Saturday, April 30, 2016

တာရာမင်းဝေ စာအုပ်များ





ကျွန်တော် အခုကျွန်တော်မှာရှိတဲ့ တာရာမင်းဝေ စာအုပ်တွေတင်ပေးလိုက်တယ်နော်...ကိုယ်ကြိုက်တဲ့ စာအုပ်နာမည်ကို နှိပ်လိုက်ရုံပါပဲ...Mediafire ကနေ ဒေါင်းလုပ်ပေါ်လာပါလိမ့်မယ်...တာရာမင်းဝေ ပရိတ်သတ်ကြီးတော့ ကြိုက်ကြမယ်ထင်ပါတယ်...ကျွန်တော်လည်း သူ့ပရိတ်သတ်တစ်ယောက်မို့ အခုလိုတင်ပေးဖြစ်တာပါ...အော်..ကိုတာရာရယ်...ကြွေချိန်စောလို့ တကယ် နှမြောမိပါတယ်ဗျာ....ဒါကျွန်တော့်အတွက် အမှတ်တရ Upload တင်ပေးမှုပါပဲ...လင့်တွေပျက်သွားရင်ဖြစ်ဖြစ်၊ တစ်ခုခု ချို့ယွင်းခဲ့ရင် အောက်မှာ Comment ပေးခဲ့နိုင်ပါတယ်....Cbox မှာလည်း အော်သွားကြပါဦးဗျာ....

01 တာရာမင်းဝေ - စုန်းကိုက်ခံရတဲ့ပန်းသီး02 တာရာမင်းဝေ-ကျွန်တော်နဲ့ကြေးသွန်းယဉ်ကျေးမှု03 တာရာမင်းဝေ-ကိုယ့်လက်နဲ့ဖမ်းမိတဲ့ နဂါးငွေ့တန်း04 တာရာမင်းဝေ-ကိုးမရှိတဲ့န၀င်း05 တာရာမင်းဝေ-ကျွန်တော်နှင့် အဝါရောင်ဗီးနပ်(စ်)06 တာရာမင်းဝေ-နက္ခတ် ရစ်သမ်07 တာရာမင်းဝေ-ပန်းခေတ်ကလမင်း08 တာရာမင်းဝေ-မိုးခေါင်လို့တီးတဲ့ ဗုံသံ09 တာရာမင်းဝေ-မျဉ်းဖြောင့်၏ ဧရိယာ10 တာရာမင်းဝေ-ပြိုင်မြင်းတို့ရဲ့ခွာသံ11 တာရာမင်းဝေ-သင်နှင့် နံနက်ခင်းကိုသာ ဝင်ခွင့်ပြုမည်12 တာရာမင်းဝေ-အမှတ်တရ စာစုများ13 တာရာမင်းဝေ-ကျောခိုင်းထားတဲ့ နေမင်း14 တာရာမင်းဝေ-ရွှေအတောင်ပံမှာ ဒဏ်ရာတွေပြန်ကောင်းလာတဲ့နေ့တစ်နေ့15 တာရာမင်းဝေ - ကျောခိုင်းထားတဲ့နေမင်း16 တာရာမင်းဝေ+ဝေမှူးသွင်-မိုးရာသီပတ်ပျိုး17 တာရာမင်းဝေ-ကတ်သီးကတ်သတ် အင်္ဂလိပ်စကားလုံးများ18 တာရာမင်းဝေ-ကျွန်တော်နှင့်နတ်ဘုရားရုပ်တု19 တာရာမင်းဝေ-ကိုယ်ရေးကိုယ်တာပုရပိုက်20 တာရာမင်းဝေ-ကျွန်တော်နဲ့ကြယ်မြင်လမြင်လောကဓံ21 တာရာမင်းဝေ-ကျွန်တော်နှင့် ဧဒင်ကချေသည်22 တာရာမင်းဝေ-စံပယ်အတွေး23 တာရာမင်းဝေ-ဓါးမှတ်စု24 တာရာမင်းဝေ-ပင်လယ်အတုထဲက ကျွန်း25 တာရာမင်းဝေ-ယန္တယားရေခွံနဲ့လူ26 တာရာမင်းဝေ-ရှူး27 တာရာမင်းဝေ-လူငယ်တစ်ယောက်ရဲ့ ကျောက်ထွင်းရာဇဝင်28 တာရာမင်းဝေ-လူနံပါတ် ၁၃29 တာရာမင်းဝေ-လရောင်ကိုပန်၍ညဥ့်ယံ၌လည်းမွှေးမြမြမြူနိုင်ပါစေ30 တာရာမင်းဝေ-ဝင်္ကပါကိုဖွင့်တဲ့သော့31 တာရာမင်းဝေ-ဝတ်မှုန်တစ်စက်ရဲ့ အထ္တုပ္ပတ္တိ32 တာရာမင်းဝေ-သူ့အိုးပုတ်လေးကို ကျွန်တော့်ပြန်ပေးပါ33 တာရာမင်းဝေ-သူသည်ကဗျာဆရာတစ်ယောက်ဖြစ်သည်34 တာရာမင်းဝေ-အရှေ့မြို့ရိုးမှ မိုးရေစက်မျာ3း5 တာရာမင်းဝေ-ဆောင်းကြိုးပြတ်ရွာ မွန်းတည့်အလွန် ၄ နာရီ36 တာရာမင်းဝေ-နေရဲ့အကျီင်္37 တာရာမင်းဝေ-မှော်ဆရာရဲ့ကျောင်းစာအုပ်38 တာရာမင်းဝေ-ရွှေဖိနပ်မှာ အစိမ်းရောင်ကြက်ခြေခတ်နဲ့ကောင်မလေ3း9 တာရာမင်းဝေ-ကြယ်သီချင်းနှင့်လမင်းသံစဉ်40 တာရာမင်းဝေ-နတ်ပျိုမအတွက်ပန်း41 တာရာမင်းဝေ-စောင်းကြိုးတန်းလန်းနှင့်လခြမ်း42 တာရာမင်းဝေ- တစ်ကိုယ်တော်ရေးတဲ့ကကြီးခခွေး43 တာရာမင်းဝေ-သိုးဆောင်းဂစ်တာတစ်လက်ရဲ့မှတ်တမ်း44 တာရာမင်းဝေ-ကျွန်တော်တူးဖော်ခဲ့သည့် မြေစိုင်မြေခဲများအကြောင်း45 တာရာမင်းဝေ-တေးသွားနံပါတ် ၁၀၀၁46 တာရာမင်းဝေ-ကျွန်တော်နှင့် အရုပ်မြို့တော်47 တာရာမင်းဝေ------------


APPLE ရဲ့ MAC OS ကို PC မှာ တင်နည်း



 

 


ကဲ လာပါပြီဗျာ တော်တော်များများသိချင်နေပါတယ်ဆိုတဲ့ Mac OS ကို PC မှာ တင်နည်းပါ နည်းတွေ တော်တော်များများ လိုက်ရှာလိုက်တာ ဟိဟိ ဘယ်ရမလဲ ဟက်တဲ့ကောင်တွေကလဲ သူတစ်လူ ငါတစ်မင်းဆိုသလိုပါပဲ ဘယ်နည်း အကောင်းဆုံးဖြစ်မလဲ ဆိုပြီး လိုက်ကလိ တာ နှစ်ရက် အတွင်း ၀င်းဒိုး ၈ ခါတင်ရတယ် တင်လိုက် ဖြုတ်လိုက်နဲ့ အခု လွယ်လဲလွယ် တယ် ရှာရတာလဲ မခက်တဲ့ နည်း တစ်ခု နဲ့ စတင်မိတ်ဆက်ပေးပါမယ် " က" တစ်လုံးရေးပြီး သူ့နာမည်က မောင်ကကြီးလို့ခေါ်တယ် မင်းတို့ သူငယ်ချင်းပေါ့ မှတ်ထားနော်ဆိုတဲ့ ကျွန်တော် ကလေးတွေကို စာသင်သလို မိတ်ဆက်မှာတော့ မဟုတ်ဘူးပေါ့ဗျာ ဒါဆို ဘယ်လို မိတ်ဆက်မလဲ ဆိုတာ ကြည့်ရအောင်ဗျား ရွာစားရေ...............ဒိုးသံလေးကြားရအောင်ဗျား..................


ပထမဆုံး ဘာမှ စမလုပ်ခင် ဘာတွေလိုအပ်လဲ ဆိုတာကို သိထားဖို့ လိုမယ်မဟုတ်လားဗျာ ဒီတော့ သိထားဖို့ လိုတာတွေကို ဘယ်လို ပြောရမလဲ ဆိုတော့ ဒါပါပဲပေါ့ ဒါက ဟိုးအရင်က လူတွေ ပြောလေ့ရှိတဲ့စကား ကျွန်တော် ပြောမှာက ဒီလိုဗျ


free space အနည်းဆုံး 20 GB လိုတယ် ဗျာ 

DVD အလွတ် တစ်ချပ် လိုပါမယ်

Mac OS X Lion image ကို Burn ရပါမယ်

TransMac ဆိုတဲ့ ဆော့ဝဲလ်လေးလိုပါတယ်

EasyBCD လိုတယ်

Optional: Windows 7/Vista DVD


နောက် ဘာမှ မလုပ်ခင်မှာ အခုအောက်ကပြထားတာတွေ ကြည့်ဦးပေါ့ 


- Compatible motherboard
- Intel Core CPU
- Compatible VGA card
- Minimum 1GB RAM


ကြည့်လို့ပြီးပြီဆိုရင် စလိုက်ရအောင် နော်


1. mac-os-x-lion-10-7-1-t5863900 ကို ဒေါင်းလိုက် မဒေါင်းချင်လဲ ဆိုင်မှာ ၀ယ်လိုက်ပေါ့ ဟိဟိ ကျွန်တော် မတင်ရသေးလို့ ခုက နည်းပညာသိချင်တာပဲဆိုတော့ နည်းပညာပဲပြောတာ ဟိ 


2. TransMac ကို ဒီမှာဒေါင်း ပြီး Install လုပ်ပါ


3. ပြီးရင် .iso ဖိုင်ကို ဖြည်ပြီး .dmg image ကို ဖွင့်ပါ (4GB) ၀န်းကျင်လောက် ရှိမယ် အဲဒါက


4.Burn the .iso image ဒီ အဆင်တွေကတော့နဲနဲ ဖြတ်ပြောလိုက်တယ်နော် ခွေဘမ်းတာလောက်ကတော့ ဒါလေ့လာနေပြီဆိုမှ တတ်ပြီယူဆလို့ပါ အဲနဲနဲပြောစရာရှိတယ် window 7/Vista အတွက်  Windows Disc Image Burner နဲ့ ရတယ် XP ကတော့ Nero သုံးလို့ရတယ်နော် ဒါကတော့ စမ်းလိုက်ပေါ့ ဟိ ဟိ နောက်တာပါ အဆင်ပြေပါတယ်


5.EasyBCD ကိုတော့ ဒီနေရာကို သွားလိုက် အီးမေးလ်နဲ့ နာမည်ထည့်ပေးပြီး ကိုယ်တိုင် ယူမှရမယ် ဟိဟိ 

အာကာဖြိုးတစ်ညလုံးမအိပ်ရသေးတော့ ပျင်းနေပါသည် D


6.EasyBCD ကိုဖွင့် BCD Backup/Repair ကိုသွား ဘက်ကပ်လုပ်ထားလိုက် ဒါကလက်ရှိ Boot ကို မထိခိုက်အောင် ကာကွယ်လိုက်တာ ဘာမှတော့ ဟုတ်ဘူး မလုပ်ချင်နေပေါ့ သဘော မလုပ်နဲ့တော့ မပြောဘူး ကိုယ့်စက်နဲ့ ကိုယ်ပဲနော် ဟိ


7. နောက် Free space 20GB အနည်းဆုံးထားပြီး partition တစ်ခု ဖန်တီးလိုက်ပါ ဘယ်လိုလုပ်ရမလဲ မသိရင် သိတဲ့သူရှိတယ် မိတ်ဆက်ပေးလိုက်မယ် သူ့နာမည်က ဦးဦး Google ကိုလို့ခေါ်တယ် သူ့ကို မေး သူက ဦး အကုန်သိ


8.ဒီအဆင့်ကတော့ စက်ထဲ ခွေထည့်ပုံမှန် တင်နေကျ အတိုင်း Boot တက်ပေးဖို့ ပဲ မသိရင် Oo အကုန်သိ မေးနော် ကျွန်တော့်လာမမေးနဲ့ 


9.နဲနဲကျော်တယ်နော် ဒီမှာ လဲ ပုံမှန် အဆင့်တွေပဲ ကီးတစ်ခုခု နှိပ် ဆိုတာလေးလေ ကျော်တယ်ပြောတယ် ပြောလိုက်တာပါဘဲ ဘာမှ ထူးဘူး နောက် wait.............wait...............wait ................. ဒီလို ၀ိတ်ရင်း အဲ စောင့်နေရင်း ဆယ်မီနစ် ၀န်းကျင်လောက်မှာ

အလုပ်လုပ်တာ ပြီးပါမယ် ပြောမလို့ ၀ိတ်တာ နဲနဲ များသါားသလားလို့ 


10.  OS X  install လုပ်ဖို့ partition ရွေးတဲ့နေရာရောက်ပြီ ရွေးလိုက်ပေါ့ 


11. မိတ်ဆွေများ ဒီနေ၇ာမှာ စာဖတ်ရင်မရှင်းသလို ဖြစ်နေပါမယ် ကျွန်တော် တစ်ဆင့်စီပဲပြောသွားတာပါ မကျော်ပါဘူး အခု “Utilities”ဆိုတာ သွားလိုက်ပါ ဘယ်က သွားရမလဲဆို ကလေးတွေ စာမေးပွဲဖြေဖို့ စာကျက်သလိုတော့ လုပ်မလာနဲ့ လက်တွေ့ လုပ်သွားရင် ဘယ်အဆင့်မှ မကျော်ပဲ စခရင်မှာ ပေါ်လာတဲ့ အဆင့်တိုင်းကို ပြောနေတာမို့ အဆင်ပြေပြေ လုပ်သွားနိုင်လိုက်မယ် စာဖတ်တာ သက်သက်ဆိုရင်တော့ ဘာမှန်းမသိဘူးဖြစ်နေမှာ ကဲ ပြန်ဆက်မယ်နော် သွားလိုက်ပြီးရင် “Disk Utility” ကိုရွေးပါ


12. အဲဒီမှာ သင်လုပ်ထားတဲ့ partition ကိုရှာပါ တွေရင် စလက် “Erase” ကိုနှိပ်ပေးလိုက် နောက် MS-DOS to Mac OS Extended ပြောင်းပေးလိုက် နောက် format ချဖို့ “Erase” ကိုပြန်နှိပ်ပေးလိုက် 


13.ဒီနေရာမှာ wait...........wait...............wait ပေါ့ ပြီးရင်တော့ အဲဒါပြီးပြီ Disk Utility ကို ပိတ်လိုက် နောက် OS X Install လုပ်ချင်တဲ့ partition ကို ကလစ်ပေးလိုက် အဲ အဲ ဒါက ခုဏက ဖော့မက်ချတဲ့ partition ကိုနော် တော်ကြာ လျှောက်တင်နေဦးမယ်


14.နောက် Customize ကို နှိပ် ဒီနေရာမှာတော့ ပေါက်လောက်ပြီလို့ ယူဆပါတယ် Driver တွေ ရွေးမလား ဘာလားညာလား ဘယ်တောာ့ မှာ အင်စတော မလုပ်ဘူးလားဆိုတာတွေ ဒါတွေပေါ့ ဗျာ လုပ်ချင်သလို သာလုပ်ရတယ် မရရင်သူက အင်စတော ပေးမလုပ်ဘူးလေ မှန်မှ ဆိုတော့ မှန်အောင်လုပ်ပေါ့ ဘာခက်တာလိုက်လို့နော်  မှန်ပြီထားလိုက်တော့ သူ့ဟာသူ လုပ်လိုက်မယ် 


15. “Done” ကိုနှိပ် ပြီးရင် Install Lion


16.အင်စတောလုပ်တာ ပြီးရင် ဖစ်နစ်ပေါ့ဗျာ ဟဲဟဲ ရီဘုကျသွားမယ် အကျရင် ကိုယ်လုပ်ပေးနော် ပြန်တဲ့လာ ပြီးတဲ့ တိုင်အောင် အခွေကို မထုတ်လိုက်နဲ့ ဦး အယ်ရာတွေ တန်းစီပြီး ရနေတတ်တယ် ခံရပြီးပြီ ဟိဟိ ပြန်တက်လာတဲ့ အခါ ဘာမှ စောင့်မနေနဲ့ နီးတဲ့ ခလုတ်တစ်ခုကို နှိပ်ပေးလိုက် နောက် F8 ကိုနှိပ်ပြီး Mac OS X အင်စတောလုပ်ခဲ့တဲ့ အပိုင်းကို ရွေးပေးလိုက် အမြန်မလိုနဲ့နော် သေချာကြည့်လိုက်  


17. ဒီလိုနဲ့ ရီဘု ပြန်ကျမယ် ပြန်တက်လာတဲ့ အခါ ကိုယ့်မှာ အရင်တင်ထားတဲ့ ၀င်းဒိုးတစ်ခု ရှိနေတယ်ဆို Mac ကိုရွေးဝင်ပေါ့နော် မရှိဘူးဆိုရင်တော့ သူ့ဟာသူလာမှာပေါ့ win 7 loader ကို သုံးနိုင်တယ် your Windows not genuine again. Ignore this right now ဆိုလာတတ်တယ် မလာ ရင်လဲ မလာဘူး ပုံသေတော့ မရှိဘူး တစ်ခု နဲ့ တစ်ခုမတူဘူး ဒါက ပြသနာမရှိလောက်ဘူးထင်တယ် နော် လောလောဆယ် တင်တာပဲပြောနေသေးတာ


18.EasyBCD ကို ပြန်ဖွင့်လိုက်ပြီး  “Edit Boot Menu” ကို သွားပါ အဲမှာ ရှိတာ အကုန်ဖျက်လိုက်ပါ


19. “Add New Entry” ကို သွားပါ ဒီနေရာမှာ တော့ window version ကို Add ပေးရမှာ ပါ နောက် “Mac” ကို ကလစ်ပါ ပေးချင်တဲ့ နာမည်ပေးလိုက်ပါ  နောက် “Add Entry” ကို တစ်ဖန်ပြန်နှိပ်ပေးပါ


20.ပြီးရင် နောက်နဲနဲဆုတ်ပြီး “Edit Boot Menu” ကို သွားပါ လူလိုက်မဆုတ်နဲ့ရတဲ့ Pointer လေးဆုတ်ရင်ရပြီ

Default as Windows ကိုရွေး ပြီး “Boot default OS after 30 secs”.ကို ရွေးပေးလိုက်ပါ ပြီးရင် Save လုပ်လိုက်နော် 


21.နောက်  “BCD Deployment” ကို သွားပါ သင်တင်တဲ့ Windows version ကို ရွေးပါ “Write MBR” ကို ကလစ်ပါ သူအလုပ်လုပ်နေပါမယ် ဒါပြီးသွားရင် ရီစတ ကျပါမယ် ကျပြီးပြနတက်လာရင် ရပါပြီ အခွေ မပါလဲ ဖြစ်ပါပြီဗျာ 

ကဲ နောက် ပြသနာက ကိုယ်ဆီပဲ ပြန်လာမှာဆိုတော့ မထူးပါဘူး ပြောလိုက်ပါမယ် Windows Genuine problem ဒါက ဘာနဲ့ လုပ်ရသလဲဆိုရင် Windows 7 Extreme Loader. နဲ့ အဆင်ပြေပါတယ် တော်ကြာ မြို့ပတ်နေကြမှာ ပြောလိုက်တာ နားအေးတယ်နော်



နောက်တစ်ခု မှတ်ထားပါ အရေးကြီးပါတယ် ဘာလဲ ဆို ဟာ့ဒစ်ကနေ ဘုတက်လာလို့ ပြသနာ ရှိနေသေးတယ်ဆိုရင် r Windows Vista/7 DVD ခွေထည့်ပြီး တက်လာရင် Repair your Computer ကနေ Repair ပြန်လုပ်ပါ နောက် Use repair tool fix စတဲ့ စာတွေပါတဲ့ ရေဒီရိုဘော်တွန်မှာ ရွေးပေး၇မယ် ဒါက သဘောတရားလောက်ပါ နော် လုပ်တတ်ကြမှာပါ နောက်တစ်ဆင့် startup Repair ကိုရွေးရမယ်


ကဲ ရပြီနော် အဆင်ပြေပါစေဗျာ တစ်ခါမရရင် နှစ်ခါ သုံးခါပေါ့ အက်ဒီဆင်ကို တော့ မမှီလောက်ပါဘူး လုပ်သာလုပ်ပါ လုပ်မှတတ်တာ နောက်နောက်မှ ပဲ USB ကတင်တာတွေ ဗားရှင်းအမြင့်တင်တာတွေ စသဖြင့် လုပ်ပေးပါ့မယ် ဒီမှာပြောပေးတာက အဆင့်များတယ်ထင်ရပေမယ့် လုပ်ဆောင်ရတာ အရိုးရှုင်းဆုံး အကောင်းဆုံးနည်းပါ အဆင့်နဲနဲနဲ့ မတရားလိုက်ဒေါင်းလော့ချ မမြင်ဖူးမစမ်းဖူးတဲ့ဆော့ဝဲလ်တွေ နဲ့ ကလိရတာထက်စာရင်တော့ တော်တော် ကောင်းတာပေါ့ ဗျာ အမလေးနော် ၀င်းဒိုး အင်စတော စာတစ်ပုဒ်ရေးရတာ ခေါင်းလဲကိုက် လက်လဲညောင်း ဘာဖြစ်ဖြစ်ပါလေ သူများပြေလည်ရင်ပြီးတာပဲ တစ်ခါတင် မန်းလေးမှာ တစ်သိန်း ရန်ကုန်မှာ ငါးသောင်း၇န်ကတော့ လွတ်တာပေါါ ဟီး သူများစီးပွားရေး တုတ်နဲ့ထိုးတယ်ဆို တာ ဒါမျိုးပြောတာဖြစ်မယ် ဟိဟိ

Credit to ( အာကာဖြိုး နည်းပညာ )


WINDOW ပေါ်မှာ MAC OS X တင်ခြင်း











Mac OS X နဲ့ ပါတ်သက်ပြီး မေးထားတာတွေများနေလို့ ကိုသီဟဦးရေးထားတဲ့ ပို့စ်လေးကိုပဲ ဗဟုသုတအဖြစ် ပြန်လည် မျှဝေပေးလိုက်ပါတယ်.. Mac ကွန်ပျူတာမလိုပဲ Install ပြူလုပ်နည်းကိုတော့ ဒီနေရာက  မူရင်းပို့စ်မှာ ဆက်လက်လေ့လာပါ..။

PC ထဲကို OS X setup လုပ်ခြင်း အတွေ့အကြုံ အသေးစိတ်…


ဒီတစ်ခါတော့ ကျွန်တော့ရဲ့ mini ITX desktop computer လေးထဲကို Mac OS X ကို install လုပ်တဲ့ အတွေ့အကြုံကို မျှဝေချင်ပါတယ်။ Apple က မဟုတ်တဲ့ PC ထဲကို Mac OS X ကို ထည့်ဖို့ ဆိုတာ အမှန်တော့ အခက်အခဲတွေ၊ အဆင်မပြေမှု တွေ အများကြီး ရှိနိုင်ပါတယ်။ ကိုယ့်ရဲ့ ကွန်ပျူတာမှာ ရှိတဲ့ hardware အပေါ်လည်း အများကြီး မူတည်နေပါတယ်။ ဒီလို PC ထဲကို Mac OS X ထည့်ထားတာကို Hackintosh လို့ ခေါ်ကြပါတယ်။

Apple Mac OS X ဟာ Windows လိုမျိုး hardware တိုင်းနီးပါးနဲ့ အလုပ်မလုပ်ပါဘူး။ Driver ပြဿနာလည်း အများကြီး ရှိနိုင်ပါတယ်။ ကိုယ့်ရဲ့ PC ထဲကို Mac OS X ထည့်ကြည့်ဖို့ ဆန္ဒရှိတယ်ဆိုရင် ကွန်ပျူတာ ၀ယ်ကထဲက သေချာစဉ်းစားပြီး ရွေးချယ် ၀ယ်သင့်ပါတယ်။ ဒီ post က အကြောင်းအရာ အရှည်ကြီး ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ တတ်နိုင်သမျှ ကျွန်တော့ အတွေ့အကြုံကို detail ပြောပြထားပါတယ်။

ကျွန်တော့ mini ITX PC လေးထဲမှာ ထည့်ထားတာက CPU က လတ်တလော နောက်ဆုံးထွက်လို့ ပြောလို့ရတဲ့ 4th Generation Core-i5 4430 (Haswell) CPU ဖြစ်ပါတယ်။ CPU ကနောက်ပေါ်ဖြစ်နေတဲ့ အတွက် ဟိုးအရင်ထွက်ခဲ့တဲ့ Mac OS X 10.7.x , 10.8.0 လိုမျိုးတွေက support လုပ်ဖို့ မသေချာပါဘူး။ တစ်ကယ်လို့ ကိုယ့်ရဲ့ CPU က 2nd generation Core i3/i5/i7 (Sandy-Bridge 2xxx) ဒါမှမဟုတ် 3rd generation Core i3/i5/i7 (Ivy-Bridge 3xxx) ဆိုရင်တော့ Mac OS X 10.7 (Lion) နဲ့ နောက်ပိုင်းက OS X တွေထည့်လို့ ရနိုင်ပါလိမ့်မယ်။

 အပေါ်မှာ ပြောခဲ့သလို ကျွန်တော့ CPU က Haswell 4thgeneration ဆိုတော့ ကျွန်တော့အထင် အနိမ့်ဆုံး support လုပ်တဲ့ OS X က version 10.8.5 ဖြစ်ပါလိမ့်မယ်။ သူ့ထက်နိမ့်တာ မထည့်သင့်ဘူး ပေါ့နော်။ ဒါကြောင့် ကျွန်တော်က လတ်တလော နောက်ဆုံး version ဖြစ်တဲ့ Mac OS X 10.9 (Mavericks) ကို ထည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကျွန်တော့ အနေနဲ့ အကြံပြုချင်တာက အကောင်းဆုံးက OS X 10.8 (Mountain Lion) နဲ့ နောက်ပိုင်းကို ပဲ ထည့်တာက အဆင်ပြေဆုံး ဖြစ်ပါလိမ့်မယ်။ ဒီထက်ပိုပြီး သေချာပြောရရင် 10.8.4 နဲ့ နောက်ပိုင်း OS X version ကို ထည့်တာဟာ compatibility အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

CPU ပြီးရင် နောက်တစ်ချက်က motherboard chipset ကလည်း အရေးကြီးပါတယ်။ ကျွန်တော် ပြောခဲ့သလို Mac OS X က hardware တိုင်းနဲ့ အလုပ်မလုပ်တော့ သူ့နဲ့ အကိုက်ညီဆုံး ဖြစ်မယ့် motherboard ကိုရွေးတာဟာ ခေါင်းစား သက်သာပါလိမ့်မယ်။Gigabyte, Asus, MSI တို့က motherboard တွေက Mac OS X နဲ့ များသောအားဖြင့် ကိုက်ညီမှု အများဆုံး ဖြစ်ပါတယ်။ Gigabyte’s X58A, Gigabyte 77 အမျိုးအစား motherboard တွေကတော့ Mac OS X နဲ့ အကိုက်ညီဆုံးလို့ သိရပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်းကျတော့ အတိအကျတော့ ပြောလို့မ၇ပါဘူး။ Brand + model တွေ ကလည်း အများမှ အများကြီးမဟုတ်လား။

တစ်ချို့သော compatible ဖြစ်တဲ့ motherboard တွေအတွက်DSDT လို့ ခေါ်တဲ့ Differentiated System Description Table တွေလည်း ရှိနေတော့ setup လုပ်ရတာ ပိုလို့ အဆင်ပြေစေနိုင်ပါတယ်။

အလွယ်ပြောရမယ် ဆိုရင်တော့ Gigabyte ကထုတ်တဲ့ motherboard တွေက Mac OS X နဲ့ အကိုက်ညီဆုံးလို့ ပြောလို့ရပါတယ်။ ကျွန်တော့ ကွန်ပျူတာထဲကို ထည့်ထားတဲ့ motherboard လေးက Asus H81i-Plus mini-ITX motherboard လေး ဖြစ်ပါတယ်။ သေးသေးလေးပါ။ ဒီ motherboard မှာ OS X 10.9 ကို install လုပ်တာလည်း ရပါတယ်။ နောက်တစ်ခု အရေးကြီးတာက ပုံမှန် BIOS မဟုတ်ပဲ၊ UEFI BIOS ပါတဲ့ motherboard တွေက ပိုအဆင်ပြေပါတယ်။ ဘာကြောင့်လည်း ဆိုတော့ Apple computer တွေကလည်း UEFI သုံးတာပါ။ ကျွန်တော့ Asus motherboard မှာက UEFI BIOS ဆိုတော့ အဆင်ပြေတာပေါ့နော်။


Graphic card ကိုတော့ ဖြစ်နိုင်သမျှ Intel CPU built-in GPU သုံးပြီး setup လုပ်တာက အကောင်းဆုံးလို့ ပြောချင်ပါတယ်။ OS X10.8.5 နဲ့ နောက်ပိုင်းမှာက တစ်ချို့သော Geforce/AMD GPU တွေကို support လုပ်ပေမယ့်လို့ အကောင်းဆုံးကတော့ CPU ထဲမှာပါတဲ့ Intel HD graphic processor သုံးတာက setup လုပ်နေချိန်မှာ ပြဿနာ အနည်းဆုံးဖြစ်ပါလိမ့်မယ်။ ဖြစ်နိုင်ရင် graphic card ကို ခဏဖြုတ်ထားလိုက်ပါ။ ကျွန်တော်ကတော့ OS X 10.9 ကို ကျွန်တော့ရဲ့ Nvidia Geforce GTX 660 (non-ti) graphic card နဲ့ပဲ install လုပ်တာ ရပါတယ်။ ဘာမှမဖြစ်ပါဘူး။

 တစ်ခြား audio, USB, network တွေက motherboard ပေါ်မှာပဲ ပါလာပါလိမ့်မယ်။ Mac OS X က WiFi adapter တော်တော်များများ နဲ့လည်း အလုပ်မလုပ်ပါဘူး။ အပြင်က USB WiFi adapter သုံးသင့်ရင် သုံးရပါလိမ့်မယ်။ ဒါကြောင့် hardware နဲ့ chipset တွေကို ရွေးချယ်လို့ မရတဲ့ laptop တွေမှာ OS X ထည့်ရတာဟာ ပြဿနာ အင်မတန်များပါတယ်။ Desktop တွေက အများကြီး ပိုအဆင်ပြေတတ်ပါတယ်။

Mac OS X ကို Windows ရှိထားပြီးသား hard disk မှာ install လုပ်ရင်ရပေမယ့် အကောင်းဆုံးက second hard disk တစ်ခု ထပ်တပ်ပြီး အဲဒီထဲမှာ ထည့်တာ အကောင်းဆုံးပါ။ Hard disk capacity ခပ်သေးသေးကို ဈေးပေါပေါ နဲ့ ၀ယ်လို့ ရနိုင်ပါတယ်။ 3.5” 160GB Hard disk ကို S$50 လောက်ပဲ ရှိပါတယ်။

Used ၀ယ်ရင် ပိုတောင် ဈေးပေါနိုင်ပါတယ်။ ကျွန်တော်က ကွန်ပျူတာ ၀ယ်တုန်းက တပ်ထားတဲ့ Windows ထည့်ထားတဲ့ 2TB hard disk ကို မသုံးပဲနောက်ထပ် ကျွန်တော့မှာ ပိုနေတဲ့ 2.5” 160GB hard disk လေးကို ထပ်ထည့်ပြီး အဲဒီထဲမှာ install လုပ်ခဲ့တာပါ။ Hard disk တစ်လုံးထဲမှာ Windows နဲ့ OS X ကို ရောပြီး ထည့်မယ် ဆိုရင် လုပ်ရတဲ့ အဆင့်တွေ ရှုပ်ထွေးပြီး ပြဿနာအပို တွေလည်း ရှိနိုင်ပါတယ်။

Hardware နဲ့ ပါတ်သက်လို့ စဉ်းစားတဲ့ အပိုင်းတွေ ပြီးသွားပြီ ဆိုရင် install လုပ်ဖို့ ကိုယ့်ရဲ့ ကွန်ပျူတာကို ပြင်ဆင်ရပါ တော့မယ်။ ဒီနေရာမှာ တစ်ခု ပြောချင်တာက ကျွန်တော်လုပ်ခဲ့တဲ့ နည်းကUnibeast  ဆိုတဲ့ OS X ကို PC ထဲကို ထည့်လို့ရအောင် ကူညီပေးတဲ့ tool program လေးကို သုံးခဲ့တာဆိုတော့ သူက Mac OS X မှာပဲ အလုပ်လုပ်ပါတယ်။ Windows မှာ အလုပ်မလုပ်ပါဘူး။ ဒါကြောင့် Unibeast ကို သုံးဖို့အတွက် Mac ကွန်ပျူတာ တစ်လုံး ရှိနေဖို့ လိုပါတယ်။ ဒါမှမဟုတ် ဘော်ဒါဆီက ခဏလေး ငှားသုံးရပါမယ်။ Apple computer လုံးဝမရှိဘူးဆိုရင် Windows ကနေ OS X installer ကို ဖန်တီးလို့ ရပေမယ့် သိပ်မရိုးရှင်းပါဘူး။ (အဲဒီအကြောင်းနဲ့ ဘယ်လိုလုပ်ရတယ်ဆိုတာ နောက်မှ post တစ်ခု သပ်သပ်ရေး ပါဦးမယ်)။

နောက်တစ်ထပ်ခု ရှိထားဖို့လိုတာက OS X 10.8.x , 10.9 ကို install လုပ်မှာဆိုတော့ ကိုယ့်ဆီမှာ အဲဒီ OS တွေအတွက် installer တွေ၊ ဒါမှမဟုတ် သူတို့ရှိနေတဲ့ USB stick, DVD တွေ ရှိထားဖို့ လိုပါတယ်။ ဒါကြောင့် installer ကို ဖန်တီးဖို့အတွက် Mac OS X ရှိထားပြီးသား ကွန်ပျူတာ လိုတယ်လို့ ပြောတာပါ။

ပုံမှန်အားဖြင့် ဆိုရင် OS X 10.8 (Mountain Lion), OS X 10.9 (Mavericks) တွေရဲ့ installer ကို အမှန်အကန် Mac computer မှာ App store ကနေ download လုပ်လို့ရပါတယ်။ ဒါမှမဟုတ် ရှိပြီးသား တစ်ယောက်ယောက်ဆီက copy ကူးလိုက်ပေါ့နော်။ OS X က Windows ကို CD key တွေ ဘာတွေ မရှိပါဘူး။ ဘယ်မှာသုံးသုံး ရပါတယ်။ OS X installer လေးကို download လုပ်ပြီးသွားရင် ကိုယ့်ရဲ့ Mac computer ထဲက Applications ဆိုတဲ့ folder အောက်မှာ ရှိရပါလိမ့်မယ်။ OS X installer အတွက် 8GB ရှိတဲ့ USB memory stick တစ်ခုလည်း လိုပါတယ်။

ဟူး……. OS X installation မစရသေးဘူး။ သိရမှာ ပြင်ရမှာတွေ တော်တော်များတာနော်။ ကဲ… ကျွန်တော် လုပ်ခဲ့တဲ့ အဆင့်ဆင့်ကို ဒီနေရာကနေ စပြီး ပြောပါတော့မယ်။



ကျွန်တော့မှာ original Apple MacBook Air ရှိထားတော့ သူ့ကိုသုံးပြီး OS X installer ကို App Store ကနေ download လုပ်လိုက်ပါတယ်။ Applications ဆိုတဲ့ folder အောက်မှာ အဲဒီ installer လေးကို ထားလိုက်ပါတယ်။ ပုံမှာကြည့်ပါ။ Unibeast ကို download လုပ်ပါတယ်။ Google နဲ့ အလွယ်လေး ရှာလို့ရပါတယ်။http://www.tonymacx86.com/368-unibeast-2-0-update.html ကနေလည်း download လုပ်နိုင်ပါတယ်။ Download လုပ်ဖို့ register လုပ်ဖို့ လိုကောင်း လိုပါလိမ့်မယ်။ 8GB USB memory stick ကို MacBook Air မှာတပ်ပြီး disk utilityကို ဖွင့်ပါတယ်။ 8GB USB stick ကို MBR (Master Boot Record) အနေနဲ့ partition ခွဲပါတယ်။ ပြီးတော့ Mac OS X extended journaled format လုပ်ပါတယ်။ ဒါက Disk Utility ကို သုံးပြီး USB stick ကို ပြင်ဆင်တာပါ။ ပြီးရင် download လုပ်ထားတဲ့ Unibeast ကို run ပါတယ်။ OS X installer ကို Applications folder ထဲမှာ ထည့်ထားပြီးသား ဆိုတော့ Unibeast ရဲ့ OS ရွေးတဲ့ နေရာမှာ Mac App Store “Install Mac OS X Mountain Lion”ဒါမှမဟုတ် “Install Mac OS X Mavericks” ကို ရွေးလိုက်လို့ရပါတယ်။ (နမူနာပြထားတဲ့ ပုံမှာကတော့ OS X Lion ဖြစ်ပါတယ်)။ Unibeast 3.0 က Mountain Lion ရော၊ Mavericks ကိုရော support လုပ်ပါတယ်။ Laptop ထဲကို install လုပ်ဖို့ ကြိုးစားနေတာ ဆိုရင်တော့ Laptop Support ကို ရွေးထားဖို့ လိုပါတယ်။

 

ကျွန်တော့အတွက်ကတော့ desktop PC ထဲကို ထည့်တာဆိုတော့ မလိုပါဘူး။ ပြီးရင်တော့ installer ကို ဘယ်ထဲကို ထည့်မလည်းဆိုတာ Unibeast ကို ပြောရပါမယ်။ ခုနက format လုပ်ထားတဲ့ USB stick ကို ရွေးပေးလိုက်ရုံပါပဲ။ ခဏစောင့်လိုက်ရင် Unibeast က Mac OS X installer bootable USB ကို create လုပ်ပေးပါလိမ့်မယ်။ ဒီနေရာမှာ တစ်ခု ပြောချင်တာက တစ်ခါတစ်လေ Unibeast က USB ထဲကို file တွေ write နေတုန်း progress bar လေးက ဆက်မတက်ပဲ အကြာကြီးရပ်နေတာ တွေ့ရပါလိမ့်မယ်။ မိနစ် ၂၀ လောက်ထိ ကြာနိုင်ပါတယ်။ ဒါက ပုံမှန်ပါပဲ။ ဒီအတိုင်းထားပြီး စိတ်ရှည်ရှည်နဲ့ စောင့်နေလိုက်ပါ။ ပိတ်မပစ်လိုက်ပါနဲ့။ အချိန်တန်ရင် USB creation ပြီးသွားပါလိမ့်မယ်။

 ကိုယ့်ရဲ့ Apple mac computer model ပေါ်မူတည်ပြီး နာရီဝက်လောက်ထိ ကြာကောင်း ကြာနိုင်ပါတယ်။ ကျွန်တော့ 2013 Macbook Air မှာတော့ ၁၅ မိနစ်လောက် စောင့်လိုက်ရပါတယ်။



OS X installation USB stick ရပြီဆိုရင် desktop မှာတပ်ပြီး သူကနေ boot လုပ်ပါ။ Unibeast boot screen တက်လာပါလိမ့်မယ်။ ကျွန်တော် အပေါ်မှာပြောခဲ့သလို တစ်ခြား hard disk တွေ ဖြုတ်ထားပြီး Mac OS X တင်မယ့် hard disk တစ်ခုထဲထားတာ အကောင်းဆုံးပါ။ အန္တရာယ်ကင်းပါတယ်။ Unibeast boot screen ကနေ USB ကိုပဲ boot လုပ်ပါ။ ဒါဆိုရင် OS X installer တက်လာပါလိမ့်မယ်။ တစ်ခါတစ်လေမှာ motherboard model နဲ့ တစ်ခြားသော hardware တွေကြောင့် boot ကို တက်မလာတာ တွေ့ရနိုင်ပါတယ်။ တစ်ကယ်လို့ မတက်လာဘူး ဆိုရင်တော့ boot option တွေ အမျိုးမျိုးနဲ့ စမ်းရပါလိမ့်မယ်။

 ကျွန်တော့အတွက်ကတော့ OS X 10.9 (Mavericks) က ကျွန်တော့ စက်မှာ ကောင်းကောင်းမွန်မွန်ပဲ ပြဿနာမရှိ တက်လာပါတယ်။ OS X installer ထဲကို ရောက်သွားပြီ ဆိုရင် Disk Utility ကို ဖွင့်ပြီး OS X ထည့်မယ့် hard disk ကို GUID partition table နဲ့ partition ခွဲပါတယ်။ ပြီးတော့ format လုပ်ပါတယ်။ ကျန်တာကတော့ Mac OS X ပုံမှန် install လုပ်တာနဲ့ အတူတူပါပဲ။ ကျွန်တော့ရဲ့ Core i5-4430 CPU + Asus H81i-Plus motherboard မှာတော့ OS X 10.9 ကို အဲလိုနည်းနဲ့ install လုပ်တာ ဘာပြဿနာမှ မရှိပဲ install လုပ်လို့ ရခဲ့ပါတယ်။



တစ်ခုပဲ ရှိတာက OS X install လုပ်တာ ပြီးသွားလို့ restart လုပ်ရင် bootloader မရှိသေးတဲ့အတွက် စောစောက bootable USB stick ကနေပဲ boot ပြန်လုပ်ရပါမယ်။ ဒီတစ်ခါ boot screen မှာ ပြနေတဲ့ list ထဲမှာ ကျွန်တော့ရဲ့ OS X ရှိနေတဲ့ hard disk လေးကို မြင်နေရပါပြီ။ အဲဒီကျမှ အဲဒီ hard disk ကို ရွေးလိုက်ရင် သူကနေ boot တက်ပါလိမ့်မယ်။ လိုအပ်တဲ့ user info တွေ၊ password တွေ ပေးပြီးရင်တော့ Mac OS X desktop ထဲကို ရောက်သွားပါတယ်။

 Sound card လိုမျိုး driver တွေ ထည့်ဖို့က Multibeast ဆိုတဲ့ configuration program  လေးကို သုံးရပါသေးတယ်။ သူ့ကို download လုပ်ပြီး run ပါတယ်။ သူ့ထဲကနေ driver တွေ install လုပ်လို့ရတယ်၊ bootloader တွေ ထည့်လို့ရပါတယ်။ ကျွန်တော့ရဲ့ desktop computer လေး အတွက်ကတော့ Realtek 887 codec sound card driver ထည့်ပေးတာက လွဲလို့ တစ်ခြား ဘာမှမလုပ်ခဲ့ပါဘူး။ OS X 10.9 က latest version မို့ထင်ပါတယ်။ အားလုံး အဆင်ပြေပါတယ်။ ကျွန်တော့ရဲ့ Geforce GTX 660 graphic card ကို လည်းကောင်းကောင်း သိပြီး အလုပ်လုပ်ပါတယ်။

WiFi အတွက်ကတော့ AZTech USB WiFi adapter လေး ၀ယ်လိုက်ပါတယ်။ သူ့မှာ Mac OSX driver ပါတဲ့အတွက် အဲဒါ ထည့်ပြီး သုံးလိုက်တာ ကောင်းကောင်း အဆင်ပြေပါတယ်။ WiFi လည်း ရသွားတာပေါ့နော်။ Bluetooth adapter တော့ မသုံးကြည့်ရသေးပါဘူး။ လောလောဆယ် graphic, sound, WiFi ရနေရင်ကိုပဲ ကျွန်တော့အတွက် တော်တော်ကြီး အဆင်ပြေသွားပြီလေ။

ကျွန်တော့အတွက် တစ်ခုပဲ ပြဿနာဖြစ်နေတာက ဘာကြောင့်လည်းတော့မသိဘူး၊ ကျွန်တော့ စက်ထဲကို bootloader ကို ထည့်လို့ကို မရဘူး။ Installe လုပ်ရင် success ဖြစ်တယ်လို့ ပြတယ်။ ဒါပေမယ့် restart ပြန်လုပ်ပြီး hard disk ကနေ boot လုပ်ရင် မရဘူး ဖြစ်နေပါတယ်။ အခုထိလည်း အဖြေရှာနေတုန်းပါ။ ပုံမှန်အတိုင်းဆိုရင်က ရရမှာပါ။ OS X ထည့်ဖို့ သုံးထားတဲ့ ကျွန်တော့ hard disk အဟောင်းလေးက ပြဿနာဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လောလောဆယ် မှာတော့ OS X ထဲကို သွားချင်တယ် ဆိုရင် bootable USB ကိုပဲသုံးပြီး ၀င်နေရပါတယ်။ ကျန်တာတွေ ကတော့ အဆင်ပြေပါတယ်။

Xcode ထည့်ပြီး development တွေလုပ်ကြည့်တာလည်း OK ပါတယ်။ တစ်ခြား OS X application အားလုံးလည်း ကောင်းကောင်း အလုပ်လုပ်ပါတယ်။ ဒါကြောင့် တော်ရုံတန်ရုံ iOS development လိုမျိုးတွေ လုပ်ဖို့ကတော့ ဈေးကြီးတဲ့ Apple Mac computer တွေဝယ်စရာ မလိုပဲ ဈေးသက်သက်သာသာနဲ့ PC လေးတစ်လုံး ဆင်ပြီး OS X ထည့်သုံးလို့ ရတာပေါ့နော်။

 Apple ကတော့ဒါကို တရားမ၀င်ဘူး ဘာညာပြောထားတာ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Personal သုံးဖို့ကတော့ ကောင်းကောင်း အဆင်ပြေတယ် လို့ပဲ ပြောချင်ပါတယ်။ Apple ကွန်ပျူတာ အစစ် သုံးရတာလောက် အဆင်မချောတာတွေ ရှိနိုင်ပေမယ့် ဘာပဲဖြစ်ဖြစ် Mac OS X စမ်းချင်သူတွေ အတွက်က ဒီနည်းက အဆင်ပြေမှာပါ။


Credit to : သီဟဦး


WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း

  windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...