( Router အကြောင်းသိချင်သော သူငယ်ချင်းတွေ အတွက် ဆရာ ဦးဇော်လင်း တို့ ဆီက ကျွန်တော် စုဆောင်းထားတာလေးပါ ဝေငှလိုက်ပါတယ်ဗျာ။)
ကဲ အခုပြောမယ့်အကြောင်းအရာကတော့ Router အကြောင်းလေးပဲ ဖြစ်ပါတယ်။ Router
တွေ ဆိုတာကတော့ Network သမားတွေ၊ Network ကို လေ့လာချင်သူတွေ၊ အဆင့်မြင့်
ကွန်ယက်ချိတ်ဆက်ဖို့အတွက် လိုအပ်သော မသိမဖြစ် သိထားရမယ့် အရေးပါတဲ့
အချက်တစ်ခု ဖြစ်တယ်။ Router ဆိုတာ ဘယ်လိုမျိုးလဲ။ ဘယ်လို အလုပ်လုပ်သလဲ။
ဘယ်လိုမျိုး အားသာချက်တွေရှိသလဲဆိုတာတွေကိုပါ သိထားရမှာ ဖြစ်တယ်။ ဒီတော့
အခုပြောမယ့်အကြောင်းတွေကို သေချာဖတ်ပါ။
Router တွေဆိုတာ Computer တွေ (Network) ကွန်ယက်ချိတ်ဆက်ရာမှာ
အသုံးပြုသောကိရိယာ တစ်ခုဖြစ်တယ်။ တကယ်တော့ Router တွေဆိုတာ Network တွေကို
တစ်ခုတည်းကနေပြီးတော့ Network တွေ ပွားများလာအောင် ချဲ့ထွင်ဖို့အတွက်
ပြုလုပ်ထားသော Network Device တစ်ခု ဖြစ်တယ်။ အဆင့်လည်း မြင့်တယ်။
ဘယ်လိုမျိုး အသုံးပြုရတာလဲဆိုတော့ ဒီ Router တွေဟာ Network ကွန်ယက် ၂ ခု
သီးသန့်ရှိနေတာကို တစ်ခုတည်းဖြစ်အောင် ချိတ်ဆက်အသုံးပြုနိုင်ဖို့အတွက်
အသုံးပြုရန် ပညာရှင်တွေက ထုတ်လုပ်ထားသော အဆင့်မြင့် ဒီဇိုင်းပစ္စည်း
တစ်ခုပါပဲ။ သီးခြားစီရှိနေတဲ့ ကွန်ယက် Network ၂ ခုကို
ချိတ်ဆက်ပေးလိုက်တယ်ဆိုတာက ဥပမာ Ethernet Network နှင့် FDDI Network
တို့ဖြစ်တဲ့ Network ကွန်ယက် ၂ ခုကို တစ်ခုတည်းဖြစ်သွားအောင်
ချိတ်ဆက်အသုံးပြုချင်တယ်ဆိုရင် ဒီ Router ကို အသုံးပြုပြီးတော့
ချိတ်ဆက်မှရမှာ ဖြစ်တယ်။ Router ကို အသုံးမပြုရင်တော့ ချိတ်ဆက်အသုံးပြုလို့
ရချင်မှရနိုင်မယ်ပေါ့။
အဲ့ဒီလိုမျိုး Router ကို အသုံးပြုပြီးတော့ ပုံစံမတူတဲ့ Ethernet Network
နှင့် FDDI Network တို့ကို ချိတ်ဆက်လိုက်မယ်ဆိုရင် ဒီ Network ၂ ခုကို
အသုံးပြုနေလျက်ရှိသော အသုံးပြုသူတွေဟာ ဒီ Ethernet Network နှင့် FDDI
Network တို့ဆီမှ Resources တွေကိုခေါ်ယူ အသုံးပြုနိုင်မှာ ဖြစ်တယ်။ ဒီလို
ကွဲပြားတဲ့ Network ကွန်ယက် ၂ ခုကို Router အသုံးပြုပြီးတော့
ချိတ်ဆက်ပေးလိုက်ခြင်းအားဖြင့် Network ၂ ခုဆီက Resources တွေကို
အသုံးပြုလို့ရနေတာကိုပဲ Internetwork လို့ခေါ်တာ ဖြစ်တယ်။ ထပ်ပြီး
ရှင်းအောင်ပြောရရင်တော့ ဒီ Ethernet Network နှင့် FDDI Network တို့ဟာ
သီးခြားစီရှိသော Function တွေနှင့် သီးသန့်စီ အလုပ်လုပ်နေကြတယ် ဆိုပေမယ့်
ဒီ Router ကို အသုံးပြုပြီးတော့ ချိတ်ဆက်လိုက်တဲ့အတွက်ကြောင့် အဲ့ဒီ
Network နှစ်ခုကြားမှာ ရှိနေသော Data တွေ၊ အချက်အလက်တွေကို ချိတ်ဆက်
ဖလှယ်ခြင်းတွေကို လုပ်ဆောင်နိုင်တာပေါ့။ ဒီ Internetwork ကို အကောင်းဆုံး
နားလည်နိုင်ဖို့အတွက် ဥပမာပေးပြီး ပြောရရင်ဖြင့် အခုလက်ရှိ အင်မတန်မှကို
ပေါ်ပြူလာဖြစ်နေသော၊ လူတွေ အသုံးများနေသော Internet ပဲဖြစ်တယ်။ Internet
ဟာဆိုရင် Internetwork ပဲဖြစ်တယ်။ Network ကွန်ယက်သေးသေးလေးတွေကအစ
ချိတ်ဆက်အသုံးပြုထားတဲ့အတွက် လူတွေလိုအပ်သမျှသော အချက်အလက်တွေ၊ 0.Data တွေ
မှန်သမျှကို ရှာဖွေယူလို့ရနေတာ ဖြစ်ပါတယ်။
Router တွေကို TCP/IP Protocol Suit ကို အသုံးပြုသော Internetwork
ကွန်ယက်ကြီးတွေမှာ အများအားဖြင့် အသုံးပြုများကြပါတယ်။ Router တွေဟာ
အလုပ်လုပ်တဲ့အခါမှာ Network ကွန်ယက်တွေရဲ့ကြား Packet တွေကို
ပို့ဆောင်ရာမှာ Network Layer ဖြစ်တဲ့ Open Systems Interconnection (OSI)
Layer တွေထဲက Layer 3 နှင့် အလုပ်လုပ်တာ ဖြစ်တယ်။ ဘာဖြစ်လို့ ဒီ Layer 3
ကိုပဲ အသုံးပြုတာလဲဆိုတော့ ဒီ Router တွေဟာ Bridge တွေထက် ပိုပြီးတော့
အဆင့်မြင့်သော OSI Layer တွေနှင့်ပဲ အလုပ်လုပ်နိုင်တာ
ဖြစ်တဲ့အတွက်ကြောင့်ပဲ ဖြစ်တယ်။ ဘာလို့ အဲ့လိုဖြစ်တာလဲဆိုတော့ Router တွေဟာ
Packet တစ်ခုကို ပို့ပေးရတဲ့အခါမှာ အဲ့ဒီ Packet ရဲ့ လိပ်စာ MAC Address
ကိုပဲ ကြည့်ပြီးတော့ ပို့ပေးရတာ မဟုတ်ပါဘူး။ အဲ့ဒီ Packet
လေးသွားရမယ့်နေရာဖြစ်တဲ့ Destination Address ကိုပါ သိရမှာ ဖြစ်တယ်။
ပြောရရင် Router တွေဟာ Packet လေးတစ်ခုကို ပို့မယ်ဆိုရင် အဲ့ဒီ Packet
လေးရဲ့ လိပ်စာအပြင် အဲ့ဒီ Packet လေးဟာ ဘယ်ကိုသွားမလဲဆိုတဲ့ Destination
Address ကို ရှာရတာဖြစ်တယ်။ နောက်ပြီးတော့ Router ဟာ Packet တွေကို Route
တဲ့ နေရာမှာရော၊ Data တွေကို Process လုပ်တဲ့ နေရာမှာရော၊ အချက်အလက်တွေကို
Filter စစ်ထုတ်ပေးတဲ့နေရာမှာရော ပိုပြီးတော့ Performance
ကောင်းကောင်းဖြင့် လုပ်ဆောင်နိုင်ပါတယ်။ ပြောရရင်တော့ Router တွေဟာ Bridge
တွေထက် ပိုပြီးတော့သာတာပေါ့။
ပိုပြီးနားလည်အောင် Router တွေရဲ့ အားသာတဲ့ အချက်တွေကို တစ်ချက်ချင်းစီ ပြောပြမယ်။
• Router တွေဟာချိတ်ဆက်သော Network တွေ များပြားလာတာနဲ့အမျှ Network
တစ်ခုလုံးမှာ Data ပို့မယ့် လမ်းကြောင်းတွေဟာ များပြားလာပြီးတော့ Fault
Tolerance တွေလည်း ပံ့ပိုးပေးလာနိုင်ပါတယ်။
• နောက်ပြီးတော့ Router ဟာ Bridge တွေထက်သာတာက Data တွေကို ပို့ဖို့အတွက်
လမ်းကြောင်းတွေကို အများကြီး ရှာနိုင်ပါတယ်။ ပြောရမယ်ဆိုရင်
အချက်အလက်တွေကို ပို့တဲ့နေရာမှာ Router တွေမှာလမ်းကြောင်းတွေ
အများကြီးနှင့်ပို့တာ ဖြစ်တယ်။ ဒီလမ်းကြောင်းမရရင် နောက်တစ်လမ်းကနေ
ပို့လို့ရအောင်လမ်းကြောင်းကို Route မှာ ဖြစ်တယ်။
• နောက်တစ်ခုကကျတော့ Router တွေဟာ Network Segment တွေ အများကြီးကို
ချိတ်ဆက်ပေးနိုင်ပါတယ်။ Data တွေအတွက် Traffic လမ်းကြောင်းတွေကိုလည်း
စိစစ်ပေးနိုင်တယ်။ ပြောရရင်တော့ဒီ Packet တစ်ခုကို တစ်နေရာလွှတ်ပြီးရင်
နောက် Packet တစ်ခုကိုကျတော့ နောက်တစ်နေရာကို ထပ်လွှတ်ပေးနိုင်ခြင်းတို့
ဖြစ်တယ်။
• ဒီ Router တွေကို အသုံးပြုရာမှာ နောက်ထပ် အားသာချက်တစ်ခုကတော့
အလွန်ရှုပ်ထွေးသော Network ကွန်ယက်တွေကို တပ်ဆင်ရာမှာ သို့မဟုတ်
ချိတ်ဆက်ရာမှာ အသုံးပြုနိုင်ခြင်းပဲ ဖြစ်တယ်။ Network Segment
တစ်ခုချင်းစီကို Subnetwork သို့မဟုတ် Subnet လို့ ခေါ်ပါတယ်။ အဲ့ဒီ Subnet
တိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင် Network Address လိပ်စာ ကိုယ်စီရှိကြပါတယ်။
နောက်ပြီး Subnet တစ်ခုချင်းစီမှာ Nodes တွေ အများကြီး ရှိပါတယ်။ အဲ့ဒီ
Node တိုင်းမှာလည်း ကိုယ်ပိုင်လိပ်စာတွေဖြစ်တဲ့ Address တွေ
ကိုယ်စီရှိကြပါတယ်။ ဘယ်လောက်ပဲ ရှုပ်ထွေးသော Network ကွန်ယက်ကြီးပဲ
ဖြစ်ပါစေ၊ Network Address တွေ၊ Host/Node Address တွေ ဘယ်လောက်ပဲများပါစေ၊
ဒီ Router ဟာ ရှိနေသော Network Address တွေ၊ Host/Node Address တွေအတိုင်း
မရရအောင်ကို ပေးပို့ရမယ့် Packet တွေကို လိုက်ပြီးတော့ ပို့ပေးပါတယ်။
ဆိုလိုတာက Router တွေဟာ ဘယ်နေရာပဲဖြစ်ဖြစ် ရှိနေတဲ့ Network Address နှင့်
Host/ Node Address တွေကို ပေါင်းပြီးတော့ Network ထဲမှာရှိတဲ့
ဘယ်နေရာပဲဖြစ်ဖြစ် ပို့ပေးရမယ့်နေရာကိုရောက်အောင် ပို့ပေးနိုင်ပါတယ်။
• ဒါ့အပြင် Router တွေဟာ Data Packet တွေကို ပို့တဲ့အခါမှာ
ဘယ်လမ်းကြောင်းကနေပို့ရင် ဘယ်လိုကောင်းတယ်၊
မြန်စေတယ်ဆိုတာကိုသော်လည်းကောင်း၊ ဘယ် Router ကို အသုံးပြုရမလဲဆိုတာကိုသော်
လည်းကောင်း ရွေးချယ်တတ်ပါတယ်။ ဒါကြောင့် Router တွေဟာ သူ့ဆီကို Data
Packet တွေ ရောက်လာပြီဆိုရင် ဒီ Packet ကို အမြန်ရောက်အောင်
ဘယ်လမ်းကြောင်းကနေမှ ပို့လိုက်မယ်ဆိုတာမျိုး ရှိပါတယ်။
• ဒါပေမယ့် Router တွေဟာ သူ့ဆီကို လာတဲ့ Packet တွေကို Network Address
မသိရင်ပဲ ဖြစ်စေ၊ ဒါမှမဟုတ် အဲ့ဒီ Packet ရဲ့ Destination Address ကိုသော်
လည်းကောင်း မသိနိုင်တဲ့၊ အတိအကျမပါလာတဲ့ Packet မျိုးဆိုရင်တော့ Router ဟာ
လုံးဝကို ပို့မပေးပဲနှင့် ပယ်ဖျက်ပစ်တတ်ပါတယ်။
Router တွေမှာ Routing Table လို့ခေါ်တဲ့ အချက်အလက်တွေပါရှိတဲ့ Table
တစ်ခုရှိပါတယ်။ အဲ့ဒီ Routing Table မှာ Packet တွေနှင့် ပတ်သက်သော Network
Address တွေ၊ Packet တွေပို့ဖို့အတွက် Internetwork တစ်ခုလုံးမှာ ရှိသော
ဖြစ်နိုင်သမျှသော Path လမ်းကြောင်းတွေရှိတာ ဖြစ်တယ်။ Router တွေဟာ Packet
တွေကိုပို့ဆောင်ရန်အတွက် Routing Table မှာ ရှိသော ဖြစ်နိုင်သမျှသော Path
လမ်းကြောင်းတွေကို ကြည့်ပြီးတော့ Packet တွေကို ပို့တာဖြစ်တယ်။ နောက်တစ်ခုက
Router တွေဟာ Packet တွေကို ပို့ပေးတဲ့အခါမှာ ၄င်း Router တွေရဲ့
Destination Address တွေကို ကြည့်ပြီးတော့ အလုပ်လုပ်တာ ဖြစ်တယ်။
နောက်ပြီးတော့ Router တွေဟာ Packet တွေကို ပို့တဲ့အခါမှာ အဲ့ဒီ Packet
တွေရဲ့ Network Address ကို အတိအကျသိမှ ပို့ပေးတာ ဖြစ်တယ်။ ဒါ့ကြောင့်
Packet တစ်ခုကို ကြည့်လိုက်လို့ အဲ့ဒီ Packet မှာ Network Address က
အတိအကျပါမလာဘူးဆိုရင် ပို့ပေးမှာ မဟုတ်ပါဘူး။ Packet တွေရဲ့ Network
Address တွေပါပြီးတော့ ပို့ပေးရမယ့် Destination Address မပါဘူးဆိုရင်လည်း
ပို့မပေးပါဘူး။
Router တွေဟာ Data အချက်အလက်တွေကို ပို့ပေးတဲ့အခါမှာ Router တွေရဲ့ Packet
တွေကို ပို့ပေးတဲ့ပုံစံကို ပြောပြမယ်။ Internetwork ဆိုတာ
ကွန်ယက်သေးသေးတွေရော၊ ကြီးကြီးတွေရော ပေါင်းစပ်ပြီးတော့ ဖြစ်လာတာဆိုတော့
တစ်ခါတစ်ရံ အရမ်းကို ရှုပ်ထွေးသော ကွန်ယက်တစ်ခု ဖြစ်နေတတ်ပါတယ်။
အဲ့ဒီလိုမျိုး ရှုပ်ထွေးသော ကွန်ယက်တွေမှာ Packet လေးတစ်ခုကို
သူသွားမယ့်နေရာ ရောက်အောင် ပို့ပေးဖို့ရာ သိပ်ကို လွယ်ကူတဲ့ အလုပ်တော့
မဟုတ်ပါဘူး။ ဒီတော့ Router တွေဟာ သူတို့ဆီကို Packet တစ်ခု
ရောက်လာပြီဆိုရင် အဲ့ဒီ Packet ကို ဘယ်နေရာကို ပို့ပေးရမလဲဆိုတာကို
သိဖို့အတွက် ကြည့်လိုက်ပါတယ်။ Network Address ကို ကြည့်တာ ဖြစ်တယ်။
Network Address ကို Routing Table မှာ ကြည့်တာ ဖြစ်တယ်။ သိပြီဆိုမှ ၄င်း
Packet ကို ပြန်ထုတ်ပိုးလိုက်ပြီးတော့ ပို့ပေးရမယ့်နေရာကို
သွားရောက်ပြီးတော့ ပို့တာဖြစ်တယ်။ Router တွေဟာ Bridge တွေထက်တော့ မတူညီတဲ့
Network နည်းပညာမှာ Packet တွေကို ပို့တဲ့အခါမှာ ပိုလွယ်ကူပါတယ်။
ဥပမာပြောရရင် တကယ်လို့ Router တစ်ခုဟာ Token Ring Network တစ်ခုကနေမှ
Ethernet Network တစ်ခုဆီကို Data Packet တွေ ပို့ပေးရတော့မယ်ဆိုရင် အဲ့ဒီ
Token Ring Network ကနေလာတဲ့ Data Packet ကို Ethernet Network ဆီကို
ပို့ဖို့အတွက် အဲ့ဒီ Packet လေးကို Token Ring Network ပုံစံ
ဖြစ်နေတဲ့အတွက်ကြောင့် အရင်ဖြည့်လိုက်ပါတယ်။ ပြီးတော့မှ Ethernet Network
Frame ပုံစံအတိုင်း ပြန်ပြီးတော့ ထုတ်ပိုးလိုက်ပြီးတဲ့အခါကျတော့မှ
ပို့ပေးရမယ့်နေရာကို အရောက်ပို့တာ ဖြစ်တယ်။ Packet တစ်ခုကို ကြည့်လိုက်။
ဘယ် Network ကလည်းဆိုတာ ကြည့်လိုက်။ နောက်ပြီး အဲ့ဒီ Packet ကို
ပို့ပေးရမယ့် လိပ်စာ Network Address ကို MAC Address မှာ ကြည့်တယ်။
ပြီးရင် ပို့ပေးတယ်။ ဒီလိုမျိုးလုပ်တာဟာ အမှန်တော့ Network Traffic
ကိုလေးစေပါတယ်။ Network ရဲ့ Speed ကို ကျသွားစေပါတယ်။ ဘာဖြစ်လို့ Network
Speed ကို ကျသွားစေတာလဲ၊ Network Traffic ကို လေးစေတာလဲ ဆိုတာကို
ပြောပြမယ်။ ဒါက ချိတ်ဆက်တဲ့ ကွန်ယက် Network တွေရဲ့ မတူညီတဲ့ Frame Size
ကြောင့်ပါ။ ဥပမာနေနဲ့ ပြောရရင် Ethernet Network Frame Size ဟာ အနီးစပ်ဆုံး
ပြောရရင်တော့ 1500 Bytes အထိသာ ရှိပါတယ်။ ဒါပေမယ့် Token Ring Network
Frame Size ကျတော့ 4000 Bytes ကနေမှ 18000 Bytes အထိ ရှိကြပါတယ်။ ဒီတော့
4000 Bytes ကနေမှ 18000 Bytes အထိ ရှိသော Ethernet Network ကနေပို့လိုက်သော
Data Packet တွေကို Token Ring Network ဆီကိုပို့ပေးမှာဆိုတော့
ဒီအတိုင်းပို့လို့မရဘူး။ Ethernet Network Frame Size
အတိုင်းပို့ပေးရမှာဆိုတော့ Frame Size ကို ထပ်ပြောင်းပေးရတယ်။ ဒီတော့ 4000
Bytes ကနေမှ 18000 Bytes အထိရှိသော Token Ring Network Frame Size ကို 1500
Byte ရှိသော Ethernet Network Frame Size အဖြစ် ပြန်ပြောင်းပေးရမှာ
ဖြစ်တယ်။ ဒီတော့ Router ဟာ Ethernet Network Frame 12 ခုတောင်
ပြုလုပ်ပေးရပါတယ်။ အဲ့ဒီတော့ Network ရဲ့ Speed က လေးပြီပေါ့။
Router တွေမှာ သူတို့ကိုယ်တိုင် ပြုလုပ်ထားသော Routing Table ဆိုတာ
ရှိပါတယ်။ အဲ့ဒီ Routing Table မှာ ဘာတွေရှိလဲဆိုတော့ Packet တွေရဲ့
Network Address တွေ၊ နောက်ပြီး အဲ့ဒီ Network မှာ ရှိနေသော Router တွေရဲ့
Address တွေ ရှိပါတယ်။
Router မှာ Routing Table ပြုလုပ်ပုံပေါ် မူတည်ပြီးတော့ Routing အမျိုးအစား (၂) မျိုး ရှိကြပါတယ်။ အဲ့ဒီ (၂) မျိုးကတော့ -
• Static Routing နှင့်
• Dynamic Routing တို့ ဖြစ်ကြပါတယ်။
Static Router
Static Routing ကို အသုံးပြုသော Router မှာဆိုရင် သူ့မှာရှိသော Routing
Table ကို Administrator ကနေမှ Manually ကိုယ်တိုင်ကိုယ်ကျ Update
လုပ်ပေးဖို့လိုအပ်ပါတယ်။ Router ဟာ အကယ်၍များ အတိုဆုံးနှင့် အထိရောက်ဆုံး
လမ်းကြောင်းကို မလိုအပ်သည့်တိုင်အောင် အမြဲတမ်းရည်ရွယ် ပို့နေကျ
လမ်းကြောင်းအတိုင်းပဲ ပေးပို့ပါတယ်။ တကယ်လို့ Router ရဲ့ Table မှာ
ပေးပို့ရမယ့် Packet ရဲ့ Network Address ပါသည့်တိုင်အောင် Destination
မရှိခဲ့ရင် Router ဟာ Packet ကို ပယ်ဖျက်ပစ်လိုက်ပါတယ်။
Dynamic Router
Dynamic Router ကို အသုံးပြုသော Router မှာဆိုရင် သူ့မှာရှိသော Routing
Table ကို Static Routing မှာကဲ့သို့ Administrator ကနေမှ Manually
လိုက်ပြီးတော့ Update လုပ်စရာ မလိုပါဘူး။ သူ့ဘာသာသူ Routing Table ကို
Automatically အလိုအလျောက် Update လုပ်သွားတာ ဖြစ်တယ်။ ဒါပေမယ့်
ပထမဦးဆုံးသော Router ကတော့ Routing Table ကို သူ့ဘာသာသူ Administrator
ကနေမှ Configure သတ်မှတ်ပေးရပါတယ်။ ပထမဦးဆုံးသော Router တစ်ခုတည်းပါပဲ။
ကျန်တဲ့ Dynamic Router တွေကတော့ သူအလိုအလျောက် Automatically အရ Update
လုပ်သွားမှာ ဖြစ်တယ်။ ဆိုလိုတာက Dynamic Routing ကို အသုံးပြုသော Router
တွေကျတော့ Discovery Process ဆိုတာကို အသုံးပြုပြီး ရှိနေတဲ့ Router တွေရဲ့
အချက်အလက်တွေကို ရှာဖွေပါတယ်။ Dynamic Router တွေဟာ သူတို့အချင်းချင်း
ဆက်သွယ်လို့ရတဲ့အပြင် အခြား Router တွေရဲ့ ရရှိလာတဲ့ အချက်အလက်တွေပေါ်
မူတည်ပြီးတော့ Routing Table တွေကို Update လုပ်နိုင်ပါတယ်။ အကယ်၍များ
Network တစ်ခုမှာ Multiple Routers လမ်းကြောင်းတွေ
အများကြီးရှိခဲ့မယ်ဆိုရင် Router ဟာ ဘယ်လမ်းကြောင်းက အကောင်းဆုံးလဲ
ဆိုပြီးတော့ ဆုံးဖြတ်နိုင်ပါတယ်။ Router တွေရဲ့ အကောင်းဆုံးလမ်းကြောင်းဟာ
ဘယ်လမ်းကြောင်းလဲလို့ ရွေးချယ်ရာမှာ နည်းလမ်း (၂) မျိုး ရှိပါတယ်။
ဒါတွေကတော့ -
• Distance Vector Algorithm နှင့်
• Link-State Algorithm တို့ပဲ ဖြစ်ပါတယ်။
Distance Vector Algorithm
ဒီနည်းလမ်းကတော့ ကွန်ယက် ၂ ခုအကြား ဆက်သွယ်သွားရမယ့်ခရီးမှာ ဖြတ်သွားရမယ့်
Router အရေအတွက်ပေါ် မူတည်ပြီးတော့ Costs in Host ကို တွက်ပါတယ်။ ဒီတော့
လမ်းကြောင်းမှာ ဖြတ်သွားရမယ့် အနည်းဆုံး Hops အရေအတွက်ရှိတဲ့လမ်းကြောင်းကို
ရွေးချယ်ပါတယ်။ ဒီ Distance Vector Routing Algorithm ကိုအရင်ဆုံးအသုံးပြု
သော Protocol ကတော့ Routing Information Protocol ပဲဖြစ်ပါတယ်။ ၄င်းကို
TCP/IP ရော၊ IPX/SPX ၂ ခုစလုံးမှာပါ အသုံးပြုကြပါတယ်။ Distance Vector
Protocol ဖြစ်တဲ့ RIP လို Protocol ဆိုရင် ဘယ်လောက်တောင်လဲဆိုတာ သူ့ရဲ့
Routing Table တစ်ခုလုံးကြီးကို Network တစ်ခုလုံးဆီသို့
စက္ကန့်သုံးဆယ်ကြာတိုင်း ပို့လွှတ်နေပါတယ်။
RIP – Routing Information Protocol
RIP2 - Routing Information Protocol (Version 2)
EIGRP - Enhanced Interior Gateway Routing Protocol
IGRP - Interior Gateway Routing Protocol
ဒါတွေကတော့ Distanced Vector Algorithm ကိုသုံးတဲ့ Routing Protocols တွေပဲဖြစ်ပါတယ်။
Link - State Algorithm
ဒီနည်းလမ်းကတော့ Packet တစ်ခုအတွက် လမ်းကြောင်းမှာ အခြားသော
အချက်အလက်တွေကိုပါ ထည့်သွင်း စဉ်းစားလာပါတယ်။ ဘယ်လို အချက်အလက်တွေလဲဆိုတော့
Network Traffic, Connection Speed, Costs တွေကိုပါ ထည့်သွင်း
စဉ်းစာလာပါတယ်။ ဒီနည်းနဲ့ ဒီ Algorithm ကို အသုံးပြုတဲ့ Router အနေနဲ့ကတော့
ပိုပြီးတော့ Processing Power လိုအပ်တာပေါ့။ ဒါပေမယ့် Packet တွေကို
ထိထိရောက်ရောက် လိုရာကို ပေးပို့နိုင်တယ်လေ။ TCP/IP ရဲ့ Routing Protocol
ဖြစ်တဲ့ OSPF (Open Shortest Path First) ဟာ ဒီ Link - State Algorithm
ကိုအသုံးပြုပါတယ်။
Dynamic Router တွေဟာ Maintain လုပ်ရတာလည်း လွယ်ကူသလို Static Router
တွေထက်စာရင် ပိုမိုကောင်းမွန်တဲ့လမ်းကြောင်းကို ရွေးချယ်ပေးနိုင်ပါတယ်။
ဒါပေမယ့် Routing Table ကို Update လုပ်ရတာရယ်၊ နောက်ထပ် Network Traffic
တွေကို ဖြစ်ပေါ်စေပါတယ်။ ပုံမှန်သွားလာနေတဲ့ Traffic အပြင် သူတို့ရဲ့
Discovery လုပ်ဆောင်ဖို့ သွားလာမှုတွေ ရှိလာတယ်လို့ ပြောချင်တာပါ။ ဒီတော့
Data Traffic အပြင်သူတို့ Traffic တွေရှိလာတာပေါ့။
အောက်မှာဖော်ပြထားတာတွေကတော့ Link - State Algorithm ကို အသုံးပြုသော Routing Protocols တွေပဲဖြစ်ပါတယ်။
OSPF – Open Shortest Path First
IS - IS - Intermediate System to Intermediate System
အောက်မှာ Router ၏ အားနည်းချက်နှင့် အားသာချက်ကို ဖော်ပြပေးထားပါတယ်။
Protocol တိုင်းဟာ OSI Model ရဲ့ အလွှာတိုင်းမှာ အလုပ်လုပ်ကြတာ မဟုတ်ပါဘူး။
အဲ့ဒီ အထဲမှာမှ Route လုပ်ပေးနိုင်သော Protocol ရှိသလို၊ Route
လုပ်မပေးနိုင်သော Protocol များလည်း ရှိပါတယ်။ Route လုပ်ပေးနိုင်သော
Routable Protocol တွင် Network Layer Information များပါရှိပြီးတော့
Non-Routable Protocols မှာတော့ Network Layer Information များ
မပါရှိပါဘူး။
Routable Protocol တွေကတော့ -
• TCP/IP
• IPX/SPX
• DECNet
• OSI
• DDP (Apple Talk)
• XNS တို့ ဖြစ်ကြပါတယ်။
Non-Routable Protocol တွေကတော့-
• NetBEUI
• DLC (HP Printers နှင့် IBM Mainframe) တွေမှာအသုံးပြုသည်။
• LAT (Local Area Transport၊ DEC Networking ရဲ့ အစိတ်အပိုင်း) တို့ ဖြစ်ကြပါတယ်
Tuesday, April 11, 2017
Basic of routing
Network
တစ်ခုမှ တခြားNetwork တစ်ခုသို့ packet တစ်ခု delivery ရာတွင် မည်သည့်လမ်း
ကြောင်းမှ ပို့လွှတ်ရမည်ကိုရှာဖွေပေးခြင်းကို Routing ဟုခေါ်သည်။
အလွယ်မှတ်ရန်မှာ routing ဆိုသည်မှာ router များ destination network
သို့ရောက်ရှိဖို့ လမ်းကြောင်းရှာဖွေခြင်းဖြစ်သည်။
သက်ဆိုင်ရာ
Network Address ကိုအခြေခံ၍ မည်သည့် Interface မှ ပို့လွှတ်ရမည်ဆိုသည်ကို
ဆုံးဖြတ်ပေးခြင်းဖြစ်သည်။Router ၏ Interface တစ်ခုသို့ packet
တစ်ခုဝင်ရောက်လာသောအခါ packet header တွင်ပါဝင်သော Destination IP
ကိုကြည့်၍၊ Routing Table နှင့်တိုင်ဆိုင်စစ်ဆေးကာ အ
ကောင်းဆုံးလမ်းကြောင်းကိုရွေးချယ်ပေးသည်။
Routing
Table ဆိုသည်မှာ မြေပုံနှင့်ဥပမာဆင်တူပြီး၊ destination network
သို့ရောက်ရှိရန် မည်သည့် Interface မှသွားသင့်ကြောင်း Router ကို
ပြောပြခြင်းဖြစ်သည်။ Network အသီးသီးသို့ရောက်ရှိမည့်
လမ်းကြောင်းများကိုရေးမှတ်ပေးထားခြင်းဖြစ်ပြီး၊ Ram ထဲတွင်သိမ်းဆည်းပေး
ထားသည်။
သိထားသင့်သော Route များမှာ အောက်ပါအတိုင်းဖြစ်သည်။
1. Static routes
2.Default routes
3.Dynamic routes
Static Route
Network
Engineer ကိုယ်တိုင် သက်ဆိုင်ရာNetwork သို့သွားဖို့ လမ်းကြောင်း Manual
သတ်မှတ် ပေးဖြင်းဖြစ်သည်။ အပြောင်းလဲနည်းသော Small Network အတွက်
အလွှန်အသုံးဝင်သည်။ Serial Wan Link လိုမျိုး Bandwidth
နည်းနည်းသာသုံးစွဲနေရသောအခါ မျိုးတွင် သင့်တော်သည်။ အဘယ့်ကြောင့်ဆိုသော်
Routing အတွက်သုံးစွဲရသော Bandwidth နည်းသောကြောင့် bandwidth
ချွေတာရာရောက်သလို၊ security အတွက်လည်း routing access အတွက် engineer
ကိုယ်တိုင် network များကို ရွေးချယ်ခွင့်ရှိသောကြောင့် security
ကောင်းမွန်သည်။
ip route destination network address [subnet mask]
{next-hop-address | interface] [distance]
Default Route
Default
Route သည်လည်း special static route တစ်မျိုးဖြစ်သည်။သက်ဆိုင်ရာ
destination networkသို့ သွားရန် သင့်တော်သောလမ်းကြောင်းသည် routing table
ထဲတွင်မတွေ့ပါက default route ကိုသုံး၍ packet ကို forward လုပ်နိုင်သည်။
the gate way of last resort ဟုလည်းခေါ်သည်။ ဥပမာ- ISP Router နှင့်
တိုက်ရိုက်ချိတ်ဆက်ထားသော router များပေါ်တွင်တွေ့နိုင်သည်။ small network
များတွင် အင်တာနက်သုံးရန် ISP Router သို့ Default Router
အနေနှင့်ထွက်နေခြင်းဖြစ်သည်။
Dynamic Routes
Routing
Protocol တစ်ခုကိုအသုံးပြုခြင်းအားဖြင့် Router သည် dynamic route ကို
learn လုပ်သည်။ Routing Protocol သည် same routing protocol သုံးနေသော
neighboring router များထံမှ လမ်းကြောင်းနှင့်ပက်သက်သည်များကို
မှတ်သားလေ့လာသည်။ Routing အချင်းချင်း Information ဖလှယ်ခြင်းဖြင့် network
အားလုံး၏ subnet number များကို သိရှိနိုင်သည်။
Routing Protocol and Routed Protocol
တကယ်တမ်း
packet ကို သက်ဆိုင်ရာ Networkk တစ်ခုသို့ သယ်သွားသည်မှာ IP ဖြစ်သည်။
packet များကို သက်ဆိုင်ရာ Network သို့ forward or router လုပ်ပေးသော
Protocol ကို routed protocol ဟုခေါ်သည်။ ဥပမာ- IP and IPX
Route များကိုလေ့လာပြီး routing table ကိုတည်ဆောက်သည်။ Router များသည် route များကို
လေ့လာဖို့ အချင်းချင်း Information ဖလှယ်ရသည်။ ဆိုလိုသည်မှာ router များက
သက်ဆိုင်ရာ Network အသီးသီးသို့ ရောက်ရှိမည့်
အကောင်းဆုံးလမ်းကြောင်းကိုရွေးချယ်ရန် အသုံးပြုသော algorithm, rule
ဖြစ်သည်။ ဥပမာ- RIP, EIGRP, OSPF and BGP
Routing Protocol နှစ်မျိုးရှိသည်။ ၄င်းတို့မှာ-
Interior Gateway Protocols (IGP)
Autonomous System တစ်ခုအတွင်းမှာသာ အချင်းချင်း routing information ကိုဖလှယ်နိုင် သည်။ ဥပမာ IGP များမှာ- Routing Information Protocol version 2 (RIPv2), Enhanced Interior Gateway Routing (EIGRP), and Open Shortest Path First (OSPF) တို့ဖြစ်သည်။
Exterior Gateway Protocols (EGP)
Different Autonomous System များအကြား routing information ကိုဖလှယ်နိုင်သည်။ ဥပမာ- Border Gateway Protocol (BGP) သည် ယနေ့ခေတ်တွင်တစ်ခုတည်းသော EGP ဖြစ်သည်။
Metrics
Routing Protocol များ
အကောင်းဆုံးလမ်းကြောင်းကိုရွေးချယ်ဖို့ calculation လုပ်ရန် Metric
ကိုသုံးနိုင် သည်။lowest metric ရှိသောလမ်းကြောင်းသည် best route ဖြစ်သည်။
Routing Protocol များက အသုံး ပြုသော Metric များမှာအောက်ပါအတိုင်းဖြစ်သည်။
- Hop count:
The number of times that a packet passes through the output port of one router - Bandwidth:
The data capacity of a link; for instance, normally, a 10-Mbps Ethernet link is preferable to a 64-kbps leased line - Delay:
The length of time that is required to move a packet from source to destination - Load:
The amount of activity on a network resource, such as a router or link - Reliability:
Usually refers to the bit error rate of each network link - Cost:
A configurable value that on Cisco routers is based by default on the bandwidth of the Interface
Autonomous Systems
Single
Administrative control တစ်ခုအောက်တွင်ရှိသော Network Group တစ်ခုကို AS
တစ်ခုဟုသတ် မှတ်သည်။ company တစ်ခုတည်းဖြစ်နိုင်သလို၊ company
တစ်ခုအတွင်းမှာပင် AS များကွဲနေနိုင်သည်။ companies group
များလည်းဖြစ်နိုင်သည်။ EIGRP, OSPF, IS-IS, and BGP များသည် AS
ကိုနားလည်သော်လည်း RIP သည် နားမလည်ပေ။ တစ်နည်းအားဖြင့် single organization
တစ်ခု ၏ administrative control တစ်ခုအောက်တွင်ရှိသော internetwork
တစ်ခုသည် AS ဖြစ်သည်။ ISP တစ်ခုစီသည် Different AS တစ်ခုဖြစ်သည်။
Single AS တစ်ခုအတွင်းမှာသာအလုပ်လုပ်သော Routing Protocol များကို IGP ဟုခေါ်သည်။
Different AS များအတွင်းအလုပ်လုပ်သော Routing Protocol များကို EGP ဟုခေါ်သည်။eg-BGP
www.icann.org တွင် ASN များလေ့လာနိုင်သည်။
Administrative Distance
Routing Protocol တိုင်းတွင် AD တန်ဖိုးရှိသည်။ Lowest AD တန်ဖိုးရှိသော Routing Protocol သည် Highest AD တန်ဖိုးရှိသော routing protocol ထက် လမ်းကြောင်းရွေးရာတွင် ပိုမိုကောင်းမွန်သည် ဟူယူဆသည်။ Administrative Distance သည် integer ဖြစ်ပြီး၊ 0-255 ဖြစ်သည်။
Routing Protocol ကို -
- Distance vector routing protocol ( Bellman-Ford-Moore algorithms )
- Link state routing protocols
- Hybrid routing protocol ဟူ၍ ခွဲခြားနိုင်သည်။
Distance
ဆိုသည်မှာ ဘယ်လောက်ဝေးသလဲ(How far) ဖြစ်ပြီး၊ vector ဆိုသည်မှာ ဦးတည်ရာ
(which direction) ကိုဆိုလိုဖြင်းဖြစ်သည်။Distance Vector Routing Protocol
များမှာ RIP Version-1 , Version-2, IGRP တို့ဖြစ်သည်။ distance vector
routing protocol သုံးနေသော router များသည် routing brocast ကို Listening
လုပ်ခြင်းဖြင့် neighboring router များကို learn လုပ်ကြသည်။ neighbor
router ကိုရှာဖွေဖို့ handshaking and helo process ကိုမသုံးပေ။ distance
vector routing table ထဲတွင် သက်ဆိုင်ရာနက်ဝက်တစ်ခုသို့ သွားမည့်
လမ်းကြောင့်များနှင့်ပက်သက်သော အချက်လက်များရှိသည်။ neighbor router
များထံမှ Update ကိုလက်ခံခြင်းဖြင့် routing table ကို update လုပ်သည်။
အချင်ချင်း routing update ဖလှယ်ကြရာတွင် routing table တစ်ခုလုံးကို
ပို့လွှတ်သည်။
Distance
Vector routing protocol ၏ ပြဿနာတစ်ခုမှာ slow convergence ဖြစ်သည်။
router များအားလုံး လက်ရှိအသုံးပြုနေသော topology ကိုနားလည်ပြီး
မူလအခြေအနေသို့ ပြန်အလုပ်လုပ်ရန်ကြာမြင့်သောအချိန်ကာလတစ်ခုကို convergence
time ဟုခေါ်သည်။ ဆိုလိုသည်မှာ network ထဲတွင် router တစ်လုံး fail
ဖြစ်သွားသည်ဆိုပါစို့- ကျန်router များသည် သက်ဆိုင်ရာNetwork
များသို့ရောက်ရှိဖို့ လမ်းကြောင်းများ ပြန်လည်ရွေးချယ်သတ်မှတ်ရန် routing
table တွင် ပြန်လည်ပြင်ဆင်မှုများလုပ်ကြရသည်။ ထိုကာလတစ်လျှောက် user၏ Packet
ကို forward လုပ်ခြင်းကိစ္စများမလုပ်နိုင်ပေ။ ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး
လက်ရှိပြောင်း လဲသွားသော topology ကိုနားလည်ကာ
မူလအတိုင်းပြန်အလုပ်လုပ်နိုင်သည်ထိ ကြားကြာ မြင့်ချိန်ကို
ဆိုလိုခြင်းဖြစ်သည်။
Periodic
timer interval ကို ပြောင်းခြင်း၊ triggered update ကို implementation
လုပ်ခြင်းဖြင့် ဖြေရှင်းနိုင်သည်။ RIP သည် default အားဖြင့် စက္ကန့်သုံးဆယ်
ဖြစ်သည်။စက္ကန့်သုံးဆယ်ပြည့်တိုင်း update လုပ်ကြသည်။ network အတွင်းရှိ
router တစ်လုံး fail ဖြစ်သွားသောအခါ periodic update ကိုမစောင့်တော့ပဲ fail
ဖြစ်သွားသော router နှင့်ပက်သက်သော အချက်လက်မျှသာ
ချက်ချင်းဖြန့်ဝေပေးခြင်းကို triggered update ဟုခေါ်သည်။
အချိန်ကုန်သက်သာခြင်း၊ bandwidth ချွေတာရာရောက်သည်။ထူးခြားမှုသက်သက် သာ
ပေးပို့ခြင်းဖြစ်သည်။
နောက်ပြဿနာတစ်ခုမှာ
Routing Loops ဖြစ်သည်။ Layer 3 Loops ကို route poisoning နှင့် counting
to infinity ကိုသုံးခြင်းဖြင့် တားမြစ်နိုင်သည်။
Router
များသည် packet တစ်ခုကို သက်ဆိုင်ရာနက်ဝက်တစ်ခုသို့ forward လုပ်ရာတွင် ၊
destination network သို့ရောက်ရှိဖို့ မိမိNetwork မှသည် destination
network ကြားလမ်းတစ်လျှောက် ဖြတ်သန်းသွားလာနိုင်သော maximum router
အရေတွက်ရှိသည်။ ၄င်းကို TTL(time to live) packet တစ်ခု
သက်တမ်းရှည်ခွင့်ဖြစ်သည်။ ဥပမာ- google သို့ Ping command ရိုက်ပြီး ICMP
packet တစ်ခုကိုကြည့်ရအောင်။
Google သို့ရောက်ရှိဖို့ router ပေါင်း ၄၈ လုံးထိဖြတ်သန်းခွင့်ရှိသည်။
RIP
သည် Maximum hop count ၁၅ လုံးဖြစ်သည်။ ၁၆ လုံးမြောက် router
ထိခရီးမဆက်နိုင်ပါ။ fail ဖြစ်သွားသော router နှင့်ပက်သက်ပြီး Maximum hop
count 16 ဟု ကြောငြာခြင်းဖြင့် ၄င်း router သည် fail ဖြစ်ကြောင်း
ကျန်router များသိရှိနိုင်သည်။
Split
Horizon Rule သည် router တစ်လုံးမှပို့လွှတ်လိုက်သောအကြောင်းရာကို ၄င်း
router သို့ပြန်လည်ပို့ခြင်းမှတားမြစ်သည်။ ဥပမာ- Router-1 သည် Router-2
ထံမှ route နဲ့ပက်သက် သည်များကို learn လုပ်သည်ဆိုပါစို့။ Router 1 သည်
Router 2 ထံသို့ same router ကိုပြန်လည် advertise လုပ်စရာမလိုပေ။
Distance
Vector protocols သည် fail ဖြစ်သွားသော route နှင့်ပက်သက်သော bad news ကို
Infinity ဟုခေါ်သော special metric value (16) ကိုဖြန့်ဝေခြင်းကို Route
poisoning ဟုခေါ်သည်။
နောက်ဆုံး
layer 3 loops ကိုတားမြစ်ဖို့နည်းလမ်းမှာ Holddown Timer ဖြစ်သည်။ route
တစ်ခု down သွားသည်ကိုသိလျှင်သိခြင်း၊ router အားလုံး down
သွားမှန်းသိအောင် အချိန်ကာလတစ်ခု Hold လုပ်ထားခြင်းဖြစ်သည်။ Hold Down
Process သည် router များအားလုံးကို fail ဖြစ်သွားသော router နှင့်ပက်သော
information များကို ignore လုပ်ခိုင်း ခြင်းဖြစ်သည်။
Link State Routing Protocol မှာ OSPF ဖြစ်သည်။ bandwidth ကိုအခြေခံ၍ အကောင်းဆုံး လမ်းကြောင်းကိုရွေးချယ်ရာတွင် calculate လုပ်သည်။
Hybrid
Routing Protocol မှာ EIGRP ဖြစ်သည်။ RIP နှင့် OSPF ၏ အားသက်ချက်များကို
အသုံးပြုထားခြင့်ကြောင့် Hybrid ဟုခေါ်သည်။ Advance Distance Vector Routing
Protocol ဟုလည်းခေါ်သည်။
IP Address ကို ဘယ်လိုရယူမလဲ
IP Address နဲ့ Domain name
တွေကိုအင်တာနက်ရဲ့အစပိုင်းမှာ ထိန်းချုပ်တဲ့အဖွဲ့အစည်းက ICANN (Internet
Corporation for Assigned and Number) ဖြစ်ပါတယ်။ အိုင်ကန်း
လို့လဲခေါ်ပါတယ်။ အိုင်ကန်း ကအမေရိကန်အစိုးရ ကုန်သွယ်ရေးဝန်ကြီးဌာနကနေ
ကန်ထရိုက်ရထားတာဖြစ်ပါတယ်။
အိုင်ကန်းရဲ့အောက်မှာရှိတဲ့ IANA (Internet Assigned Numbers Authority) ကတော့ အင်တာနက်ရဲ့ domain name တွေနဲ့ IP address တွေကို ကြီးကြပ်ထိန်းချုပ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ domain name ကတော့ အများသိကြတဲ့အတိုင်း ကိုယ်ကြိုက်တဲ့ domain ရောင်းသူဆီက၀ယ်လို့ရပါတယ်။ အားလုံးက စီးပွားရေးဆန်ဆန်လုပ်ကြပါတယ်။
IP address ကိုတော့ domain name လိုစီးပွားရေးဆန်ဆန်မရောင်းပါဘူး။ IANA က ကမ္ဘာပေါ်မှာရှိတဲ့ ဒေသအလိုက် RIR (Regional Internet Registry) တွေဆီကိုပြန်လည်တာဝန်ခွဲပေးပါတယ်။ RIR တွေကတော့ -
၁၊ အမေရိက (ARIN) American Registry for Internet Numbers
၂၊ ဥရောပ (RIPE) Réseaux IP Européens Network Coordination Centre
၃၊ အာရှ ပစိဖိတ် (APNIC) Asia-Pacific Network Information Center
၎၊ တောင်အမေရိကနှင့် ကာရေးဘီးယန်းကျွန်းစုများ (LACNIC) Latin America and Caribbean Network Information Center
၅၊ အာဖရိက (AfriNIC) African Network Information Center
တို့ဖြစ်ပါတယ်။
ကျွန်တော်ကိုယ်တိုင်ကတော့ ARIN နဲ့ဘဲဆက်ဆံဘူးပါတယ်။ များသောအားဖြင့်တော့ email နဲ့ဘဲ အစအဆုံးလုပ်သွားတာပါ။ လိုအပ်လို့ ဖုံးနဲ့ပြောရရင်လဲ ARIN ကလူတွေကပြောရဆိုရ အရမ်းအဆင်ပြေပါတယ်။
၂၀၀၈ ခုနှစ်မှာ ARIN ကနေ IP Address လိုချင်ရင် အသေးဆုံး block က /22 ဖြစ်ပါတယ်။ IP Address ၁၀၂၄ ခုရတာပေါ့။ ၂၀၀၁ ခုနှစ်တုံးကတော့ /19 block ကအသေးဆုံးဖြစ်ပါတယ်။ ARIN ဆီက IP Address တောင်းဖိုရဆိုရင်
၁၊ BGP AS Number ရပြီးသားဖြစ်ရပါမယ်။
၂၊ Internet Service Provider (ISP) အနည်းဆုံး ၂ ဦးကိုအသုံးပြုမှဖြစ်ကြောင်း သက်သေပြနိုင်ရပါမယ်။
၃၊ ကိုယ်တောင်းသလောက် IP Address တွေကို ဘယ်လိုနေရာမှာသုံးမယ်ဆိုတာကို ရှင်းပြရပါမယ်။ (တခါတလေလည်း လုပ်ကြံပြီးရေးရတာပေါ့။)
ရလာတဲ့ IP Address ကို ကိုယ်ကအပိုင်ရတာမဟုတ်ပါဘူး။ ကိုယ်မသုံးတော့ဘူးဆိုရင် ARIN ကိုပြန်ပေးရပါမယ်။ တနှစ်တစ်ခါ နှစ်စဉ်ကြေးပေးရပါမယ်။ ဥပမာ /20 block အတွက် တနှစ်ကို ဒေါ်လာ ၂၂၅၀ ပေးရပါတယ်။ block အရွယ်အစားပေါ်မူတည်ပြီး ဈေးကွာသွားပါတယ်။ အသေးစိတ်ကို ဒီမှာဖတ်ကြည့်ပါ။
တကယ်လို့ RIR ဆီက အကြောင်းကြောင်း IP Address တောင်းလို့မရဘူးဆိုရင်တော့ ကိုယ်သုံးမဲ့ ISP ဆီကနေတောင်းလို့ သေချာပေါက်ရနိုင်ပါတယ်။ ISP တွေမှာ RIR ဆီကနေတောင်းထားတဲ့ IP Address တွေအမြဲတန်းလိုလို အရံသင့်ရှိပါတယ်။
အိုင်ကန်းရဲ့အောက်မှာရှိတဲ့ IANA (Internet Assigned Numbers Authority) ကတော့ အင်တာနက်ရဲ့ domain name တွေနဲ့ IP address တွေကို ကြီးကြပ်ထိန်းချုပ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ domain name ကတော့ အများသိကြတဲ့အတိုင်း ကိုယ်ကြိုက်တဲ့ domain ရောင်းသူဆီက၀ယ်လို့ရပါတယ်။ အားလုံးက စီးပွားရေးဆန်ဆန်လုပ်ကြပါတယ်။
IP address ကိုတော့ domain name လိုစီးပွားရေးဆန်ဆန်မရောင်းပါဘူး။ IANA က ကမ္ဘာပေါ်မှာရှိတဲ့ ဒေသအလိုက် RIR (Regional Internet Registry) တွေဆီကိုပြန်လည်တာဝန်ခွဲပေးပါတယ်။ RIR တွေကတော့ -
၁၊ အမေရိက (ARIN) American Registry for Internet Numbers
၂၊ ဥရောပ (RIPE) Réseaux IP Européens Network Coordination Centre
၃၊ အာရှ ပစိဖိတ် (APNIC) Asia-Pacific Network Information Center
၎၊ တောင်အမေရိကနှင့် ကာရေးဘီးယန်းကျွန်းစုများ (LACNIC) Latin America and Caribbean Network Information Center
၅၊ အာဖရိက (AfriNIC) African Network Information Center
တို့ဖြစ်ပါတယ်။
ကျွန်တော်ကိုယ်တိုင်ကတော့ ARIN နဲ့ဘဲဆက်ဆံဘူးပါတယ်။ များသောအားဖြင့်တော့ email နဲ့ဘဲ အစအဆုံးလုပ်သွားတာပါ။ လိုအပ်လို့ ဖုံးနဲ့ပြောရရင်လဲ ARIN ကလူတွေကပြောရဆိုရ အရမ်းအဆင်ပြေပါတယ်။
၂၀၀၈ ခုနှစ်မှာ ARIN ကနေ IP Address လိုချင်ရင် အသေးဆုံး block က /22 ဖြစ်ပါတယ်။ IP Address ၁၀၂၄ ခုရတာပေါ့။ ၂၀၀၁ ခုနှစ်တုံးကတော့ /19 block ကအသေးဆုံးဖြစ်ပါတယ်။ ARIN ဆီက IP Address တောင်းဖိုရဆိုရင်
၁၊ BGP AS Number ရပြီးသားဖြစ်ရပါမယ်။
၂၊ Internet Service Provider (ISP) အနည်းဆုံး ၂ ဦးကိုအသုံးပြုမှဖြစ်ကြောင်း သက်သေပြနိုင်ရပါမယ်။
၃၊ ကိုယ်တောင်းသလောက် IP Address တွေကို ဘယ်လိုနေရာမှာသုံးမယ်ဆိုတာကို ရှင်းပြရပါမယ်။ (တခါတလေလည်း လုပ်ကြံပြီးရေးရတာပေါ့။)
ရလာတဲ့ IP Address ကို ကိုယ်ကအပိုင်ရတာမဟုတ်ပါဘူး။ ကိုယ်မသုံးတော့ဘူးဆိုရင် ARIN ကိုပြန်ပေးရပါမယ်။ တနှစ်တစ်ခါ နှစ်စဉ်ကြေးပေးရပါမယ်။ ဥပမာ /20 block အတွက် တနှစ်ကို ဒေါ်လာ ၂၂၅၀ ပေးရပါတယ်။ block အရွယ်အစားပေါ်မူတည်ပြီး ဈေးကွာသွားပါတယ်။ အသေးစိတ်ကို ဒီမှာဖတ်ကြည့်ပါ။
တကယ်လို့ RIR ဆီက အကြောင်းကြောင်း IP Address တောင်းလို့မရဘူးဆိုရင်တော့ ကိုယ်သုံးမဲ့ ISP ဆီကနေတောင်းလို့ သေချာပေါက်ရနိုင်ပါတယ်။ ISP တွေမှာ RIR ဆီကနေတောင်းထားတဲ့ IP Address တွေအမြဲတန်းလိုလို အရံသင့်ရှိပါတယ်။
ဘယ် Routing Protocol ကိုသုံးကြမလဲ
IP Network တစ်ခုမှာ သုံးလို့ရတဲ့ Routing Protocol တွေကိုလက်ချိုးရေလို့ရပါတယ်။ ဘယ်နည်းလမ်းကိုသုံးမယ်လို့ ရွေးတဲ့အခါမှာ စဉ်းစားရမယ့်အချက်တွေကိုဆွေးနွေးသွားပါမယ်။
ဈေးကွက်မှာဝယ်လို့ရတဲ့ Router တစ်ခုမှာ အသုံးပြုလို့ရတဲ့ Routing Protocol တွေကတော့
၁၊ Static Route
၂၊ RIP (version 1 and 2)
၃၊ OSPF
၎၊ IS-IS
၅၊ BGP
၆၊ IGRP *
၇၊ EIGRP *
(* IGRP နဲ့ EIGRP တို့ဟာ Cisco ကစတင်တီထွင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် Cisco ထုတ်လုပ်တဲ့ Router မှာသာ ပါလေ့ရှိပါတယ်။)
၁၊ ဘယ်နေရာမှာသုံးမှာလဲ
၁.၁ အင်တာနက်လုပ်ငန်းများ
အင်တာနက်ပေါ်မှာအခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက်ဆိုရင် BGP ကိုမသုံးမဖြစ်သုံးသင့်ပါတယ်။ အင်တာနက်နဲ့အဆက်အသွယ်ပြတ်သွားရင် လုပ်ငန်းရပ်ဆိုင်းသွားမှာဖြစ်တဲ့အတွက်ကြောင့် ISP အနည်းဆုံး ၂ ဦးနဲ့ ချိတ်ဆက်ဖို့လိုပါတယ်။
ISP များနဲ့ချိတ်ဆက်ပြီးရင် ကိုယ့်ရဲ့လုပ်ငန်း ကို အင်တာနက်ကနေဆက်သွယ်သုံးစွဲသူတွေကို ဘယ် ISP ကတဆင့်ဝင် ရောက်ဆက်သွယ်ဖို့ ထိန်းချုပ်နိုင်တာ BGP တစ်ခုဘဲရှိပါတယ်။
ဥပမာ - ISP ၂ ခုရှိတယ်ဆိုပါစို့။
ISP ၁ ကိုအမြဲတမ်းသုံးနေပြီး ၊ အကြောင်း တစ်ခုကြောင့် ISP ၁ ကိုဆက်သွယ်လို့မရဘူးဆိုမှ ISP ၂ ကိုပြောင်းသုံးမယ်ပေါ့။ ဒါကို active-standby လို့ခေါ်လေ့ရှိပါတယ်။
အခြားတနည်းကတော့ ISP နှစ်ခုလုံးကို တပြိုင်နက်သုံးတာပေါ့။ ISP ၁ နဲ့နီးတဲ့ သုံးစွဲသူတွေက ISP ၁ က၀င်လာမှာဖြစ်ပြီး၊ ISP ၂ နဲ့နီးတဲ့ သုံးစွဲသူတွေက ISP ၂ က၀င်လာမှာဖြစ်ပါတယ်။ ဒါကို active-active (သို့မဟုတ်) load-balanced လို့ခေါ်လေ့ရှိပါတယ်။
ဒုတိယနည်းကပိုကောင်းပေမယ့် ပိုဈေးကြီးတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ISP တွေက အသုံးပြုတဲ့ bandwidth ပေါ်မူတည်ပြီး ပိုက်ဆံတောင်းလေ့ရှိလို့ပါ။
၁.၂ ISP (Internet Service Providers) နဲ့ IX (Internet Exchanges)
ISP နဲ့ IX တွေမှာဆိုရင်တော့ သေချာပေါက် BGP ကိုအသုံးပြုဖို့လိုပါတယ်။ BGP အပြင် ISP ရဲ့အထဲမှာ အခြား Routing Protocol တစ်ခုကိုအသုံးပြုဖို့လဲလိုပါတယ်။ ကျွန်တော်သိသလောက်တော့ IS-IS, OSPF တို့ဟာ အသုံးအများဆုံးဖြစ်ပါတယ်။
၁.၃ Customer DMZ and Extranets
ဘဏ်လုပ်ငန်းတွေနဲ့ စတော့ဒိုင်လုပ်ငန်း တွေမှာအများဆုံးတွေ့ရပါတယ်။ လုပ်ငန်းပေါင်းစုံနဲ့ဆက်သွယ်တဲ့နေရာဖြစ်တာကြောင့် Routing Protocol မျိုးစုံကိုတွေ့ရပါလိမ့်မယ်။ အထက်မှာဖေါ်ပြထားတဲ့ ၇ မျိုးလုံးကိုတွေ့ရမှာ ဖြစ်ပါတယ်။
၂၊ လောလောဆယ် ဖွဲ့စည်းပုံနဲ့ နောက်ဖြစ်လာနိုင်မဲ့ဖွဲ့စည်းပုံ
Topology ပေါ်မူတည်ပြီးစဉ်းစားရမှာကို ဆွေးနွေးသွားပါမယ်။
Router ဆိုတာ ကွန်ပျူတာလိုဘဲ့ memory, CPU, OS တို့နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ မှတ်ရတာတွေများရင်၊ တွက်ချက်ရတာတွေများရင် နှေးသွားမှာပါဘဲ။ Router မှာ မှတ်ရ ၊ တွက်ရတာကတော့ Route တွေနဲ့ Packet တွေဖြစ်ပါတယ်။ တတ်နိုင်သလောက် Router မှာမလိုအပ်တဲ့ Route တွေမှတ်မထားရအောင် ပြင်ဆင်ဖို့က Network Engineer ရဲ့တာဝန်ဖြစ်ပါတယ်။
ဥပမာ -
Router စုစုပေါင်း ၁၀၀ ရှိပြီး၊ Router တစ်ခုတိုင်းမှာ Route ၁၀၀ ရှိတယ်ဆိုပါစို့။ Routing Protocol တစ်ခုကိုသုံးပြီး Router တွေကိုချိတ်ဆက်ပြီးတဲ့အခါ Router တိုင်းမှာ Route ၁ သောင်းစီရှိသွားပါလိမ့်မယ်။
တကယ်လို့ Routing Protocol က Router တွေကို အုပ်စုဖွဲ့ခွင့်ပေးပြီး၊ Router တွေကိုလည်း ပေါင်းချုပ်ခွင့်ပေးတယ်ဆိုပါစို့။ Router ၁၀၀ ကို ၊ Router ၁၀ ခုစီပါတဲ့ အုပ်စု ၁၀ စုခွဲလိုက်ပြီး အုပ်စုတစ်ခုနဲ့တစ်ခုကြားမှာ ပေါင်းချုပ်ထားတဲ့ Route တွေကိုဘဲ ဖလှယ်ကြမယ်ပေါ့။ ဒီလိုပြင်လိုက်တဲ့အခါမှာ Router တိုင်းမှာ Router ၁ ထောင်စီဘဲရှိတော့မှဖြစ်ပါတယ်။ memory ၁၀ ဆ သက်သာသွားတာပေါ့။ Route တွေနဲသွားတော့ CPU က Routing Table မှာရှာတဲ့အခါလည်း ပိုမြန်သွားပါမယ်။
ဒီလိုအဆင့်ခွဲ၊ အုပ်စုခွဲတာကို Hiearchial Routing လို့ခေါ်ပါတယ်။ OSPF နဲ့ IS-IS မှာ Area ခွဲတဲ့နည်းကိုသုံးပြီး အုပ်စုခွဲနိုင်ပါတယ်။
Route တွေပေါင်းချုပ်တာကိုတော့ route summarization လို့ခေါ်ပါတယ်။ OSPF, IS-IS, EIGRP, BGP အားလုံးမှာ route ပေါင်းချုပ်တာကို သုံးနိုင်ပေမယ့် အသုံးပြုပုံခြင်းကွာပါတယ်။ OSPF မှာ Route ပေါင်းချုပ်တာကို မတူတဲ့ area ၂ ခုကို ဆက်သွယ်ပေးတဲ့ Router (ABR - Area Border Router) မှာသာသုံးလို့ရပြီး ၊ EIGRP မှာတော့ ကြိုက်တဲ့နေရာမှာ Router ပေါင်းချုပ်တာကို သုံးနိုင်ပါတယ်။
ဒီလို hiearchial routing လုပ်နိုင်ဖို့၊ route summarization လုပ်နိုင်ဖို့ သေချာကြိုတင်ပြင်ဆင်ရပါမယ်။ Network တစ်ခုမှာ Router အသစ်တစ်ခု၊ Switch အသစ်တစ်ခု တပ်ဆင်တဲ့အခါ ထင်ရာမြင်ရာ port တင်ခုမှာ ချိတ်လိုက်ရင် hiearchial routing လုပ်ဖို့မဖြစ်နိုင်သလို၊ ထင်ရာမြင်ရာ IP address ပေးလိုက်မယ်ဆိုရင် route summarization လုပ်ဖို့မဖြစ်နိုင်ပါဘူး။
အပြားလိုက် (flat)၊ ကွင်း (ring) ပုံစံဖြစ်နေတဲ့ Network မှာ hiearchial routing နည်းလမ်းသုံးဖို့မလွယ်ပါဘူး။
(POE) နဲ့ကစားကြမယ် - Power Over Ethernet
POE ဆိုတာနည်းပညာတစ်ခုဖြစ်ပါတယ်။ POE ရဲ့အမည်အရှည်ကတော့ Power Over Ethernet လို့ခေါ်ပါတယ်။ POE ကို Ad-hoc Technique နှင့် IEEE Standard တို့ပေါင်းပြီးထုတ်လုပ်ထားတာဖြစ်တယ်။
သို့သော် POE ကို IEEE Standard ဖြင့် အဓိကထား ထုတ်လုပ်ထားတာဖြစ်ပါတယ်။
POE ရဲ့ IEEE Standard ကတော့ IEEE802.3 ဖြစ်တယ်။ ဒါကြောင့် IEEE802.3 သည် POE ဖြစ်တယ်။ အခု ကျွန်တော်က POE ဆိုပြီး ပြောနေတယ်။
ဒါပေမယ့် POEဆိုတာ ဘာလဲလို့နားမလည်ကြသေးဘူးမဟုတ်လား။ကဲဒါဆို POE ဆိုတာကြီးကို နားလည်အောင်ပြောပြပါတော့မယ်။
POE က Power Over Ethernet လို့ ခေါ်တယ်။ Ethernet ဆိုတာကတော့ အားလုံးသိကြမယ်လို့ ထင်ပါတယ်။
Ethernet ဆိုတာကလည်း Protocol ပါပဲနော်။ အဲဒီ Ethernet ကို ဘယ်မှာအသုံးပြုတာလဲဆိုရင်တော့ Computer တစ်လုံးနှင့်တစ်လုံး Network ချိတ်ဆက်တဲ့နေရာမှာ အသုံးပြုတာဖြစ်တယ်။
အခုကျွန်တော်ပြောမယ့် POE (Power Over Ethernet) ကတော့ Ethernet ပေါ်ကနေ Power သွားတာကို ပြောချင်တာ ဖြစ်မယ်။
IEEE ကနေ Power Over Ethernet နည်းပညာကို 2003 ခုနှစ်မှာ စတင်ခဲ့တာဖြစ်တယ်။
POE ကိုထုတ်လုပ်ခဲ့တဲ့ပုံစံကတော့ Power ပေါ်မှာ Data သွားနိုင်သလို Data ပေါ်မှာလည်း Power သွားနိုင်ရမယ် ဆိုတဲ့ပုံစံနဲ့ ထုတ်လုပ်ထားတာဖြစ်တယ်။
အံ့သြသွားပြီလား! POE က Power ပေါ်မှာ Data သွားတယ်ဆိုတာကျွန်တော်တို့အိမ်တွေမှာ အသုံးပြုနေတဲ့ လျှပ်စစ်မီးလိုင်း ဖြစ်တဲ့ Power Link ကနေတစ်ဆင့် Data သွားနိုင်သလို Computer
တစ်လုံးနှင့်တစ်လုံး Network ချိတ်ဆက်တဲ့နေရာမှာ အသုံးပြုတဲ့ Ethernet Cable ဖြစ်တဲ့ CAT 5 Cable ပေါ်ကနေ လျှပ်စစ် Power ကော Data ပါသွားနိုင်ပါတယ်။ ဟ....ဒါဆိုရင်စဉ်းစားစရာဖြစ်သွားပြီ။
အခုကျွန်တော် တို့ အသုံးပြုနေတဲ့ လျှပ်စစ်မီးလိုင်းကနေ POEကို အသုံးပြုပြီးတော့ Computerတွေ Network တွေချိတ်ဆက်မယ်ဆိုရင် Network ချိတ်ဆက်လို့ရနိုင်မ လား။ ရတာပေါ့ဗျာ.... သိပ်ရတာပေါ့...။
ကျွန်တော်တို့အိမ်တွေမှာ အသုံးပြုနေတဲ့ လျှပ်စစ်မီးလိုင်းကနေ POE ကို အသုံးပြုပြီးတော့ Computer တွေကို Network တွေ ချိတ်ဆက်မယ်ဆိုရင် Network ချိတ်ဆက်လို့ရပါတယ်။
ဒါဆိုရင် Ethernet Cable ဖြစ်တဲ့ CAT 5 Cable ပေါ်ကနေ POE ကိုအသုံးပြု ပြီးတော့ လျှပ်စစ် Power ပေးချင်တယ်ဆိုရင် Power ပေးလို့ရနိုင်မလား? ရတာပေါ့ဗျာ အရမ်းရတာပေါ့။
အခုဆိုရင် POE နည်းပညာကိုအသုံးပြုပြီးထုတ် လုပ်ထားတဲ့ VOIP device, Wireless Access Point, Switch တွေစတဲ့ Device တွေမှာ ကျွန်တော်တို့တွေ အရင်တုန်းကလိုလျှပ်စစ်ပလပ်ပေါက်မှာ Device
တစ်ခုချင်းစီအတွက် Power ပေးစရာမလိုတော့ဘဲ Ethernet Cable လေးထိုးပေးလိုက်ရုံနဲ့ Power လဲပေးပြီး Data လဲသွားနိုင်မှာဖြစ်ပါတယ်။ ကဲ ကဲ ဒီလောက်ဆိုရင် POE လို့ခေါ်တဲ့ Power Over Ethernet အကြောင်းကို နားလည်လောက်ပြီလို့ထင်ပါတယ်။ ဒါကြောင့် Power Over Ethernet အ ကြောင်းကို ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ်။
Sunday, April 9, 2017
Write Protect လုပ်ထားသည့် SD Card ကို Format ပြုလုပ်ခြင်း
ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အချို့သော SD Card တွေဟာ Write Protect ပြုလုပ်တဲ့ Switch မရှိဘဲ Write-Protect ဖြစ်နေတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ အထဲက ဖိုင်တွေကို ဖျက်ပစ်ချင်သူတွေ၊ SD Card ကို Format ပြုလုပ်ချင်သူများအနေနဲ့ အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
Write-Protect ကို Registry ကနေ ဖယ်ရှား ရှင်းလင်းနည်းနဲ့ Command Prompt ကနေ ဖယ်ရှားနည်း
နှစ်နည်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ Registry ကနေ ဖယ်ရှားမယ့် နည်းလမ်းကတော့ ပထမဆုံး Run Box ကို ဖွင့်ပြီး Regedit လို့ ရိုက်ထည့် လိုက်ပါ။ ပြီးသွားရင် HKEY_LOCAL_MACHINE ကို ရွေးရမှာ
ဖြစ်ပါတယ်။ HKEY_LOCAL_MACHINE အောက်ရောက်ရင် SYSTEM ကို ရွေးပေးရပါမယ်။ အဲဒီ
အောက်ကမှ Current ControlSetControlStorage ဆိုတဲ့ လမ်းကြောင်းအတိုင်း ရွေးချယ်ပေးသွားရ မှာ ဖြစ်ပါတယ်။
Stroage ဆိုတဲ့အောက်ကို ရောက်ပြီဆိုရင် ညာဘက်အခြမ်းမှာ Write Protect ဆိုတဲ့ ဖိုင်လေးကို တွေ့ ရမှာ ဖြစ်ပါတယ်။ အဆိုပါ ဖိုင်လေးကို Double Click နှိပ်ပြီး တန်ဖိုးနေရာမှာ 0 ပေးထားလိုက်ပါ။ ပြီး သွားရင်တော့ Registry ထဲက ထွက်ပြီး ကွန်ပျူ တာကို Restart ပြုလုပ်ပေးလိုက်ရင် အဆိုပါ SD Card ဒါမှ မဟုတ် USB Drive တွေကို Write Protect ပြုလုပ်ထားတာ ပျက်ပြယ်သွားမှာ ဖြစ်ပါတယ်။
Command Prompt ကနေ ပြုလုပ်ချင်သူတွေအနေနဲ့ Command Prompt ကို ဖွင့်ဖို့အတွက် Run Box မှာ cmdဆိုတဲ့ Command ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ အကယ်၍ Windows 8 အသုံးပြု သူတွေဆိုရင်
တော့ cmd ကို ရိုက်ထည့်ပြီးရင် Run as Administrator ဆိုတာကို ရွေးချယ်ပြီး ဝင်ရမှာဖြစ်ပါတယ်။ Command Prompt ထဲကို ရောက်ပြီဆိုရင် ဖော်ပြပါ Command တွေကို တစ်ဆင့်ချင်းအသုံးပြု ရမှာ ဖြစ် ပါတယ်။
ပထမဆုံး diskpart ဆိုတဲ့ Command ကို အသုံးပြုရပါမယ်။ Diskpart လမ်းကြောင်းအောက် ရောက် သွားပြီဆိုရင် list disk ဆိုတဲ့ Command ကို အသုံးပြုရပါမယ်။ ဒီနေရာမှာ တပ်ဆင်ထားတဲ့ Stroage Device တွေ အကုန်လုံးကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ပြီးသွားပြီဆိုရင် select disk x (x ဆိုတဲ့ နေရာမှာ မိမိ Write Protect ဖယ်ချင်တဲ့ Device ရဲ့ နံပါတ်ကို ရွေးပေးရမှာ ဖြစ်ပါတယ်) ဆိုတာကို ရိုက် ထည့်ရ မှာ ဖြစ်ပါတယ်။ နောက်တစ်ဆင့်ကတော့ attributes disk clear readonly ဆိုတာကို ရိုက်ထည့်ပြီး
နောက်တစ်ကြောင်းမှာ clean ဆိုပြီး ထပ်မံ ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။
ဖိုင်တွေကို ရှင်းပြီး သွားပြီဆိုရင် Partition ပြုလုပ်ပေးဖို့အတွက် create partition primary ဆိုတာကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ formatfs=ntfs ဆိုပြီး ရိုက်ထည့်လိုက်ရင် Write Protect မိနေတဲ့ Device တွေကို Disk Part ပေါ်ကနေ ဖယ်ရှားပေးပြီး Format ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
Tuesday, March 14, 2017
2017 Driver Pack Solution ( All In One Driver Updated )
ကွန်ပျူတာတစ်လုံးကိုင်ဆောင်ထားသူတိုင်း၊ တစ်ချိန်ချိန်မလွဲမသွေလိုအပ်လာနိုင်တဲ့ အရာရှိပါတယ်။
အဲ့ဒါကတော့ Driver လို့ခေါ်တဲ့ ကွန်ပျူတာကို Supporting လုပ်ပေးမယ့် Driver Software တွေပါပဲ။
ရှည်ရှည်ဝေးဝေးမရှင်းပြတော့ပါဘူးနော်။ သိကြမှာလည်းထင်ပါတယ်။
Windows 7,8,8.1,10 တို့အတွက် လိုအပ်တဲ့ Drivers များကို Offline
ဖြင့် အင်စတောလုပ်ယူနိုင်တဲ့ DriverPack Solution 17.6.13 နောက်
ဆုံးထွက်ကိုတင်ပေးလိုက်ပါတယ်။
***ဖိုင်ဆိုဒ်အရမ်းကြီးလို့ Torrent File နဲ့ တင်ပေးထားပါတယ်။
***ဒေါင်းလုပ်ယူချင်သူများ မိမိစက်မှာ ပထမဦးဆုံး uTorrent ကို ဒေါင်းလုပ်ယူ
အင်စတောလုပ်ထားပါ။
***uTorrent Free Version ကိုအောက်က Link မှာယူလိုက်ပါ။
uTorrent Download
ဒီမှာဒေါင်းပါ
***အခုတင်ပေးထားတဲ့ Torrent file လေးကိုဒေါင်းလုပ်ယူ၊ပြီးရင် အဲဒီဖိုင်ပေါ်
Double Click နှိပ်လိုက်ပါ။uTorrent အော်တိုတက်လာပြိး စတင်ဒေါင်းလုပ်
ပေးပါလိမ့်မယ်။
Subscribe to:
Posts (Atom)
WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း
windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...
-
၁.နှစ်သစ်မင်္ဂလာ ~ (ရင်ဂို) ၂.ဖိုးညိုမြ ~ (စည်သူလွင်) ၃.ချမ်းပါတယ် ~ (ဂရေဟမ်) ၄.သက်ြန်မိုးရေ တန်ခုးလေ ~ (ရင်ဂို) ၅.ရှာပုံတော်မင်းသားကြ...
-
ဆားပုလင်းနှင်းမောင်နှင့် ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား (မင်းသိင်္ခ) Inspector Hnin Maung and Professor Dr. Sate Phwar Author : Min Thane Kha ...
-
windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...



