သင် Windows တင်တဲ့ အ ခါ မှာ Power ခလုတ် နှိပ်၊ F2 တို့ Delete တို့ စတဲ့ Boot Menu ဝင်နိုင် တဲ့ function key တစ် ခု ခု ကိုနှိပ်၊ Boot Device Option မှာ CD Drive ကိုရွေး ပြီး Windows Installation စလိုက်ရော၊ ပြီးတော့ Next တို့ ဘာ တို့ နှိပ်ရင်း ဟိုဟာရွေး ဒီဟာရွေးနဲ့ Windows တင်တာ ပိုင် သွားရော။
သို့ပေမယ့် သင့် ကွန် ပျူ တာ မှာ ပါတဲ့ CD Drive က မကောင်း တော့ဘူး ၊ ခွေ မဖတ်တော့ဘူး ဆိုရင်ရော Windows ဘယ်လိုတင်မလဲ?
Stick နဲ့တင်မှာ ပေါ့။ ဒါဆို Stick ကို Bootable ဖြစ်အောင် (Boot တက်လို့ ရအောင်) ဘယ်လို လုပ်မလဲ။ Bootable ဖြစ်အောင် ကူမယ့် စော့ဝဲ လေးတွေ ရှာဒေါင်းမှာပေါ့။
ကဲ အဲလိုက လည်း ပြောတော့သာ လွယ်တာ။ တကယ် ဒေါင်းမယ် ဆိုတော့ Search လုပ်တာလဲ ကျွမ်းဦးမှ၊ စော့ဝဲ တွေ့တော့ လည်း လိုင်းက ကောင်းဦး မှ၊ လိုင်း ကောင်းတော့ လည်း ပိုက်ပိုက် က ကုန်ဦးမှာ။
ဒီလို (ကျွန်တော့လို) ပိုက်ပိုက် မကုန်ဘဲ အဆင်ပြေတဲ့ နည်းကို ရှာနေ တဲ့သူ ဆိုရင်တော့ ဒီလိုလုပ်ပါလား....လို့...
တခြား CD DRIVE ကောင်းတဲ့ ကွန်ပျူတာ တစ်လုံး တော့ လိုမှာပေါ့။
၁။ Windows ခွေကို CD Drive ကောင်းတဲ့ ကွန်ပြူတာ မှာထဲ့ ပါ။
၂။ Stick ကို ကွန် ပြူ တာ တွင် တပ်ပါ။
၃။ ပြီးရင် ကွန်ပြူတာ Start ခလုတ်ကို နှိပ်ပါ။
၎။ Command Prompt လို့ရိုက် ထဲ့ ပြီး Windows Command Prompt ကိုဖွင့်ပါ
၅။ diskpart ရိုက် Enter ခေါက်ပါ
၆။ ခဏ စောင့်ပြီး နောက် ထပ် command ရိုက်ဖို့ စာ လေးပြမှ list disk လို့ရိုက် ပြီး Enter ခေါက် ပါ
၇။ မိမိ memory stick ကို နောက် က memory details ကိုသေချာ ကြည့်ပြီး ဥပမာ သင့် memory stick က 8GB ဆိုရင်၊ disk 1 ရာမှာ 7GB ကျော်ကျော် လေး ပြ ထား ရင် select disk 1 လို့ ရိုက်ပြီး Enter ခေါက်ပါ (stick ကို memory details ပြရင် MB နဲ့ပဲ ပြ တာ များ ပါ တယ်၊ GB နဲ့ မပြ ပါ ဘူး ဘာနဲ့ပဲ ပြပြ ဒီ နေရာ မှာ disk 1,disk 2 disk 3 အရွေး မမှား ဖို့ သတိ ထားပါ)
၈။ clean ရိုက်ထဲ့ ပြီး Enter ခေါက် ပါ
၉။ create partition primary ရိုက်ထဲ့ ပြီး Enter ခေါက် ပါ
၁၀။ active လို့ရိုက်ထဲ့ ပြီး Enter ခေါက် ပါ
၁၁။ format fs=ntfs လို့ ရိုက်ထဲ့ ပြီး Enter ခေါက် ပါ
၁၂။ 100% ပြီးရင် exit လို့ ရိုက်ထဲ့ ပြီး Enter ခေါက် ပါ
၁၃။ ပြီးရင် Command Prompt ကို Close လုပ် လိုက်လို့ ရပါ ပြီ ။ သူ့ တာဝန် ကျေ သွားပါ ပြီ။ ဒါဆို memory stick နဲ့ boot တက်လို့ ရပါ ပြီ။
၁၄။ အဲဒါ ပြီးရင် စောစော က ကွန်ပြူတာ ထဲ ထဲ့ထားတဲ့ Windows ခွေကို ၂ချက် တန်း မနှိပ်ဘဲ Right Click ထောက်ပြီး Open နှိပ်ပါ
၁၅။ ပြီးရင် ခွေထဲက ရှိသမျှ ဖိုင် အားလုံး ကို stick ထဲသို့ Copy လုပ်ပါ
၁၆။ ပြီးသွားရင် stick ဖြင့် boot တက်လို့ ရပါပြီ ၊ Windows တင်လို့ ရပါ ပြီ။
လာရောက်လည်ပတ်သူများအားလုံးကျေးဇူးတင်ပါတယ် အိုင်တီလူဆိုးလေး
Thanks a lot ဆွာ
ReplyDeleteကျေးဇူးအမျာကြီးတင်ပါတယ်အိုင်တီလူဆိုးလေး
ReplyDelete