောင့် Zombie ရတယ်ဆိုတာ malware ရတာလို့ဆိုနိုင်ပါတယ်.. Malware (zombie) ရထားတဲ့ ကွန်ပျူတာဟာ

* Sending spam
* Hack other computers
* Denial of service attacks
* Advertisement click fraud
* Phishing websites

စသည်တို့ကိုလုပ်ဆောင်ကြပါတယ်..

၎င်း Malware, trojan, virus ဟာ အသုံးချခံကွန်ပျူတာအတွင်းဝင်ရောက်ပြီး အထဲမှာရှိတဲ့ Security တွေ၊ Antivirus တွေကို ပိတ်ကာ Hacker အနေနဲ့ Additional Programတွေ ထည့်သွင်းလို့ရအောင်၊ ၀င်ထွက်လို့ရအောင် လမ်းဖွင့်ပေးပါတယ်... ဒီတော့ ၄င်း ကွန်ပျူတာက Hacker ရဲ့ အသုံးချခံလုံးလုံးဖြစ်ပြီး လိုအပ်တဲ့အခါ အသုံးပြုလို့ရအောင် Hacker တွေက ၄င်း Zombie လေးတွေကို စုထားတတ်ပါတယ်... ဒါကို botnet လို့ခေါ်ဆိုနိုင်ပါတယ်.. bot ဆိုတဲ့အဓိပ္ပါယ်ကလည်း Robot လို Artificial Intelligence ပေါ့... အခုလို Trojan တွေများလာခဲ့ရင် စေလိုရာစေ ခိုင်းလို့ရပါပြီ... ဟက်ကာတွေက Zombie တွေသုံးပြီးတိုက်ခိုက်လိုက်တော့ သူတို့ကို လိုက်လံ Trace လိုက်ရတာ ခက်သွားတာ ပေါ့...

မိမိစက်က Zombie ဖြစ်နေပြီဆိုရင်တော့

၁။ မိမိ RUN လိုက်တဲ့ programs တွေက နှေးလာမယ်။
၂။ services တွေ (ဥပမာ http) high rate ကျလာမယ်။
၃။ များပြားလှသော connection requests တွေဟာ ကွဲပြားတဲ့ Networks တွေကနေ ၀င်လာမယ်။
၎။ မိမိရဲ့ site ကိုလာရောက်အသုံးပြုသူတွေက site ကို အသုံးပြုတဲ့ နေရာမှာ နှေးမယ်။
၅။ မိမိရဲ့ စက်ဟာ CPU load မြင့်နေလိမ့်မယ်။

အားလုံးဗဟုသုတ အဖြစ်မှတ်သားနိုင်ပါစေ....

Shwekoyantaw

ကွန်ပျူတာရဲ့ သိုလှောင်သိမ်းဆည်းပစ္စည်းများ (Data Storage Devices)


ကွန်ပျူတာကနေ အချက်အလက် (Data)တွေကို တွက်ချက်စစ်ဆေးဆောင်ရွတ် (Processing) လုပ်နေပါတယ်။ ဥပမာ စာစီစာရိုက် ပရိုဂရမ်တစ်ခု ကိုသုံးပြီး စာတစ်စောင်ရေးသား ဖန်တီးနေတယ် ဆိုပါစို့။ အဲဒီအချက်အလက်တွေဟာ အီလက်ထရောနစ် ပုံစံအနေနဲ့ RAM(Radom Access Memory) ထဲမှာ အရင်သိမ်းထားပါတယ်။ RAM ဆိုတာ ကွန်ပျူတာတွေရဲ့ အလုပ်လုပ် တဲ့နေရာပါ။ ဒါပေမဲ့ RAM တွေဟာ လျှပ်စစ်အား အဆက်မပြတ် ထုတ်လွှတ်နေဖို့ လိုအပ်ပါတယ်။ မီးပိတ်လိုက်ရင်၊ မီးပျက်ရင် Data တွေ အားလုံး ဆုံးရှုံးကုန်ပါတယ်။ အဲဒီအတွက် အမြဲတမ်းသိမ်းဆည်းထားနိုင်တဲ့ သိုလှောင်သိမ်းဆည်း ပစ္စည်းတွေ လိုအပ်လာပါတယ်။ ရှေးဦးစွာ သိမ်းဆည်းထားနိုင်တဲ့ ပစ္စည်းတွေကတော့ Hard drive တွေ ဖြစ်ပြီး နောက်ပိုင်းမှာ တခြားအမျိုးအစား အမြောက်အမြား ရှိလာပါတယ်။


အသုံးအများဆုံး သိုလှောင်သိမ်းဆည်း ပစ္စည်းဖြစ်တဲ့ Hard drive တွေဟာ သံလိုက်အားသုတ် လိမ်းထား တဲ့ သတ္တုစပ်အ၀ိုင်းပြား Platter တွေပေါ်မှာ Data တွေကို အလွန်သေးငယ်တဲ့ Read/Write head ကို အသုံးပြု ရေးဖတ်ပါတယ်။ Platter အ၀ိုင်းပြားတွေနဲ့ Hard drive Platter ရဲ့ Head တွေဟာ မထိဘူး ဆိုရုံလေး လွတ်နေပါတယ်။ Hard drive တွေဟာ အစပိုင်းတုန်းက 10 Megabyte, 20 Megabyte လောက်ပဲ ရှိခဲ့ရာကနေ 80 Megabyte, 120 MB, 540 MB, 850 MB စသဖြင့် တဖြည်းဖြည်း တိုးတက် ထုတ်လုပ်ခဲ့တာ အခုဆိုရင် Desktop ကွန်ပျူတာသုံး 3.5" Hard drive တစ်လုံးစာ 40 GB(Gigabyte), 80 GB အထိရှိလာပါပြီ။ ( ၂၀၀၄ ခုနှစ်ခန့်က ရေးခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်မှာ Hard disk ဟာ 400GB, 500 GB 750 GB အထိ ဈေးကွက်မှာ တွင်ကျယ်စွာ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ Extra Hard disk လို့ ခေါ်တဲ့ USB သုံး External Hard drive တွေကိုတော့ 1000 GB အထိ ၀ယ်ယူလို့ ရနိုင်ပါပြီ။ ... သံလုံငယ် ... )ဘယ်လိုပဲ Capacity တွေ တိုးခဲ့ပေမယ့် အခြေခံကျတဲ့ နည်းပညာနဲ့ သံလိုက်အား အသုံးပြုတာ Read/Write head ကို အသုံးပြုတာမျိုးကတော့ ပြောင်းလဲခြင်းမရှိပါဘူး။




Hard drive ရဲ့အတွင်းဖက်မှာ ရှိတဲ့ Platter တွေရဲ့ပုံဖြစ်ပါတယ်။ သံလိုက်အားသုံးပြီး အချက်အလက်တွေကို ရေးဖတ်တာပါ။ Ramdom Access ဒါမှမဟုတ် Direct Access လုပ်နိုင်တဲ့ Storage device ဖြစ်ပါတယ်။



Image Hosting by Picoodle.com

Data တွေ ၀င်ဆံ့တဲ့သိပ်သည်းဆ၊ Platter တွေလည်တဲ့ မြန်နှုန်း၊ RPM (Revolution Per Mini) Data တွေ ဖတ်ယူနိုင်စွမ်းရှိတဲ့ အမြန်နှုန်း (Access time) တွေကတော့ အများကြီး တိုးတက်ခဲ့ပါတယ်။ Notebook တွေအတွက်လည်း 2.5" ပဲ ရှိတဲ့ Hard drive တွေဟာ GB နဲ့ ဆံ့နေပါပြီ။ Floppy disk (diskette) လို့ခေါ်တဲ့ သံလိုက်အားသုံး Data Storage တွေ ရှိပါသေးတယ်။ အစပိုင်းက floppy disk တွေဟာ အရွယ်အစား 8" လောက် ရှိခဲ့ပြီး နောက်ပိုင်း 5.25" ၊ အဲဒီကနေမှ 3.5" အရွယ်အစား ဖြစ်လာခဲ့ တာပါ။ Hard disk တွေထက်စာရင် Data ၀င်ဆံ့မှု အရမ်းနည်းနေတာ ဖြစ်ပေမယ့် သယ်ဆောင်လို့ လွယ်ကူတဲ့ အတွက် တော်ရံဖိုင်လေးတွေ ရွှေ့ပြောင်းရာမှာ၊ သယ်ယူသွားလိုရာမှာ လွယ်ကူတဲ့ အတွက် အခုထိ သုံးနေဆဲဖြစ်ပါတယ်။ အခု 5.25" disk နဲ့ drive တွေကို မသုံးတော့ဘဲ 3.5" disk တွေပဲ သုံးပါတော့တယ်။ သူ့ရဲ့ Data တွေ ထည့်သွင်းနိုင်တဲ့ density ပေါ်မူတည်ပြီး 1.44 MB, 1.4 MB နဲ့ 2.88 MB ဆိုပြီး ရှိပါမယ်။ (အခုခေတ်မှာ 1 MB သာသာပဲ ၀င်ဆန့်တဲ့ diskette နေရာမှာ flash drive တွေ အစားဝင်လာပြီ ဖြစ်ပါတယ်။ 24 x 32 x 2,1 мм ပဲ ရှိတဲ့ flash drive တွေဟာ 16 GB ထိ ၀င်ဆန့်လာပါတယ်။ အဲဒီအတွက် နောက်ပိုင်း ထုတ်တဲ့ Laptop တွေမှာ Floppy drive ရဲ့နေရာမှာ 5 in 1 Card reader တွေ ကို အစားထိုးလာပါတယ်။ ... သံလုံငယ် ... )


Image Hosting by Picoodle.com

သံလိုက်စွမ်းအင်သုံး tape drive တွေ ရှိပါသေးတယ်။ အရင်တုန်းက တိပ်ရီကော်ဒါ တွေနဲ့ဆင်ပါတယ်။ နောက်ပိုင်းမှာ ဗီဒီယိုတိပ်ခွေ အရွယ်လောက်၊ အဲဒီနောက်ပိုင်းမှာတော့ ကက်ဆက်တိပ်ခွေလောက် သေးငယ်အောင် လုပ်လာနိုင်ပါတယ်။ ကွန်ပျူတာတိုင်းမှာ Tape drive တွေ မပါရှိပေမယ့် Data တွေ backup လုပ်ဖို့လိုတဲ့ လုပ်ငန်းတွေမှာ သုံးစွဲလေ့ ရှိပါတယ်။ လက်ရှိသုံးနေတဲ့ Tape drive တွေဟာ .25" (QIC) Quarter inch cartridge လို့လည်းခေါ်တဲ့ drive တွေ 18 မီလီမီတာနဲ့ 4 မီလီမီတာ (Digital Audio tape လို့လည်းခေါ်ပါတယ်) ဆိုပြီး ထုတ်လုပ်တဲ့ ကုမ္ပဏီအမျိုးအစား အမျိုးမျိုးရှိနေပါတယ်။ Data ၀င်ဆံ့မှုတွေကတော့ 20 Megabytes ကနေ 10 MB အထိရှိနေပါတယ်။ ကွန်ပျူတာ တစ်လုံးနဲ့ တစ်လုံး အချက်အလက်တွေ လွှဲပြောင်း သုံးစွဲလိုခဲ့ရင်တော့ အသုံးပြုမယ့် ကွန်ပျူတာမှာ အမျိုးအစားတူတဲ့ drive တွေကို သုံးစွဲဖို့ လိုပါမယ်။

Image Hosting by Picoodle.com

အခုရေးပြီးခဲ့တဲ့ drive တွေဟာ သံလိုက်အား အသုံးပြုပြီး အချက်အလက်တွေကို ရေးမှတ်တဲ့ storage device တွေဖြစ်ပါတယ်။ နည်းပညာအားဖြင့်ကွာခြားပြီး လေဆာ အလင်းတန်းသုံးစွဲတဲ့ CD-ROM, DVD-ROM နဲ့ အခြား Optical drive တွေ ရှိပါသေးတယ်။
CD တွေဟာ ရွှေ့ပြောင်းသယ်ဆောင်ရ လွယ်ကူခြင်း၊ အချက်အလက်တွေပျက်စီးမှု အတန်အသင့် ခံနိုင်ရည်ရှိခြင်းနဲ့ Data တွေ အမြောက်အမြားဆံ့ခြင်းတို့ကြောင့် ရေပန်းစားခဲ့ပါတယ်။ အစပိုင်းကတော့ သူ့ရဲ့ Read Only ဆိုတဲ့အတိုင်း ရေးလို့မရဘဲ ဖတ်လို့ပဲ ရခဲ့ပါတယ်။ နောက်ပိုင်းမှာ ဖတ်ရုံတင်မက တစ်ကြိမ်ပြန်ရေးနိုင်တဲ့ CD-R ၊ အကြိမ်ကြိမ် ပြန်ဖျက် ပြန်ရေးနိုင်တဲ့ CD-RW တွေပေါ်လာပါပြီ။



CD ရဲ့ အတွင်းပိုင်းဖွဲ့စည်းထားတဲ့ layer တွေ ပုံဖြစ်ပါတယ်။

DVD တွေကတော့ CD တွေရဲ့နည်းပညာနဲ့ ဆင်တူပေမယ့် Data တွေဆံ့တဲ့နေရာမှာ တခြားစီဖြစ် သွားပြန်ပါတယ်။ CD-ROM တွေထက် အဆပေါင်းများစွာပိုဆံ့တဲ့အတွက် data တွေ အမြောက်အမြား အသုံးပြုဖို့ လိုအပ်တဲ့ Audio, Video လုပ်ငန်းတွေအတွက် အများကြီးအထောက်အကူ ဖြစ်ခဲ့ပါတယ်။ (DVD မှာ R, RW လို ကူးဖတ်လို့ ရတဲ့ အပေါ်မူတည် ပြီး အမျိုးအစားခွဲသလို၊ ဖွဲစည်းထားတဲ့ layer ပေါ်မူတည်ပြီးလည်း အမျိုးအစားတွေ ရှိပါသေးတယ်။ DVD-5,DVD-9,DVD-10,DVD-14,DVD-18 တို့ဖြစ်ပါတယ်။ နောက်မှ သေးစိတ်ပြန်ရေးပေးပါ့မယ်။ ... သံလုံငယ် ... )

Image Hosting by Picoodle.com

ဒီမှာ အသုံးနည်းတဲ့ Magneto-optical disk တွေ ရှိပါသေးတယ်။ သံလိုက်အားနဲ့ optical (laser) နည်းပညာနှစ်မျိုးလုံး ပေါင်းစပ် အသုံးပြုထားတဲ့ အဲဒီ disk တွေကဟာ floppy disk တွေနဲ့ ဆင်တူပါ တယ်။ ဒါပေမယ့် floppy တွေထက် နည်းနည်းပိုထူပါတယ်။ 3.5" disk အမျိုးအစားနဲ့ 3.5" drive နဲ့ disk တွေဟာ ပျမ်းမျှခြင်းအားဖြင့် 128MB လောက်ဆံ့ပြီး 5.25" disk တွေကတော့ 650 MB လောက်ဆံ့ပါတယ်။ နောက်ပိုင်းနည်းပညာပိုင်း တိုးတက်လာတဲ့ အတွက် 1GB, 2GB ဆိုတဲ့ အမျိုးအစားတွေ ရှိနေပါတယ်။


Image Hosting by Picoodle.com
Image Hosting by Picoodle.com
Image Hosting by Picoodle.com


ဆရာဖိုးနိုင်ဝင်း ရဲ့ Data,Information နဲ့ Storage Device များ ဆောင်းပါးရဲ့ နောက်ဆုံး ပိုင်းဖြစ်ပါတယ်။ ဖတ်နေကြတဲ့ လူတွေ အတွက် ဘာမှ ထပ်ပြောပြနေဖို့ မလိုတော့ပါဘူးနော်။ မဖတ်ရသေးတဲ့ လူတွေ အတွက် နာမည်တွေမှာ click နှိပ်ပြီး ကြည့်လိုက်ပါ။ ကဲ လေ့လာလိုက်ပါဦး။ အင်မတန် ကောင်းတဲ့ ဗဟုသုတ တွေပါ ဗျာ .....

Data Compression

Image Hosting by Picoodle.com
Data တွေနဲ့ ပတ်သတ်လို့ သိထားသင့်တဲ့ အချက်တစ်ခုကတော့ Data Compression (အချက်အလက်တွေကို ဖိသိပ် သိမ်းဆည်းခြင်း) ဖြစ်ပါတယ်။ ဖိုင်တစ်ဖိုင် ပုံမှန်သိမ်းဆည်းတဲ့ ပမာဏထက်ကို လျော့နည်းအောင် စကားလုံးတူတာတွေကို endcode လုပ် သိမ်းတဲ့နည်းဖြစ်ပါတယ်။ ဥပမာ ပြောရရင် စာတစ်ပိုဒ်ထဲမှာ The man and the woman ပါနေတယ် ဆိုပါစို့။ "The man and 1 Wo2" ဆိုပြီး the ဆိုတာနဲ့ man ဆိုတာကို ဘုံထုတ်ပြီး code လုပ် သိမ်းဆည်းလိုက်တဲ့ အတွက် သိမ်းဆည်းရတဲ့ ပမာဏ လျော့နည်းသွားစေပြီး file ရဲ့ ပမာဏ သေးသွားစေတာ ဖြစ်ပါတယ်။ ကိုယ်သုံးနေတဲ့ storage media တစ်ခုထက် ဖိုင်အရွယ်အစား ပမာဏ ပိုကြီးနေတဲ့အခါမျိုးမှာ အသုံးပြုပါတယ်။ ရှင်းအောင်ပြောရရင်တော့ ပုံတစ်ပုံဟာ 2MB ရှိနေတယ် ဆိုပါစို့။ floppy disk က 1.44 MB ပဲ ဆံ့တဲ့အတွက် ပုံမှန်အတိုင်း သိမ်းဆည်းလို့ မရနိုင်ပါဘူး။ Data Compression ပရိုဂရမ် တစ်ခုခု သုံးပြီး ဖိုင်အရွယ်ပမာဏ ကို လျှော့ချသိမ်းဆည်းနိုင်တာမျိုးဖြစ်ပါတယ်။ Win Zip ပရိုဂရမ်ဟာ Data Compression လုပ်တဲ့ ပရိုဂရမ်တွေထဲမှာ ထင်ရှားပြီး အသုံးများပါတယ်။ ( အခုခေတ်မှာ တော့ Win Rar ကို ပိုသုံးများလာကြပါတယ်။ ကျနော် win rar အသုံးပြုနည်းကို ဒီပို့စ်လေးမှာ ရေးခဲ့ ပြီးပါပြီ။ ) More ရဲ့ ဥပဒေသဟာ ၁၈လ ကြာတိုင်းကြာတိုင်း transistor တွေရဲ့ ၀င်ဆံ့တဲ့ ပမာဏ နှစ်ဆတိုးစေတယ်လို့ ဆိုပါတယ်။ (အခု အနည်းငယ် သွေဖည်နေပါပြီ။ P4 မှာ transistor နှစ်ဆ မထည့်သွင်းနိုင်တော့ပါဘူး။) Storage device တွေမှာ Data တွရဲ့ ၀င်ဆံ့မှုပမာဏတွေကို ဆန်းစစ်ကြည့်ရင် ၁၂လ ကြာတိုင်း ကြာတိုင်း ၀င်ဆံ့မှု ပမာဏ နှစ်ဆတိုးတာတွေ့ရပါမယ်။ အသုံးပြုတဲ့ နည်းပညာ အမျိုးအစားကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ ဘယ်ပစ္စည်းတွေ ဘယ်တုန်းကပေါ်တယ်၊ ဘယ်လောက်ဆံ့တယ်ဆိုတာကို နှိုင်းယှဉ်ပြထားတာကို ဆက်ပြီး ဖတ်ရှုကြည့်ပါဦး။


IBM ရဲ့ 350 Disk Storage Unit (1956)
ပထမဦးဆုံး Random Access Hard Disk ဖြစ်ပါတယ်။ အရွယ်အစား အနေနဲ့ ရေခဲသေတ္တာ အသေးစား လောက် ရှိပြီး သူ့ထဲမှာ အချင်းနှစ်ပေရှိတဲ့ သတ္တုဝိုင်းပြား (Platters) အချပ် ၅၀ သုံးထားပါတယ်။ Data ၀င်ဆံ့မှု 5 MB ပဲ ရှိခဲ့ပြီး လက်နှိပ်စက်နဲ့ ရိုက်ထားတဲ့ စာမျက်နှာ ၁၅၀၀ လောက်ပဲ ဆံ့ပါတယ်။
Image Hosting by Picoodle.com

IBM ရဲ့ 3340 Hard disk (1973)
ပထမဦးဆုံး Winchester Hard disk ဖြစ်ပါတယ်။ Capicity အနေနဲ့ 70MB ဆံ့ပါတယ်။ platter အရွယ် အစား 8" ရှိပြီး Platter အချပ်ရေ ၄ ချပ်ပဲ သုံးထားပါတယ်။
Image Hosting by Picoodle.com

Seagate ရဲ့ 5.25" Hard disk (1980)
ပထမဦးဆုံး 5.25" Hard disk ဖြစ်ပြီး Platter လေးခုမှာ Data တွေ ဆံ့တဲ့ ပမာဏ 5MB ရှိပါတယ်။ Atari ရဲ့ Pac-Man ဆိုတဲ့ ဂိမ်းထည့်သွင်းခဲ့ရင် ဂိမ်း ၁၃၀၀၀ ထည့်သွင်းနိုင်လောက်တဲ့ ပမာဏ ရှိပါမယ်။ ရောင်းဈေး ဒေါ်လာ ၆၀၀ ရှိလို့ 1MB ကို ဒေါ်လာ ၁၂၀ တန်ဖိုး ကုန်ကျပါမယ်။
Image Hosting by Picoodle.com
Image Hosting by Picoodle.com

CD-ROM Drive (1985)
1985 မှာ ပထမဦးဆုံး PC သုံး CD-ROM တွေကို ပွဲထုတ်ခဲ့ပြီး 650 MB digital Audio အနေနဲ့ ၇၄ မိနစ်စာ ဆံ့ပါတယ်။ အရွယ်အစား 5" ပဲ ရှိပါတယ်။
Image Hosting by Picoodle.com

Pvairie Tek 220
ပထမဦးဆုံး 2.5" Hard disk ကို တီထွင်ခဲ့ပြီး portable PC တွေမှာ သုံးခဲ့ပါတယ်။ Platter နှစ်ချပ်ပဲ သုံးထားပြီး စုစုပေါင်း 20MB ဆံ့တဲ့အတွက် Platter တစ်ချပ်မှာ 10 MB ဆံ့ပါတယ်။ Britannica စွယ်စုံ ကျမ်း နှစ်စုံစာ ဆံ့ပါမယ်။ ဈေးနှုန်း ဒေါ်လာ ၇၀၀ ရှိတဲ့ အတွက် 1MB ကို ၃၅ ဒေါ်လာ ကျသင့်ပါတယ်။

DVD-RAM (1998)
ပြန်ရေးနိုင်တဲ့ DVD-RAM drive တွေ ၁၉၉၈ မှာ ဈေးကွက်တင်ခဲ့ပြီး CD နဲ့ အရွယ်အစားတူတဲ့ disc တစ်ချပ်မှာ 5.2 GB ဆံ့ပါတယ်။ CD နဲ့ မတူတဲ့ အချက်ကတော့ နှစ်ဖက်စလုံးသုံးတဲ့ Double-sided ဖြစ်ပါတယ်။ တစ်ဖက်မှာ 2.6GB ဆံ့ပါတယ်။ Hollywood ရုပ်ရှင် နှစ်နာရီစာလောက် ဆံ့ပါတယ်။

IBM ရဲ့ Micro-Drive
IBM ရဲ့ Micro-Drive အသစ်ဟာ Portable device ဖြစ်ပြီး အရွယ်အစား ၁.၇ လက်မ x ၁.၄ လက်မ ရှိပါတယ်။ 34MB ဆံ့ပြီး Platter အရွယ်အစား တစ်လက်မလောက်ပဲ ရှိပါတယ်။ 2-Megapixel ဒစ်ဂျစ်တယ် ပုံတွေ ၅၅ ပုံလောက် ဆံ့ပါမယ်။
Image Hosting by Picoodle.com

Quinta ရဲ့ Optically Assisted Winchester (QAW) (2001)
1999 တုန်းက QAW တွေဟာ 2001 မှာ ဈေးကွက် တင်နိုင်မယ်လို့ ခန့်မှန်းပါတယ်။ Data ၀င်ဆံ့မှု 40 GB ရှိပြီး platter ရဲ့ အရွယ်အစား ၃.၅ လက်မ ရှိပါတယ်။ တစ်လက်မ ပတ်လည်ရှိတဲ့ ဧရိယာမှာ ဆိုရင် 20GB ဆံ့ပါတယ်။ ရောင်းဈေး ဒေါ်လာ ၁၀၀၀ လောက် ရှိမှာ ဖြစ်တဲ့အတွက် 1 MB ပေါ်မှာကုန်ကျစရိတ် 1 Cent ပဲ ရှိပါတယ်။ (၁၉၉၉ တုန်းက ခန့်မှန်းတာ ဖြစ်ပြီး လက်တွေ့မှာ ဈေးကွက်တင်နိုင်ခြင်း ရှိမရှိ သေသေချာချာ မသိရပါ။)

3.5" သာမန် Hard drive (2005) ခန့်မှန်း
လက်ရှိသုံးစွဲနေတဲ့ Hard drive တွေဟာလည်း နည်းပညာ ပိုင်းဆိုင်ရာ တိုးတက်လာမှုကြောင့် ၂၀၀၅ ခုနှစ်လောက်ကျရင် Platter ၅ ခုသုံး Hard drive တွေဟာ 280 GB လောက်ရှိလာပါမယ်။
Storage media တွေမှာ Data တွေ ပိုဆံ့လာသလို Operation system တွေရဲ့ လိုအပ်တဲ့ ပမာဏဟာ လည်း ပိုများလာပါတယ်။
၁၉၈၁ မှာ ဖြန့်ချိတဲ့ MS-DOS (Microsoft Disk Operating System) ဟာ Disk space 160 လောက်ပဲ လိုအပ်ပါတယ်။ ၁၉၉၂ မှာ ဖြန့်ချိတဲ့ windows 3.11 ဟာ Standard installation အတွက် 10 MB လိုအပ်ပြီး ၁၉၉၉ Microsoft windows 2000 ဟာ Browser အပါအ၀င် Install လုပ်ခဲ့ရင် 1000 MB နေရာလွတ် လိုပါမယ်။
Storage device တွေဟာ ရွှေ့ပြောင်းသယ်ဆောင်ဖို့ အတွက် အပြင် တခြား လူသုံး၊ အိမ်သုံး၊ အီလက် ထရောနစ် ပစ္စည်းတွေမှာပါ သုံးစွဲဖို့အတွက် ပိုပြီးသေးငယ်ပေါ့ပါးအောင် တီထွင်ထားတာတွေ ရှိပါသေး တယ်။ အခု နှိုင်းယှဉ်ရေးသားထားတဲ့ အချက်အလက်တွေကတော့ အသေးစိတ်နှိုင်းယှဉ်ပြထားတာ မဟုတ်ပါဘူး။ storage device တွေကို ဘယ်လိုပဲ နှိုင်းယှဉ်ကြည့်ကြည့် ကွန်ပျူတာ ပစ္စည်းတွေဟာ ပိုသေးရမယ်၊ ပိုပေါရမယ်၊ ပိုဆံ့ရမယ် ဆိုတဲ့ ဥပဒေအတိုင်း ပိုသေး၊ ပိုဆံ့၊ ပိုပေါလာတာ ကတော့ အမှန်ပဲ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

Basic Networking


Network ဆိုတာ ကွန်ပျုတာတစ်လုံးနဲ့ တစ်လုံး ချိတ်ဆက်ထားချင်းမရှိဘဲ တစ်လုံးစီသီးခြားရပ်တည် အသုံးပြုတဲ့  ကွန်ပျုတာကို Stand Alone Computer လို့ ခေါ်ပါတယ်..လိုအပ်ချက်အရ အသုံးပြုသူတွေဟာကွန်ပျုတာတွေကို အချင်းချင်းချိတ်ဆက်ပြီးအသုံးပြုလာတဲ့ အခါမှာတော့ကွန်ပျုတာကွန်ယက်ဆိုတာဖြစ်ပေါ်လာပါတယ်။ကွန်ပျုတာကွန်ယက်ဆိုတာကွန်ပျုတာတွေကိုကြား
ခံပစ္စည်းတစ်ခုခုနဲ့ချိတ်ဆက်ပြီးအသုံးပြုချင်းဖြစ်ပါတယ်.....ကွန်ပျုတာများကိုတစ်လုံးနှင့် တစ်လုံးအပြန်အလှန် ဆက်သွယ်လို့ရအောင်ကြားခံပစ္စည်းတစ်မျိုးမျိုးကိုအသုံးပြုပြီးပင်ကူအိမ်သဖွယ်ချိတ်ဆက်ထားခြင်းကိုကွန်ပျုတာကွန်ယက်(Network)လို့ ခေါ်ပါတယ်။

Network Infrastructure

Network တစ်ခုဖြစ်ပေါ်လာဖို့ အတွက်ချိတ်ဆက်မှုတွေ ၊Connectivity ဒါမှမဟုတ် Network တစ်ခုရဲ့  လုံခြုံမှု Security တွေ၊လမ်းကြောင်းချိတ်ဆက်မှု Routing တွေ ၊ထိန်းချုပ်အုပ်ချုပ်မှု Management တွေ ၊ရယူသုံးစွဲမှု Access တွေ တခြားဒီ Networkတွေမှာပါဝင်ပါတ်သက်နေတဲ့ အစိတ်အပိုင်းတွေ ဟာ Network တစ်ခုရဲ့  Infrastructure ပဲဖြစ်ပါတယ်

Types of Network ကွန်ယက်အမျိုးအစားများ

ကွန်ယက်အမျိုးအစား(၃)မျိုးကို အကြမ်းဖျင်းအားဖြင့် တွေ့ ရပါတယ်..အဲဒါတွေကတော့ -

1- Local Area Network (LAN)
2- Metropolitan Area Network (MAN)
3- Wide Area Network (WAN)

Local Area Network (LAN)
ရုံးတွေ၊ကျောင်းတွေ၊မှာတပ်ဆင်ပါတယ်..ကွန်ယက်ငယ်လေးပါ..ဘာလို့သူကိုကွန်ယက်ငယ်လေးလို့ ပြောရသလဲဆိုတောအဆောက်အအုံတစ်ခုရဲ့ပြင်ပကိုကျော်ပြီးကျယ်ပြန့်တဲ့ကွန်ယက်တစ်ခုမဖြစ်နိုင်လို့ ပါဘဲ...LAN ဟာအများဆုံး ၁၀၂၄ ပါဝင်ပြီး အဝေးဆုံးမီတာ၉၀၀ အထိချိတ်ဆက်နိုင်ပါတယ်။ဒါဟာလဲ ချိတ်ဆက်ပေးတဲ့  ကြိုးပေါ်မူတည်ပါသေးတယ် ။ တခြားကြိုးတစ်ခုနဲ့တပ်ဆင်ကြည့်မယ်ဆိုရင်လဲဒီထက်
လဲလျော့ သွားနိုင်ပါတယ်။LAN ဆိုတာ အဆောက်အအုံ တစ်ခု ဒါမှမဟုတ် ၀င်းတစ်ခုရဲ့ ပရ၀ုဏ်အတွင်း
မှာပဲ ဧရိယာငယ် တစ်ခုတည်းမှာပဲတပ်ဆင်တဲ့ ကွန်ယက်ပါ။


Metropolitan Area Network (MAN)


Local Area Network နဲ့  Wide Area Network ကြားက MAN ပေါ့ ..သူ့ ရဲ့ သဘောက LAN တွေအများကြီးကို ၁၀၀ ကီလို မီတာအကျယ်အ၀န်း လောက်မှာ ထပ်ဆင့် ချိတ်ဆက်ထားတာဖြစ်ပါတယ်။သူဟာ LAN လို Private မဟုတ်ဘဲ Public ပိုဆန်တယ်။ နောက်ပြီး LANထပ်ပိုတဲ့  High Speed နဲ့  အချက်အလက်တွေအပြင် အသံတွေကိုပါ ပို့ လွတ်နိုင်ပါတယ် ။ဒါကလဲ သူက LAN နဲ့ မတူတဲ့  Transmission Mediaနဲ့  Network Hardware တွေကိုသုံးထားလို့ ပါ။

Wide Area Network (WAN)

WAN ဆိုတာက တိုင်းနှင့် ပြည်နယ်တွေအပြင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကိုဖြတ်ကျော်ပြီး တစ်ကမ္ဘာလုံး အနေနဲ့ ချိတ်ဆက်လိုက်တာဖြစ်ပါတယ်။တော်တော်များများသိကြတဲ့  Internet က WAN အမျိုးအစားပေါ့  ။Internet ဆိုတာ ကွန်ယက်တွေကို ထပ်ဆင်စုဆောင်းပြီးတကမ္ဘာလုံးအတိုင်းအတာနဲ့ ချိတ်ဆက်ထားခြင်းဖြစ်ပါတယ်။ နည်းပညာ အရသူ့ ကို Internetwork လို့ ခေါ်ပါတယ်။ တနည်းဆိုရင်Internet ဆိုတာ Internetwork ရဲ့ အတိုကောက်ဖြစ်ပါတယ်။ ကွန်ပျုတာတွေ သန်းပေါင်းများစွာပါဝင်တဲ့ ဒီInternet ဟာ ၁၉၇၀လောက်ကစပြီး ပေါ်ပြူလာ ဖြစ်လာပါတယ် ။ဒါဟာလဲ GUI လို့ ခေါ်တဲ့  Graphic User Interface ကြောင့် ကွန်ပျုတာကို သုံးတဲ့  အထွေထွေလူတန်းစားစိတ်ဝင်စားမှုနှင့် လိုအပ်တဲ့  သီးခြား နေရာတစ်ခုထဲ သုံးရလောက်အောင် မခက်ခဲပဲ အထွေထွေလူတန်းစားအတွက် သင့် တော် မှုတွေကြောင့် ပဲဖြစ်ပါတယ်။


Network Medium ကြားခံဆက်သွယ်ပေးမည့် ပစ္စည်းများ

Network Medium ဆိုတာ ကွန်ယက်ချိတ်ဆက်တဲ့ အခါ ကွန်ပျုတာတစ်လုံးနှင့် တစ်လုံးကို ကြားခံချိတ်ဆက်ပေးတဲ့ ပစ္စည်းကိုပြောတာပါ။ဒီကြားခံပစ္စည်းဟာ Network Cable ကြိုးတွေဖြစ်ပါတယ်။ ဒါတွေဟာ Metallic Cable (or) Fiber Optic Cable တွေဖြစ်ပါတယ်။Metallic Cableက Coaxial Cable ( TV Antenna ကြိုးနှင့်  ) Twisted Pair Cable (တယ်လီဖုန်းကြိုး) တို့ ပါပဲ။ခုပြင်နောက်ပိုင်းကြိုးတွေကိုမသုံးတော့ ဘဲWireless ဆိုတဲ့  ကြိုးမဲ့ ကွန်ယက်တွေလဲသုံးလာကြပါတယ်။နောက်တခုက ကွန်ပျုတာတစ်လုံးနှင့် တစ်လုံးကြား Networkကြိုးနှင်းချိတ်ဆက်တယ်ဆိုပေမဲ့  ဒီကြိုးတွေလာရောက်တပ်ဖို့ က ကွန်ပျူတာမှာ NIC ဆိုတဲ့  Network Interface Card တော့ ရှိရမှာပါ။ဒီတော့ ကွန်ပျူတာတစ်လုံးမှတစ်လုံး သို့  Network Card တွေ Network ကြိုးတွေ Network ခေါင်းစတဲ့  Network Medium တွေကို သုံးပြီး Dataတွေကို Carries လုပ်ကြတာဖြစ်ပါတယ်။


Information Technology


IT ကာဘာလဲလို့ မေးလာလို တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်။ မြန်မာလို တိုက်ရိုက် ဘာသာပြန်တော့ သတင်းအချက်အလက် နည်းပညာ လို့ ဆိုပါတယ်။

သတင်းအချက်အလက် နည်းပညာဆိုတော့ သတင်းစာ နဲ့ နည်းပညာ ကိုပဲ ပြောတာလား၊ ဂျာနယ်နဲ့ နည်းပညာကိုပဲ ပြောတာလား အစရှိသဖြင့် ရိုးရိုးလေး လျှောက်တွေးမိကြတာပေါ့။

ကွန်ပြူတာကို အခြေခံလို့ လုပ်တဲ့ အလုပ် မှန်သမျှကို အိုင်တီ အလုပ်လို့ခေါ်ပါတယ်။ အမေရိကန် ITAA ရဲ့  အဓိပ္ပါယ်ပြန်ချက် ကတော့ ကွန်ပြူတာကို အခြေခံ သတင်းအချက်အလက် စနစ် - စီမံခန့်ခွဲမှု၊ ထောက်ပံ့မှု၊ စီမံကိန်းချမှု၊ အပလီကေးရှင်း ဖန်တီးမှု၊ Development, ဒီဇိုင်း, သင်ကြားရေး အစရှိသဖြင့် အားလုံးကို ခြုံငုံဖော်ပြ ထားပါတယ်။

သတင်းအချက်အလက် သိမ်းဆည်းရန်၊ ရယူရန်၊ ဖြန့်ချိရန်၊ ကိုင်တွယ် အသုံးပြုရန် ဖန်တီးထားသော ကွန်ပြူတာနဲ့ ဆက်သွယ်ရေး ဆိုင်ရာ ပစ္စည်းများ၏ Application တစ်ခုလို့လည်း ဘာသာပြန်ထား ပါတယ်။ ဒါဆိုရင လုံလောက်ပါပြီ။ အိုင်တီ ပစ္စည်း ပေါ်လာတယ်ဆိုတာ သတင်းအချက် အလက် သိမ်းဆည်းရန်၊ မျှဝေရန်၊ ဖြန့်ချိန်ရန်တို့ပါပဲ။ ဂိမ်းဆော့တယ်ဆိုတာ သတင်းအချက်အလက်ကို ကိုင်တွယ် အသုံးပြု (Manipulate) လုပ်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်ကို ဝင်ပါတယ်။ Facebook ဆိုတာ လူသားတို့ရဲ့  သတင်းအချက်များ စုစည်းရာ၊ မျှဝေရာ နေရာ တစ်ခုပါ။ ဒါကြောင့် သူ့ကို အိုင်တီ ကုမ္မဏီလို့ ဆိုပါတယ်။ Apple က ဆက်သွယ်ရေးအတွက် စမတ်ဖုန်းထုတ်တယ်။ သတင်းအချက်အလက် သိမ်းဆည်းရန်၊ ကိုင်တွယ် အသုံးပြုရန် Macbook ထုတ်တယ်။ ဒီတော့ Apple ကလည်း အိုင်တီ ကုမ္မဏီဖြစ်ပါတယ်။

ဒီတော့ ယင်း အိုင်တီ ရယ်လို့ ခေါင်းစဉ်တပ်လိုက်တဲ့ လုပ်ငန်းအမျိုး အစားတွေတိုင်းမှာ ပါဝင်လုပ်ကိုင်နေသူ အားလုံးဟာ အိုင်တီသမားပါ။ အိုင်တီသမားဆိုလို့ ဝဘ်ဆိုဒ် ဟက်တတ်မှ၊ ဝဘ်ဆိုဒ်ရေးတတ်မှ၊ ဆော့ဖ်ဝဲ လေးတွေ ရှာဖွေတတ်မှ၊ ဖန်တီးတတ်မှကို မဆိုလိုပါဘူး။ ကွန်ပြူတာ စာရင်းကိုင်ဟာလည်း အိုင်တီ သမားပါပဲ။ Photoshop ဆော့ဖ်ဝဲ အသုံးပြု လုပ်ကိုင်သူလည်း အိုင်တီသမားပါပဲ။ Auto cad ရေးသားသူလည်း အိုင်တီ သမားပါပဲ။ စီးပွားရေးနဲ့ ဘွဲ့ရပေမယ့် အိုင်တီကုမ္မဏီမှာ စီမံခန့်ခွဲရေး၊ ဖြန့်ချိရေး လုပ်နေသူများလည်း အိုင်တီ သမားပါပဲ။

အလွယ်အားဖြင့် ကွန်ပြူတာနဲ့ ဆက်စပ်ပြီး တည်ဆောက်ဖန်တီး မယ်၊ လုပ်ကိုင်မယ်၊ ထိန်းသိမ်းပြုပြင်မယ်၊ ယင်းကွန်ပြူတာကို အခြေခံပြီး အလုပ်လုပ်မယ် ဆိုရင် အိုင်တီ အလုပ်ပါပဲ။ ကွန်ပြူတာ ဆိုတဲ့ ခေါင်းစဉ်အောက်မှာလည်း ကွန်ပြူတာမှတ်ဥာဏ်ပါဝင်တဲ့ ပစ္စည်းအားလုံးကို ဆိုလိုပါတယ်။ စမတ်ဖုန်း၊ စက်ရုံသုံး ထိန်းချုပ်ရေးစနစ် ပစ္စည်း၊ ကားအတွင်း ထိန်းချုပ်စနစ် ပစ္စည်း အစရှိသဖြင့် အားလုံး ပါဝင်ပါတယ်။
Information Technology ဆိုတာ Technology ကို သုံးချပြီး information တွေ ဖလှယ်တာပဲတဲ့။ အရင်တုန်းက သိသလို ရှိပေမယ့် သဘောမပေါက်ခဲ့ဘူး။ အခုတော့ သဘောပေါက်သွားခဲ့ပြီ။ တခြား အပိုင်းတွေတော့ သေချာမသိပေမယ့် IT ဆိုတဲ့ စကားလုံးကို ခဏ မေ့ထားပြီး Web အပိုင်းကို တချက်ကြည့်ရအောင်။
Web ပိုင်းမှာဆိုရင် Server နဲ့ Client ရှိတယ်။ Client ပိုင်းမှာဆိုရင်တော့ browser ပေါ့။ Server Side Language ဘာနဲ့ပဲ သုံးထားသုံးထား browser က HTML , CSS , javascript ဒါတွေကိုပဲ နားလည်တယ်။ User အနေနဲ့လည်း PHP နဲ့ ရေးထားလို့ ဖတ်မရဘူး။ ASP.NET နဲ့ ရေးထားလို့ ဖတ်မရဘူးဆိုတာ မရှိဘူး။ Result က HTML ပဲ။ User လိုချင်တာက HTML ပဲ။
တနည်းပြောရင် Server Side Language ဘာပဲ ဖြစ်နေ ဖြစ်နေ Database ဘာပဲ ဖြစ်နေ ဖြစ်နေ browser တွေ အမှန်တကယ် လိုအပ်တာ HTML ပဲ။ ဒါကြောင့် ဘာနဲ့ပဲ ရေးထားရေးထား အရေးမကြီးလှဘူး။ အရေးကြီးတာက User က သူ မြင်ချင်တဲ့ data ကို မြင်ရဖို့ပါပဲ။ ကျွန်တော်တို့တွေ PHP တွေ လေ့လာတယ်။ Node.js လေ့လာတယ်။ ASP.NET လေ့လာတယ်။ စတာတွေကို ဘယ်လိုပဲ လေ့လာလေ့လာ အခြေခံ အဆင့်ဖြစ်တဲ့ HTML , CSS , javascript ကို မတတ်လို့ မဖြစ်ဘူး ဆိုတာကို ဒါကြောင့်ပြောတာပါ။ PHP က နှေးတယ်။ Python က မြန်တယ်။ စတာတွေကို user တွေ မသိသလို သိဖို့ လည်း မလိုအပ်ဘူး။ User က သူမြင်ချင်တာကို အတိုင်းအတာ တစ်ခုထိ စောင့်ပြီး ဖတ်ပါလိမ့်မယ်။ Server Side ပိုင်းမှာ အဓိက အပိုင်းက Load Balancing အပိုင်းပဲ။ Concurrency အပိုင်းတွေက အဓိက ကျလာတယ်။ ဒါကြောင့် user loading ဘယ်လောက်ရှိလဲဆိုတာကို မူတည်ပြီး နောက်ပိုင်း language တွေ ပြောင်းတာတွေ ဖြစ်လာတာပါ။ ထားပါတော့။ ကျွန်တော်က PHP တတ်တယ်။ User Request က အရမ်းများမယ်လို့ ထင်ထားတယ်။ ဒါကြောင့် PHP မသုံးပဲ အခြား တစ်ခုခု ပြောင်းသုံးတယ်ပဲ ဆိုပါတော့။ စစခြင်းမှာ User Request ဘယ်လောက် များမလဲဆိုတာကို ဘယ်လို မှ မသိနိုင်ဘူး။ ကြေငြာလိုက်ချိန်မှာ အရမ်း များနိုင်ပေမယ့် နောင်တချိန် ပြန်နည်းသွားနိုင်သေးတယ်။ ပုံမှန် ဘယ်လောက် ဝင်မလဲဆိုတာကို ၁ နှစ်လောက် စောင့်ကြည့်ပြီးမှ ဆုံးဖြတ်နိုင်လိမ့်မယ်။ ဒါကြောင့် အကောင်းဆုံးက ကိုယ် ကျွမ်းကျင်တာ နဲ့ လုပ်တာ အကောင်းဆုံးပဲ။ ဘယ် language မဆို ဘယ် server မဆို concurrency 100 လောက်တော့ ခံနိုင်ပါတယ်။
လက်ရှိ အောင်မြင်နေတဲ့ Website တွေကို လေ့လာကြည့်ရင် facebook , twitter , LinkedIn, Google , digg, reddit စတာတွေက data တွေပဲ။ တနည်းပြောရင် information တွေပဲ။ တခြားသူမှာ ရှိတဲ့ information ကို technology သုံးပြီး အခြားတစ်ယောက်ဆီမှာ သွားပြတယ်။ နောက်ကွယ်က technology တွေ server တွေ ကို ခဏ လောက် မေ့ထားပြီး အပေါ်ယံလေးကိုပဲ ကြည့်လိုက်ရင် information တွေပဲ။ သူတို့ ကိုယ်ပိုင် information တွေလား ဆိုတော့ မဟုတ်ဘူး။ အခြားသူ information တွေကို အခြားတစ်ယောက်ဆီကို သူတို့ technology သုံးပြီး ပို့ပေးတာ။ PHP က information တွေ မဟုတ်ဘူး။ Python က information တွေ မဟုတ်ဘူး။ ဘယ် language က information တွေ မဟုတ်ပါဘူး။
IT , IT ဆိုတာ လူတိုင်း ပါးစပ်ဖျားမှာ ပြောနေကြတယ်။ IT ပွဲတော် ဆိုပြီး ဈေးတွေ ရောင်းနေကြတယ်။ IT ပွဲတော်ဆိုပြီး game တွေ ပြိုင်ကြတယ်။ IT ဆိုတာကို ဘယ်လို ခံယူထားလဲတော့ မသိ။ ကျွန်တော့် အနေနဲ့ IT ဆိုတာက Information Technology ။ Technology အားကိုးနဲ့ information တွေကို အသုံးချနေတာပဲ။ နည်းပညာတွေကို အသုံးချပြီး လူတွေ လိုချင်တဲ့ information တွေကို မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူ ထိထိရောက်ရောက် ပို့ပေးတာပဲလို့ မြင်တယ်။
ဒါကြောင့် ဘာတွေပဲ လေ့လာလေ့လာ အဓိက အချက်ကို မမေ့ဖို့ပဲလိုတယ်။ တချို့လူတွေက HTML , CSS , javascript တွေ ထက် ASP.NET , PHP စတာတွေကို ကျော်လေ့လာချင်ကြတယ်။ ကျော်သိချင်ကြတယ်။ User တွေ မြင်နေရတာကို HTML တွေဆိုတာ သူတို့တွေ မသိကြဘူးလေ ...
 ကျယ်ပြန့်တဲ့ အိုင်တီ နယ်ပယ်မှာ ကိုယ် အဆင်ပြေရာ လမ်းကို ရွေးချယ် လျှောက်လှမ်းနိုင်ပါစေ

IT ကျင့်ဝတ်တွေဆက်လက်တင်ပေးပါမယ်။



WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း

  windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...