ဒီနေ့တော့ကျနော်ကိုယ်တိုင် ဒီလို error မျိုးကိုကြုံတွေ့ခဲ့ရပီး ဖြေရှင်းနိုင်ခဲ့ပါတယ်။
Google play services error ဖြစ်ရတဲ့
အကြောင်းရင်းများစွာရှိပါတယ်။
ကျနော်ဖုန်းမှာဒီ error ဖြစ်ရတာကတော့
Device (phone) တစ်ခုထဲမှာ simcard
၂ ခုထဲ့ထားပီး internet ကိုအဆင်ပြေတာနဲ့
တခုပီးတစ်ခု ပြောင်းသုံးခြင်း၊
Gmail account ၅ ခုထက်ပိုပီး ၀င်ထားခြင်း၊
VPN အမျိုးမျိုးကို အဆင်ပြေသလိုအသုံးပြုခြင်း၊
Premimum ဆော့ဝဲများကို
Patched or cracked ဆော့ဝဲများအသုံးပြု၍
Update တက်မိခြင်း
တွေကြောင့် လို့ ထင်ပါတယ်
Forum တွေမှာ လေ့လာကြည့်တဲ့အခါ
Error အမျိုးမျိုးနဲ့ ဖြေရှင်းနည်းအမျိုးမျိုးကို
တွေ့ရပေမဲ့ ကျနော့်အတွက်အဆင်မပြေ
လို့တော်တော်စိတ်ညစ်ခဲ့ရတယ်
Forum တွေကိုလေ့လာချင်ရင်တော့
Browser ရဲ့ search box မှာ
ကိုယ်ဖြစ်နေတဲ့ error ကို ရိုက်ထဲ့ပီး +Forum
လို့ရှာပါ how to နဲ့လဲရပါတယ်။
သူတို့ရဲ့ solve တွေကိုလေ့လာပီးလုပ်ကြည့်နိုင်ပါတယ်
ကျနော်လုပ်ကြည့်တာတော့ဘယ်နည်းနဲ့မှ
အဆင်မပြေပါဘူး
ကျနော့ error က
Play store ကိုတော့ သုံးလို့ရပါတယ်
ဒါနဲ့ပဲ နောက်ဆုံး update ကို dowload ချကြည့်တော့လဲ download ပီးကာနီးတိုင်း
Error တက်ပီးနေပါတယ်
Blackmart ကနေ download ချကြည့်တော့ download လို့ရပါတယ်
ဒါပေမဲ့ install လုပ်လို့မရပြန်ပါဘူး
ဒါနဲ့ပဲ နာမည်ကြီးတဲ့ Root Explorer Apk
နဲ့ လုပ်ကြည့်ပါတယ် မရပါဘူး။
အဲဒီမှာ ကျနော် အကြိုက်ဆုံး
Lidroid File apk လေးကိုသွားသတိရ
မိပါတယ်။
Lidroid File apk လေးကိုဖွင့်လိုက်ပါတယ်
စောစောက ဒေါင်းလုပ် ဆွဲထားတဲ့ google play services ကို ဒီ ထဲမှာပဲရှာပီး copy
ယူလိုက်ပါတယ် ပီးတာနဲ့ ဒီ Lidroid File apk ရဲ့ ထဲမှာပဲ root explorer ဆို
တာကိုနှိပ်လိုက်ပီး system အောက်က
App ထဲကိုဝင်ပီး Paste လုပ်ပါတယ်
ပီးတော့ install လုပ်လိုက်ပါတယ်။
Very Very good ပါတယ် ခင်ဗျာ။
ဘာ error မှ မတက်တော့ပဲအောင်မြင်သွားပါတယ်။
အခုကျနော်အသုံးပြုခဲ့တဲ့
Lidroid File apk ကိုလိုချင်ရင်တော့
ဒီအောက်ကလင့်ကိုနှိပ်ပီးယူပါခင်ဗျာ။
https://db.tt/c4jfBwLC
တခြား Root explorer apk တွေ ဘယ်လောက်ကောင်းကောင်း
အသစ်တွေဘယ်လောက်ထွက်ထွက်
အခုချိန်ထိတော့ ဒီ Lidroid File apk
လေးကို မမှီသေးပါဘူးဆိုတာပါပဲ။
ဆုံးအောင်ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
ကျနော်ရေးတဲ့ပို့စ် လေးက မိတ်ဆွေတို့ကို
တစ်စုံတရာကျေးဇူးပြုလို့ အကျိုးရှိမယ်လို့
မျှော်လင့်ပါတယ်။
Cbox လေးမှာ တစ်ခုခု ဝေဖန်ရေးပေးခဲ့ပါဦး။
Beginner များအတွက်ရည်ရွယ်ပါတယ်။
လာရောက်လည်ပတ်သူများအားလုံးကျေးဇူးတင်ပါတယ် အိုင်တီလူဆိုးလေး
Honor 6A Google software သုံးမရလို့အလင်းပြပါအုံး ဆရာ GSM core error လိုအပ်တာပါ
ReplyDelete