Thursday, March 24, 2016

eMMC Backup and Restore from ADB Command [ Tutorial 1 ]






eMMC file ကို root လုပ်ပြီးသား ဖုန်းတွေကနေ backup ယူလို့ရပါတယ်။ သာမာန်အားဖြင့်တော့ 4GB ထက်မပိုတဲ့
eMMC file တွေကို အလွယ်တကူပဲ adb shell command အသုံးပြုပြီး backup ယူလို့ရပါတယ်။


eMMC file ကို adb  ကနေ backup ယူ adb ကနေပဲ restore လုပ်၊ ဖုန်းနဲ့ပတ်သက်တဲ့ ၉၆ပါး ရောဂါ အားလုံးနီးပါးပျောက်ကင်းပါတယ်။ Huawei U8825D ဖုန်းတွေ ပေါ်ကာစ ကတည်းက ဒီနည်းလမ်းကို အသုံးပြုပြီး
Software ပိုင်းဆိုင်ရာ ပြသနာပေါင်း မြောက်မြားစွာကို အလွယ်တစ်ကူ ဖြေရှင်းလို့ ရခဲ့ပါတယ်။ 



အဓိကအားဖြင့် Huawei Network lock , Bootloader Lock , IMEI error အစရှိတာတွေကို ဒီနည်းလမ်းနဲ့ပဲ သက်တောင့်သက်သာ ဖြေရှင်းလို့ရခဲ့ပါတယ်။ Huawei ရဲ့ C8815 နဲ့ G610-C00 ပေါ်လာတော့ အဲ့ဒီ နည်းလမ်းက သိပ်အဆင်မပြေသလို ရှိခဲ့ပါတယ်။ 


backup ယူနေတုန်းမှာ ပြသနာ မရှိပေမယ့်  Restore လုပ်တဲ့ အချိန်မှာတော့ ဖုန်းက 

restart လည်သွားပြီး dead သွားတာမျိုး ၊ Firmware ပြန်တင်လို့ မရတာမျိုး

 ဖြစ်ကုန်တဲ့အတွက် adb restore လုပ်တဲ့ Solution တစ်ခန်းရပ်ခဲ့ရပါတော့တယ်။ 


စိတ်ထဲတော့ သိပ်မကျေနပ်လှပါဘူး ထပ်ကြိုးစားကြည့်ပါတယ်။ ဒီတစ်ခါတော့ Restore မလုပ်သေးခင်
ဖုန်းကို Process အားလုံး ရပ်တန့်စေမယ့်  stop  command ကို အသုံးပြုခဲ့တော့ အဆင်ပြေပြေပဲ

 adb   eMMC Restore လုပ်လို့ရခဲ့ပြန်ပါတယ်။


မနှစ်လောက်က မန္တလေးမှာ လုပ်တဲ့ MOF ပွဲမှာ အဲ့ဒီ eMMC Backup/Restore Tool ကို အများသုံးလို့ရအောင် ဝေငှခဲ့ပါတယ်။ အများစုက ဘယ်လိုသုံးရမှန်း မသိကြသေးတာရယ်၊ သိတဲ့လူတွေကလည်း လိပ်ပတ်လည်အောင် ပြန်ရှင်းပြနိုင်ခြင်း မရှိတာကြောင့် သုံးချင်ပြီး အသုံးမတည့်ဘူး ဖြစ်နေခဲ့ပါတယ်။ 


ယနေ့တော့ အဲ့ဒီလို Tool မျိုးက ဘယ်လို အလုပ်လုပ်တယ်။ မိမိကိုယ်တိုင် တည်ဆောက်ချင်သူတွေ ဘယ်လိုတည်ဆောက်ရမယ် ၊ Tool တည်ဆောက်ပြီးသား Readymade ကို သုံးချင်တယ်ဆိုရင်လည်း သုံးလို့ ရအောင် Upload တင်ပေးချင်တာရယ်၊ MPPG ရဲ့ Service Tool များကိုမှ စိတ်ချယုံကြည်စွာ သုံးစွဲချင်တဲ့ Phone Service မိတ်ဆွေတို့ အတွက်adb eMMC backup/Restore  command သုံးနည်း Tool ကိုယ်တိုင်တည်ဆောက်နည်း နဲ့ Tool Download တို့ ဆက်တိုက်ဆိုသလို တင်ပေးသွားပါမယ်။


ပထမအဆင့် အနေနဲ့ 4GB အထိ ရှိတဲ့ ဖုန်းတွေအတွက် Tutorial ကို တင်ပေးသွားမှာဖြစ်ပြီး


ဒုတိယ အဆင့် အနေနဲ့ 4GB ကျော်တဲ့ဖုန်းတွေအတွက် tutorial ကို တင်ပေးသွားမှာဖြစ်ပါတယ်


တတိယ အဆင့်မှာတော့  eMMC Box တွေမှာ ထည့်သွင်း အသုံးပြုရတဲ့ 

boot1  boot2 ထုတ်ယူတဲ့ command တွေအကြောင်း ရှင်းပြပေးသွားမှာဖြစ်ပါတယ်။


No comments:

Post a Comment

WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း

  windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...