Saturday, February 13, 2016

iPhone, iPad များတွင် Delete ဖြင့်ဖျက်မိတဲ့ Apps များကို App Store မှ ပြန်လည်ရယူနည်း





iPhone, iPad များတွင် Delete ဖြင့်ဖျက်မိတဲ့ Apps များကို App Store မှ

 ပြန်လည်ရယူနည်းကို iOS ချစ်သူများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။


ဖေါ်ပြ Tip & Tick သည် purchase လို့ခေါ်တဲ့ App Store ပေါ်မှ

ဝယ်ထားတဲ့ App များကို ပြန်လည်ပေးဝယ်စရာမလိုပဲ ပြန်လည်

 Recover ပြုလုပ်ယူနည်းပဲဖြစ်ပါတယ်။


ဒီအတွက် ပြုလုပ်စရာအချက်တွေက အခက်ကြီးမဟုတ်ပါပိုက်ဆံဖြင့် 

ပေးဝေးသုံးစွဲသူများအတွက် တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့်

ဖျက်မိခဲ့တယ် ဆိုရင်တော့ စိုးရိမ်စရာမလိုတော့ပါ ဒီနည်းအတိုင်းအလွယ်တကူ

ပြန်လည်ရယူနိုင်မှာပဲဖြစ်ပါတယ်။


ဒီနည်းလမ်းသည် iPod Touch, iPhone or iPad များအားလုံးမှာ 

အတူတူချည်းပါ တစ်ခုကို ပြုလုပ်တတ်ခဲ့ရင်တော့ အဆင်ပြေပါပြီ။


Apple ID တော့ရှိနေသင့်ပါတယ် Apple ID ရှိနေခဲ့ရင်တော့

Apple ID ကို iCloud ကထိမ်းချုပ်ပေးထားတဲ့ အတွက်ကြောင့်

မိမိဖုန်း iPad တွေမှာ iCloud အကောက်ကို Sig in ၀င်ထားရပါမယ်။


iPhone များတွင် deleted apps ကို ပြန်လည်ရယူနည်း
===============================
၁။ iPhone မှ App Store ကိုဖွင့်လိုက်ပါ
၂။ App Store menu မှ “Updates” > “Purchased” ဆိုပြီးနှိပ်လိုက်ပါ
၃။ “Not on This iPhone” ဆိုတာကိုရွေးချယ်လိုက်ပါ
၎။ Delete ပြုလုပ်မိတဲ့ App တွေကိုလိုက်ရှာပြီး Re-install ပြုလုပ်ပါ
ဒီအတွက် Cloud icon ဆိုတာကို ရွေးချယ်ပေးရမှာပဲဖြစ်ပါတယ်။
၅။ ပိုက်ဆံဖြင့်ပေးဝယ်ထားတဲ့ App တွေကိုလည်း လိုက်ရှာကြီး ပြန်လည်ထည့်သွင်းလိုက်ပါ
၆။ Delete ပြုလုပ်မိတဲ့ App တွေကိုပြန်လည် Install ပြုလုပ်တဲ့အခါ ပိုက်ဆံထပ်ပေးစရာမလိုတော့ပါ


iPad များတွင် deleted apps ကို ပြန်လည်ရယူနည်း
============================
၁။ iPad မှ App Store ကိုဖွင့်လိုက်ပါ
၂။ ၂။ App Store menu မှ “Purchased” ဆိုပြီးနှိပ်လိုက်ပါ
၃။ “Not on This iPad” ဆိုတာကိုရွေးချယ်လိုက်ပါ
၎။ Deleted ပြုလုပ်မိတဲ့ Apps ကို Install ပြုလုပ်ယူလိုက်ပါ၊
ဒီအတွက် Cloud icon ဆိုတာကို ရွေးချယ်ပေးရမှာပဲဖြစ်ပါတယ်။

iTunes ဖြင့် deleted apps ကို ပြန်လည်ရယူနည်း

=============================

၁။ iPad/iPhone များကို ကွန်ပျူတာတွင် ချိတ်ဆက်လိုက်ပါ

iTunes ဆော့ဝဲကို မထည့်သွင်းရသေးရင်တော့ 

Windows info အလိုက် Install ပြုလုပ်လိုက်ပါ။

၂။ ကွန်ပျူတာက iPad/iPhone များကိုသိပြီဆိုတာနဲ့ iPad/iPhone ပုံလေးကို

တစ်ချက်နှိပ်လိုက်ပါ၊ ပြီးရင် “Apps” ဆိုတာကိုနှိပ် Delete ပြုလုပ်မိတဲ့ 

App တွေကိုလိုက်ရှာပြီး Re-install ပြုလုပ်ပါ။

၃။ တစ်ခုချင်းစီမဟုတ်ပဲ Delete ပြုလုပ်မိတဲ့ App တွေကိုအားလုံးကို တစ်ခါတည်း

Install ပြုလုပ်ချင်တယ်ဆိုရင်တော့ “Automatically install new apps” ဆိုတာကို

ရွေးချယ်ပြီး Apply လုပ်ပေးလိုက်ရုံပါပဲ။


တကယ်လို့ ဖုန်းနဲ့ကွန်ပျူတာ ချိတ်ဆက်မှုအဆင်မပြေခဲ့ဘူးဆိုရင်တော့

မိမိဖုန်းမှာသာ Wifi အင်တာနက် လိုင်းအဆင်ပြေနေခဲ့ရင် ဖုန်းမှာတင်

တိုက်ရိုက် အထက်ဖေါ်ပြနည်းလမ်းများအတိုင်း ပြုလုပ်ယူနိုင်ပါတယ်။



လာ​ရောက်​လည်​ပတ်​သူများအားလုံး​ကျေးဇူးတင်​ပါတယ်​ အိုင်​တီလူဆိုး​လေး

No comments:

Post a Comment

WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း

  windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...