Saturday, February 13, 2016

Mac OS ပေါ်တွင် Partition အသစ်တစ်ခုအား ဖန်တီးပြုလုပ်ခြင်း





Mac OS အသုံးပြုသူတွေအ နေနဲ့မိမိရဲ့ Mac OS အသုံးပြုထားတဲ့ ကွန်ပျူတာပေါ်မှာ Partition နောက်ထပ်တစ်ခုကို ထပ်မံပြုလုပ် လိုတယ်ဆိုရင် အလွယ်တကူနဲ့ ပြုလုပ်ဖန်တီး နိုင်မှာဖြစ်ပါတယ်။ Mac OS အသုံးပြုထားတဲ့ Partition ကနေ Data တွေ သိမ်းဆည်းဖို့အတွက် နောက်ထပ် Partition တစ်ခုကို ဖန်တီးပြုလုပ် လိုတယ်ဆိုရင် အောက်ဖော်ပြပါ နည်းလမ်းများအတိုင်း အလွယ်တကူနဲ့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။


Mac OS ပေါ်မှာ Partition တစ်ခု ပြုလုပ်ဖို့အတွက် ပထမဆုံး Dork ပေါ်မှာ Launchpad ကိုဖွင့်လိုက်ပါ။ Launchpad ဖွင့်ပြီးရင် Disk Utility ဆိုတာကို ရှာပြီးဖွင့်လိုက်ပါ။ Disk Utility ထဲမှာ လက်ရှိကိုယ်သုံးနေတဲ့ Hard Disk ကိုတွေ့ရမှာ ဖြစ်ပါတယ်။ ဘယ်ဘက်အခြမ်းမှာရှိတဲ့ ကိုယ့်ရဲ့ Hard Disk ကို Select မှတ်လိုက်ပါ။ ပြီးသွားရင် Partition ပြုလုပ်ဖို့အတွက် ညာဘက်အခြမ်းဘက်မှာရှိတဲ့ Partition ဆိုတဲ့ Tab ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။

Partition Layout ဆိုတဲ့ နေရာမှာတော့ လက်ရှိကိုယ့် Hard Disk ထဲမှာ Partition ဘယ်နှစ်ခုရှိတယ် ဆိုတာကို ပြသပေးမှာ ဖြစ်ပါတယ်။ အကယ်၍ Partition အသစ်ပြု လုပ်မယ့်သူတွေ အနေနဲ့ Partition Layout ဆိုတဲ့ ပြထားတဲ့ အောက်ခြေမှာ အပေါင်းလက္ခဏာ သေးသေးလေးကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အဲဒီအပေါင်း လက္ခဏာလေးကို တစ်ချက်နှိပ်လိုက်ပါ။

အပေါင်းလက္ခဏာလေးကို နှိပ်ပြီးသွားရင် Partition Name ပေးရမှာ ဖြစ်ပါတယ်။ နှစ်သက်ရာ အမည်ကို ထည့်သွင်းနိုင်ပါတယ်။ ပြီးသွားရင် Partition ပြုလုပ်ဖို့အတွက် Format ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ Mac OS ကို အထောက်အပံ့ပေးတဲ့ Partition အမျိုးအစားကို ရွေးချယ်ပြီး Format ပြုလုပ်ရမှာ ဖြစ်ပါတယ်။ နောက်ဆုံး အဆင့်ကတော့ Partition အရွယ်အစား ဘယ်လောက် ထားရှိမယ်ဆိုတာကို Size သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။ အားလုံးပြီးသွားရင် Apply ပြုလုပ်လိုက်တာနဲ့ ကိုယ်ပြုလုပ်လိုက်တဲ့ Partition တစ်ခုကို အသင့်သုံးနိုင်တဲ့ အနေအထားနဲ့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။



လာ​ရောက်​လည်​ပတ်​သူများအားလုံး​ကျေးဇူးတင်​ပါတယ်​ အိုင်​တီလူဆိုး​လေး

No comments:

Post a Comment

WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း

  windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...