Saturday, May 21, 2016

Power On Self Test (post) အကြောင်းလေးပါ။






POST ဆိုသည်ကား အဘယ်နည်း
    POST ဆိုတာက Power On Self Test ရဲ့ အတိုကောက် စာသားလေးပါ။ Computer ကို Power စဖွင့်လိုက်ပြီ (သို့) Reset ချလိုက်ပြီဆိုတာနဲ့ POST ဆိုတဲ့ လုပ်ငန်းစဉ်ကို Computer ထဲမှာ ပါဝင်တဲ့ BIOS (Basic Input/Output System)က လုပ်ဆောင်ပေးပါတယ်။ ဒီတော့ POST ဆိုတာက ROM (Read Only Memory) ထဲမှာရှိတဲ့ BIOS ထဲမှာ သိမ်းထားသော Special Program လေး တစ်ခုပါ။ Power On Self Test ဆိုတဲ့အတိုင်း စက်ဖွင့် (သို့) Reset ချလိုက်တာနဲ့ စက်အတွင်းမှာရှိတဲ့  အစိတ်အပိုင်း အသီးသီးက မိမိတို့ အလိုအလျောက် စစ်ဆေးမှု ပြုတယ်ဆိုတဲ့ သဘောပါ။ 

ပုံ-၁

    ဒီတော့ POST လုပ်ငန်းစဉ်ကို လုပ်နေစဉ်အတွင်း BIOS က
- Code တွေ စစ်ဆေးခြင်း၊ 
- Main Memory ရှိ၊ မရှိ ရှာဖွေခြင်း၊ အရွယ်အစား (Size) ကို စစ်ဆေးခြင်း၊ 
- System Buses တွေနဲ့ Devices တွေအားလုံး စုံလင်မှု ရှိ၊ မရှိ ရှာဖွေ စစ်ဆေးခြင်း၊ 
- အခြား အထူး စီမံထုတ်လုပ်ထားတဲ့ BIOSes တွေကို ထိန်းချုပ်ထားခြင်း၊
- User Interface ကို စစ်ဆေးခြင်း၊
- ထို့နောက် BOOT လုပ်ငန်းစဉ်ကို ဆက်လက် လုပ်ဆောင်ရန် လိုအပ်တဲ့ Devices တွေကို  ရွေးချယ်ခြင်း၊ အစီစဉ်တကျ ပြုလုပ်ခြင်းများ၊
- Operating System တက်လာစေဖို့ လိုအပ်တဲ့ System ပိုင်း တည်ဆောက်ခြင်းတွေကိုလည်း လုပ်ဆောင်ပေးပါတယ်။

ပုံ-၂

    စက်ကနေ Reset ခလုတ် နှိပ်လိုက်တာကို Cold Boot လို့ခေါ်ပြီး Keyboard ကနေ CTRL+ALT+DEL နှိပ်ပြီး Reset ချတာကို Warm Boot လို့ ခေါ်ပါတယ်။ Reset ချလိုက်တဲ့အခါတိုင်းမှာ Northbridge က RAM ကို အလုပ်လုပ်ရန် အကြောင်းကြားပါတယ်။ ဒီတော့ RAM ထဲမှာရှိတဲ့ BIOS က စတင်ပြီးတော့ အလုပ်လုပ်ပါတယ်။ Cold Boot လုပ်လိုက်ပြီဆိုရင်တော့ စက်က POST လုပ်ငန်းစဉ်ကို အစကနေ လုပ်ဆောင်ပေးပါတယ်။ 

ပုံ-၃

    ဒီတော့ POST ဆိုတာက စက်အတွင်း စစ်ဆေးမှုများ ပြုလုပ်ပေးပြီးတော့ အမှားအယွင်း (Error) တစ်စုံတစ်ခုမှ မရှိဘူးဆိုရင်လေ စက်ထဲမှာ တင်ထားတဲ့ Operating System တက်လာမှာ ဖြစ်ပါတယ်။ တကယ်လို့ အမှားတစ်စုံတစ်ရာ ရှိခဲ့ရင် စက်မတက်လာတော့ဘဲ တစ်ခုခု မှားယွင်းနေကြောင်း အချက်ပြမှာ ဖြစ်ပါတယ်။ အဲဒါကို POST Error လို့ ခေါ်ပါတယ်။ အဲဒီ Error မှာ POST  Beep Error နဲ့ POST Code Error ဆိုပြီး နှစ်မျိုးရှိတယ်နော်။ စိတ်ဝင်စားရင် အဲဒီ ခေါင်းစဉ်လေးတွေကို ရှာပြီး ဖတ်ကြည့်ပါဦးနော်။

ပုံ-၎


No comments:

Post a Comment

WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း

  windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...