Monday, February 1, 2016

Tension Failure & Compression Failure

Tension Failure & Compression Failure
မေး - concrete design အပေါ်မှာ လွှမ်းမိုးတယ့် tension failure နဲ့ compression failure တွေအကြောင်းကို သိလိုပါတယ်ခင်ဗျာ။ နောက်ပြီး tension control တို့ အကြောင်းတွေရောပါ့။ ဆိုလိုတာက design က tension control ဖြစ်ပြီဆိုရင် လက်ခံနိုင်တယ့် design ဖြစ်ပြီ ဆိုလို့ပါ။
ဖြေ - Beam တစ်ချောင်းကို သူရဲ့ carrying capacity အထိ loading တင်ကြည့်ရင် ပုံစံ(၂) မျိုးထဲက (၁)မျိုးနဲ့ Failure (ကျိုး) ဖြစ်နိုင်ပါတယ်။
ပထမတစ်မျိုးက (steel ratio နည်းတဲ့အခါ အသင့်အတင့်ထည့်တဲ့အခါ) steel က အရင် yield ဖြစ်ပြီး နောက်မှ concrete က cracks တွေ ကျယ်ပြီး beam အောက်ခြေကနေ အပေါ်ထိ ပြန့်နှံ့ပြီး Failure ဖြစ်တာပါ။ ဒီလို Failure မျိုးကို Tension Failure လို့ခေါ်ပါတယ်။
ဒုတိယတစ်မျိုးက ( (steel ratio ထည့်တာများတဲ့အခါ) steel yield မဖြစ်ခင် concrete က strain အရမ်းများပြီး ခံနိုင်ရည်အရင်ကုန်သွားပါတယ်။ အဲနောက်မှ steel က မခံနိုင်လို့ (ကျိုး) Failure ဖြစ်တဲ့အခါ Warning Sign မပြနိုင်ပဲ Failure ဖြစ်ပါတယ်။ ဒီလို Failure မျိုးကို Compression Failure လို့ခေါ်ပါတယ်။
Compression Failure က Warning Sign မပြတဲ့အတွက် Tension Failure ကိုပဲ ရွေးချယ်ကြပါတယ်။
Steel က အရင် yield ဖြစ်မဖြစ် (Tension Failure လား Compression Failure လား) ဆိုတာကို Balanced Steel Ratio နဲ့ဆုံးဖြတ်ပါတယ်။ Balanced Steel Ratio မှာ Steel က yield ဖြစ်တာနဲ့ concrete က သူ့ရဲ့ compressive strain limit ဖြစ်တဲ့ 0.003 ကို ရောက်တာတို့ တပြိုက်နက် ဖြစ်ပါတယ်။
ဒါကြောင့် တကယ်ထည့်တဲ့ Steel ratio က Balanced Steel Ratio ထက် ညီတာနဲ့ ငယ်တာဆိုရင် Tension Failure ဖြစ်ပါတယ်။
Balanced Steel Ratio ထက် များတာဆိုရင်တော့ Compression ဖြစ်ပါတယ်။

No comments:

Post a Comment

WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း

  windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...