သိတဲ့သူတွေတော့မဖတ်နဲ့ ပေါ့ဗျာ ဒါမှမပာုတ် အမှားတွေရင်ပြင်ပေးပေါ့ ပီားးး
Keylogger ဆိုတာကတော့ မိမိ Keyboard ပေါ်မှာနိုပ်လိုက်တိုင်း key လေးတွေတစ်ခုချင်းစီကိုမှတ်သားနိုင်စွမ်းရှိပါတယ်
Keylogger မှာ Software နဲ့  Hardware ဆိုပြီး နှစ်မျိုးရှိပါတယ်
အရင်ဆုံး Software Keylogger အကြောင်းကိုပြောပြပါမယ်
Keylogger (Software)
အပေါ်မှာပြောသလိုပဲ မိမိ Keyboard ပေါ်မှာနိုပ်လိုက်တိုင်း key လေးတွေတစ်ခုချင်းစီကိုမှတ်သားနိုင်စွမ်းရှိတာပေါ့
တချို့ ဆို Screen Shot မှတ်သားနိုင်သည့်အထိရှိကြပါတယ်
အဲ Keylogger ကို victim သုံးမယ့် PC မှာ Run ပေးထားတာရှိသလို Victim အား အကြောင်းတစ်ခုခုဖြင့်ဖိုင်တစ်ခုအားဒေါင်းခိုင်းပြီး
ဖိုင်ထဲမှာ keylogger ကိုမသိအောင်ထည့်ပေးထားလိုက်တာမျိုးလဲဖြစ်နိုင်ပါတယ်
အရင်တုံးကဆို ခေတ်စားလိုက်ပါသေးတယ် Gmail Hacker ဆိုပြီး ဒါလဲသုံးကြလိုက်တာများ တဖွဲဖွဲပဲ (အဲ့တုံးကဆို လက်တွေ့  )
အကောင့်လေးတွေများရလိုက်တာများ ခွိခွိခွိ
အဲဒါဆိုဆက်ပြောပါမယ်ဗျာ တကယ်တော့ Gmail Hacker ဆိုတဲ့ကောင်ရဲ့လုပ်ဆောင်ချက်ကတော့ ရှင်းပါတယ်ဗျ
အဲ့ tool ကိုကျွန်တော့် Gmail နဲ့  ရေးကတည်းက ချိတ်ပြီးသားပါ
ဒီနေရာမှာ Hack ချင်တဲ့ Gmail ရေး , ဘေးမှာသင့် Gmail ပြီးရင်အောက်မှာတော့ သင့် Password ကိုရေးခိုင်းလိုက်တာပါ
အောက်မှာ 'Hack' ဆိုတဲ့ခလုတ်လေးလုပ်ထားပေးလိုက်ပါတယ် နိုပ်လိုက်တိုင်း သူ့ ရေးထားတဲ့ Data ကို
ကျွန်တော် ချိတ်ဆက်ထားတဲ့အကောင့်စီကိုလုမ်းပို့ ပေးလိုက်တာပါ ။ ဒါကလဲ Hack တယ်လို့ ကြားတာနဲ့ လုပ်မယ်ဆိုတဲ့ကောင်တွေပဲခံရတာပါ အေးဆေးနေတဲ့ကောင်ဆိုဘာမှမဖြစ်ပါဘူး
အဲ Keylogger အကြောင်းပဲဆက်ပြောပါတော့မယ် .......
သူ့ ကို ကာကွယ်နိုင်တဲ့နည်းလမ်းတွေတော့ရှိပါတယ် စာရိုက်ရင် On Screen Keyboard နဲ့ ရိုက်ပါ
Keylogger သည်သင့် Keyboard ကနိုပ်သာကိုသာမှတ်သာပါ On Screen Keyboard ကိုမှတ်သားခြင်းမရှိပါဘူး
ပိာုက Screen Shot ရိုက်ရင်တော့သားလဲမသိ
Task Manager က End လို့ တော့ရပါတယ် ဒါပေမယ့် တချို့ က taskmanager မှာတခြား name နှင့်ပေါ်နေတတ်ပါတယ်
ဥပမာ။ explorer.exe ပေါ့ အကောင်းဆုံးကတော့ မိမိ Computer ကိုပဲသုံးတာအကောင်းဆုံးပါပဲ
နောက်ပြီးတော့ ဒေါင်းလော့ဆွဲရင်လဲ စိတ်ချရတဲ့ ဆိုက်တွေကပဲဒေါင်းစေချင်ပါတယ်
သူများက လင့်လာပေးတိုင်းမဒေါင်းမိစေနဲ့ ပေါ့ ။ အထူးသဖြင့် မူရင်းလင့်ကျမပေးပဲသင့်ကို file sharing site
တွေက Download Link ကိုပဲတန်းပေးတာဆိုရင်သတိထားပေါ့ဗျာ ။
ံKeylogger (Hardware)
အဲ ဒီကောင်ကျတော့ ရှာဖွေလို့ လွယ်ပါတယ် Hardware ကြီးကိုဗျ : P
သူက အင်တာနက်ဆိုင်တွေလောက်မှာပါပဲ Laptop လေးတွေမှာလုပ်လို့ ရပါဘူး
ဒီကောင်က MotherBoard က USB ပေါက် နဲ့  Keyboard USB ကြားကနေ ခံထားလိုက်တာပါ
တဆင့်ခံသဘောမျိုးပေါ့ အင်တာနက်ဆိုင်ရောက်ရင် နောက်ကို ကြည့်ကြည့်လိုက်ပေါ့ ရှိမရှိ
အဲဆိုင်ကလူလဲမမြင်စေနဲ့ အုံး (တော်ကြာ.....................ပဲာပဲာပဲာ )
ဒီလောက်ဆိုသဘောပေါက်ပြီထင်ပါတယ်
ကျွန်တော်လဲ ကိုယ်သိသလောက်ပြန်ပြောပြတာဖြစ်သည့်အတွက် အမှားပါရင်တောင်းပန်ပါတယ်
တောင်းပန်ပြီးပြီဖြစ်သည့်အတွက်ဆက်မှားပါမယ် (အလကား စတာနော်)
လာရောက်လည်ပတ်သူများအားလုံးကျေးဇူးတင်ပါတယ် အိုင်တီလူဆိုးလေး
No comments:
Post a Comment