Wednesday, May 25, 2016

IOSကိုဘယ်​လိုUP DATEလုပ်​မလဲ

iOS 9 ထွက်ရှိလာပြီးတဲ့နောက်ပိုင်းမှာ ယခင် iOS များကို Jailbreak ပြုလုပ်ထားသူများအနေနဲ့ OTA (Over-the-air) Update ရရှိမှာမဟုတ်ပါဘူး..Jailbreak အပျက်ခံပြီး iOS 9 ကို အသုံးပြုချင်သူများအနေနဲ့ Mac/PC မှ iTunes နှင့်ချိတ်ဆက်ကာ iOS 9 Update ပြုလုပ်နည်းကိုတင်ပြပေးလိုက်ပါတယ်..

အဆင့်မြှင်တင်မှုတွေပြုလုပ်ထားတဲ့ iOS 9 နဲ့ Compatible ဖြစ်တဲ့ iOS Devices များကတော့ 
• iPad 2, iPad 3rd gen, iPad 4th gen, iPad Air, iPad Air 2, iPad mini, iPad mini 2, iPad mini 3
• iPhone 4s, iPhone 5, iPhone 5c, iPhone 5s, iPhone 6, iPhone 6 Plus
• iPod touch 5th gen တို့ပဲဖြစ်ပါတယ်

 iOS 9 ရဲ့ Download size ဟာ ပျမ်းမျှ 1.3 GB ရှိတာဖြစ်လို့ မိမိရဲ့ Device ကို အဆိုပါ Size ထက်ပိုမိုပြီး နေရာလွတ်ထားထားဖို့ အကြံပေးထားကြတာတွေ့ရပြီး Wifi Connection နဲ့သာ Update လုပ်နိုင်မှာဖြစ်ပါတယ်

ယခုနည်းဟာ Mac/PC မှ iTunes နဲ့ပြုလုပ်မှာဖြစ်တဲ့အတွက် iTunes မရှိသေးသူများဤနေရာ တွင် iTunes ကို Download ရယူနိုင်ပါတယ်.

*** iTunes သို့မဟုတ် iCloud ကိုအသုံးပြု၍ Back up ပြုလုပ်ထားတာဟာ သင့်ရဲ့ Data တွေအားလုံးကို သိမ်းဆည်းပေးထားတာဖြစ်လို့ မဖြစ်မနေလုပ်ပေးကြရင် ပိုအဆင်ပြေပါလိမ့်မယ် ***
  How to back up your device using iCloud or iTunes 

How to install iOS 9 using iTunes 

~ iTunes ကို ဖွင့်ပြီး iOS 9 တင်မယ့် Device နဲ့ချိတ်ဆက်ပါ

~ ဘယ်ဖက်ထောင့်အပေါ်ရှိ Device ပုံကိုနှိပ်ပါ... ပြီးလျှင် ပုံတွင်ပြထားသည့်အတိုင်း Update ကိုနှိပ်ပါ





~ ထို့နောက် Update ကိုနှိပ်ပါ




~ ထို့နောက် Agree ကိုဆက်နှိပ်ပါ 




~ အကယ်၍ Passcode ကိုရေးထည့်ခိုင်းတဲ့ Message ပေါ်လာခဲ့ရင် သင့် Device မှ Lockscreen Passcode ကိုဖြည်ပေးလိုက်ပါ..


~ ဒါဆိုရင်တော့ iTunes မှ အားလုံးကိုလုပ်ဆောင်ပေးနေမှာဖြစ်ပြီး မကြာခင်မှာပဲ iOS 9 ကို ရောက်ရှိသွားမှာဖြစ်ပါတယ်...



iOS 9 ကို OTA (Over-the-air) Update နဲ့ပြုလုပ်ချင်သူများကတော့ ဤနေရာ တွင်ဖတ်ရှုနိုင်ပါတယ်



အဆင်ပြေကြပါစေ . . .


No comments:

Post a Comment

WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း

  windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...