Wednesday, February 17, 2016

Ghost Push သို့မဟုတ် Monkey test and Time Service Malware အကြောင်း သိကောင်းစရာများ











လတ်တလော MonkeyTest ဒါမှမဟုတ် Time Service စတဲ့ စကားလုံးတွေဟာ Android အသုံးပြုပုံတွေအကြားရေပန်းစားနေပါတယ်။ ထိခိုက်ခံရသူအများစုဟာ အဲဒီ Monkeytest နဲ့ Time Service ဆိုတဲ့ App နှစ်ခုကို ဖယ်ရှား ရှင်းလင်းဖို့ မဖြစ်နိုင်ဘူးလို့ သတင်းပေးပို့လာကြပါတယ်။ 


ရက်အနည်းငယ်လောက် သုတေသန လုပ်အပြီးမှာတော့ CM Security Research Lab က Ghost Push ဆိုတဲ့ Android Virus ရဲ့ ရင်းမြစ်ကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။


Ghost Push ဟာ အမှန်တကယ်တမ်းတော့ ကြေငြာ Virus တစ်ခုဖြစ်ပြီးတော့ Application တွေကို တရားမ၀င်ကြေငြာနေခြင်းသာဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာတစ်ဝှမ်းမှာ ဖုန်းအမျိုးအစား 14847မျိုးနဲ့ ဖုန်း Brand ပေါင်း 3658 ကျော်ကို ကူးစက်ခဲ့ပြီးဖြစ်ပါတယ်။ 



ဒီ Virus ဟာ မလိုလားအပ်တဲ့ App တွေနဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ App တွေကို အတင်း Install လုပ်စေပြီးတော့ Install လုပ်ပြီးသား App တွေကိုလည်း Factory Reset ချခြင်း၊ သာမန် AntiVirus တွေနဲ့ ရှင်းလင်းခြင်း စတဲ့လုပ်ဆောင်ချက်တွေနဲ့ ဆေးမတိုးလောက်အောင် လုပ်ဆောင်ထားတာတွေရပါတယ်။


CM Security Research Lab ရဲ့ အဆိုအရ တစ်နေ့တာအတွင်းမှာ Android အသုံးပြုသူ 600000 ကျော်ကို Ghost Push ကူးစက်စေခဲ့တယ်လို့ ဆိုပါတယ်။ ဒီ Virus ဟာ ဥရောပ၊ ရုရှ၊ အရှေ့အလယ်ပိုင်းနဲ့ တရုတ်နိုင်ငံတို့မှာ အရှိန်အဟုန် ပြင်းပြင်းနဲ့ ပျံ့နှံ့နေခဲ့တယ်လို့ ဆိုပါတယ်။


တကယ်လို့ ဒီ Virus ဟာ ဖုန်းတစ်လုံးလုံးကို စပြီး ကူးစက်တာနဲ့ တပြိုင်နက် ဖုန်းဆီက လုပ်ဆောင်ပိုင်ခွင့်ကို အမြင့်ဆုံးယူလိုက်ပါတယ်။ ဒါကြောင့် တပြိုင်နက် အလိုအလျောက် ကိုယ်တိုင် Root ဖောက်သွားပြီးတော့ Monkey Test နဲ့ Time Service တို့ကို Download လုပ်ယူပါတော့တယ်။


 ဒါကြောင့် ကူးစက်ခံရတဲ့ ဖုန်းဟာ နှေးကွေးလာပြီးတော့ ဘက်ထရီမခံတော့ခြင်း၊ လိုင်းတက်အားနည်းလာခြင်း၊ အင်တာနက်အလိုအလျောက်ပွင့်လာခြင်း၊ စတဲ့ ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရပါတော့တယ်။ ဖုန်းထဲမှာ ဒီ Virus ၀င်သွားပြီဆိုရင် ကိုယ်တိုင် Root Access ရယူနိုင်တဲ့အတွက် ဆန္ဒရှိရာ လုပ်ရပ်တွေကို စေစားနိုင်ပါတော့တယ်။


သုတေသနပြုထားချက်အရ အောက်မှာဖော်ပြထားတဲ့ Application 39 ခုမှာ Ghost Push ငြိတွယ်နေတယ်လို့ ဆိုပါတယ်။ Install မလုပ်မိအောင် သတိထားနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်


1. WiFi Enhancer

2. TimeService

3. Indian Sexy Stories 2

4. Assistive Touch

5. Accurate Compass

6. All-Star Fruit Slash

7. Happy Fishing

8. MonkeyTest

9. PinkyGirls

10. XVideo Codec Pack

11. Amazon

12. Hubii News

13. itouch

14. Light Browser

15. XVideo

16. Memory Booster

17. WordLock

18. Fast Booster

19. Talking Tom 3

20. Photo Clean

21. Super Mario

22. SmartFolder

23. Simple Flashlight

24. Daily Racing

25. SettingService

26. boom pig

27. WhatsWifi

28. Hot Video

29. Lemon Browser

30. Multifunction Flashlight

31. Assistive Touch

32. Hot Girls

33. Sex Cademy

34. iVideo

35. Fruit Slots

36. Wifi Speeder

37. WiFi FTP

38. Ice Browser

39 PornClub


Clean Master နဲ့ CM Security တို့က ဒီ Virus ကို တွေ့ရှိနိုင်တယ်လို့ဆိုပါတယ်။ Removal Tool တစ်ခုထုတ်ပေးနိုင်ဖို့လည်း အပူတပြင်း စီစဉ်နေကြတယ် လို့ဆိုပါတယ်။ သြဂုတ်လအတွင်းက Coolpad အသုံးပြုပုံများဟာ MonkeyTest နဲ့ Time Service လို့ခေါ်တဲ့ App နှစ်ခုကို သတိထားမိခဲ့ကြတယ်လို့ဆိုပါတယ်။ 


စက်တင်ဘာ 18 မှာတော့ ဒီ Virus ဟာ တစ်နေ့တည်း သိန်း သန်းချီပြီး လက်စွမ်းပြကူးစက်ကာ တဖြည်းဖြည်းနာမည်ကြီးလာပါတော့တယ်။


Root မရှိတဲ့ ဖုန်းတွေကိုလည်း ကူးစက်ခဲ့တာကြောင့် Developer တွေအပါအ၀င် လူအများစုက အံ့သြသင့်ခဲ့ကြရပါတယ်။ Root Access ရရှိနေတာကြောင့် အသုံးမ၀င်တဲ့ App တွေကို ခွင့်ပြုချက်မယူဘဲ Download ဆွဲပါတယ်။


Virus ထွင်တဲ့ Hacker တွေဟာ Virus Code (Malicious Code) တွေကို အသုံးများတဲ့ ရေပန်းစား App တွေမှာ ဆေးထိုး (Inject) လုပ်ပြီးတော့ Original App လိုဖြန့်ဝေရာကနေ ကူးစက်တာဖြစ်တယ်လို့ ဆိုပါတယ်။ Virus Code တွေ ရှိတဲ့ App ကို User တစ်ယောက်ကနေ သမရိုးကျထည့်သွင်းလိုက်တာနဲ့ စပြီးတော့ Virus ကအစွမ်းပြပါတယ်။


ဒီ Virus ဟာအဖျက်လုပ်တယ်ဆိုပေမယ့် Android Developer တွေကို နှိုးထစေတယ်လို့ ပြောနိုင်သလို၊ နည်းပညာဆန်းသစ်လာဦးမယ့် လက္ခဏာလည်း ဖြစ်ပါတယ်။ အဆိုးထဲကအကောင်းဆိုသလို Root လုပ်ရခက်ခဲတဲ့ ဖုန်းတွေကိုတောင် ဒီ Virus ဟာ Root လုပ်နိုင်တာကြောင့် နာမည်ကြီး Root Tool တွေကို လက်ညှိုးထိုးစရာလည်း ဖြစ်ခဲ့ပါတယ်။ 


ဒါပေမယ့် ဒီ Virus အရမ်းတော် လို့ Root ပေါက်တာမဟုတ်ဘဲ ဖုန်းအမျိုးအစား၊ ဖုန်း Model စတာတွေကို သူ့ရဲ့ Root Server ဖြစ်တဲ့ http://api.aedxdrcb.com/ggview/rsddateindex ကို အကြောင်းကြားလိုက်ပြီး ဖုန်းနဲ့ကိုက်ညီတဲ့ Root Tool ကို http://down.upgamecdn.com/onekeysdk/tr_new/rt_0915_130.apk က တစ်ဆင့် ပို့ပေးပြီး Root ဖောက်လိုက်တာဖြစ်ပါတယ်။


ဖုန်းအများစုထဲမှာမှ Samsung နဲ့ MTK ဖုန်းတွေဟာ ဒီ Virus ထိုးနှက်မှုကို ပိုခံရပါတယ်။


ဆက်လက်ဖော်ပြပါမယ်။



လာ​ရောက်​လည်​ပတ်​သူများအားလုံး​ကျေးဇူးတင်​ပါတယ်​ အိုင်​တီလူဆိုး​လေး

No comments:

Post a Comment

WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း

  windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...