Scanning for Problems (Windows)1. Insert the drive into the USB port on the computer.2. Open My Computer and right click on the Removable Disk Icon. Choose the Properties option.3. Click on the Tools tab.4. Click on the Check Now button.5. Click on both “Automatically fix file system errors” and “Scan for and attempt recovery of bad sectors” check boxes. Click Start.6. Wait for the scan to complete. Click Close when finished.Now Reformatting the Drive1. Format with NTFS instead of FAT32.2. After this, format again with FAT32.
သို့မဟုတ် ဒီ Tools လေးနဲ့ Format ချကြည့်နိုင်ပါတယ်...Kingston USB drives are pre-formatted with a FAT32 file system for cross platform compatibility and for optimum performance. Formatting this drive with Windows, Mac or Linux may cause a performance decrease.The solution to obtain the best possible performance is to format the drive with the Kingston utility located below.Note: ALL DATA WILL BE ERASED. Please back up the data stored on the Hyper X drive before using the Kingston Format Utility.Supported Operating Systems:Windows 7 (SP1), Vista (SP1, SP2) and Windows XP (SP2, SP3)
Click Here to Download Kingston USB Drives
***********************************************
USB/Memory Card Protected ပြသနာရှင်းနည်း
တကယ်လို့ Format ချချင်တယ်ဆိုရင် ဒါလေးနဲ့ Format ချပေးနိုင်ပါတယ်...။
အရင်ကလည်း ရေးထားတာ ရှိပါတယ် သိပ်မပြည့်စုံလို့ အသစ် ထပ်ရေးလိုက်တာပါ..။
ပထမဆုံး Start > Run မှာ Regedit ရေးထည့်ပြီး Enter ခေါက်ပါ....ပေါ်လာတဲ့ Registry Editor မှာ အောက်က အတိုင်း ကိုအဆင့်ဆင့် သွားလိုက်ပါ...
HKEY_LOCAL_MACHINE \ SYSTEM \ CurrentControlSet \ Control \ StorageDevicePolicies
StorageDevicePolicies ကို Click လိုက်ပါ... အောက်က ပုံထဲကလို WriteProtectကိုတွေ့ရင် ...
Double click နှိပ်ပြီး တန်ဖိုးကို သုည (0) ပြောင်းပေးပြီး OK နှိပ်လိုက်ပါ ..။
Registry Editor ကို ပိတ် USB ကို ဖြုတ်ပြီး ပြန်တပ်ကြည့်လိုက်ပါ Write Protect Error မရှိတော့ပဲ ပြန်အသုံးပြုလို့ ရသွားပါပြီ....
ဒီအဆင့်
HKEY_LOCAL_MACHINE \ SYSTEM \ CurrentControlSet \ Control \ StorageDevicePolicies အတိုင်းသွားတဲ့ နေရာမှာ
နောက်ဆုံး စာလုံးဖြစ်တဲ့ StorageDevicePolicies ကိုရှာမတွေ့ဘူး ပြီးတော့ ညာဘက်မှာလည်း WriteProtect ကိုလည်း ရှာမတွေ့ဘူးဆိုရင် သူ့အတွက် Folder လေးတခု တည်ဆောက်ပေးရမှာပါ ..
အောက်ပါအတိုင်း တည်ဆောက်ပေးနိုင်ပါတယ်.. (ပုံလေးတွေ ကြည့်ပြီး သေချာ ဂရုစိုက်လုပ်ပေးပါ)
ဒီပုံမှာဆိုရင် StorageDevicePolicies ဆိုတဲ့ Folder မရှိသေးပါဘူး..
Control ပေါ်ကို Right Click နှိပ်ပြီး ပုံထဲကအတိုင်း New > Key ကိုသွားပါ...
စာရေးဖို့ ပေါ်လာတဲ့ နေရာလေးမှာ ဒီ StorageDevicePolicies ကို Copy ကူးထည့်ပေးပြီးEnter ခေါက်လိုက်ပါ.. StorageDevicePolicies Folder လေးကို အောက်ကပုံထဲကအတိုင်း ဖန်တီးပြီးသွားပါပြီ...
ညာဘက်မှာ WriteProtect ဆိုတာလည်း မရှိသေးတဲ့ အတွက် ထပ်တည်ဆောက်ပေးရဦးမှာပါ..။
StorageDevicePolicies ကို Right Click > New > DWORD (32-bit) Value ကိုနှိပ်လိုက်ပါ..
စာရေးဖို့ ပေါ်လာတဲ့ နေရာလေးမှာ ဒီ WriteProtect ကို Copy ကူးပြီး ရေးထည့်ပေးလိုက်ပါ...။။။။။။
Memory Card တွေမှာ မရခဲ့ရင် ဒါလေး သတိပြုပါ .. Lock ဖြစ်နေတတ်ပါတယ်....။
**************************************************************
နောက်တနည်းအလွယ်ဆုံးဖြေရှင်းနည်း
Write Protected ပြဿနာကိုအပေါ်က အဆင့်တွေအတိုင်း လုပ်ရမှာ ခတ်နေတယ်ဆိုရင်.... အောက်မှာ တင်ပေးလိုက်တဲ့ Registry files လေးကို ဒေါင်းယူပါ ပြီးတော့ Zip ဖိုင်လ် ကိုဖြည်လိုက်ပါ disable-write-protect နဲ့ enable-write-protect ဆိုတဲ့ ဖိုင်လ်လေးနှစ်ခု ထွက်လာမှာပါ enable-write-protect ဖိုင်လ်လေးကို Double Click နဲ့ Run ပြီးOK ပေးလိုက်ပါ... အလွယ်ဆုံးနည်းပါပဲ ....
**********************************
Write Protect ဖြုတ်ဖို့နည်းလမ်းစုံသွားပြီလား
Monday, October 01, 2012 ဝင်းကမ္ဘာကျော် 7 comments
Facebook မှ အိုင်တီ မုဆိုး ရဲ့ ပို့စ်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ် ... ဒီပြဿနာ ဖြေရှင်းတဲ့ နေရာမှာ တချို့ ကွန်ပြူတာတွေက Registry Editor မှာ Storage Device Policies နဲ့Write Protect ပါမလာတတ်ပါဘူး .. အဲ့ဒီပြဿနာကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်...။
ဒီရက်ပိုင်းအတွင်း အတွေ့ရအများဆုံးပြဿနာကတော့ USB/SD card/Flash Driveတွေမှာ Write Protect ဖြစ်နေတဲ့ပြဿနာတွေပါပဲ ..
ဒီလိုပြဿနာမျိုးတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကိုလည်း နည်းပညာဘလော့တွေမှာ မျှဝေဖော်ပြထားတာတွေ့ရပါတယ် ..
CMD ကနေ Dos command တွေရိုက်ထည့်ပြီး ဖြေရှင်းတဲ့နည်း
Registry Editor ကနေ Write Protected value ကို (0) ပြောင်းတဲ့နည်း (ကျွန်တော့်နည်းက ဒီနည်းနဲ့ တွဲပြီး ဖြေရှင်းရပါတယ်)
ဆော့ဝဲအသုံးပြုပြီး Written protect ON တဲ့နည်း
အဲဒီလိုနည်းလမ်းတွေအပြင် တခြားကျွန်တော် မလေ့လာဖြစ်သေးတဲ့ နည်းလမ်းတွေလည်း အစုံအလင်ရှိနေမှာပါပဲ ...
ဒါပေမယ့် တချို့ပြဿနာတွေကျတော့ ပိုင်ရှင်ရဲ့ မကျွမ်းကျင်မှုကြောင့်ပဲဖြစ်ဖြစ်၊ မမြင်တွေ့နိုင်တဲ့ Error တစ်ခုခုကြောင့်ပဲဖြစ်ဖြစ် ဘယ်လိုမှ ဖြေရှင်းလို့ မရတဲ့အခါမျိုးတွေ ကြုံရတတ်ပါတယ်
ကျွန်တော်လည်း အဲဒီလိုဖြစ်နေတဲ့ Storage Device တော်တော်များများကို ကြုံတွေ့ခဲ့ဖူးပါတယ် ..
အဲဒီလို လွယ်ကူထိရောက်တဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းပေမယ့် Write Protect ဖြုတ်လို့မရတဲ့Storage Device တွေကြုံလာရင် ကျွန်တော်ဘယ်လို ဖြေရှင်းတယ်ဆိုတာလေးကို မျှဝေပေးချင်ပါတယ်ဗျာ
ကဲ .. ပထဆုံး အဲဒီလိုပြဿနာဖြစ်နေတဲ့ Storage Device လေးကို ကွန်ပြူတာမှာ တပ်ဆင်လိုက်ပါ
ပြီးရင် Run မှာ regedit လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ .. Prompt တက်လာရင်Yes ကိုပေးပါ
Registry Editor ပွင့်လာတဲ့အခါ .. HKEY-LOCAL-MACHINE ကိုနှိပ်ပါ
ကျလာတဲ့ထဲက SYSTEM ကိုနှိပ်ပါ ကျလာတဲ့ထဲက Current Control Set ကိုနှိပ်ပါ ..
ကျလာတဲ့ထဲက Control ကိုနှိပ်ပါ .. ကျလာတဲ့ထဲက Storage Device Policies ကိုနှိပ်ပါ ..
အဲဒီအခါ ညာဖက်မှာပေါ်လာတဲ့ WriteProtect ကို Double ကလစ်နှိပ်လိုက်ရင် တက်လာတဲ့ Box လေးထဲက အပြာရောင်နဲ့ချယ်ထားတဲ့ 1 ဆိုတာလေးကို လို့ ပြောင်းရိုက်ပေးပြီး OK နှိပ်လိုက်ပါ (တစ်ခါတစ်ခါတော့( 0 ) ဖြစ်နေပြီးသားမျိုး ကြုံရတတ်ပါတယ်) ...
တော်တော်များများကတော့ ဒီအဆင့်မှာပြီးသွားရင်ပဲ .. ကိုယ့်ရဲ့ Write protect ဖြစ်နေတဲ့Drive ပေါ်မှာ Right ကလစ်နှိပ် .. ပေါ်လာတဲ့ထဲက Format လေးကိုနှိပ်ပြီး OK .. OKနဲ့သွားလိုက်ရုံနဲ့တင် အဆင်ပြေသွားတာ များပါတယ် .. တစ်ကယ်လို့ ဒီအဆင့်မှာတင် အဆင်မပြေသေးဘူးဆိုရင် အောက်က အဆင့်တွေကို ဆက်လုပ်ပေးလိုက်ပါ
Desktop ပေါ်က My Computer ဆိုတဲ့ icon လေးပေါ်မှာ Right ကလစ်နှိပ်လိုက်ပါ
ပေါ်လာတဲ့ Drop down table ထဲက manage ဆိုတာလေးကို နှိပ်ပေးလိုက်ပါ .. Admin Prompt တက်လာရင် Yes (ဒါမှမဟုတ်) OK ပေးလိုက်ပါ .. အဲဒီအခါ အောက်ကပုံအတိုင်းComputer Management Box လေးပွင့်လာပါမယ် ..
အဲဒီထဲက Disk Management ကိုနှိပ်ပေးလိုက်ရင် ခဏလောက် Loading လုပ်ပြီးတဲ့အခါ အောက်မှာပြထားတဲ့အတိုင်း တက်လာပါမယ်
အဲဒီထဲက ကိုယ် manage လုပ်မယ့် Device ပေါ်မှာ Right ကလစ်နှိပ်ပြီး ပေါ်လာတဲ့ထဲကChange Drive letter and paths ဆိုတာလေးကို ရွေးပေးလိုက်ပါ .. ကျွန်တော်ကတော့ Jဆိုတဲ့ ကျွန်တော့်ရဲ့ USB ကို ပြင်မှာမို့ J ပေါ်မှာ Right ကလစ်နှိပ်ပြီး Change Drive letter and paths ကို နှိပ်လိုက်ပါတယ် .. အဲဒီအခါ အောက်ကပုံအတိုင်း တက်လာပါမယ်
ပေါ်လာတဲ့ Box ထဲက (1) Change ဆိုတာလေးကို နှိပ်ပေးလိုက်ရင် နောက်ထပ်ပုံလေး တက်လာပါမယ် ..
အဲဒီထဲကမှ ကျွန်တော် အနီရောင်နဲ့ ဝိုင်းပြထားတဲ့နေရာ (2) ကို နှိပ်လိုက်ရင် Drop down Box လေးကျလာပါမယ် .. အဲဒီထဲက ကိုယ်ပြောင်းချင်တဲ့ Drive letter လေးကို ရွေးနှိပ်ပေးလိုက်ပါ .. ကျွန်တော်ကတော့ J ကနေ I အဖြစ်ပြောင်းမှာမို့ I ကို ရွေးလိုက်ပါတယ် .. ပြီးရင်တော့ (3) OK ကိုနှိပ်လိုက်ပါ ....
အပေါ်ကအဆင့်တွေအားလုံး ပြီးသွားပြီဆိုရင်တော့ နည်းပေါင်းစုံနဲ့ တင်းခံလာခဲ့တဲ့ Storage Device ကို Format ချလို့ ရသွားပြီ ဖြစ်ပါတယ် .. အဆင်ပြေကြပါစေဗျာ
Tuesday, May 24, 2016
USB Format ချမရရင် အောက်ကနည်းလမ်းအတိုင်းစမ်းကြည့်နိုင်ပါသေးတယ်
Subscribe to:
Post Comments (Atom)
WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း
windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...
-
၁.နှစ်သစ်မင်္ဂလာ ~ (ရင်ဂို) ၂.ဖိုးညိုမြ ~ (စည်သူလွင်) ၃.ချမ်းပါတယ် ~ (ဂရေဟမ်) ၄.သက်ြန်မိုးရေ တန်ခုးလေ ~ (ရင်ဂို) ၅.ရှာပုံတော်မင်းသားကြ...
-
ဆားပုလင်းနှင်းမောင်နှင့် ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား (မင်းသိင်္ခ) Inspector Hnin Maung and Professor Dr. Sate Phwar Author : Min Thane Kha ...
-
Mac OS X နဲ့ ပါတ်သက်ပြီး မေးထားတာတွေများနေလို့ ကို သီဟဦး ရေးထားတဲ့ ပို့စ်လေးကိုပဲ ဗဟုသုတအဖြစ် ပြန်လည် မျှဝေပေးလိုက်ပါတယ်.. Mac ကွန်ပျူ...
No comments:
Post a Comment