Thursday, April 7, 2016

Domain အား Blogspot နှင့် ချိတ်ဆက်ပုံအဆင့်ဆင့်





Step-1
အနေဖြင့် Domain အား Shwe Hosting မှ ဝယ်ယူပြီးပြီဟု ယူဆပါမယ်။

Step-2
အနေဖြင့် Domain ၏ Nameservers ကိုကြည့်ပါမယ်။
Domain Control Panel ကို login ဝင်ရန် ဒိမှာဝင်​ပါ Manage Orders -> List/Search Orders ကိုနိပ်ပြီး သင်၏ domain name ကိုနိပ်ပါ
Domain Registration အောက်တွင် Name Servers ကိုနိပ်ပါ
Name Servers များသည် အောက်ပါပုံအတိုင်းဖြစ်ရပါမည် (ns5.netscriper.com, ns6.netscriper.com, ns7.netscriper.com, ns8.netscriper.com)။ မဟုတ်လျှင်ပြောင်းပါ။




Domain Control Panel ကိုမပိတ်လိုက်ပါနဲ့
Step-3
blogger.com တွင် custom domain အတွက် setting ပြောင်းပါမယ်  www.blogger.com သို့ login ဝင်ပါ
ဒီ domain နှင့် ချိတ်ဆက်မည့် blog ၏ Settings ကိုသွားပါ




အောက်ပါပုံအတိုင်း Publishing အောက်ရှိ '+ Add a custom domain' ကိုနိပ်ပါ




Shwe မှ domain ဝယ်ယူပြီးပြီဖြစ်လို့ 'Switch to advanced settings' ကိုနိပ်ပါ
မိမိ domain name အား အောက်ပါပုံအတိုင်း box ထဲတွင်ရိုက်ထဲ့ပါ။ Error no. 12 မြင်ရပါမယ်



အဲ့ဒီ page မှာပြနေတဲ့ value တွေက CNAME ပြုလုပ်ရမဲ့ value တွေပါ၊ အဲ့ဒါကြောင့် အဲ့ဒီ page ကိုမပိတ်လိုက်ပါနဲ့
Step-4
Domain Control Panel ထဲတွင် DNS ပြောင်းလဲခြင်း
စောစောက သင့် domain page ၏ DNS Management အောက်တွင် 'Manage DNS' ကိုနိပ်ပါ
'CNAME Records' ကိုနိပ်ပါ။ List of CNAME Records အောက်တွင် www.yourdomain.com record မရှိသေးပါက 'Add CNAME Record' ကိုနိပ်ပါ
အောက်ပါပုံအတိုင်း Host Name တွင် www ထည့်ပြီး Value တွင် ghs.google.com ထည့်ပါ




'Add Record' နိပ်ပါ
နောက်တစ်ခေါက် 'CNAME Records' ကိုသွားပြီး 'Add CNAME Record' ကိုနိပ်ပါ
Blogger မှ 'Name, Label or Host field' ဒုတိယတန်းရှိ value ကို copy ကူးပြီး Domain Control Panel ရှိ Host Name တွင်ထည့်ပါ။



'Destination, Target or Points To field' ဒုတိယတန်းရှိ value ကို copy ကူးပြီး Domain Control Panel ရှိ Value တွင်ထည့်ပါ။ 'Add Record' နိပ်ပါ
Step-5
Blogger ထဲတွင် verify ပြန်လုပ်ပါမယ်
CNAME များထည့်သွင်းပြီး ၁ နာရီ ၂နာရီ ကြာလျှင် စောစောက Blogger တွင် 'Save' ပြန်နိပ်ပါ။ ဒီအခါမှာတော့ စောစောက Error မရှိတော့ပဲ သင်၏ blog အား domain ဖြင့်မြင်ရပါပြီ။
Step-6 (optional)
သင်၏ blog အား www မပါပဲ domain သီးသန့် (eg. yourdomain.com) ဖြင့် အသုံးပြုလို့ရအောင်ပြုလုပ်ခြင်း
ဒီ step က optional ပါ။ မလုပ်ချင်ရင်လဲ မလုပ်လိုရပါတယ်။
စောစောက သင့် Domain Control Panel ၏ 'Manage DNS' ထဲတွင် 'A Records' menu ကိုနိပ်ပါ
'Add CNAME Record' ကိုနိပ်ပါ
အောက်ပါ IP address များအတိုင်း A Record ပြုလုပ်ပါ
- 216.239.32.21
- 216.239.34.21
- 216.239.36.21
- 216.239.38.21



4ခုလုးံထည့်​ပြိးသွ့ားပါကဤသို့မြင်​ကပါမည်



Blogger ရှိ blog ၏ setting ကိုပြန်သွားပါ။ မိမိ Domain ၏ နောက်တွင်ရှိသော 'Edit' အားနှိပ်ပါ



အာက်ပါပုံအတိုင်း Redirect ဟုရေးထားသော checkbox အားနှိပ်ပါ




A Record များထည့်သွင်းပြီး ၁ နာရီ ၂နာရီ ကြာလျှင် သင်၏ blog အား www မပါပဲ အသုံးပြုလို့ရပါပြီ


အဆင်​​ပြေပါ​စေ


No comments:

Post a Comment

WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း

  windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...