VGA Card ဆိုတာကတော့ ကွန်ပျူတာတစ်လုံးအတွက် အရေးပါတဲ့ အစိတ်အပိုင်းတွေထဲက တစ်ခုပါပဲ။ Game ကစားတဲ့လူတွေ၊ 3 D Animation Creator တွေ၊ Autocad/ Photoshop သမားတွေအတွက် သူကပိုတောင်အရေးပါသေးတယ်ဗျ။ အခု ဒီ VGA Card အကြောင်း ပြည့်ပြည့်စုံစုံ သိရအောင် ပြောပြဖို့အတွက် VGA ရဲ့ သမိုင်းကြောင်းကနေစကြရအောင်နော်။
Video Card ၏ သမိုင်းကြောင်း
VGA ဆိုတဲ့ အခေါ်အဝေါ်ကို ဟိုးအရင်တုန်းက မသုံးကြသေးဘူးဗျ။ စစချင်းမှာ Video Card (ဒါမှမဟုတ်) Display Adapter လို့သာ ခေါ်ဝေါ်ကြပါသေးတယ်။ သူ့အလုပ်ကတော့ Disc တွေကို Play ပေး အဲ..ဘွာ..ဘွာ..PC ကြီးအတွက် Video နဲ့ ပတ်သက်တဲ့ လုပ်ငန်းအ၀၀ကို လုပ်ပေးရပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ CPU ကနေ ၀င်လာတဲ့ Information တွေကို Process လုပ်မယ်၊ ပြီးကျရင် Monitor ကြီးဆီကို ပို့ပြီးပြခိုင်းပေးမယ်စတာတွေပေါ့။ ကျွန်တော်တို့လူတွေမှာ နှာခေါင်း၊ ပါးစပ်စတဲ့ အရေးကြီး အစိတ်အပိုင်းတွေရှိသလိုမျိုးပဲ။ အဲဒီ Video Card မှာလည်း အရေးကြီးတဲ့အပိုင်း နှစ်ပိုင်းပါတယ်ဗျ။ ဟင် Video Card က မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တွေများပါနေသလားလို့များတွေးနေကြသလား။ အဲဒီလို မဟုတ်ရပါဘူးဗျာ။ ကျွန်တော်က စကားအဖြစ်ပြောတာပါ။ Video Card ရဲ့ အဓိကအစိတ်အပိုင်း (၂) ခုကတော့ (1) Video RAM နဲ့ (2) Video Processor Circuitary တို့ပါပဲ။
Video RAM ရဲ့ အလုပ်ကတော့ Video Image တွေကို သိမ်းပေးတဲ့အလုပ်ပါ။ ပထမဆုံးထွက်ခဲ့တဲ့ Video Card မှာတုန်းကဆို သူ့ပေါ်က RAM က ကျွန်တော်တို့ Motherboard ကလိုပဲ Dynamic RAM (DRAM) လေ။ အခုခေတ် RAM တွေကျတော့ ကျွန်တော်တို့ System Unit တွေဆီက RAM တွေထက် ပိုကောင်းလာကြပါပြီ။
Video Processor Circuitary ကျတော့ Video RAM ဆီမှာတင်ထားတဲ့ Information တွေကိုယူ၊ ပြီးတော့မှ Monitor ကြီးဆီကို ပို့လွှတ်ပေးပါတယ်။ အဲဒီတော့မှ Data က Monitor ဆီမှာပေါ်လာပြီး ကျွန်တော်တို့တွေ့မြင်ကြရတာပါ။ ဟိုးအရင် Circuitary တွေတုန်းကတော့ CPU နဲ့ Video RAM ကြီးမှာ ချိတ်ဆက်ပေးရုံပဲ အလုပ်လုပ်တယ်လို့ပြောလို့ရပေမယ့် ခေတ်ပေါ် Circuitary တွေကတော့ ကျွန်တော်တို့အရင်သုံးခဲ့တဲ့ PII CPU ထက်တောင် ပိုကောင်းနေသေးတယ်ဗျ။ တစ်ခါတစ်လေကျရင်တော့ Motherboard ပေါ်မှာ Onboard အဖြစ်ပါလာတဲ့ ဒီ Processor ကြီးကို Cooler Fan လေးတပ်ပေးဖို့လိုသေးပါတယ်။ ပြောပြီးသားမဟုတ်လား။ P2 CPU လောက်နီးနီးပါဝါကောင်းတယ်ဆို။ ဒါကြောင့် Fan လိုတာပေါ့။
အင်း..ပြောရရင်တော့ အခုလိုမျိုး ကွန်ပျူတာကြီးဆီကနေ Video Output ထွက်အောင်လုပ်တယ်ဆိုတာ အခုမှမဟုတ်ပါဘူး။ ဟိုးလွန်ခဲ့တဲ့ long long ago PC တွေစပြီး မပေါ်ခင်ကတည်းက ရှိခဲ့တာပါ။ PC တွေအရမ်းခေတ်စားလာတဲ့အချိန်ကျတော့ Video Card တွေက Text Based တွေ ဖြစ်လာပါပြီ။Text Based ဆိုတာက ASCII စာလုံး (၂၅၆) လုံးထဲမှာပါဝင်တဲ့ Image တွေကိုသာ Monitor ပေါ်မှာပြပေးနိုင်တယ်လို့ ဆိုလိုတာပါ။ ဒီစာလုံးလေးတွေကို BIOS ထဲမှာ သိမ်းထားတဲ့ Pixel ပုံစံလေးတွေနဲ့ ပုံဖော်ပေးတာပေါ့။ နည်းနည်းများရှုပ်သွားသလား..မသိဘူး။ ကဲ..စိတ်မရှုပ်ရအောင် နောက်တစ်ခေါက် ထပ်ပြောပြမယ်နော်။ ကျွန်တော်တို့တွေ မြင်နေရတဲ့ Monitor ပေါ်က စာသားတွေကို Text-Based Video Card ခေတ်မှာဘယ်လိုမြင်ရအောင် အလုပ်လုပ်ပေးသွားတာလဲဆိုတဲ့ အကြောင်းကို ပြောပြနေတာပါ။ ကျွန်တော်တို့ဆီကို ပြပေးမယ့်စာလုံး ပုံရိပ်လေးတွေကို DOS တို့၊ BIOS တို့က Video Memory ထဲမှာ သွားသိမ်းပေးထားပါတယ်။ တကယ်လို့ ကျွန်တော်တို့ Run လိုက်တဲ့ Program ထဲမှာ စာသားပြပေးရတာမျိုးပါလာပြီဆိုပါစို့။ အဲဒီအခါကျရင် DOS တို့၊ BIOS တို့ဆီကို လှမ်းပြီး ဘယ် Character တွေ၊ ဘယ် Image တွေထုတ်ပေးဟေ့ဆိုပြီး လှမ်းပြောတယ်။ ဒီတော့ DOS/ BIOS က Video Memory ထဲမှာသိမ်းထားတဲ့ သက်ဆိုင်ရာ Data Character ကိုယူတယ်၊ ပြီးတော့မှ Screen ပေါ်ကို Processor Circuitary ရဲ့ အကူအညီထုတ်ပြပေးလိုက်ပါတယ်။ သိပ်ကိုရိုးရှင်းတဲ့ အလုပ်လုပ်ပုံလေးပါပဲ။ ဒီလို ရိုးရှင်းတဲ့အလုပ်လုပ်ပုံလေးပါပဲ။ ဒီလိုရိုးရှင်းလို့လည်း အသုံးပြုရတာ လွယ်တာပေါ့။ အဲ...နောက်ပြီးတော့ ဒီ Text-Based တုန်းက ရွေးစရာ Color ရယ်လို့လည်း မပါခဲ့ဘဲ စာလုံးဆိုရင်လည်း ၂၅၆ လုံးပဲရတော့ ဈေးက လွှတ်သက်သာတာပေါ့။ ဒါကြောင့် Color မပါတဲ့အတွက် ဒီ Text-Based ကို Monochrome Text လို့လည်း ခေါ်ကြသေးတယ်။ သို့သော်လည်း ဘယ်လိုပဲ Color မပါမပါစာလုံးကို ထင်းနေအောင် လုပ်မလား၊ မှိန်မလား၊ လိုင်းတားမလား စတာတွေတော့ လုပ်လို့ရပါသေးတယ်။ (Color မပါဘူးဆိုလို့ ဟင်းဆိုပြီး နှာခေါင်းရှုံအထင်မသေးပါနဲ့ဗျာ)။ စာလုံးတွေနေရာချတာကလည်း Screen ပေါ်မှာစာလုံး ၈၀ ဆန့်တဲ့စာကြောင်း ၂၄ ကြောင်းပဲပါတာဆိုတော့ အရမ်းလွယ်ကူရိုးရှင်းခဲ့ပါတယ်။ နောက်ပြီး Monochrome Text ကလေ RAM Cost ကိုလည်း သက်သာစေတယ်ဗျ။ သုံးရတာနိမ့်တယ်ဆိုပေမယ့်လည်း သူ့ကောင်းကွက်နဲ့သူတော့ ရှိခဲ့တာပါပဲလားနော်။
ကဲ.. PC တွေစပေါ်ပြီး သက်တမ်းနုနုလေးရလာတဲ့အချိန်ကျတော့ နောက် Video Card တစ်မျိုးထပ်ပေါ်လာပါတော့တယ်။ (အံမယ်..ပုံပြောနေတာကျနေတာပဲ)။ Graphics Video Card လို့ခေါ်ပြီး Text Card နဲ့နည်းနည်းတော့ဆင်တယ်ဗျ။ ဒါပေမယ့် Text Card တုန်းကလို ၂၅၆ လုံးပဲ သုံးလို့ရတာမဟုတ်တော့ပဲနဲ့ Screen တစ်လုံးမှာရှိတဲ့ ဘယ်နေရာက Pixel ကိုမဆို On/Off လုပ်ပြီး သုံးလို့ရသွားပြီလေ။ ပိုတိုးတက်လာတဲ့ သဘောပေါ့ဗျာ။ ဒါပေမယ့်လည်း သူ့ခဗျာ သနားစရာပါ။ Monochrome ဖြစ်တုန်းပဲ။ ဆိုလိုတာက Color ရွေးလို့မရသေးဘူးဗျ။ အို...ဘယ်လိုပဲဖြစ်ဖြစ်ပါဗျာ။ Screen ကြီးကို ထိန်းချုပ်ရတာတော့ ပိုကောင်းသွားတာပေါ့။ ဒီလိုပိုကောင်းသလို RAM လည်း ပိုယူပါသေးတယ်ခင်ဗျာ။ ဒီတော့ ကျွန်တော်တို့တွေ VGA နဲ့ပတ်သက်ရင် မှတ်ထားစရာတစ်ခုတိုးလာပါပြီ။ ဘာလဲဆိုတော့ Resolution ပိုမြင့်လာ၊ ပိုကောင်းလာတာနဲ့အမျှ အဲဒီ Information တွေကို သိမ်းဖို့အတွက် Video RAM လည်း ပိုလိုလာတယ်ဆိုတာပါပဲ။
ကျွန်တော်တစ်ခုပြောချင်တာရှိတယ်ဗျ။ ကျွန်တော်တို့က Monochrome ကြီး၊ Monochrome ကြီးလို့နှာခေါင်းရှုံပေမယ့် အဲဒီ Monochrome ကြောင့် Color တွေကို ကူးပြောင်းဖို့ ပိုလွယ်ကူသွားခဲ့တာပါပဲ။ ဟင်..ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ Pixel တစ်ခုချင်းစီ၊ Character တစ်ခုချင်းစီအတွက် Color ဘယ်လိုလုပ်သတ်မှတ်မှာလဲလို့ သင်မေးချင်နေတယ်မဟုတ်လား။ လွယ်ပါတယ်ဗျာ။ Pixel တစ်ခုချင်းစီ၊ Character တစ်ခုချင်းစီမှာ Color အတွက် Bit တွေ ပိုတိုးထားပေးလိုက်ရုံပေါ့။ ဒါဖြင့် Bit ဘယ်နှစ်ခုထပ်ထည့်မှာတုန်းဆိုပြီး သင်ထပ်မေးတော့မယ်။ ကျွန်တော်သိနေတယ်။ ဒါကတော့ သင်အရောင်ဘယ်နှစ်ရောင်ထည့်ချင်လဲဆိုတာပေါ်မူတည်ပါတယ်။ ကျွန်တော်တို့ကွန်ပျူတာမှာ 2 Power Based နဲ့သွားတယ်ဆိုတာ ကျွန်တော်ထပ်ပြောစရာလိုမယ်မထင်ပါဘူး။ ဒီတော့ တကယ်လို့သင်က အရောင်၎ရောင်ထပ်ထည့်ချင်ရင် 2 Bit ထပ်တိုးပေါ့။ မဟုတ်ဘူး....16 ရောင် လိုချင်တယ်ဆို 4 Bit တိုးပေါ့။ ကဲ..ရှင်းရှင်းပဲကွာ 256 ရောင်တောင် ယူချင်တယ်ဆိုလည်း 8 Bit တိုးလိုက်ရုံပါပဲ။ ကဲ ရှင်းပြီနော်။ သင်ကြည့်ရလွယ်အောင် ဒီမှာ ကြည့်လိုက်ပါဦး။
2 Colors= 1 Bit (mono)
4 Colors= 2 Bits
16 Colors= 4 Bits
256 Colors= 8 Bits
64 K Colors = 16 Bits
16.7 Million Colors = 24 Bits
VGA
VGA အကြောင်းမပြောဘဲ Video Card သမိုင်းအကြောင်း လေရှည်လိုက်တာတင် တော်တော်ကြာသွားပြီ။ အဲဒီလိုမျိုး Video Monochrome ကနေ Color Video Card တွေကို ကူးပြောင်းရင်းနဲ့ပဲ PS/2 တွေ စပေါ်လာတဲ့ နှစ်ပိုင်းမှာပဲ IBM ကနေ Video Graphics Array (VGA) Standard ဆိုပြီး ထုတ်လုပ်လိုက်တော့မှ VGA ဆိုတာစသုံးလာကြပါတယ်။ (ကဲ...အခုမှပဲရောက်တော့တယ်)။ ဒီအသစ်ပေါ်လာတဲ့ Standard က Resolution 640 x 480 Pixels နဲ့အရောင်ပေါင်း 16 ရောင် ပံ့ပိုးပေးနိုင်ပါတယ်။ ဘာလို့ VGA က အရင်ခေတ် Video Card တွေထက်စာရင် အရောင်ပိုပေးနိုင်လဲဆိုတော့ သူ့မှာက အရင် Card တွေတုန်းကလို Digital Signal ကို မသုံးဘဲ Analog Video Signal တွေကို အသုံးပြုလို့ပါပဲ။ Digital Signal တွေမှာက Pixel တွေအကုန် On ဒါမှမဟုတ် အကုန်ပိတ်..ဒါပဲလုပ်လို့ရတာလေ။ Analog Signal ကျတော့ အဲဒီလိုမဟုတ်တော့ဘူးဗျ။ VGA မှာဆိုရင် RGB ဆိုတဲ့ အရောင်သုံးရောင်အတွက်ကို မတူညီတဲ့ Level ပေါင်း 64 ခုတောင် လုပ်လို့ရတာဆိုတော့.. နေဦး တွက်ကြည့်ကြရအောင်။
64^3 (သို့မဟုတ်) 262 , 144 ရောင်တောင်ရတယ်ဆိုတဲ့သဘောပေါ့ဗျာ။ ဒါပေမယ့် တစ်ကြိမ်မှာ 16 ရောင်၊ 256 ရောင်လောက်ပဲမြင်နိုင်တာပါ။ ဒါကြောင့် Resolution 640 x 480 ရှိပြီး 16 Colors ဆိုရင် VGA Mode လို့ သတ်မှတ်ကြတယ်။ ဒီ Mode ကိုပဲ Software တွေ ဘာတွေအတွက် အနိမ့်ဆုံး Requirement အဖြစ် ထည့်ခဲ့ကြပါတယ်။ တကယ့် VGA Only Card တွေကတော့ တွေ့ဖို့ဆိုတာ အင်မတန်ရှားပါးပါတယ်။ အခုလို VGA ပေါ်ပြီး နောက်ပိုင်းမှာ SVGA ဆိုတာ ထပ်ပေါ်လာပါသေးတယ်။
SVGA
SVGA က Standard လို့ပြောရမလား၊ မပြောရဘူးလား။ ကျွန်တော်လည်း မပြောတတ်ဘူးဗျ။ သူက နည်းနည်းရှုပ်တယ်။ အရင်က ထွက်ခဲ့တဲ့
VGA Card ရဲ့ Resolution 640 x 480 ရယ်၊ အရောင် 16 Colors ရယ်ကို ကျော်ပြီးထွက်လာတယ်ဆိုရင်၊ အဲဒီကဒ်ကို SVGA ဆိုပြီး ခေါ်လိုက်တာပါပဲ။ အဲဒီမှာတင် အရှုပ်တော်ပုံတွေကဖြစ်ပြီး ဟိုကုမ္ပဏီက SVGA ဆိုပြီး သူ့ Resolution ၊ သူ့ Color နဲ့သူထုတ်၊ ဒီကုမ္ပဏီက သူ့ Resolution ၊ သူ့ Color နဲ့သူထုတ်နဲ့ Constant မဖြစ်တော့ဘူးလေ။ အဲဒါနဲ့ ၁၉၈၀ နောက်ပိုင်းကျတော့မှ VESA ကနေ SVGA ဆိုရင် ဒါတွေဒါတွေရှိရမယ်ဆိုပြီး စံသတ်မှတ်ပေးလိုက်မှပဲ အရှုပ်တော်ပုံကြီးရှင်းသွားတော့တယ်။ ဘယ်လို Standard လဲဆိုတာ ဒီမှာ Table နဲ့ပြပေးမယ်နော်။ ကြည့်လိုက်ဦး။
Pg-826 Table 18-2
SVGA အကြောင်းပြပြီးတော့ ပြီးရောပေါ့လို့မထင်လိုက်ပါနဲ့ဦးနော်။ SVGA နောက်ပိုင်းပေါ်တဲ့ Video Card တွေကရှိနေသေးတော့ ကျွန်တော်လေနည်းနည်းထပ်ရှည်ရတော့မယ်ဗျို့။
SVGA နောက်ပိုင်းပေါ်သော Video Card အမျိုးအစားများ
SVGA နောက်ပိုင်းမှာ ၁၉၉၀ လောက်မှာ Extended Graphics Array (XGA) ဆိုတာပေါ်လာပါတယ်။ XGA ကတော့ အမြင့်ဆုံး 1024 x 768 ထိကို အရောင် 16 ရောင်နဲ့ အလုပ်လုပ်ပေးနိုင်ပါတယ်။ ဒီတော့ သိပ်အောင်မြင်တာပေါ့ဗျာ။ အဲဒီတုန်းမှာပဲ ဗြုံးဆို SVGA အတွက် Standard ကို VESA က သတ်မှတ်ပေးလိုက်တော့ XGA ကမြုပ်သွားပြန်တာပေါ့။ ဒါပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ LCD တော်တော်များများမှာ XGA ဆိုပြီး Mark လေးပေါ်လာပါသေးတယ်။ သို့သော် သူတို့ရဲ့စံနှုန်း 1024 x 768 Resolution အတိအကျမပေးနိုင်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ XGA ဖြစ်ဖြစ်၊ SXGA ဖြစ်ဖြစ်၊ တခြားဘယ်ဟာပဲဖြစ်ဖြစ် VESA က စံနှုန်းအတိုင်း သတ်မှတ်ပေးထားတာမို့ပါပဲ။ အဲ XGA တွေကတော့ Laptop Maker တွေကြားမှာ ရေပန်းစားသဗျ။
Tuesday, April 26, 2016
VGA Card အကြောင်း သိကောင်းစရာ
Subscribe to:
Post Comments (Atom)
WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း
windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...
-
၁.နှစ်သစ်မင်္ဂလာ ~ (ရင်ဂို) ၂.ဖိုးညိုမြ ~ (စည်သူလွင်) ၃.ချမ်းပါတယ် ~ (ဂရေဟမ်) ၄.သက်ြန်မိုးရေ တန်ခုးလေ ~ (ရင်ဂို) ၅.ရှာပုံတော်မင်းသားကြ...
-
ဆားပုလင်းနှင်းမောင်နှင့် ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား (မင်းသိင်္ခ) Inspector Hnin Maung and Professor Dr. Sate Phwar Author : Min Thane Kha ...
-
Mac OS X နဲ့ ပါတ်သက်ပြီး မေးထားတာတွေများနေလို့ ကို သီဟဦး ရေးထားတဲ့ ပို့စ်လေးကိုပဲ ဗဟုသုတအဖြစ် ပြန်လည် မျှဝေပေးလိုက်ပါတယ်.. Mac ကွန်ပျူ...
No comments:
Post a Comment