Saturday, May 21, 2016

Desktop, Start Menu Explanation



ကောင်းပြီ ပုံ (၁)ကို ကြည့်ကြပါစို့။






ပုံ(၁) 

အခုမြင်နေရတဲ့ screen (မျက်နှာပြင်) တစ်ခု လုံးကို တော့ desktop screen လို့ခေါ်ပါတယ်။ အတို ဆိုရင်တော့ desktop ပေါ့။ ဒီ desktop မှာမြင်နေရတဲ့ စာနှင့်ပုံလေးတွေ ရှိပါတယ် ဒါကတော့ icons တွေပါ။ Icons ဆိုတာမှာ application ဆီသွားဖို့ shotcut တွေဓာတ်ပုံတွေ folder စသဖြင့် screenပေါ်ရှိအရာအားလုံးအတွက် ကိုယ်စားပြု တဲ့ အရာလေးတွေပါ။Icons ဆိုတာ အားလုံးကို ခြုံငုံ ခေါ်ခြင်းဖြစ်ပြီး တစ်ခုခြင်းစီမှာတော့ ကိုယ်ပိုင် နာမည် နဲ့ ပုံလေးတွေရှိကြပါတယ်။



ပုံ(၁)ရဲ့ အောက်နားလေးကိုသွားရအောင်နော် ။ဒီမှာတော့ ခရမ်းရောင်လေးနဲ့ရေးထားတဲ့ taskbar ပါ။ သူကတော့ လက်ရှိ run နေတဲ့ application နှစ်ခုကို ဒါမှမဟုတ် (အများ)လွယ်လွယ်ကူကူ ကူးပြောင်းရလွယ်စေပါတယ်။ ပြီးတော့ ကိုယ်အမြဲသုံးနေကျ application (firefox browser)လိုမျိုးတွေကို လဲ taskbar မှာပဲ လွယ်လွယ်ကူကူ shotcut အနေနဲ့ ထားလို့ရပါသေးတယ်။ destop ပေါ်မှာမျက်စိရှုတ်နည်းနည်း  သက်သာတာပေါ့။

Task bar ရဲ့ ညာဘက်ခြမ်းမှာတော့ notification barလို့ခေါ်ပါတယ်။ window စတက်တာနဲ့ပါလာတတ်တဲ့ application တွေ ဥပမာ antivirus လိုအရာမျိုး ပြီးတော့ Network ချိတ်မိလားမချိတ်မိလားပြသတဲ့အရာမျိုး

အစရှိသဖြင့် notification ဆိုကတည်းက သတိပြုမိအောင်ဒီဘေးနားမှာပြသပေးထားတာပါ။သူ့မှာ Hour နာရီပါမယ် calendar ပါမယ်။ startup applicationတွေပါဝင်ပါတယ်။

 

ပုံ(၂)

ကဲဘယ်ဘက်ခြမ်းလေးမှာတော့ Start Menu ပါ/သူ့ကိုတော့ window logo လေးနဲ့ဖော်ပြလေ့ရှိကြပါတယ်။၎င်းကို window 95 မှာစတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး application တွေရှိရာကို အလွယ်တကူသွားလာပြီးအသုံးပြုနိုင်စေဖို့ ရည်ရွယ်ခဲ့တယ်။

Start Menu ဆိုတဲ့အတိုင်း window တက်ပြီး ကွန်ပြူတာကိုအသုံးပြုတော့မယ်ဆိုတာနဲ့ start Menu ကိုဖွင့်ရပါတယ်။အများဆုံးအသုံးပြုရာများဖြစ်သော My Computer,Control Panel, Search, Runစတဲ့ window program တွေကို တနေရာထဲကနေ Access လုပ်နိုင်ပါတယ်။Start Menu>> All Program ကနေလဲ system ထဲမှာInstall လုပ်ထားတဲ့ အခြား application တွေ Microsoft Office လို အလွယ်တကူရှာဖွေရလွယ်ကူစေပါတယ်။သူ့မှာလဲ user account ကို logoff လုပ်ဖို့ , System ကို ပိတ်၇န် နှင့် Restart ချရန်အတွက် buttons လေးတွေထည့်သွင်းပေးထားပါသေးတယ်။


No comments:

Post a Comment

WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း

  windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...