Saturday, February 13, 2016

iPhone တွေမှာအသုံးပြုနေရင်း စက်ပူလာမှုပမာဏကို ဘယ်လိုဖြေရှင်းမလဲ






iPhone ကိုအသုံးပြုရင်းကနေ overheating လို့ခေါ်တဲ့ အချိန်ကြာလာသည်နဲ့အမျှ
အပူချိန်မြင့်တက်လာမှုကိုပြသနာအတွက် ဖြေရှင်းနည်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီပြသနာက iPhone 6, 6s, 5, 5c, 5s, 4s or 4 တွေအားလုံးနီးပါးမှာ
ဖြစ်လေ့ရှိတာပါ၊ Users အများစုကြုံတွေ့နေရတဲ့ ပြသနာတစ်ခုလည်းဖြစ်ပါတယ်။

စိုးရိမ်တတ်တဲ့ Users တွေအတွက် ဒီ overheating ပြသနာကိုဖြေရှင်းနည်းကို
မိမိကိုယ်တိုင်အလွယ်တကူဖြေရှင်းယူနိုင်အောင် နည်းလမ်း (၅) မျိုးဖြင့် ဖေါ်ပြလိုက်ပါတယ်။


၁။ Safari Software Browser ကို Disable ပြုလုပ်ပေးပါ

အသုံးပြုနေရင်း စက်ပူလာမှုပြသနာကို ဖြေရှင်းနိုင်တဲ့ ပထမဆုံးနည်းလမ်းကတော့
Safari Software Browser ကို ပိတ်ထားချင်းဖြစ်ပါတယ်၊
အဲဒီအတွက် Setting>iCloud ကိုဖွင့်ပြီး Sync ကိုပိတ်ထားလိုက်ပါ။

၂။ Background App Refresh ကိုပိတ်ထားပါ

နောက်ထပ်ဖြေရှင်းပေးရမယ့် နေရာကတော့ Background App Refresh များကို
ပိတ်ထားခြင်းဖြင့်လည်း စက်အပူကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။

အဲဒီ Background App တွေဟာ Battery ကိုအကုန်မြန်စေနိုင်တာမို့
မလိုအပ်ရင်ပိတ်ထားသင့်ပါတယ်၊ အဲဒီ Background App များကိုပိတ်ထားရန်အတွက်
Setting ကိုတစ်ချက်နှိပ်ပြီး General >Background App Refresh>
Disable Background App Refresh  ဆိုပြီး ပိတ်ထားလိုက်ပါ။

၃။ ဖုန်းကို Restart ချပေးပါ

ဒီတစ်ခါ စက်အပူကိုလျှော့ချနိုင်ရန်အတွက် ပြုလုပ်ပေးရမယ့် နည်းလမ်းတစ်ခုကတော့
သင့်ဖုန်းကို အသုံးနေတာကို ခနရပ်ပြီး ဖုန်းကို Restart ချပေးရမှာဖြစ်ပါတယ်။

ဒီအတွက် ဖုန်းရဲ့ ပါဝါခလုပ် wake/sleep button နှိပ်လိုက်ပြီး slider to switch off
 ဆိုတာကို ညာဘက်သို့ဆွဲလိုက်ပြီး ဖုန်းကို Restart ချပေးလိုက်ပါ။

ပြန်လည် ပါဝါခလုပ် wake/sleep button ကိုနှိပ်ပြီး ဖုန်းကိုဖွင့်လိုက်ပါ
ပြန်တက်လာတဲ့အခါ သင့်ဖုန်းရဲ့အပူချိတ် overheating ကိုသက်သာစေနိုင်ပါတယ်။

၎။ iTunes ကိုအသုံးပြုပြီး Device ကို Restore ပြုလုပ်ပေးပါ

ဒီတစ်ခါ သင့်ဖုန်းရဲ့ overheating စက်အပူချိန်ကို လျှော့ချပေးရန်အတွက်
ကွန်ပျူတာကိုအသုံးပြုပြီး iTunes ဖြင့် ဖုန်းရဲ့ Devices ကို Restore ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

Restore ပြုလုပ်ရန်အတွက် iPhone ကို ကွန်ပျူတာတွင် ချိတ်ဆက်လိုက်ပါ
ကွန်ပျူတာတွင် iTunes ဆော့ဝဲကို install ပြုလုပ်ပေးထားမှာပဲဖြစ်ပါတယ်။

iTunes က iPhone ကိုသိပြီဆိုတာနဲ့ iTunes ဆော့ဝဲရဲ့ summary panel မှတစ်ဆင့်
Restore ပြုလုပ်ပေးနိုင်ပါတယ်၊ Connection သာအဆင်ပြေနေရင်တော့ iOS Version ကို
Manual အနေဖြင့် Update ပြုလုပ်ပေးခြင်းဖြင့် စက်အပူကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။


၅။ All Settings and Content ကို Reset ပြုလုပ်ပေးပါ

iDevice တွေရဲ့ အသုံးပြုနေရင်း စက်ပူလာမှုပမာဏကို လျှော့ချပေးနိုင်မယ့်
နောက်ထပ်နည်းလမ်းတစ်ခုကတော့ ဖုန်းရဲ့ Setting တွေထဲမှာရှိတဲ့
All Settings and Content များကို Reset ချပေးရမှာဖြစ်ပါတယ်။

ဒီအတွက် Settings > General > Reset > select Erase all Settings and Content
ဆိုပြီးတစ်ဆင့်ချင်း နှိပ်ပြီး Reset all ပြုလုပ်ပေးလိုက်ပါ။

အခုလို Reset or erase ပြုလုပ်ခြင်းဟာ Firmware ကိုအသစ်ပြန်ရေးသလို
Reset တစ်ခုပြုလုပ်ပြီးတဲ့အခါ iPhone အသုံးပြုရန်အတွက်
Set up a new device အနေဖြင့် Activate ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။



လာ​ရောက်​လည်​ပတ်​သူများအားလုံး​ကျေးဇူးတင်​ပါတယ်​ အိုင်​တီလူဆိုး​လေး

No comments:

Post a Comment

WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း

  windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...