Saturday, May 21, 2016

File နှင့် Folder များကို ထိန်းချုပ်ကိုင်တွယ်ခြင်း



File ဆိုတာကတော့ 1နှင့် 0 သာပါတဲ့ logic number တွေပါဝင်တဲ့ အစုတစ်ခု ကို သင့်ကွန်ပြူတာ harddisk လို့ခေါ်တဲ့ permanent storage device ထဲမှာ သိမ်းစည်းထားတဲ့ အရာများပဲဖြစ်ပါတယ်။ အဲ့ဒီ number တွေက ပုံတွေ၊ သီချင်းတွေ၊ txt လို့ခေါ်တဲ့ စာသားတွေအပြင် program အတွက်ရေးထားတဲ့ set of instruction တွေ အစရှိသဖြင့် အမျိုးအစားအလိုက်ပြောင်းလဲနိုင်ပါတယ်။File type အမျိုးအစားကိုသိချင်ရင်တော့ ၄င်းရဲ့ icon ဒါမှ မဟုတ်ရင် file extension ကို ကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။

ပုံ (၁)








ပုံ(၂)

ပုံ ၂ မှာတော့ မတူညီတဲ့ file အမျိုးအစားတွေကို တွေ့ရမှာပါ။

·  bmp – a bitmap image

·  .doc – a Word document

·  .wav – a sound file

·  .ppt  – animated slides

·  .txt – plain text

·  .xls – a spreadsheet

·  .dbf – a database file

·  A shortcut (note the arrow)

·  .exe – an application (a program)

အစရှိသဖြင့် file အမျိုးအစားပေါင်းမြောက်များစွာရှိနေပါတယ်။ မတူညီတဲ့ file အမျိုးအစားတစ်ခုခြင်းစီကို ဖွင့်ဖို့အတွက် ၄င်းတို့၏သက်ဆိုင်ရာ programများဖြင့်သာ အသုံးပြုနိုင်ပါတယ်။

Computer ကfile ရဲ့ extension အလိုက် ဘယ်program ဘယ် application နဲ့ ဖွင့်ရမလဲဆို တာ အလိုလျောက်ဆုံးဖြတ်ပေးပါတယ်။ ဥပမာ .doc ဆိုရင် microsoft office word နဲ့ ဖွင့်ပေးတာမျိုးပေါ့

File ext: တွေကို မြင်ရဖို့အတွက် ပြင်ဆင်နိုင်တဲ့နည်းလမ်းတွေအများအပြားရှိပါတယ်။ အဲ့ဒါကတော့ window xpမှာဆိုရင် Icon view နဲ့ပါ။ သူ့ ရဲ့ original setting ပါ default ပေါ့နော် ၄င်းက သိပြီးသား file type တွေကိုတော့ ပြပေးမှာမဟုတ်ပါဘူး ဥပမာ microsoft word။ အဲ့ဒါကြောင့် မြင်ရအောင် ပြင်ဆင်ကြည့်ရအောင်ပါ။

Start Menu>> My Computer>> Menu Bar က Tools ကိုရွေးပါ။ Tools ထဲက folder option ကိုရွေးပေးပါ.. folder option box ကျလာပါမယ်။ view tab ကိုရွေးပေးပါ။ hide extension for known file

Type ကို အမှန်ခြစ်ဖြုတ်ပေးပါခင်ဗျာ။

 

ပုံ(၃)

ဒါဆိုရင်တော့ အဆင်ပြေသွားပါပြီနော်…….

Folder

 

ပုံ(၄)

ပုံ(၄) ဒါကတော့ folder လေးတွေပါ။ ၄င်းfolder တစ်ခုခြင်းစီမှာ file တွေအပြင် subfolder လို folderတွေလဲပါဝင်နိုင်ပါသေးတယ်။file နဲ့ folder တွေက harddisk drive ထဲမှာ path လို့ ခေါ်တဲ့ လမ်းကြောင်းတွေအလိုက်တည်ရှိနေတာပါ။

ဒါကတော့ desktop folderအတွက် path ပဲဖြစ်ပါတယ် C:\Documents and Settings\All Users\Desktop

 


ပုံ(၅)

Moving and Copying

File တွေ Folder တွေ ရွှေ့ပြောင်းချင်တယ်ဆိုရင်တော့ ၄င်းfile သို့မဟုတ် folder ရဲ့ icon ပေါ်မှာ right click နှိပ် ။နောက်တစ်နည်း >>Menu bar >> Edit ကိုရွေးချယ်ပါ။ ရွှေ့ပြောင်းချင်တယ်ဆိုရင် cut ကိုရွေးပြီး ကူးယူချင်တယ်ဆိုရင်တော့ copy ကိုရွေးချယ်နိုင်ပါတယ်ခင်ဗျာ။ပြီးရင်တော့ ကို move or cut လုပ်ချင်တဲ့ path လမ်းကြောင်းကိုရှာပြီး right click >> paste သို့မဟုတ် >>Menu bar >> Edit>> pasteပါ။ ကိုယ်လိုချင်တဲ့နေရာကိုရောက်သွားပါလိမ့်မယ်ခင်ဗျာ။ပုံ(၆)နဲ့ (၇) ကိုကြည့်ပါ။

C:facebook adv1.jpgကို D: ထဲက new folder ထဲထည့်မယ်နော်

 

ပုံ (၆)



ပုံ(၇)

Creating file and folder

 

ဖိုင်နှင့်ဖိုလ်ဒါ တည်ဆောက်ခြင်း

အရမ်းလွယ်ပါတယ် ဒါကတော့ တည်ဆောက်ချင်တဲ့ path ကို အရင်သွားပါ ။ဥပမာ C:\Documents and Settings\All Users\Favorites ဒီအတိုင်းသွားလိုက်ပါ။ ပြီးရင် right click >> New  ကနေ ကိုယ်လိုချင်တဲ့ file အမျိုးအစားကို တည်ဆောက်လို့ရပါပြီ ခင်ဗျာ။


No comments:

Post a Comment

WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း

  windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...