Saturday, February 13, 2016

iPhone Passcode မေ့နေခဲ့လျှင် ပြုလုပ်ရမယ့်အချက်များ





iPhone Passcode မေ့နေခဲ့လျှင် ပြုလုပ်ရမယ့်အချက် ဆိုတာကို

iPhone ချစ်သူများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။


ဒီပိုစ့်လေးကို ကျနော်ရေးပေးမယ်လုပ်နေတာကြာခဲ့ပါပြီ မရေးအားတာနဲ့

ပြီးတော့ ကိုယ်တိုင်စမ်းသပ်ကြည့်ချင်သေးတာနဲ့ ကြာနေခဲ့တာဖြစ်ပါတယ်။


ဒီနည်းအတိုင်း Passcode မေ့နေတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့

iPhone ကိုအဆင်ပြေပြေကျော်ဖြတ်ပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။



ဖုန်းကလစ်သူများနဲ့ Service သမားတွေအတွက်လည်း တကယ်လို့

Passcode မေ့နေတဲ့ iDevice များကို ဒီနည်းလမ်းဖြင့် စမ်းသပ်ကြည့်

ကြဖို့ကို Message လေးတစ်ခုပေးချင်ပါတယ်။


100% အဆင်ပြေပါ့မလားဆိုတော့ အာမမခံနိုင်ပါ ဖေါ်ပြပါနည်းလမ်းဖြင့်

ဖုန်းအလုံးတိုင်းကို Support လုပ်ပေးချင်မှလုပ်ပေးပါလိမ့်မယ်၊ ဘာပဲဖြစ်ဖြစ်

တစ်လုံးရခဲ့ရင်လည်း မနည်းတဲ့ အောင်မြင်မှုဖြစ်တာမို့ ဒီနည်းလမ်းကို များများ

လေ့ကျင့်ထားသင့်ပါတယ်၊ အောက်မှာ ဆက်ဖတ်ကြည့်လိုက်ပါ။


iPhone များတွင် Passcode ဆိုတာက Security ပိုင်းအတွက် တကယ့်

အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်၊ ဒီအတိုင်း iPhone များကို ၀ယ်ယူသုံးစွဲကြတဲ့

User တိုင်းရဲ့ သက်ဆိုင်ရာဖုန်းများတွင် ဒီ Passcode ကိုခံထားလေ့ရှိကြပါတယ်။


Password များကို မှတ်မိလွယ်တဲ့သူများအဖို့ ပြောစရာမရှိပေမယ့် ခနခမေ့တတ်တဲ့

သူတွေအတွက်တော့ တကယ်လို့ Passcode ကိုမေ့သွားခဲ့ရင်တော့ တေပြီဆရာပဲ...


Android လို Hardware Button များကိုအသုံးပြုပြီး Reset ချချင်ပေမယ့်လည်း

အဆင်မပြေပါ၊ Restart အကြိမ်ပေါင်းဘယ်လောက် ချကြည့်ချင်သေးတာလဲ

အဆင်မပြေပါ၊ ထုပ်ခွဲကြည့်မလား အဆင်ပြေဦးမယ်မထင် ဒီတော့ အဆိုးထဲက

အကောင်းလို့ပြောလို့ရတဲ့ ဒီနည်းလမ်းလေးအတိုင်း စမ်းသပ်လုပ်ကြည့်စေချင်ပါတယ်

ကျနော်အတွက်တော့ iPhone 4S တစ်လုံးအဆင်ပြေသွားတယ် သာသာယာယာပဲ။


ဗားရှင်းပိုင်းနဲ့ကော သက်ဆိုင်ပါသလားလို့ မေးစရာရှိလာတယ် ဟုတ်ပါတယ်

မိမိဖုန်းက Passcode ကိုမမေ့ခင် ဗားရှင်းက ဘာကိုအသုံးပြုခဲ့တယ်ဆိုတာကို

တော့ အားလုံးနီးပါးမှတ်မိနေကြမှာပါ


ဒီ iOS Device မှာတော့ ကျနော်ကြုံဖူး သလောက် တကယ်လို့ 

Firmware ကောက်တင်မယ်ဆိုရင် မိမိက 7.1.2 ကိုအသုံးပြုနေရင်း

 ပျက်စီးခဲ့ရင် သူ့အထက် 8.xx to 9.xx များအထိတင်ယူ လို့ရပါတယ်၊ 

iPhone 4 တစ်လုံးသာ 7.1.2 ဗားရှင်းသာ Upgrade ပြုလုပ်ယူနိုင်ပါတယ်။


သင့်ဖုန်းမှာ Passcode လေးကို အလွယ်ဖြေရှင်းပြီး ပုံမှန်

iPhone တစ်လုံးအဖြစ် အသုံးပြုချင်တယ်ဆိုရင်တော့

အောက်ပါလမ်းညွှန်းအတိုင်း ပြုလုပ်ကြည့်လိုက်ပါ။


iPhone များတွင် Passcode ကို ဖြေရှင်းနည်း

===========================

Passcode မေ့နေတဲ့ ဖုန်းတစ်လုံးအတွက် ပြုလုပ်ပေးရမယ့်

အချက်အလက်တွေရှိပါတယ် ဆက်ဖတ်ကြည့်လိုက်ပါ။


၁။ ကွန်ပျူတာတွင် iTunes ဆော့ဝဲကိုထည့်သွင်းပြီး 

ဖုန်းကိုကွန်ပျူတာဖြင့်ချိတ်ဆက်လိုက်ပါ၊ ပြီးရင် ဖုန်းမှ Data အားလုံးကို

Backup ပြုလုပ်ထားလိုက်ပါ၊ ဖုန်းက အသစ်ဖုန်းတစ်လုံးအဖြစ်

Unlock ဖြစ်ပြီးတက်လာတဲ့အခါ Data ဟောင်းတွေကို အလွယ်တကူ

 Restore ပြုလုပ်နိုင်အောင်ပေါ့၊ ဒီအတွက် လိုအပ်မယ်ထင်ရင် ပြုလုပ်ထားလိုက်ပါ။


၂။ ဖုန်း DFU mode ကိုဝင်ပေးပြီး Firmware ကိုပြန်လည် Install ပြုလုပ်ပေးရပါမယ်

ဒီအတွက် DFU mode ကို “Power” ခလုပ်နဲ့ Home Button ကိုတွဲနှိပ်ထားလိုက်ပါ

ပါဝါပိတ်သွားပြီး Apple Logo လေးမြင်နေရတဲ့အခါ ပါဝါခလုပ်ကိုလွှတ်လိုက်ပြီး

Home Button ကိုဆက်နှိပ်ထားလိုက်ပါ iTunes ဆိုပြီး USB ကြိုးပုံစံမျိုးမြင်နေရပါလိမ့်မယ်။





တကယ်လို့ DFU mode ကိုမ၀င်တတ်ဘူး ခလုပ်တွေပျက်မှာစိုးရင်တော့

 ကလစ် တစ်ချက် နှိပ်ရုံဖြင့် Recovery Mode ကို အလွယ်တကူရောက်နိုင်တဲ့

ReiBoot ဆော့ဝဲလေးကိုသုံးကြည့်လိုက်ပါ အောက်မှာဒေါင်းလော့ရယူလိုက်ပါ

Auto Installer ဖြစ်တဲ့အတွက် ကွန်ပျူတာတွင် Install ပြုလုပ်ရတာလွယ်ပါတယ်။


All iOS Crash အားလုံးကို ဖြေရှင်းပြေးနိုင်တဲ့ ReiBoot


ဖုန်းနဲ့ကွန်ပျူတာချိတ်ဆက်မှု အဆင်ပြေတာနဲ့ Recovery Mode သို့ဝင်မယ်ဆိုရင်တော့

Enter Recovery mode ဆိုတာကိုနှိပ်လိုက်ပါ Recovery Mode မှ ထွက်

ချင်တယ်ဆိုရင်တော့ Exit Recovery Mode ဆိုတာကိုနှိပ်လိုက်ပါ။


Firmware ရေးသားရန်အတွက် Firmware (IPSW) ဖိုင်တွေကိုတော့

Google မှာ ရိုက်ရှာယူနိုင်ပါတယ်၊ ဥပမာ-iPhone 4 အတွက် ရှာမယ်ဆိုရင်

Google တွင် iPhone 4 Firmware ဆိုပြီးရိုက်ထည့် Enter ခေါက်





အထက်ပါပုံအတိုင်း အဆင်ပြေမယ့်လင့်ကိုဝင်လိုက်ပြီး 

မိမိဖုန်းမှာ GSM ဖြစ်ခဲ့ရင် GSM အတွက် Firmware ကိုဒေါင်းလော့ရယူပါ

CDMA ဖြစ်ခဲ့ရင် CDMA အတွက် Firmware ကိုဒေါင်းလော့ရယူပါ





 DFU mode ကို ရောက်တဲ့အခါ ဖုန်းကိုကွန်ပျူတာဖြင့်ချိတ်ဆက်လိုက်ပြီး iTunes ဖြင့် 

ဒေါင်းလော့ရယူထားတဲ့ Firmware (IPSW) ကို Restore လုပ်ပေးလိုက်ပါ။


၃။ Firmware (IPSW) ကို ထည့်သွင်းပြီးသွားတဲ့အခါ သင့်ဖုန်းက 

Unlock Device ဖြစ်သွားပါပြီ ဖုန်းဟာ အသစ်ဝယ်လာခါစအတိုင်း 

Activate ပြုလုပ်ပေးလိုက်ပြီး Passcode အသုံးပြုလိုက အသစ်ထပ်မံ ပြုလုပ်နိုင်ပါပြီ။


သတိထားပေးရမယ့်အချက်များ

==================

အထက်ဖေါ်ပြပါ နည်းလမ်းအတွက် အောက်ပါ အချက်အလက်များကိုလည်း

အထူးတလည်ဂရုစိုက်သင့်ပါတယ် လေ့လာကြည့်လိုက်ပါ


Uncheck backup encryption

==================

ဖုန်းကို Backup မပြုလုပ်မှီ Encrypt iPhone backup ဆိုတဲ့နေရာမှ

 အမှန်ခြစ်ကို ဖြုတ်ထားပေးလိုက်ပါ အောက်ပါပုံအတိုင်း




Ensure DFU Mode

==============

=iPhone များတွင် DFU Mode ဆိုသည်မှာ Recovery Mode ကို

ပြောခြင်းဖြစ်ပါသည်၊ Firmware ရေးသားမယ်ဆိုရင်တော့ သက်ဆိုင်ရာဖုန်းမှာ 

DFU Mode ၀င်ပြီးမှ Firmware ကိုအလွယ်တကူ Restore ပြုလုပ်ယူနိုင်မှာဖြစ်တဲ့အတွက် 

DFU Mode ကိုသေချာအောင်လုပ်ပါ။





Remember to restore

==============

ဖုန်းမှာ Firmware (ISPW) ကို Restore လုပ်နေတဲ့အချိန်မှာ 

Data များကို ဖုန်းနဲ့ iTunes များတွင် ဖေါ်ပြပေးမှာတော့မဟုတ်ပါ။



ကဲဒီလောက်ဆိုရင် သင့်ဖုန်းမှာ iPhone Passcode မေ့နေခဲ့လျှင်

 ပြုလုပ်ရမယ့်အချက်များကို Message ကောင်းကောင်းလေး

ရသွားလောက်ပြီထင်ပါတယ် ကြိုးစားကြည့်လိုက်ပါ။



အဆင်ပြေပါစေ



လာ​ရောက်​လည်​ပတ်​သူများအားလုံး​ကျေးဇူးတင်​ပါတယ်​ အိုင်​တီလူဆိုး​လေး

1 comment:

  1. Recovery mode ဘယ်​လိုဝင်​ရလည်​ဆရာ

    ReplyDelete

WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း

  windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...