ကျွန်တော်တို့အားလုံး IDM ဆိုတာဘာလဲသိသလို အရမ်းအားကိုးရတယ်ဆိုတာလဲသိထားပါတယ်။ ကျွန်တော်သုံးတိုင်း
ကျွန်တော့်ခေါင်းထဲမှာ မေးခွန်းတစ်ခုရောက်ရောက်လာတယ်။ ဘာလို့ သူနဲ့ကျမှ Internet download
speed မြန်တာလဲ ဆိုတာပါ။
အဲ့တော့ ကျွန်တော်မနေနိုင်တဲ့အဆုံး Google ကြည့်တော့ အဖြေတွေ့ပါတယ်။ တကယ်ပဲ Internet
Download Manager က
Download Speed (connection) ကောင်းစေတာလား ???အဖြေက Big NO!! ပါ။ မဟုတ်ပါဘူး။
Internet Download Manager ကကျွန်တော့တို့ရဲ့ ဒေါင်းလုပ် speed ကိုမြန်အောင်မလုပ်ပေးနိုင်ပါဘူး။
အများအားဖြင့် Servers တွေက File တစ်ခု Multiple IP တွေကနေ connection တစ်ခုထက်ပိုပြီး
ဒေါင်းလုပ်လုပ်ခွင့်ပေးပါတယ်။
IDM လုပ်ဆောင်တာက ဥပမာပြောရရင် ပုရွက်ဆိတ်တွေက ထမင်းတစ်လုံးကို ဝိုင်းဖဲ့ပြီးသယ်သလိုပေါ့
့(ဒီမှာတော့ ဝိုင်းမပြီးသယ်တယ်ဆိုတာကိုမစဉ်းစားရအောင်) သူတို့ဟာ ဒေါင်းလုပ် လုပ်မယ့် ဖိုင်ရဲ့
stream of bits
တွေကို Client IP address တွေကနေ ဆွဲထုတ်ယူပါတယ်။ အသေးစိတ်ရှင်းပါမယ်။ IDM က
သူဒေါင်းလုပ် လုပ်မယ့် Server က
Multiple Connection နဲ့ ဖိုင်ကိုဒေါင်းခွင့်ပေးတယ်ဆိုရင် IDM က request လုပ်တယ် အဲ့အချိန် Server
က Byte Stream နဲ့
ဒေါင်းခွင့်ပေးပါတယ်၊ အဲ့တော့ IDM က ဘယ် Byte ကနေစပြီး ဒေါင်းမလဲဆိုတာကို ပြန်ပို့ပေးပါတယ်။
ဒီမှာ IDM လုပ်ဆောင်တာက အရင်ဆုံး Multiple IP တွေကနေ လိုင်း ၈ လိုင်း Download Request ကို
file hosting server ဆီ ပို့လိုက်ပါတယ် ၊
အဲ့လိုင်းတိုင်းမှာ မတူညီတဲ့ စမှတ်တွေရှိပါတယ်။ ဥပမာပြောရရင် ကျွန်တော်တို့ ဒေါင်းချင်တဲ့ ဖိုင်က 8000
Bytes ရှိတယ်ဆိုရင်
နံပါတ် ၁ လိုင်းက > 0 Byte to 999 Bytes
နံပါတ် ၂ လိုင်းက > 1000 Bytes to 1999 Bytes
နံပါတ် ၃ လိုင်းက > 2000 Bytes to 2999 Bytes အဲ့လိုနဲ့
နံပါတ် ၈ လိုင်းက > 7000 Bytes to 7999 Bytes စသည်ဖြင့် Thread တွေပို့ပြီး အပိုင်းတွေခွဲပြီးဒေါင်း
ချင်တယ်လို့ Server
ကိုပြောပြီး ဒေါင်းပါတယ် နောက်ဆုံးအပိုင်းအားလုံး ဒေါင်းပြီးသွားရင် အဲ့အပိုင်းအားလုံးကို ပြန်ဆက်ပြီး
ကျွန်တော်တို့ လိုချင်တဲ့
ဖိုင်အဖြစ်ပြန်ထုတ်ပေးပါတယ်။
ဒါဆို အားလုံးရှင်းလောက်ပါပြီ။ ကျွန်တော်တို့ IDM နဲ့ဒေါင်းမှ connection မြန်တယ်ဆိုတဲ့ အသိတွေက
တကယ်တော့အမှားတွေပါ။ IDM က
အပိုင်းတိုင်းအတွက် ဒေါင်းလုပ် ပြတ်မသွားအောင် လုပ်ပေးတဲ့အတွက် ကျွန်တော်တို့ရဲ့ connection
ကဘယ်တော့မှ ရပ်သွားတာမျိုး
ကျသွားတာမျိုးမဖြစ်တော့ပါ
ဘူး။ ဆိုလိုတာက ကျွန်တော်တို့ connection က 8 kbs ပဲရှိတယ်ဆိုပါတော့ IDM ကကျွန်တော်တို့
ဒေါင်းချင်တဲ့ File ကို ၈
ပိုင်းပိုင်းပြီး တစ်ပိုင်းကို 1 kbs speed နဲ့ဒေါင်းပါတယ်။ အဲ့တော့ကျွန်တော်တို့က ကျွန်တော်တို့ရတဲ့
connection speed နဲ့ပဲဒေါင်းနေတာပါ။
အားသာချက်က ကျွန်တော်တို့ speed သာ 5 kbs ကိုကျသွားခဲ့ရင်လဲ 5 kbs
အပြည့်ဒေါင်းလို့ရနေပါတယ်။ IDM မသုံးပဲ ဒေါင်းတာနဲ့ ကွာတဲ့အချက်က
သာမန် ဒေါင်းလုပ်ဟာ Single Thread ပဲဖြစ်တယ် နောက်ပြီး ကျွန်တော်တို့ဟာ ဘယ်တော့မှ
ကျွန်တော်တို့ရနေတဲ့ speed
အပြည့်နဲ့ ဒေါင်းလို့မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် IDM နဲ့ကြတော့ အမြဲ speed အပြည့်နဲ့ ဒေါင်းနိုင်တဲ့အတွက်
IDM က connection မြှင့်ပေးသလို
ထင်နေရခြင်းပဲဖြစ်ပါတယ်။
လာရောက်လည်ပတ်သူများအားလုံးကျေးဇူးတင်ပါတယ် အိုင်တီလူဆိုးလေး
No comments:
Post a Comment