ကျွန်တော်က Windows 7 Crazy သမားပါ။ ဒါပေမယ့်လည်း Windows 8 နဲ့ ပတ်သက်တာ ကြုံလာတိုင်း စမ်းသပ်ရ ခက်နေတာ။ အဲဒါကြောင့် စက်တစ်လုံးတည်းမှာ Windows လေး ၂ ခုတင်ထားတော့ ၁ ချက်ခုတ် ၂ ချက်ပြတ်ပေါ့ဗျာ။ ဒါကြောင့် ကျွန်တော် တင်ရင်းနဲ့ သူငယ်ချင်းများကိုလည်း နည်းလမ်းလေး ပေးသွားပါ့မယ်။ ဒါတွေက အခြေခံသမားတွေအတွက်တော့ အသုံးဝင်ပါလိမ့်မယ်။ သိပြီးသား ပညာရှင်တွေအတွက်တော့ လွယ်လွယ်လေးပါဗျာ။ ဒါကြောင့် သိသူသာ ကျော်သွား၊ မသိဘူး ဖတ်ထားပေါ့ဗျာ။ ကဲ စလိုက်ကြစို့ သူငယ်ချင်း ......။
ဒီတင်နည်းမှာတော့ တစ်ခါတည်း USB Stick နဲ့ Windows တင်တဲ့နည်းလမ်းကို ပါ တခါတည်း ပြသွားပါ့မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဘက်ခေတ် laptop တွေမှာ Slim Model တွေ ပေါ်လာတော့ CD-Drive တွေ မပါတာက များလာပြီလေ။ ဒါကြောင့်ပါ။
ပထမဆုံး USB Bootable လုပ်ဖို့ Power ISO / Ultra ISO / Windows7-USB-DVD-Tool / Windows 8 USB Installer Maker တစ်ခုခု လိုပါလိမ့် မယ်။ နောက်တစ်ခုကတော့ Windows 7/8 ISO ဖိုင်လည်း လိုပါမယ်။ ဒါပေမယ့် ဒီနေရာမှာ ကျွန်တော်ကတော့ Windows 7/8 ISO ဖိုင်ကို download လုပ်ရတာ ဖိုင်ဆိုဒ်ကြီးတော့ Windows CD ကိုပဲ Power ISO သုံးပြီး ISO ဖြစ်အောင် အရင်ဆုံး ဖန်တီးပါမယ်။ အကယ်၍ သင့်ဆီမှာ ISO ဖိုင် ရှိပြီးသားဆိုရင်တော့ ဒီ ဖန်တီးတဲ့အဆင့်ကို ကျော်ပြီး ဆက်ဖတ်သွားပါ။ ကျွန်တော်က Windows 7 တင်ပြီးသားဆိုတော့ Windows 8 ကိုပဲ နမူနာ ပေးပြီး ပြသွားပါ့မယ်။
Power ISO သုံးပြီး Windows 8 ISO ဖိုင် ဖန်တီးသွားပြီဆိုရင်တော့ USB မှာ Bootable ဖြစ်အောင် Power ISO ကိုပဲ သုံးပြီး ဆက်လုပ်သွားပါ့မယ်။
မလုပ်ခင်ပြောချင်တာလေးတစ်ခုက USB Bootable ပြုလုပ်ဖို့ USB Stick က အနည်းဆုံး 4 GB နဲ့အထက် ရှိရပါမယ်။ USB Stick ကို ကွန်ပျူတာမှာ ထိုးပါ။ ပြီးပြီဆိုရင်တော့ Power ISO ကို Run as Administrator အဖြစ် Run ပါ။ မ Run ရင်လည်း သူ့ဘာသာသူ Run ပါလိမ့်မယ်။ အဆင့်အတိုင်း ဆက်လုပ်သွားရအောင်။
နောက်တစ်ခုအရေးကြီးဆုံးကတော့ HDD ကို Second Boot အတွက် Partition ခွဲရပါမယ်။
Start Menu ထဲက နေ disk management ဆို ရိုက်ထည့်ပြီး ရှာလိုက်ပါ။ Run [Windows Key + R] ထဲကနေ diskmgmt.msc ရိုက်ထည့်ပြီး ဖွင့်လည်း ရပါတယ်။
ဒါဆို Disk Management ပွင့်လာမယ်။ ပွင့်လာတဲ့အထဲက ခွဲချင်တဲ့ Drive ကို ရွေး။ R-Click နှိပ်။ Shrink Volume ကို နှိပ်။
ဘယ်လောက် Drive မှာ နေရာလွတ်ရှိတယ် ဆိုတာကို Querying လုပ်နေပြီ။
ခွဲချင်တဲ့ ပမာဏကို ရိုက်ထည့်ပါ။ ကျွန်တော်က 40 GB ခွဲချင်တာဆိုတော့ 40000 ရိုက်ထည့်လိုက်တယ်။ Shrink ကို နှိပ်မယ်။
ပြီးသွားပြီဆိုရင် Unallocated ဆိုတဲ့ Drive အသစ် ပေါ်လာမယ်။ အဲဒီအပေါ်မှာ R-click နှိပ်ပြီး New Simple Volume ကို နှိပ်မယ်။
Format this volume ကို ရွေးပြီး Next ကို နှိပ်ပြီး ဆက်သွားမယ်။
ဒါဆိုရင်တော့ Healthy Primary Volume ဆိုပြီး Drive Partition အသစ် ပေါ်လာပါပြီ။ ဒါဆို Windows တင်ဖို့ အဆင်သင့်ဖြစ်သွားပါပြီဗျာ။ ကဲ Windows ဆက်တင်ရအောင်။
နောက်တစ်ဆင့်ကတော့ USB ကနေ BOOT ဖို့အတွက် BIOS ထဲဝင်မယ်။ BIOS တွေက မတူတဲ့အတွက် ၀င်ပုံဝင်နည်းကတော့ မတူပါဘူး။ ကျွန်တော့် BIOS ကတော့ F10 နဲ့ ၀င်ပါတယ်။
FIRST BOOT PRIORITY ကို USB လေး ရွေးပြီး SAVE လေးနဲ့ ထွက်လိုက်ပါ။ ကဲပြီးရင်တော့ USB ကနေ BOOT တက်လာမယ်။ ENTER ခေါက်ပြီး ၀င်လိုက်ပါ။ တင်ပါပြီဗျာ။
Preparing လုပ်နေပါပြီ။
Language နဲ့ Time and Currency ကို တခါတည်း ရွေးလည်း ရပါတယ်။ မရွေးလည်း နောက်မှ ရွေးလည်း ရပါတယ်။ လောလောဆယ်တော့ သူ့ Default အတိုင်းလေးထားပြီး Next လေး ဆက်နှိပ်သွားပါ။
Install Now ကို နှိပ်ပြီး ဆက်သွားမယ်။
License terms ကို သဘောတူလိုက်မယ်။
upgrade မဟုတ်ဘဲ Clean Install လုပ်မယ်ဆိုတော့ custom ကို ရွေးပါ။
ခုနက Partition ခွဲထားတဲ့အပိုင်းလေးကို ရွေးပေးလိုက်မယ်။ Next နဲ့ဆက်သွားမယ်။
တင်ပြီးတာနဲ့ Restart ကျသွားပါလိမ့်မယ်။ ပြန်တက်လာာရင်တော့ အောက်ကလိုမျိုး Windows 8 လား Windows 7 လားဆိုတဲ့ Dual Boot ကို မြင်ရပါပြီ။ အခုတော့ Windows 8 တင်လက်စဆိုတော့ Windows 8 လေးကို ရွေးလိုက်မယ်နော်။
Windows 8 ကို ဆက်ပြီး Settings ချသွားပါမယ်။
ကဲ တက်လာပါပြီ။ လိုအပ်တဲ့ Setting တွေ ချမယ်။ နာမည် ရိုက်ထည့်ပေးမယ်။
Microsoft Account ရှိတယ်ဆိုရင် တခါတည်း ထည့်လိုက်ပါ။ မရှိရင် Sign in without a Microsoft Account နဲ့ ၀င်လိုက်ပါ။ ရှိခဲ့ရင် အောက်က ပုံလေးအတိုင်း ဆက်ဖြည့်သွားပေါ့နော်။
လိုအပ်တာ ဖြည့်ပြီးသွားရင်တော့ Finish ပေါ့။
ကဲ မြင်ရပါပြီဗျာ။ Windows 8 ရဲ့ Start Menu လေး။ ပြီးရင်တော့ ဟောဒီက Activator လေးကို install လုပ်ပြီး Run လိုက်ပါ။ [y]/[n] မေးပါမယ်။ y လေးကို ကီးဘုတ်ကနေ နှိပ်လိုက်ပါ။ ဒါဆို restart ပြန်ကျလာမယ်။
ဒါဆိုရင် Windows 8 Activated ဖြစ်သွားပါပြီ။ ထိုနည်းတူ Windows 8 နဲ့ Windows 7 ကိုလည်း Dual Boot အောင်မြင်စွာ တင်ပြီးသွားပါပြီဗျာ။
ဒီဆောင်းပါးလေးမှာ့ ကျွန်တော် ---
USB ကနေ Windows တင်နည်းDual Boot Windows တင်နည်းPower ISO ကို သုံးပြီး ISO ဖိုင်/Bootable USB တစ်ခု ဖန်တီးနည်းWindows 7 မှာ Partition ထပ်ခွဲနည်းWindows 8 တင်နည်းစတာတွေကို တစ်ပြိုင်တည်း ကိုယ်တိုင် စမ်းသပ်တင်ပြသွားပါတယ်။ အားလုံး အဆင်ပြေကြပါစေ။ အဆင်မပြေတာလေးတွေ ရှိရင်လည်း အောက်မှာ comment လေး ရေးပေးခဲ့ပါဗျာ။ တတ်နိုင်သလောက် ဖြေရှင်းပေးပါ့မယ်နော်။
ဆက်လက်မျှဝေပါဦးမည်။
Monday, April 25, 2016
Dual Boot Windows တင်ကြမယ် (Windows 7 & Windows 8)
Subscribe to:
Post Comments (Atom)
WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း
windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...
-
၁.နှစ်သစ်မင်္ဂလာ ~ (ရင်ဂို) ၂.ဖိုးညိုမြ ~ (စည်သူလွင်) ၃.ချမ်းပါတယ် ~ (ဂရေဟမ်) ၄.သက်ြန်မိုးရေ တန်ခုးလေ ~ (ရင်ဂို) ၅.ရှာပုံတော်မင်းသားကြ...
-
ဆားပုလင်းနှင်းမောင်နှင့် ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား (မင်းသိင်္ခ) Inspector Hnin Maung and Professor Dr. Sate Phwar Author : Min Thane Kha ...
-
Mac OS X နဲ့ ပါတ်သက်ပြီး မေးထားတာတွေများနေလို့ ကို သီဟဦး ရေးထားတဲ့ ပို့စ်လေးကိုပဲ ဗဟုသုတအဖြစ် ပြန်လည် မျှဝေပေးလိုက်ပါတယ်.. Mac ကွန်ပျူ...
No comments:
Post a Comment