Thursday, February 4, 2016

Sim Card တစ်​ကတ်​ထဲဖုန်းကို ဖုန်းနံပါတ်​ ၂ ခု သုံးချင်​သူ​တွေအတွက်​ နည်းလမ်း​ကောင်း။ ​ဆောဝဲမလို အင်တာနက်လိုင်း​မလို ပိုက်ဆံမစားဘူး​​​။ တကယ်​အသုံးဝင်​တာ​နော်​။

ကျ​နော်​တို့ဖုန်းထဲမှာ MPT Sim သုံးထားတယ်​​ပေါ့ဗျာ။ အဲတာ ဖုန်းကလည်း Sim တခုထဲသုံးလို့ရတယ်​ Telenor ကိုလည်းသုံးချင်​တယ်​ အဲမှာ အခက်​​တွေ့​ရော​ပေါ့။ ကဲဒါဆိုရင်​ အသုံးပြုလို့ရတဲ့နည်းလမ်း ​တွေ့ထားပါတယ်​။ MPT ဖုန်းနံပါတ်​ကို Telenor ထဲမှာ အ၀င်​ Call လက်​ခံလို့ရမယ်​ဗျ။ အဲတာဆိုရင်​ Telenor Sim တခုထဲမှာ MPT ​ရော Telenor နံပါတ်​ပါ နှစ်​ခုလုံး အ၀င်​​ခေါ်လက်​ခံလို့ရပြီဗျ။ လုံးဝ Free ​နော်​ ကျ​နော်​ လက်​​တွေ့ စမ်းသပ်​ပြီး သုံး​နေပါတယ်​။ ဒီနည်းကို MPT မူရင်း Page က​နေ တင်​ထားတာ​တွေ့လို့ စမ်းကြည့်​တာ အဆင်​​ပြေလို့ ပြန်​မျှ​ဝေ​ပေးတာပါ။ Ooredoo သုံးသမား​တွေလည်း ယခုနည်းအတိုင်းလုပ်​လို့ရပါတယ်​။ အတူတူပါပဲ။ 


မရှင်းမှာ စိုးလို့ အခုနည်းက MPT ဖုန်းနံပါတ်​ကို Telenor/Ooredoo နံပါတ်​ထဲမှာ အ၀င်​​ call လက်​ခံလို့ရတဲ့နည်း​နော်​။ MPT Sim ကို ဖုန်းထဲက​နေထုတ်​ထားလည်း MPT ကို Call ရင်​ Telenor ထဲ ၀င်​သွားမှာပါ။ အဲတာဆို Sim တကတ်​ထဲဖုန်းက နံပါတ်​ ၂ ခုအ၀င်​လက်​ခံလို့ရပြီ​ပေါ့။ အရမ်းအသုံးဝင်​တာ​နော်​ ကဲ​အောက်​ကနည်းအတိုင်း လိုက်​လုပ်​ကြပါဗျာ အဆင်​​ပြေပါ​စေ။ ကျ​နော်​ ကိုယ်​တိုင်​ စမ်းထားတာမို့ စိတ်​ချလက်​ချ ဒီနည်းကို သုံးနိုင်​ပါတယ်​။ ကဲ စမယ်​ဗျာ ---


- အရင်​ဆုံး MPT Sim Card ကို ဖုန်းထဲမှာထည့်​ထားပါ။

- 1331ကို CF လို့ ​ရေးပြီး SMS ပို့ပါ။ ခန​နေရင်​ SMS တခု ပြန်​၀င်​လာပါမယ်​။ အဲတာဆို စလို့ရပြီ။

- ကို့ရဲ့ MPT Sim မှာ ကိုသုံးချင်​တဲ့ ကတ်​ Telenor/Ooredoo နံပတ်​ကို *21*09×××××××××# လို့ရိုက်​ပြီး Call နိပ်​လိုက်​ပါ။ ခန​နေဆို Success ဖြစ်​တဲ့ စာပြလာရင်​ ​အောင်​မြင်​ပါပြီ။ အဲတာဆို MPT Card ကို ထုတ်​လိုက်​လို့ရပြီ ခုနက ထည့်​ထားတဲ့ နံပါတ်​ Telenor/Ooredoo Sim ကို ဖုန်းထဲ ထည့်​လိုက်​ပါ။ အဲတာဆို အားလုံး အဆင်​​ပြေပါပြီ။


MPT နံပါတ်​ပဲ​ခေါ်​ခေါ် Telenor နံပါတ်​ပဲ​ခေါ်​ခေါ် ကိုထည့်​ထားတဲ့ Telenor Sim ထဲမှာပဲ Calling ၀င်​လာမှာဖြစ်​ပါတယ်​။ အဲတာဆို Sim တခုထဲကို နံပါတ်​ ၂ ခုအ၀င်​ Call လက်​ခံလို့ရပါပြီ။ ကျ​နော်​ လက်​​တွေ့ စမ်းထားတာမို့ မဖြစ်​နိုင်​ဘူးဆိုတာမ​ပြောပါနဲ့​နော်​။ အဆင်​မ​ပြေရင်​ ကျ​နော့်​ဖုန်းနံပါတ်09961197690ကို ဖုန်းဆက်​ပြီး​မေးပါ။ ဖုန်းနဲ့ ​ရေးတင်​တာမို့ ပုံနှင့်​တကွ မပြနိုင်​တာ ခွင့်​လွှတ်​ပါ​နော်​။



မူလအတိုင်းမူလအတိုင်းပြန်​သုံးချင်​လို့ CF ကိုပြန်​ပိတ်​ချင်​ရင်​ 1331 ကို CF OFF လို့ MPT မှာ SMS ပို့လိုက်​ပါ နဂိုမူလအတိုင်းပြန်​ဖြစ်​သွားပါမယ်​။ အခြားဘာ Setting မှ ချိန်းစရာမလိုပါဘူး။


အားလုံးအဆင်​​ပြေပါ​စေ



လာ​ရောက်​လည်​ပတ်​သူများအားလုံး​ကျေးဇူးတင်​ပါတယ်​ အိုင်​တီလူဆိုး​လေး

No comments:

Post a Comment

WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း

  windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...