Monday, June 19, 2017

Point to Point Protocol (PPP) (၂)



          အိုခေ ကျွန်တော်တို့ PPP အပိုင်း (၁) ကိုဆွေးနွေးခဲ့ကြပြီးပြီ။ ဒီတော့ အပိုင်း (၂) မှာ PPP ကိုဘယ်လို configure ချသွားသလဲဆိုတာကို အကြမ်းဖျဉ်းပြောပြပေးမယ်။

PAP configuration
          PAP ကိုပုံမှန်အားဖြင့် configuration လုပ်ကြတဲ့အခါမှာ တော်တော်များများစာအုပ်တွေကို ကြည့်လိုက်ရင် router နှစ်လုံးစလုံးဟာ အချင်းချင်း အပြန်အလှန် authenticate လုပ်ကြတာကိုတွေ့ရမှာဖြစ်ပါ တယ်။ ဆိုလိုတာက အပိုင်း (၁) မှာပြောခဲ့သလို router တစ်လုံးက PPP server နောက်တစ်လုံးက PPP client ဆိုတာမျိုးမဟုတ်ပဲ နှစ်လုံးစလုံးမှာ username နဲ့ password တွေကို configure ချထားပြီး တစ်လုံးနဲ့တစ်လုံးချိတ်ဆက်ကြတာပါ။ ဒါကို ကျွန်တော် lab 16 မှာလုပ်ပြခဲ့ပြီးပါပြီ။ ဒါပေမဲ့ theoretical နဲ့တွဲပြီး နားလည်အောင် ဘယ်လို authenticate လုပ်သလဲဆိုတာပြောပြဖို့အတွက်ကျတော့ PPP server နဲ့ PPP client ဆိုပြီးသုံးနှုန်းလိုက်ရတာဖြစ်ပါတယ်။
         


          အဲဒီမှာ router နှစ်လုံးက တစ်လုံးသည် server ဖြစ်ပြီး နောက်တစ်လုံးသည် client အဖြစ်ဆောင်ရွက်ပါ တယ်။ အဲဒီမှာတွေ့လား server အနေနဲ့ လုပ်ဆောင်တဲ့ router ရဲ့ configuration မှာ username နဲ့ password ကို တည်ဆောက်ထားတာ။ server(config)#username CLIENT1 password TUT ဆိုတာလေ။ ဒီတော့ server ကိုလာချိတ်ဆက်မယ့် client သည် အဲဒီ username နဲ့ password ကိုအသုံးပြုပြီး ချိတ်ဆက်မှသာလျှင် authenticated ဖြစ်ပြီး ချိတ်ဆက်လို့ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် client router ရဲ့ configuration မှာ client(config-if)#ppp pap sent-username CLINET1 password TUT လို့ server ဆီကိုလှမ်းပြီး authenticated လုပ်ပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ အဲဒီ client က ပို့လိုက်တဲ့ username နဲ့ password ကို server မှာတည်ဆောက်တားတဲ့ username/ password ရယ် ppp authentication pap ဆိုတဲ့ command တွေကလှမ်းစစ်တာဖြစ်ပါတယ်။ အကယ်လို့များ client မှာ အဲဒီ command ကို configure လုပ်ခဲ့ရင်တော့ server သည် username နဲ့ password ကို client ဆီကိုပို့ပြီး authenticate လုပ်ရတော့မှာဖြစ်ပါတယ်။ ဒါ့ကြောင့် client မှာ အဲဒီ command ကိုမထည့်ရပါဘူး။ မဟုတ်ရင် server အတွက် clinet မှာ username နဲ့ password ကို configure လုပ်ထားခြင်းမရှိတဲ့အတွက် authentication fail ဖြစ်သွားမှာဖြစ်ပါတယ်။ ဒီတော့ router နှစ်လုံး authenticated ဖြစ်မဖြစ်ကို show ip interface brief ဆိုတဲ့ command ကိုအသုံးပြုပြီးတော့ status မှာ up/up state ဖြစ်မဖြစ်ကိုကြည့်နိုင်ပါတယ်။ ဖြစ်တယ်ဆိုရင်တော့ authenticated ဖြစ်သွားပါပြီ။ ဒါမှမဟုတ် ping ကြည့်လို့ reply ပြန်ခဲ့ရင်လည်း authenticated ဖြစ်တယ်လိုဆိုရမှာဖြစ်ပါတယ်။ အိုခေ နားလည်တယ်နော်။ သိထားရမှာက PAP က authentication လုပ်တဲ့အခါမှာ clear text နဲ့လုပ်တာကြောင့် security မကောင်းပါဘူး။

CHAP configuration
                   CHAP ကတော့ PAP နဲ့ configuration လုပ်တဲ့သဘောတရားချင်းဆင်ပါတယ်။ အရမ်းကြီးကွဲသွားတာမျိုးမဟုတ်ပါဘူး။



          အပေါ်က configuration ကိုကျွန်တော်နည်းနည်းလေးရှင်းပြပေးမယ်။ PAP တုန်းက server မှာ username နဲ့ password ကိုတည်ဆောက်သလို CHAP မှာလည်းတည်ဆောက်ထားတာကိုတွေ့ရမှာဖြစ်ပါ တယ်။ ပြီးတော့ server မှာ ppp authentication chap ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒါကတော့ authenticate လုပ်တဲ့အခါမှာ chap နဲ့ server က authenticate လုပ်ဖို့ဖြစ်ပါတယ်။ ဒီနေရာမှာ client မှာပြောဖို့တစ်ခုရှိတယ်။ အဲဒါက pap တုန်းက ppp sent-username <> password <> ဆိုပြီး configure လုပ်ရပေမယ့် chap မှာတော့ ppp chap hostname လို့သုံးပြီး username လို့မသုံးထားတာကိုတွေ့ရမှာဖြစ်ပါ တယ်။ ပြီးတော့ username နဲ့ password ကို နှစ်ခါခွဲပြီး configure လုပ်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ chap ရဲ့ အားသာချက်က username နဲ့ password ကို server ဆီကိုမပို့ပဲ နဲ့ authentication လုပ်တာဖြစ်လို့ ppp sent-username <> password <> ဆိုတာကိုမသုံးတော့တာဖြစ်ပါတယ်။ ဒါကို ကျွန်တော်အပိုင်း ၁ မှာ theory အနေနဲကဖော်ပြထားပြီးခဲ့ပါပြီ။ ပုံကိုမမြင်ရဘူးဆိုရင် ပုံကိုထောက်ပြီး ကြည့်နိုင်ပါတယ်။

No comments:

Post a Comment

WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း

  windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...