အဲ... လာပြန်ပြီ Error နောက်တစ်ခုပေါ့။ သူတို့တွေက အကူအညီပေးမယ့် သူတွေပါ။ အင်းလေ... အမှားရှိနေတာတော့ သိပါပြီ။ ဘယ်နားမှာ မှားနေလဲ မသိရရင် ခက်ပြီပေါ့။ အဲ... မှတ်သားစရာတစ်ခုက ကိုယ့်စက်ရဲ့ Software ပိုင်းမှာ ပျက်နေတာလား၊ Hardware ပိုင်းမှာ ပျက်နေတာလားဆိုတာ သိရဖို့အရေးကြီးပါတယ်။ မိမိရဲ့ Computer ကိုအသုံးပြုနေစဉ်အတောအတွင်းမှာ Error တစ်ခုခုရှိနေပြီဆိုရင် Code နံပါတ်လေးတွေနဲ့ ဖေါ်ပြပေးမှာဖြစ်ပြီး ဘယ်နားမှာ မှားနေတာလဲဆိုတာကို ဒီ Code နံပါတ်လေးတွေက ဖေါ်ပြပေးမှာနော်။ ဒီတော့ အမှားကို အလွယ်တကူ ရှာလို့တွေ့ပြီပေါ့။
ဒါပေမဲ့ code နံပါတ်တွေက များလွန်းတော့ မှတ်မိနိုင်ဖို့ခဲယဉ်းပါတယ်။ ဒါကြောင့် Computer မှာ Error အမှားတစ်ခုခုရှိနေပြီဆိုရင် အမှားကိုပြင်လို့ရဖို့ Code နံပါတ်ဘယ်လောက်လဲဆိုတာ သိဖို့အရေးကြီးပါတယ်။ ဒါမှလည်း ပြင်လို့ရမှာပေါ့နော်။ ဒီတော့ နောက်ပိုင်းမှာ အဲဒီ Code နံပါတ်ကို အလွယ်တကူသိနိုင်ဖို့ Hardware ပိုင်းဆိုင်ရာ အမှားတွေ စစ်ပေးတဲ့ POST Card လေးကို အသုံးပြုလာကြပါတယ်။ အဲဒီ POST Card နဲ့အတူ သက်ဆိုင်ရာ နံပါတ်ကို ဖြေရှင်းပေးမယ့် အဖြေတွေဖေါ်ပြထားတဲ့ စာအုပ်လည်းတွဲလျက်ပါရှိပါတယ်။ ပုံလေးကို ကြည့်လိုက်ပါဦး။
ပုံ-၁၊ ၁ a
အဲဒီ ကဒ်လေးကို အသုံးပြုပြီးတော့ အမှားစစ်မယ်ဆိုရင် အဲဒီကဒ်ပေါ်မှာ Code နံပါတ်လေးပေါ်လာမှာဖြစ်ပါတယ်။ အဲဒီ Code နံပါတ်နဲ့ ကိုက်ညီတဲ့ အဖြေကို ၎င်း POST Card နဲ့အတူ ပါလာတဲ့ စာအုပ်ထဲမှာ အဖြေရှာနိုင်ပါတယ်။ ဘယ်နားမှာ မှားနေလဲ ဆိုတာ အဖြေတွေ့ပြီဆိုရင် အမှားပြင်ဖို့ပဲကျန်ပါတော့တယ်။ ဒီတော့ Hardware ပိုင်းချို့ယွင်း နေတာတွေကို အလွယ်တကူ အမှားရှာတွေ့နိုင်ပြီပေါ့။
ပုံ-၂
ဥပမာ အနေနဲ့ အခု IBM ကထုတ်တဲ့ Computers တွေအတွက် သက်ဆိုင်တဲ့ POST Code တွေကို ဖေါ်ပြပေးမယ်နော်။ ဒါပေမဲ့ အခုပြောပြမယ့် Code နံပါတပ်တွေဟာ ယခင်က အသုံးပြုခဲ့တဲ့ စက်တွေမှာသာ မြင်တွေ့ပြီး ယခုနောက်ပိုင်းစက်တွေမှာတော့ မတွေ့ရတော့ပါဘူး။ ဗဟုသုတ အနေနဲ့သိထားရုံပါပဲနော်။
* 100 မှ 199 ဆိုရင် - System boards ကိုစစ်ဆေးရတော့မှာပါ။
* 200 မှ 299 ဆိုရင် - Memory နဲ့သက်ဆိုင်တာပါ။
* 300 မှ 399 ဆိုရင်တော့ - Keyboard ပေါ့။
* 400 မှ 499 ဆိုရင်လေ - Monochrome display ချို့ယွင်းတာပါ။
* 500 မှ 599 ဆိုရင် - Color/graphics display မှာ အမှားရှိတာ ဖြစ်နိုင်ပါတယ်။
* 600 မှ 699 ဆိုရင်တော့ - Floppy-disk drive or adapter ကို စစ်ကြည့်ပါဦး။
* 700 မှ 799 အထိက - Math coprocessor နဲ့ သက်ဆိုင်လို့ စစ်ဆေးကြည့်ပါ။
* 900 မှ 999 အထိ - Parallel printer port မှာ အမှားရှိနေတာမို့ အဲဒီအပိုင်းကို စစ်ကြည့်နော်။
* 1000 မှ 1099 အထိဆိုရင်တော့ - Alternate printer adapter နဲ့သက်ဆိုင်ပါတယ်။
* 1100 မှ 1299 ဆိုရင် - Asynchronous communication device, adapter, or port ကိုစစ်ဆေးဖို့ လိုလာပြီပေါ့။
* 1300 မှ 1399 ဆိုရင်- Game port နဲ့သက်ဆိုင်ပါတယ်။
* 1400 မှ 1499 ဆိုရင်တော့- Color/graphics printer ကိုစစ်ပါ။
* 1500 မှ 1599 အထိက - Synchronous communication device, adapter, or port နဲ့သက်ဆိုင်တဲ့ Error ပါ။
* 1700 မှ 1799 အထိ- Hard drive and/or adapter ကိုစစ်ဖို့လိုနေပါပြီ။
* 1800 မှ 1899 ဆိုရင်- Expansion unit (XT) နဲ့သက်ဆိုင်ပါတယ်။
* 2000 မှ 2199 အထိ - Bisynchronous communication adapter ကိုစစ်ပါ။
* 2400 မှ 2599 ဆိုရင်- EGA system-board video (MCA) နဲ့ဆိုင်ပါတယ်။
* 3000 မှ 3199 ဆိုရင်တော့ - LAN adapter ကိုစစ်ဆေးရမှာပါ။
* 4800 မှ 4999 အထိက - Internal modem နဲ့သက်ဆိုင်ပါတယ်။
* 7000 မှ 7099 အထိဆိုရင်- Phoenix BIOS chips ကိုစစ်ဆေးကြည့်ပါဦးနော်။
* 7300 မှ 7399 ဆိုရင်- 3.5-inch disk drive နဲ့ဆိုင်လို့ စစ်ကြည့်နော်။
* 8900 မှ 8999 အထိက - MIDI adapter နဲ့သက်ဆိုင်တဲ့ Error ပါ။
* 11200 မှ 11299 ဆိုရင် - SCSI adapter ကိုစစ်ကြည့်ပါ။
* 21000 မှ 21099 ဆိုရင်တော့- SCSI fixed disk and controller နဲ့ဆိုင်တဲ့ Error ပါ။
* 21500 မှ 21599 အထိက- SCSI CD-ROM system နဲ့သက်ဆိုင်ပါတယ်။
ကဲ အခု Code တွေကြည့်ရင်းနဲ့ မူးမသွားပါဘူးနော်။ အဓိက ကတော့ သတ်မှတ်ထားတဲ့ Code နံပါတ်အတွင်းမှာ ဘာမှားနေတာလဲ ဆိုတာသိရင်ရပါပြီနော်။ ဥပမာ... ကိုယ့်ရဲ့စက်မှာ Error တစ်ခုခု ရှိနေလို့ အမှားစစ်လိုက်တဲ့အခါ Code နံပါတ်က 100 မှ 199 အတွင်းရှိနေမယ်ဆိုရင် System Board ချို့ယွင်းနေတာပါ။ ဒါကြောင့် System Board ကို စစ်ဆေးဖို့လိုအပ်ပါလိမ့်မယ်။ ဒါပေမဲ့.. ဒီ Code နံပါတ်တွေကလည်း Computer တွေထုတ်လုပ်ထားတဲ့ ကုမ္ပဏီပေါ်မူတည်ပြီး ကွဲပြားမှုရှိနိုင်ပါတယ်။ ယခုခေတ်ကြီးမှာတော့ POST code error ဆိုပြီး Code နဲ့ဖေါ်ပြတာရှိသလို Error တစ်ခုခုရှိခဲ့ရင် Error Message Box အနေနဲ့ ဖေါ်ပြလာလို့ အမှားကို ချက်ချင်းသိ ချက်ချင်းပြင် လို့ရလာပါပြီ။ ပုံလေးကိုကြည့်လိုက်ပါဦး။
ပုံ-၃
Saturday, May 21, 2016
POST Code Error များ
Subscribe to:
Post Comments (Atom)
WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း
windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...
-
၁.နှစ်သစ်မင်္ဂလာ ~ (ရင်ဂို) ၂.ဖိုးညိုမြ ~ (စည်သူလွင်) ၃.ချမ်းပါတယ် ~ (ဂရေဟမ်) ၄.သက်ြန်မိုးရေ တန်ခုးလေ ~ (ရင်ဂို) ၅.ရှာပုံတော်မင်းသားကြ...
-
ဆားပုလင်းနှင်းမောင်နှင့် ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား (မင်းသိင်္ခ) Inspector Hnin Maung and Professor Dr. Sate Phwar Author : Min Thane Kha ...
-
Mac OS X နဲ့ ပါတ်သက်ပြီး မေးထားတာတွေများနေလို့ ကို သီဟဦး ရေးထားတဲ့ ပို့စ်လေးကိုပဲ ဗဟုသုတအဖြစ် ပြန်လည် မျှဝေပေးလိုက်ပါတယ်.. Mac ကွန်ပျူ...
No comments:
Post a Comment