Ip routing ဆိုတာ network တစ်ခုထဲက host တစ်လုံးရဲ့ data ကို အခြား network တစ်ခုထဲမှာရှိတဲ့ host တစ်လုံးဆီကိုရောက်ရှိအောင်ပို့ဆောင်ပေးတဲ့လုပ်ငန်းစဉ်လို့အလွယ်ပြောလို့ရပါတယ်။ ဒီလို network တစ်ခုကနေ အခြားတစ်ခုဆီကို data packet တွေရောက်ရှိဖို့အတွက် ဆောင်ရွက်ပေးတာကတော့ Router ပဲဖြစ်ပါတယ်။ Router တစ်လုံးဟာ သူ့ဆီကိုရောက်ရှိလာတဲ့ data packet ရဲ့ destination address ကိုကြည့်ပြီး data packet ကိုသက်ဆိုင်ရာ network ထဲကိုရောက်ရှိနိုင်တဲ့ အခြား router တစ်လုံးဆီကို ထပ်ဆင့်ပို့ဆောင်ပေးပါတယ်။ ဒီလိုနဲ့ သက်ဆိုင်ရာ network ဆီကိုရောက်ရှိသည်အထိ router တွေဟာ တစ်လုံးနဲ့တစ်လုံးချိတ်ဆက်ပြီးလုပ်ဆောင်ကြပါတယ်။ ဒါဟာ router ရဲ့လုပ်ဆောင်ပုံပါပဲ။ ဒီတော့ router ဟာ လမ်းပြ ပုလိပ်လိုဖြစ်နေတာပေါ့။ ကားတစ်စီးက ဆူးလေကိုသွားချင်တယ်။ ဒါပေမယ့် လမ်းမသိဘူးဖြစ်နေတယ်။ ဒီတော့ သူက နီးစပ်ရာ လမ်းပြ ပုလိပ်ကိုအကူအညီတောင်းတယ်။ ဒီတော့ ပုလိပ်က ဒီလမ်းအတိုင်းဆက်သွား အဲဒီရှေ့မှာ လမ်းဆုံတစ်ခုရှိလိမ့်မယ်၊ အဲဒီမှာ လမ်းပြပုလိပ်တစ်ယောက်ကို တွေ့ရင် သူ့ကိုဆက်မေးပြီးသွားလိုက်၊ သူလမ်းညွှန်ပေးလိမ့်မယ်ပေါ့ဗျာ။ ဒီတော့ အဲဒီ ကားဟာ နောက်ဆုံး သူသွားချင်တဲ့ ဆူးလေကိုရောက်သွာတာပေါ့။ ဒါပေမဲ့ ဆူးလေမရောက်မချင်းသူ ဘာလုပ်ရသလဲဆိုတော့ လမ်းမှာတွေ့တဲ့ ပုလိပ်ကို မေးမေးပြီးသွားရမှာပေါ့။ ဒီလိုပါပဲ data packet ဆိုတာလည်း သူသွားချင်တဲ့ network ကိုရောက်ရှိဖို့အတွက် network ထဲမှာချိတ်ဆက်ထားတဲ့ router တွေကို မေးပြီးသွားတာပါ။ အိုခေး။ ဒီလို data packet တွေကိုလမ်းညွှန်ပေးဖို့အတွက် router တွေမှာ routing table ဆိုတာရှိပါတယ်။
အဲဒီတော့ routing table မှာဘာတွေပါသလဲပေါ့။ routing table မှာ
1) Destination network ရဲ့ network address and subnet mask
2) Destination network ကိုသွားဖို့အတွက် ဖြတ်ရမယ့် router ရဲ့ address၊ ဒါကို ကျွန်တော်တို့တတွေက next hop လို့ခေါ်တယ်။
3) ပြီးတော့ အထွက် interface ပေါ့။ destination network ကိုသွားဖို့အတွက် exit interface တို့ပါဝင်ပါတယ်။
Router တွေဟာ Routing table ကိုတည်ဆောက်တဲ့အခါမှာ သက်ဆိုင်ရာ destination network တွေကိုရဖို့ နည်းသုံးနည်းနဲ့ တည်ဆောက်ရပါတယ်။ အဲတာတွေကတော့
1) Connected route
2) Static route
3) Dynamic route တွေဖြစ်ပါတယ်။
ဒါတွေထဲက တခုခုကိုသုံးပြီးတော့ဖြစ်ဖြစ် အားလုံးကိုသုံးပြီးတော့ ဖြစ်ဖြစ် တည်ဆောက်ကြတာဖြစ်ပါတယ်။
အောက်ပါ network ကိုကြည့်ပါ။
Host A သည် host B ကို ဆက်သွယ်တဲ့အခါမှာ host B သည် အခြား network ထဲမှာဖြစ်နေတာကိုတွေ့ရပါတယ်။ ဒီအခါမှာ host A သည် သူပို့လိုတဲ့ data ကို host B ရဲ့ ip ကိုအသုံးပြုပြီးတော့ router ဆီကိုလှမ်းပို့ပါတယ်။ ဒီတော့ router ဟာရောက်လာတဲ့ data packet ရဲ့ destination ကိုကြည့်တယ်၊ ပြီးတော့ သူ့ရဲ့ routing table ထဲကိုကြည့်တဲ့အခါမှာ destination network ကိုတွေ့တော့ အဲဒီ data packet ကို outgoing interface ဖြစ်တဲ့ fa0/1 ကနေပို့လွှတ်လိုက်တဲ့အခါမှာ host B ဆီကိုရောက်သွားပါတော့တယ်။ အောက်မှာကတော့ Router0 ရဲ့ routing table ကိုတွေ့ရမှာဖြစ်ပါတယ်။ အဲဒီမှာ destination network address ဖြစ်တဲ့ 10.0.0.0/8 ကိုတွေ့ရမှာဖြစ်ပါတယ်။ routing table ကိုကြည့်ဖို့အတွက် router ရဲ့ enable mode မှာ show ip route လို့ရိုက်ထည့်ပြီးကြည့်နိုင်ပါတယ်။ Router ရဲ့ mode တွေကိုမသိသေးဘူးဆိုရင်တော့ ဒီမှာ ၀င်ကြည့်နိုင်ပါတယ်။
No comments:
Post a Comment