Saturday, February 13, 2016

iCloud ပေါ်ရှိ Contacts များအား Android ဖုန်းပေါ်သို့ ရွှေ့ပြောင်းအသုံး





iCloud ဆိုတာကတော့ iDevice တွေမှာ အသုံးပြုတဲ့ အွန်လိုင်း Backup စနစ်တစ်ခု ဖြစ်ပါတယ်။ iDevice တွေပေါ်ကနေ iCloud မှာ မှတ်သားထားတဲ့ Contacts တွေကို အခြား Android ဖုန်းတစ်ခုပေါ်ကို ပြောင်းလဲရွှေ့ပြောင်း အသုံးပြုဖို့နိုင်ဖို့အတွက် ပြုလုပ်မယ့် နည်းလမ်းဖြစ်ပါတယ်။ iCloud ပေါ်မှာ ရှိနေတဲ့ Contacts တွေကို အလွယ်တကူ ရယူအသုံးပြု နိုင်ဖို့အတွက်  ကွန်ပျူတာမှာ ပြုလုပ်ခြင်းဟာ  အဆင်အပြေဆုံးပါပဲ။



iPhone ကနေ အခြား Android ဖုန်းတစ်ခုကို ပြောင်းလဲအသုံးပြုမယ့် အချိန်မှာဆိုရင်လည်း ဒီနည်းလမ်းနဲ့ Contacts တွေကို ရွှေ့ပြောင်း ပြုလုပ်လို့ ရနိုင်ပါတယ်။  Apple Device Contacts တွေကို Android ဖုန်းပေါ်ကို ပြောင်းလဲအသုံးပြုတဲ့ အခါမှာ ကွန်ပျူတာပေါ်မှာ iTool App ကို အသုံးပြုပြီး ရွှေ့ပြောင်းနိုင်သလို ယခုဖော်ပြမယ့် iCloud ပေါ်ကနေ ရယူအသုံးပြုတဲ့ နည်းလမ်းနဲ့လည်း ရွှေ့ပြောင်းအသုံးပြု နိုင်ပါတယ်။






စတင်ပြီး လေ့လာကြည့်ကြပါမယ်။ ပထမဆုံး ကိုယ့်ရဲ့ iCloud အကောင့်ကို ကွန်ပျူတာမှာ ဝင်လိုက်ပါ။





iCloud ထဲကို ရောက်ရှိချိန်မှာတော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။





မြင်တွေ့ရတဲ့ မြင်ကွင်းပေါ်မှာ Contacts ဆိုတာကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ခုလိုမျိုး ထပ်မံမြင်တွေ့ ရပါလိမ့်မယ်။





မြင်တွေ့ရတဲ့ မြင်ကွင်းမှာ ကိုယ့်ရဲ့ iCloud ပေါ်မှာ မှတ်သားထားတဲ့ Contacts တွေကို အစီအစဉ်အတိုင်း ဖော်ပြထား ပါလိမ့်မယ်။ Contacts အားလုံးကို Select လုပ်လိုက်ပါ။ ဒါမှမဟုတ် အချို့မလိုချင်တဲ့ Contacts တွေ ရှိနေတယ်ဆိုရင်လည်း ရွေးချယ်ပြီး Select လုပ်နိုင်ပါတယ်။





ကိုယ်အသုံးပြုလိုတဲ့ Contacts တွေကို ရွေးချယ်ပြီး Select ပြုလုပ် ပြီးသွားပြီဆိုရင်တော့ ဘယ်ဘက်အောက်နားမှာ ရှိနေတဲ့ Setting သင်္ကေတကို နှိပ်လိုက်ပါ။





ဒါဆိုရင်တော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ်မယ်။





မြင်တွေ့ရတဲ့ မြင်ကွင်းမှာ Export VCard ဆိုတဲ့ နေရာကိုနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ဖိုင်ကို Save လုပ်မလား Open  လုပ်မလားဆိုပြီး မေးပါလိမ့်မယ်။ Save လုပ်လိုက်ပါ။ ဒါဆိုရင်တော့ Android ဖုန်းတွေမှာ အသုံးပြုနိုင်တဲ့ vcf Contact ဖိုင်ကိုရရှိ ပါလိမ့်မယ်။ ဒီဖိုင်ကို Android ဖုန်းတွေမှာ ထည့်သွင်းပြီး အသုံးပြုနိုင်ပါပြီ။



လာ​ရောက်​လည်​ပတ်​သူများအားလုံး​ကျေးဇူးတင်​ပါတယ်​ အိုင်​တီလူဆိုး​လေး

No comments:

Post a Comment

WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း

  windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...