Network
တစ်ခုမှ တခြားNetwork တစ်ခုသို့ packet တစ်ခု delivery ရာတွင် မည်သည့်လမ်း
ကြောင်းမှ ပို့လွှတ်ရမည်ကိုရှာဖွေပေးခြင်းကို Routing ဟုခေါ်သည်။
အလွယ်မှတ်ရန်မှာ routing ဆိုသည်မှာ router များ destination network
သို့ရောက်ရှိဖို့ လမ်းကြောင်းရှာဖွေခြင်းဖြစ်သည်။
သက်ဆိုင်ရာ
Network Address ကိုအခြေခံ၍ မည်သည့် Interface မှ ပို့လွှတ်ရမည်ဆိုသည်ကို
ဆုံးဖြတ်ပေးခြင်းဖြစ်သည်။Router ၏ Interface တစ်ခုသို့ packet
တစ်ခုဝင်ရောက်လာသောအခါ packet header တွင်ပါဝင်သော Destination IP
ကိုကြည့်၍၊ Routing Table နှင့်တိုင်ဆိုင်စစ်ဆေးကာ အ
ကောင်းဆုံးလမ်းကြောင်းကိုရွေးချယ်ပေးသည်။
Routing
Table ဆိုသည်မှာ မြေပုံနှင့်ဥပမာဆင်တူပြီး၊ destination network
သို့ရောက်ရှိရန် မည်သည့် Interface မှသွားသင့်ကြောင်း Router ကို
ပြောပြခြင်းဖြစ်သည်။ Network အသီးသီးသို့ရောက်ရှိမည့်
လမ်းကြောင်းများကိုရေးမှတ်ပေးထားခြင်းဖြစ်ပြီး၊ Ram ထဲတွင်သိမ်းဆည်းပေး
ထားသည်။
သိထားသင့်သော Route များမှာ အောက်ပါအတိုင်းဖြစ်သည်။
1. Static routes
2.Default routes
3.Dynamic routes
Static Route
Network
Engineer ကိုယ်တိုင် သက်ဆိုင်ရာNetwork သို့သွားဖို့ လမ်းကြောင်း Manual
သတ်မှတ် ပေးဖြင်းဖြစ်သည်။ အပြောင်းလဲနည်းသော Small Network အတွက်
အလွှန်အသုံးဝင်သည်။ Serial Wan Link လိုမျိုး Bandwidth
နည်းနည်းသာသုံးစွဲနေရသောအခါ မျိုးတွင် သင့်တော်သည်။ အဘယ့်ကြောင့်ဆိုသော်
Routing အတွက်သုံးစွဲရသော Bandwidth နည်းသောကြောင့် bandwidth
ချွေတာရာရောက်သလို၊ security အတွက်လည်း routing access အတွက် engineer
ကိုယ်တိုင် network များကို ရွေးချယ်ခွင့်ရှိသောကြောင့် security
ကောင်းမွန်သည်။
ip route destination network address [subnet mask]
{next-hop-address | interface] [distance]
Default Route
Default
Route သည်လည်း special static route တစ်မျိုးဖြစ်သည်။သက်ဆိုင်ရာ
destination networkသို့ သွားရန် သင့်တော်သောလမ်းကြောင်းသည် routing table
ထဲတွင်မတွေ့ပါက default route ကိုသုံး၍ packet ကို forward လုပ်နိုင်သည်။
the gate way of last resort ဟုလည်းခေါ်သည်။ ဥပမာ- ISP Router နှင့်
တိုက်ရိုက်ချိတ်ဆက်ထားသော router များပေါ်တွင်တွေ့နိုင်သည်။ small network
များတွင် အင်တာနက်သုံးရန် ISP Router သို့ Default Router
အနေနှင့်ထွက်နေခြင်းဖြစ်သည်။
Dynamic Routes
Routing
Protocol တစ်ခုကိုအသုံးပြုခြင်းအားဖြင့် Router သည် dynamic route ကို
learn လုပ်သည်။ Routing Protocol သည် same routing protocol သုံးနေသော
neighboring router များထံမှ လမ်းကြောင်းနှင့်ပက်သက်သည်များကို
မှတ်သားလေ့လာသည်။ Routing အချင်းချင်း Information ဖလှယ်ခြင်းဖြင့် network
အားလုံး၏ subnet number များကို သိရှိနိုင်သည်။
Routing Protocol and Routed Protocol
တကယ်တမ်း
packet ကို သက်ဆိုင်ရာ Networkk တစ်ခုသို့ သယ်သွားသည်မှာ IP ဖြစ်သည်။
packet များကို သက်ဆိုင်ရာ Network သို့ forward or router လုပ်ပေးသော
Protocol ကို routed protocol ဟုခေါ်သည်။ ဥပမာ- IP and IPX
Route များကိုလေ့လာပြီး routing table ကိုတည်ဆောက်သည်။ Router များသည် route များကို
လေ့လာဖို့ အချင်းချင်း Information ဖလှယ်ရသည်။ ဆိုလိုသည်မှာ router များက
သက်ဆိုင်ရာ Network အသီးသီးသို့ ရောက်ရှိမည့်
အကောင်းဆုံးလမ်းကြောင်းကိုရွေးချယ်ရန် အသုံးပြုသော algorithm, rule
ဖြစ်သည်။ ဥပမာ- RIP, EIGRP, OSPF and BGP
Routing Protocol နှစ်မျိုးရှိသည်။ ၄င်းတို့မှာ-
Interior Gateway Protocols (IGP)
Autonomous System တစ်ခုအတွင်းမှာသာ အချင်းချင်း routing information ကိုဖလှယ်နိုင် သည်။ ဥပမာ IGP များမှာ- Routing Information Protocol version 2 (RIPv2), Enhanced Interior Gateway Routing (EIGRP), and Open Shortest Path First (OSPF) တို့ဖြစ်သည်။
Exterior Gateway Protocols (EGP)
Different Autonomous System များအကြား routing information ကိုဖလှယ်နိုင်သည်။ ဥပမာ- Border Gateway Protocol (BGP) သည် ယနေ့ခေတ်တွင်တစ်ခုတည်းသော EGP ဖြစ်သည်။
Metrics
Routing Protocol များ
အကောင်းဆုံးလမ်းကြောင်းကိုရွေးချယ်ဖို့ calculation လုပ်ရန် Metric
ကိုသုံးနိုင် သည်။lowest metric ရှိသောလမ်းကြောင်းသည် best route ဖြစ်သည်။
Routing Protocol များက အသုံး ပြုသော Metric များမှာအောက်ပါအတိုင်းဖြစ်သည်။
- Hop count:
The number of times that a packet passes through the output port of one router - Bandwidth:
The data capacity of a link; for instance, normally, a 10-Mbps Ethernet link is preferable to a 64-kbps leased line - Delay:
The length of time that is required to move a packet from source to destination - Load:
The amount of activity on a network resource, such as a router or link - Reliability:
Usually refers to the bit error rate of each network link - Cost:
A configurable value that on Cisco routers is based by default on the bandwidth of the Interface
Autonomous Systems
Single
Administrative control တစ်ခုအောက်တွင်ရှိသော Network Group တစ်ခုကို AS
တစ်ခုဟုသတ် မှတ်သည်။ company တစ်ခုတည်းဖြစ်နိုင်သလို၊ company
တစ်ခုအတွင်းမှာပင် AS များကွဲနေနိုင်သည်။ companies group
များလည်းဖြစ်နိုင်သည်။ EIGRP, OSPF, IS-IS, and BGP များသည် AS
ကိုနားလည်သော်လည်း RIP သည် နားမလည်ပေ။ တစ်နည်းအားဖြင့် single organization
တစ်ခု ၏ administrative control တစ်ခုအောက်တွင်ရှိသော internetwork
တစ်ခုသည် AS ဖြစ်သည်။ ISP တစ်ခုစီသည် Different AS တစ်ခုဖြစ်သည်။
Single AS တစ်ခုအတွင်းမှာသာအလုပ်လုပ်သော Routing Protocol များကို IGP ဟုခေါ်သည်။
Different AS များအတွင်းအလုပ်လုပ်သော Routing Protocol များကို EGP ဟုခေါ်သည်။eg-BGP
www.icann.org တွင် ASN များလေ့လာနိုင်သည်။
Administrative Distance
Routing Protocol တိုင်းတွင် AD တန်ဖိုးရှိသည်။ Lowest AD တန်ဖိုးရှိသော Routing Protocol သည် Highest AD တန်ဖိုးရှိသော routing protocol ထက် လမ်းကြောင်းရွေးရာတွင် ပိုမိုကောင်းမွန်သည် ဟူယူဆသည်။ Administrative Distance သည် integer ဖြစ်ပြီး၊ 0-255 ဖြစ်သည်။
Routing Protocol ကို -
- Distance vector routing protocol ( Bellman-Ford-Moore algorithms )
- Link state routing protocols
- Hybrid routing protocol ဟူ၍ ခွဲခြားနိုင်သည်။
Distance
ဆိုသည်မှာ ဘယ်လောက်ဝေးသလဲ(How far) ဖြစ်ပြီး၊ vector ဆိုသည်မှာ ဦးတည်ရာ
(which direction) ကိုဆိုလိုဖြင်းဖြစ်သည်။Distance Vector Routing Protocol
များမှာ RIP Version-1 , Version-2, IGRP တို့ဖြစ်သည်။ distance vector
routing protocol သုံးနေသော router များသည် routing brocast ကို Listening
လုပ်ခြင်းဖြင့် neighboring router များကို learn လုပ်ကြသည်။ neighbor
router ကိုရှာဖွေဖို့ handshaking and helo process ကိုမသုံးပေ။ distance
vector routing table ထဲတွင် သက်ဆိုင်ရာနက်ဝက်တစ်ခုသို့ သွားမည့်
လမ်းကြောင့်များနှင့်ပက်သက်သော အချက်လက်များရှိသည်။ neighbor router
များထံမှ Update ကိုလက်ခံခြင်းဖြင့် routing table ကို update လုပ်သည်။
အချင်ချင်း routing update ဖလှယ်ကြရာတွင် routing table တစ်ခုလုံးကို
ပို့လွှတ်သည်။
Distance
Vector routing protocol ၏ ပြဿနာတစ်ခုမှာ slow convergence ဖြစ်သည်။
router များအားလုံး လက်ရှိအသုံးပြုနေသော topology ကိုနားလည်ပြီး
မူလအခြေအနေသို့ ပြန်အလုပ်လုပ်ရန်ကြာမြင့်သောအချိန်ကာလတစ်ခုကို convergence
time ဟုခေါ်သည်။ ဆိုလိုသည်မှာ network ထဲတွင် router တစ်လုံး fail
ဖြစ်သွားသည်ဆိုပါစို့- ကျန်router များသည် သက်ဆိုင်ရာNetwork
များသို့ရောက်ရှိဖို့ လမ်းကြောင်းများ ပြန်လည်ရွေးချယ်သတ်မှတ်ရန် routing
table တွင် ပြန်လည်ပြင်ဆင်မှုများလုပ်ကြရသည်။ ထိုကာလတစ်လျှောက် user၏ Packet
ကို forward လုပ်ခြင်းကိစ္စများမလုပ်နိုင်ပေ။ ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး
လက်ရှိပြောင်း လဲသွားသော topology ကိုနားလည်ကာ
မူလအတိုင်းပြန်အလုပ်လုပ်နိုင်သည်ထိ ကြားကြာ မြင့်ချိန်ကို
ဆိုလိုခြင်းဖြစ်သည်။
Periodic
timer interval ကို ပြောင်းခြင်း၊ triggered update ကို implementation
လုပ်ခြင်းဖြင့် ဖြေရှင်းနိုင်သည်။ RIP သည် default အားဖြင့် စက္ကန့်သုံးဆယ်
ဖြစ်သည်။စက္ကန့်သုံးဆယ်ပြည့်တိုင်း update လုပ်ကြသည်။ network အတွင်းရှိ
router တစ်လုံး fail ဖြစ်သွားသောအခါ periodic update ကိုမစောင့်တော့ပဲ fail
ဖြစ်သွားသော router နှင့်ပက်သက်သော အချက်လက်မျှသာ
ချက်ချင်းဖြန့်ဝေပေးခြင်းကို triggered update ဟုခေါ်သည်။
အချိန်ကုန်သက်သာခြင်း၊ bandwidth ချွေတာရာရောက်သည်။ထူးခြားမှုသက်သက် သာ
ပေးပို့ခြင်းဖြစ်သည်။
နောက်ပြဿနာတစ်ခုမှာ
Routing Loops ဖြစ်သည်။ Layer 3 Loops ကို route poisoning နှင့် counting
to infinity ကိုသုံးခြင်းဖြင့် တားမြစ်နိုင်သည်။
Router
များသည် packet တစ်ခုကို သက်ဆိုင်ရာနက်ဝက်တစ်ခုသို့ forward လုပ်ရာတွင် ၊
destination network သို့ရောက်ရှိဖို့ မိမိNetwork မှသည် destination
network ကြားလမ်းတစ်လျှောက် ဖြတ်သန်းသွားလာနိုင်သော maximum router
အရေတွက်ရှိသည်။ ၄င်းကို TTL(time to live) packet တစ်ခု
သက်တမ်းရှည်ခွင့်ဖြစ်သည်။ ဥပမာ- google သို့ Ping command ရိုက်ပြီး ICMP
packet တစ်ခုကိုကြည့်ရအောင်။
Google သို့ရောက်ရှိဖို့ router ပေါင်း ၄၈ လုံးထိဖြတ်သန်းခွင့်ရှိသည်။
RIP
သည် Maximum hop count ၁၅ လုံးဖြစ်သည်။ ၁၆ လုံးမြောက် router
ထိခရီးမဆက်နိုင်ပါ။ fail ဖြစ်သွားသော router နှင့်ပက်သက်ပြီး Maximum hop
count 16 ဟု ကြောငြာခြင်းဖြင့် ၄င်း router သည် fail ဖြစ်ကြောင်း
ကျန်router များသိရှိနိုင်သည်။
Split
Horizon Rule သည် router တစ်လုံးမှပို့လွှတ်လိုက်သောအကြောင်းရာကို ၄င်း
router သို့ပြန်လည်ပို့ခြင်းမှတားမြစ်သည်။ ဥပမာ- Router-1 သည် Router-2
ထံမှ route နဲ့ပက်သက် သည်များကို learn လုပ်သည်ဆိုပါစို့။ Router 1 သည်
Router 2 ထံသို့ same router ကိုပြန်လည် advertise လုပ်စရာမလိုပေ။
Distance
Vector protocols သည် fail ဖြစ်သွားသော route နှင့်ပက်သက်သော bad news ကို
Infinity ဟုခေါ်သော special metric value (16) ကိုဖြန့်ဝေခြင်းကို Route
poisoning ဟုခေါ်သည်။
နောက်ဆုံး
layer 3 loops ကိုတားမြစ်ဖို့နည်းလမ်းမှာ Holddown Timer ဖြစ်သည်။ route
တစ်ခု down သွားသည်ကိုသိလျှင်သိခြင်း၊ router အားလုံး down
သွားမှန်းသိအောင် အချိန်ကာလတစ်ခု Hold လုပ်ထားခြင်းဖြစ်သည်။ Hold Down
Process သည် router များအားလုံးကို fail ဖြစ်သွားသော router နှင့်ပက်သော
information များကို ignore လုပ်ခိုင်း ခြင်းဖြစ်သည်။
Link State Routing Protocol မှာ OSPF ဖြစ်သည်။ bandwidth ကိုအခြေခံ၍ အကောင်းဆုံး လမ်းကြောင်းကိုရွေးချယ်ရာတွင် calculate လုပ်သည်။
Hybrid
Routing Protocol မှာ EIGRP ဖြစ်သည်။ RIP နှင့် OSPF ၏ အားသက်ချက်များကို
အသုံးပြုထားခြင့်ကြောင့် Hybrid ဟုခေါ်သည်။ Advance Distance Vector Routing
Protocol ဟုလည်းခေါ်သည်။
No comments:
Post a Comment