Saturday, May 21, 2016

Conficker (malware)အကြောင်းလေးပါ





Conficker ဆိုတာ 
Conficker ကို Downup, Downadup နှင့် Kido လို့လည်း လူသိများပါတယ်။ ၎င်းဟာ Computer worm တစ်ခုသာဖြစ်ပြီး  Microsoft Windows OS ကိုအဓိကထား တိုက်ခိုက်တာဖြစ်ပါတယ်။ ပထမဆုံးအနေဖြင့် Conficker ၀င်ရောက်တိုက်ခိုက်ခြင်းကို 2008 နိုဝင်ဘာလ လောက်တွင်ကြုံတွေ့ခဲ့ရပြီး Windows ရှိ အားနည်းချက် ယိုပေါက်များမှတဆင့် ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ ထိုသို့တိုက်ခိုက်ခြင်းကို Dictionary attacks ဟုခေါ်ဆိုပြီး ကွန်ပျူတာရှိ administrator password ကိုခိုးယူကာ ကွန်ပျူတာတစ်ခုလုံးအား ထိန်းချုပ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။ Conficker ဟာ ပျံ့နှံ့နှုန်းအလွန်မြန်ဆန်ပြီး မြောက်များစွာသော Worm များကိုပါ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်စေပါတယ်။ အနောက်နိုင်ငံများမှာတော့ Conficker ၀င်ရောက်တိုက်ခိုက်ခြင်းကြောင့် သန်းပေါင်းများစွာသော ကွန်ပျူတာများ ရှိ data များခိုးယူခံရခြင်း ၊ bank account များ ခိုးယူခံရခြင်း စတာတွေကို ကြုံတွေ့ခဲ့ကြရပါတယ်။ Conficker ဟာ အဆင့်မြင့် malware နည်းပညာများဖြင့် ဖန်တီးထားတာဖြစ်တာကြောင့် ၎င်းကို ရှာဖွေဖျက်ပစ်ဖို့ရာ မလွယ်ကူလှပါဘူး။ 
    Conficker ရဲ့မူလ အမည်ကတော့ portmanteau ဖြစ်ပြီး အင်္ဂလိပ်လို configure နှင့် ဂျာမန်စကားလုံး Ficker ကိုပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။ပထမဆုံး Conficker ကို 2008 ခုနှစ် နိုဝင်ဘာလတွင် စတင်တွေ့ရှိခဲ့ရပြီး ၎င်းဟာ network service ရှိအားနည်းချက်မှတဆင့် အင်တာနက်မှ ၀င်ရောက်လာခြင်း ဖြစ်ပါတယ်။ ထို့ပြင် Windows 2000, Windows XP, Windows Vista, Windows Server 2003, Windows Server 2008, နှင့်  Windows Server 2008 R2 Beta တို့ရှိ အားနည်းချက်များမှတဆင့်လည်း ၀င်ရောက်လာနိုင်ပြီး ယခုနောက်ဆုံး Windows 7 မှာပါ Conficker ၀င်ရောက် ပျံ့ပွားနိုင်ကြောင်း လုံခြုံရေးဆိုင်ရာ သုတေသီများမှ တွေ့ရှိခဲ့ကြပါတယ်။ ထို့အတွက် Microsoft မှလည်း update ဖိုင်များ ထုတ်လုပ်လျှက်ရှိပြီး Windows အတွင်းရှိ ယိုပေါက်များကို ပြန်လည် ပြုပြင်ပေးလျှက်ရှိပါတယ်။ 
    ကွန်ပျူတာအတွင်း ၀င်ရောက်နှောင့်ယှက်တတ်သော malware အများစုဟာ Conficker များသာဖြစ်ကြပြီး၎င်း ဟာ Network လမ်းကြောင်းမှတဆင့် အခြားကွန်ပျူတာများသို့ ကူးဆက်ပျံ့နှံ့နိုင်ပါတယ်။ Conficker ဟာ ပျံ့ပွားမှုနှုန်း အလွန်မြန်ဆန်တာ ကြောင့် ကမ္ဘာနှင့်အ၀ှမ်း ၎င်း malware ကူးဆက်ခံရသော ကွန်ပျူတာပေါင်း သန်းပေါင်းများစွာရှိနေကြပါတယ်။ Conficker များအား အမျိုးအစား 5 မျိုးခွဲခြားသတ်မှတ်နိုင်ပြီး ၎င်းတို့ဟာ 2008 နိုဝင်ဘာတွင်တွေ့ရသော Conficker များ၊ 2008 ဒီဇင်ဘာတွင်တွေ့ရသော Conficker များ၊ 2009 ဖေဖော်ဝါရီတွင်တွေ့ရသော Conficker များ အစရှိသည်တို့ပဲဖြစ်ကြပါတယ်။ Conficker များဟာ အမြဲလိုလို update ပြုလုပ်လျှက်ရှိကြတာကြောင့် antivirus software များအား ပုံမှန် update ပြုလုပ်ပေးသင့်ပါတယ်။ 
    ထိုကဲ့သို့ Conficker များ ကွဲပြားခြင်းနှင့် အချိန်တိုအတွင်း ကွန်ပျူတာအတွင်း ၀င်ရောက်ပျံ့ပွားနိုင်ခြင်းကြောင့် Microsoft မှ Windows Malicious Software Removal Tool ကို ထုတ်လုပ်ပေးခဲ့ပြီး ၎င်းဟာ Conficker နှင့် worm အမြောက်အများဝင်ရောက်လာ ခြင်းကို တားဆီးပေးနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ထို့ပြင် AVG မှလည်း Third-party anti-virus software များကို ထုတ်လုပ်ခဲ့ပြီး Conficker အန္တရယ်မှ ကာကွယ်နိုင်ရန်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။


No comments:

Post a Comment

WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း

  windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...