Thursday, March 3, 2016

Samsung Galaxy Core Prime SM-G360T ဖုန်းဗားရှင်း Android 5.1.1 Root လုပ်နည်း





 Galaxy Core Prime SM-G360T ဖုန်းဗားရှင်း Android 5.1.1 Root လုပ်နည်းကို

တောင်းဆိုထားတဲ့ ညီအကိုအတွက် တင်ပေးလိုက်ပါပြီ။


ဒီဖုန်းကိုလည်း chainfire ရဲ့ Auto Root ဖိုင်ဖြင့် Odin ကနေ 

အလွယ်တကူ Flash ပေးပြီး Root access ကို ရယူနိုင်မှာပဲဖြစ်ပါတယ်။



လိုအပ်ချက်များ

=========

ဖေါ်ပြပါ Root လုပ်နည်းသည် Galaxy Core Prime SM-G360T အတွက်

သီးသန့်ဖြစ်ပြီးဖုန်း Version Android 5.1.1 ကိုသာ Root လုပ်ထားခြင်းဖြစ်ပါတယ်။


တကယ်လို့ မိမိဖုန်းရဲ့ Model number ကို Check ပြလုပ်ချင်တယ်ဆိုရင်တော့

Menu > Settings > About Device > ကိုနှိပ်လိုက်ရင် တွေ့ရှိနိုင်ပါတယ်။


ကြိုတင်ပြင်ဆင်ရမယ့်အချက်များ

====================

ဖေါ်ပြပါ Root လုပ်နည်းသည် ဖုန်းရဲ့ warranty ကိုထိခိုက်တာမျိုးဖြစ်တာပါတယ်။


တကယ်လို့ မိမိဖုန်းရဲ့ Stock Rom ကိုပြန်တင်ယူမယ်ဆိုရင်တော့

ဖုန်းရဲ့ warranty ကပြန်လည် အလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။


ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ အဲဒီအတွက် 

Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း နှိပ်သွားလိုက်ပါပြီး

 Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ ပေါ်လာတဲ့ 

Developer Option မှ USB Debugging Mode ကို Enable ပြုလုပ်ပါ။



လိုအပ်တာတွေကိုဒေါင်းလော့ရယူပါ


Click Here to Download Odin 


Samsung USB Driver for Windows


Download Here CF-Auto-Root Package



CF-Auto-Root ဖိုင်ဖြင့် Root လုပ်နည်း

========================

ဖုန်းမှာ USB Debugging mode ကို Enable ပြုလုပ်ပါ။


ဒေါင်းလို့ရလာတဲ့ Odin & Root zip ကိုဖြည်လိုက်ပါ


Odin ကိုဖွင့်လိုက်ပြီး PDA ဆိုတဲ့နေရာမှာ CF-Auto-Root ဖိုင်ကိုထည့်လိုက်ပါ။


ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။

Download mode >>> volume down + Home + power

ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။


ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။


Odin မှဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။


Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်


ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root access ရရှိနေပါပြီ


Root Checker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။




အဆင်ပြေပါစေ



လာ​ရောက်​လည်​ပတ်​သူများအားလုံး​ကျေးဇူးတင်​ပါတယ်​ အိုင်​တီလူဆိုး​လေး

No comments:

Post a Comment

WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း

  windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...