Tuesday, April 26, 2016

SATA အကြောင်းသိကောင်းစရာ



Serial ATA (Serial Advanced Technology Attachment) အား SATA ဟု ခေါ်ဝေါ်ကြပြီး ၎င်းဟာ 


Data များအား Serial အနေဖြင့် Transfer ပြုလုပ်ပါတယ်။ ထို့ကြောင့် SATA ဆိုတာဟာ ကွန်ပျူတာ 


Bus ဖြစ်ပြီး Hard Disk နှင့် Optical Drive များမှ Data များ Transfer လုပ်နိုင်တဲ့ Bus ပဲ 


ဖြစ်ပါတယ်။ ထို SATA အား ယနေ့ Laptop ကွန်ပျူတာများနှင့် Desktop ကွန်ပျူတာများတွင် 


အများဆုံးအသုံးပြုကြပြီး Motherboard နှင့် Hard Drive တပ်ဆင်ရာတွင် အသုံးပြုပါတယ်။ Serial 


ATA (SATA) ဟာ ယခင် ATA (AT Attachment) အစားဝင်ရောက်အသုံးပြုလာခဲ့ပြီး ယခင်ထက် 


ပိုမိုမြန်ဆန်စွာ လုပ်ဆောင်နိုင်ပါတယ်။ ယခင် Parallel ATA ကတော့ ATA အား 23


ပြန်လည်မွမ်းမံပြင်ဆင်ထားတာဖြစ်ပြီး Data Conductor ၁၆ ခုကို အသုံးပြုကာ SATA ထက် Speed


ပိုမိုနှေးပါတယ်။ ထို့ကြောင့် SATA ဟာ ယခင် PATA ထက် အလျင်ပိုမိုကောင်းမွန်မြန်ဆန်ပြီး 


အကျိုးကျေးဇူးများစွာ ရရှိခဲ့ပါတယ်။ ထို့ပြင် SATA ဟာ Cable-Bulk အား ချုံခဲ့ပြီး 


ကုန်ကျစရိတ်သက်သာကာ Data Transfer ပြုလုပ်ရာတွင်လည်း ယခင်ထက် 



ပိုမိုမြန်ဆန်လာခဲ့ပါတယ်။

  



၂၀၀၉ ခုနှစ်မှာတော့ PC အများစုတွင် SATA ကိုသာ အဓိကထား အသုံးပြုလာကြပြီး ယခင် PATA 



ကတော့ ကွယ်ပျောက်လုနီးပါး ဖြစ်လာခဲ့ပါတယ်။ PATA အား စက်ရုံအချို့နှင့် အချို့ Storage 


များအတွက်သာ ဆက်လက်အသုံးပြုလျက်ရှိနေကြပြီး နောက်ဆုံးပေါ် Storage များဟာလည်း SATA 


ကိုသာ အခြေခံ တည်ဆောက်ထားခဲ့ကြပါတယ်။


ယခုနောက်ပိုင်း SATA Device များဟာ Hot Plugging ကို Support လုပ်နိုင်ပါတယ်။ 


ဒါပေမယ့် ထိုသို့ Support လုပ်ရာတွင် Device အနေဖြင့် ၎င်း၏မူလ Command Mode 


အနေဖြင့်သာ Run နိုင်မှာဖြစ်ပြီး AHCI (Advanced Host Controller Interface) 


လိုအပ်သော IDE Emulation အနေဖြင့်သာ မလုပ်ဆောင်နိုင်ပါဘူး။ ယခင် SATA 


များမှာတော့ ထို Feature မပါဝင်ဘဲ ယခင် OS များဟာလည်း AHCI ကို Support 


မလုပ်နိုင်ပါဘူး။ SATA Controller အများစုဟာ AHCI ကို အသုံးပြုလာကြပြီး Hot Plug နှင့် 


Native Command Queuing (NCQ) စတဲ့အဆင့်မြင့် Feature များကို 


လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့် Motherboard နှင့် Chipset များမှ 


မလုပ်ဆောင်နိုင်လျှင်တော့ " IDE emulation" Mode အနေဖြင့်သာ Operate လုပ်မှာဖြစ်ပြီး 


ထို Feature များ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ 


Windows Device Driver များဟာ IDE Emulation Mode အနေဖြင့်သာ Run နိုင်ပြီး 


Windows XP ကတော့ AHCI ကို Support မလုပ်နိုင်ပါဘူး။ နောက်ပိုင်း Windows Vista, 


Windows 7, Free BSD, Linus, Solaris နှင့် Open Solaris တို့ကတော့ AHCI ကို Support 


လုပ်နိုင်ပါတယ်။


Cables, Connector နှင့် Ports များ SATA နှင့် Parallel Drive များအကြား Connector နှင့် 


Cable တည်ဆောက်ဖွဲ့စည်းပုံဟာ ကွဲပြားခြားနားပြီး ထင်ရှားသိသာလွယ်ပါတယ်။ PATA နှင့် 


SATA ဟာလည်း ကွဲပြားပြီး SATA ကတော့ Data များ Transfer ပြုလုပ်ရာတွင် Serial 


အနေဖြင့် ဆောင်ရွက်ပြီး PATA ကတော့ Parallel အနေဖြင့် လုပ်ဆောင်ပါတယ်။ ထို့ပြင် 


SATA နှင့် PATA တွင် SATA သည် PATA ထက်ပိုမိုမြန်ဆန်ပြီး 1.5 Gb/s အထိ 


ပိုမိုမြန်ဆန်စွာ လုပ်ဆောင်နိုင်ပါတယ်။ ယခုနောက်ပိုင်း SATA Hard Drive များကို Desktop, 


Server နှင့် ကွန်ပျူတာအများစုတွင် ထည့်သွင်းအသုံးပြုလာကြပြီး SATA II နှင့် eSATA 







စသည်ဖြင့် ထပ်မံထွက်ပေါ်အသုံးပြုခဲ့ကြပြန်ပါတယ်။

eSATA ဆိုတာကတော့ ကွန်ပျူတာနှင့်တွဲဖက်အသုံးပြုသည့် External Device အတွက်ဖြစ်ပြီး ၂၀၀၄ 


ခုနှစ်ခန့်တွင် စတင်ပေါ်ပေါက်လာခဲ့ပါတယ်။ eSATA Cable တွင် Jumper Setting ပါဝင်ပြီး Master 


နှင့် Slave အတွက်ပဲ ဖြစ်ပါတယ်။ ထို Master နှင့် Slave ဆိုတာ Device 


နှစ်ခုတပ်ဆင်အသုံးပြုရာတွင် Configure ပြုလုပ်ပေးရမည့် များသောအားဖြင့် Device 0 (Master) 


ဖြစ်ပြီး Device 1 ဟာ Slave ပဲ ဖြစ်ပါတယ်။ Pin 28 မှာတော့ ထိုကဲ့သို့ Master နှင့် Slave 


ခွဲခြားသတ်မှတ်ခြင်းမရှိဘဲ တပ်ဆင်လိုက်သော Device အား သိရှိရုံမျှသာပဲ ဖြစ်ပါတယ်။ 40-Wire 


Cable ဟာ Device နှစ်မျိုးအား ခွဲခြားအသုံးပြုနိုင်စေပြီး Pin 28 Wire အနေဖြင့် 


ခွဲခြားအသုံးပြုနိုင်ပါတယ်။ Cable ၏ အဆုံးပိုင်းတွင် Slave Device တပ်ဆင်ရမှာဖြစ်ပြီး Connector 


၏ အလယ်ကတော့ Master Device အတွက်ပဲ ဖြစ်ပါတယ်။ ထို့နောက် နောက်ပိုင်း Version များတွင် 


ထိုအစီအစဉ်အတိုင်းသာ ဆက်လက်အသုံးပြုလာကြပြီး ၎င်းအားစံအဖြစ် သတ်မှတ်ခဲ့ပါတယ်။ 


တကယ်လို့ Cable တွင် Device တစ်ခုကိုသာ တပ်ဆင်မည်ဆိုပါက မီးခိုးရောင်နှင့် အပြာရောင် 


Connector များအား Motherboard တွင် တပ်ဆင်ရမည်ဖြစ်ပြီး ကျန်ရှိသော အပိုင်းမှာတော့ Master 


Device နှင့်ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။


No comments:

Post a Comment

WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း

  windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...