ROM ဆိုသည်ကားအဘယ်နည်း။ ROM ဘယ်နှစ်မျိုးရှိသနည်း။
ပုံ-၁ a
ROM ဆိုတာက Read Only Memory ရဲ့အတိုကောက်စကားလုံးဖြစ်ပြီးတော့ Read-Only ဆိုတဲ့အတိုင်း ဖတ်ပဲဖတ်လို့ရပြီး ရေးခြင်း၊ ပြုပြင်ခြင်းတို့ ပြောင်းလဲလို့မရပါဘူး။ အဲဒီလို ROM ထဲမှာသိမ်းဆည်းထားလို့ ရှိနေတဲ့ သတင်းအချက်အလက်တွေကို ပြုပြင်ပြောင်းလဲလို့ မရတဲ့အတွက် ROM Chips လေးတွေဟာ အလွယ်တကူ ပြုပြင်ပြောင်းလဲ လို့ မရသလို ပျောက်ပျက်မသွားဘဲ ကြရှည်ခံသော (Non-volatile) chips လေးတွေဖြစ်ပါတယ်။
ပုံ-၁ b
အဓိကအားဖြင့် ROM ကို ဘာအတွက်အသုံးပြုလဲဆိုတော့ ပြုပြင်ပြောင်းလဲရန် မလိုအပ်ဘဲ ပုံသေထားရှိရသော Program တွေထည့်ဖို့ရန် အတွက်သုံးပါတယ်။ ROM ဆိုတာက Data သိမ်းဆည်းထားလို့ရနိုင်သော RAM နဲ့ တူညီတဲ့ Memory တစ်ခုဖြစ်ပေမဲ့ မတူညီတာက RAM ဟာ Volatile ဖြစ်ပြီး ROM ကတော့ စောစောကပြောခဲ့သလိုပဲ Non-volatile ဖြစ်လို့ပါ။ ဘာကြောင့် RAM ကို Volatile လို့ပြောတာလည်းဆိုတော့ RAM ထဲမှာ Data တွေကို ပြုပြင်ပြောင်းလဲလို့ရသလို အကယ်၍ လျှပ်စစ်မီး ပျက်တောက်သွားခဲ့ရင်လည်း Data တွေပျောက်ပျက်သွား တတ်ပါတယ်။ ROM ကတော့ သူ့နဲ့ဆန့်ကျင်ဘက်ပါ။ ဒါကြောင့် အရေးကြီး တဲ့ Programs တွေကို သိမ်းဆည်းရတော့မယ်ဆိုရင်တော့ ROM က ပိုပြီး စိတ်ချရပါတယ်။
ပုံ-၂
အရေးကြီးတဲ့ Programs ဆိုတာကတော့ CPU နဲ့ Keyboard အကြား ဆက်သွယ်မှုရှိ စေရန်ရေးသားထားတဲ့ အချက်အလက်တွေဖြစ်သလို အခြားသော အစိတ်အပိုင်း တွေနဲ့ သက်ဆိုင်တဲ့ Programs တွေ အသီးသီးရှိကြပါတယ်။ အဲဒီ Programs တွေကြောင့်သာ ကျွန်ုပ်တို့အားလုံး မိမိတို့ရဲ့Computers တွေကို ကောင်းစွာအသုံးပြုနိုင်ကြတာဖြစ်ပါတယ်။
ကျွန်ုပ်တို့ပေးလိုက်တဲ့ ညွှန်ကြားချက် (Instructions) တွေကို စက်ကနားလည်ပြီး အဖြေပေးနိုင်ဖို့ တစ်နည်းအားဖြင့် လုပ်ဆောင်ပေးနိုင်ဖို့ ရေးသားထားတဲ့ Programs လေးတွေလိုအပ်ပါတယ်။ အဲ... ပြီးတော့ အဲဒီ Programs လေးတွေကို သိမ်းဖို့နေရာလည်းလိုသေးတယ်လေ။
ဒီတော့ ဘယ်မှာသိမ်းရင်ကောင်းမလဲ လို့စဉ်းစားကြည့်လိုက်တော့ RAM ဆိုရင် စောစောက ပြောခဲ့သလို Data တွေ ပျောက်ပျက်သွားမှာစိုးရိမ်ရတာကြောင့် အဲဒီမှာသိမ်းဖို့မဖြစ်နိုင်ဘူး။ အင်း... Hard drive တို့၊ Floppy drive တို့ဆိုရင်ရော။ ရတော့ရပါတယ် ဒါပေမဲ့ ဒုက္ခ။ ဘာလို့လဲဆိုတော့ စက်ကို ဖွင့်လိုက်တာနဲ့ CPU , Keyboard တို့အကြားဆက်သွယ်မှုရှိချင်ပါတယ်ဆိုမှ သူတို့နဲ့ သက်ဆိုင်တဲ့ Programs တွေကို Hard drive ထဲသိမ်းထားခဲ့ရင် Power ပေးလိုက်တာနဲ့ Hard drive ကိုမှ အလုပ်မလုပ်သေးတာကိုး။ ဟုတ်တယ်နော်။ ဒီတော့ သင့်တော်တဲ့ အရာလေးတစ်ခုက ROM ဆိုတာလေးဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ROM ထဲမှာ Keyboard နဲ့ သက်ဆိုင်တဲ့ Keyboard Controller Program ကိုထည့်သွင်းထားတဲ့အပြင် အခြားသော အရေးပါတဲ့ Programs လေးတွေ မြောက်မြားစွာ ပါဝင်နေပါတယ်။
ပုံ-၃
တစ်ခုပြောပြချင်တာက ပြုပြင်ပြောင်းလဲလို့ရပြီး သိမ်းဆည်းထားလို့ရတဲ့နေရာ (Storage Media) မှာထည့်သွင်းထားတဲ့ Programs တွေကို Software လို့ခေါ်ပြီး ခုနကပြောခဲ့တဲ့ ROM ထဲမှာ သိမ်းဆည်းထားတဲ့ Programs တွေကတော့ Hardware ပိုင်းနဲ့ဆက်စပ်နေတဲ့ Programs တွေဖြစ်ပြီး သူတို့ကို Firmware လို့ခေါ်ပါတယ်။ ဒီလောက် ဆိုရင်တော့ ROM အကြောင်းလေးကို သိသင့်သလောက် သိလာပြီမို့ ROM အမျိုးအစားလေးတွေကို ပြောပြဦးမယ်နော်။
ROM မှာ အမျိုးအစားအနေနဲ့ အမျိုးမျိုးရှိပေမဲ့ တိုးတက်ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာလေ အချို့ ROM တွေက Data တွေကို ဖတ်ရုံမျှသာမကဘဲ ရေးခြင်း၊ ပြုပြင်ပြောင်းလဲခြင်း စတာတွေလည်းလုပ်နိုင်လာပြီနော်။ ဒီတော့ ပထမဆုံး Mask ROM ဆိုတာရှိခဲ့တယ်။ အဲဒီ ROM က ယခင်အသုံးပြုခဲ့တဲ့ အမျိုးအစားဖြစ်ပြီး Data တွေကို ပုံသေ သိမ်းဆည်းဖို့ ရည်ရွယ်ထုတ်လုပ်ခဲ့ခြင်းကြောင့် Data တွေကို ပြုပြင်ပြောင်းလဲလို့မရသလို Data တွေ ပျောက်ပျက်သွားဖို့လည်း ခဲယဉ်းပါတယ်။
အဲ... သို့ပေမဲ့ နောက်ပိုင်းမှာတော့ နည်းပညာတိုးတက်လာတာနဲ့အမျှ ROM အမျိုးအစားတွေ ဆန်းသစ်လာပြီး ပြုပြင်ပြောင်းလဲလို့ရနိုင်တဲ့ ROM အမျိုးအစားတွေကတော့ PROM, EPROM နဲ့ EEPROM တို့ဖြစ်ပါတယ်။ ဒီတော့ တစ်ခုစီရဲ့အကြောင်းလေးတွေကို ဗဟုသုတအနေနဲ့ အနည်းငယ်စီရှင်းပြပေးမယ်လေ။ စိတ်ဝင်စားရင်ဖတ်ကြည့်ပါနော်။
PROM (Programmable Read-Only Memory)
PROM ဆိုတာကတော့ Programmable Read-Only Memory ဖြစ်ပြီးတော့ သူကို One-Time Programmable ROM (OTP) လို့လဲခေါ်ဆိုကြပါတယ်။ အဓိက ကတော့ ရေးသားထားတဲ့ Programs တွေကို သိမ်းဆည်းထည့်သွင်းဖို့ Special Device လေးတစ်ခုပါပဲ။
ပုံ-၎
EPROM (Erasable Programmable Read-Only Memory)
EPROM ဆိုတာကတော့ Erasable Programmable Read-Only Memory ဖြစ်ပြီး ထည့်သွင်းထားတဲ့အရာ တွေကို Ultraviolet Light ဖြင့် ဖျက်ပစ်လိုက်လို့ရပါတယ်။ ဒါကြောင့် EPROM မှာဆိုရင် ရေးထားတဲ့ Programs တွေကို ဖတ်လည်းဖတ်လို့ရသလို လိုအပ်ပါက ပြန်ပြင်ပြီး Programs အသစ်ပြန်ရေးလို့ရပါတယ်။
ပုံ-၅
EEPROM (Electrically Erasable Programmable Read-Only Memory)
EEPROM ဆိုတာက Electrically Erasable Programmable Read-Only Memory ဖြစ်ပြီး သူက EPROM နဲ့ တည်ဆောက်ပုံ တူညီမှုရှိပါတယ်။ မတူညီတဲ့အချက်ကတော့ EPROM မှာတုန်းကလို Ultraviolet Light ကိုအသုံးမပြုတော့ဘဲ လျှပ်စစ်ဓါတ်အား (Electric) ကို အသုံးပြုခြင်းဖြင့် မလိုအပ်တဲ့အရာတွေကို ဖျက်ပစ်လို့ရခြင်းပဲ ဖြစ်ပါတယ်။ ပြီးတော့ လိုအပ်ပါက Programs အသစ်အနေနဲ့ ပြန်ရေးလို့ရပါတယ်။
ပုံ-၆၊ ၇
EEPROM အမျိုးအစားထဲမှ EAROM နဲ့ Flash memory ဆိုပြီး (၂) မျိုးရှိနေပါသေးတယ်။ EAROM ဆိုတာက Electrically Alterable Read-Only Memory ဖြစ်ပြီး Non-volatile storage အဖြစ်အသုံးပြုနိုင်ပါတယ်။
ပုံ-၈
နောက်ပိုင်းမှာတော့ Flash ROM တွေပေါ်လာပြီး ပိုမိုမြန်ဆန်တဲ့နှုန်းနဲ့ Data တွေကို ဖျက်ခြင်း၊ပြုပြင်ပြောင်းလဲခြင်းတွေလုပ်ဆောင်နိုင်လာပါတယ်။ Flash ROM ကိုပုံထဲမှာ ကြည့်လိုက်ပါဦးနော်။
ပုံ-၉
ဒီတော့ ROM အမျိုးအစားတွေကို အစီအစဉ်တကျ ပြန်ပြောရမယ်ဆိုရင်...
(a) -Mask ROM
(b) -PROM
(c) -EPROM
(d) -EEPROM
(i) -EAROM
(ii) -Flash ROM တို့ဖြစ်တယ်နော်။
ကဲ... အခုဆိုရင်တော့ နည်းနည်းလည်တယ် လည်တယ် အဲလေ.. နားလည်မယ်လို့ ထင်ပါတယ်နော်။
Wednesday, April 27, 2016
ROM ဆိုသည်မှာ
Subscribe to:
Post Comments (Atom)
WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း
windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...
-
၁.နှစ်သစ်မင်္ဂလာ ~ (ရင်ဂို) ၂.ဖိုးညိုမြ ~ (စည်သူလွင်) ၃.ချမ်းပါတယ် ~ (ဂရေဟမ်) ၄.သက်ြန်မိုးရေ တန်ခုးလေ ~ (ရင်ဂို) ၅.ရှာပုံတော်မင်းသားကြ...
-
ဆားပုလင်းနှင်းမောင်နှင့် ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား (မင်းသိင်္ခ) Inspector Hnin Maung and Professor Dr. Sate Phwar Author : Min Thane Kha ...
-
Mac OS X နဲ့ ပါတ်သက်ပြီး မေးထားတာတွေများနေလို့ ကို သီဟဦး ရေးထားတဲ့ ပို့စ်လေးကိုပဲ ဗဟုသုတအဖြစ် ပြန်လည် မျှဝေပေးလိုက်ပါတယ်.. Mac ကွန်ပျူ...
No comments:
Post a Comment