Tuesday, February 23, 2016

Gateway Server ဆိုတာဘာလဲ အား.........Server တွေကလည်းများလိုက်တာနော်။

ခုကျွန်တော်ပြောပြမယ့် Server ကတော့ Gateway Server ပဲဖြစ်ပါတယ်။ Gateway Server ဆိုတာဘာလဲ ......... ဘာလဲ......... ကျွန်တော် Gateway Server ရဲ့ အကြောင်းကို မရှင်းသေးခင် အရင်ဦးဆုံး Gateway ဆိုတဲ့ ဝေါဟာရကြီးရဲ့အကြောင်းကိုရှင်းပြမယ်။

သေသေချာချာလေး လိုက်ဖတ်ကြနော်....... Gateway ဆိုတာကဒီလိုရှိတယ်ဗျ။ ကျွန်တော်တို့ကမ္ဘာပေါ်မှာရှိတဲ့

Computer တွေတစ်လုံးနဲ့တစ်လုံး Network ချိတ်ဆက်ထားမှုဟာ မရေတွက်နိုင်လောက်အောင်ကို

အင်မတန်မှများပြားလွန်းပါလှတယ်။ အဲဒီလိုများပြားလွန်းတဲ့ Computer တွေ တစ်လုံးနဲ့တစ်လုံးချိတ်ဆက်ထားတဲ့

Network တွေ တစ်ခုနဲ့တစ်ခုကြားမှာ Network တွေ ပေါင်းစပ်ပေးဖို့ရန်အတွက် Computer တွေတစ်လုံး

နဲ့တစ်လုံးချိတ်ဆက်ထားတဲ့ Network အစုအဝေးတစ်ခုနှင့်တစ်ခု အပြန်အလှန်ချိတ်ဆက်ပေးနိုင်ရန်အတွက်

သူတို့ဆီမှာထွက်ပေါက်တစ်ခုလိုလာတယ်။ အဲဒီထွက်ပေါက်ကို Network Term အရခေါ်မယ်ဆိုရင် Gateway

လို့ခေါ်ပါ။ အဲဒီတော့ကျွန်တော့ပြောချင်တာက Gateway ဆိုတာ Network တွေတစ်ခုနဲ့တစ်ခု ပေါင်းစပ်ပေးဖို့ရန်

အတွက် ထွက်ပေါက်ဖြစ်တယ်လို့ပြောချင်တာပါ။ လွယ်လွယ်ပြောရရင်တော့ Gateway ဆိုတာ Network

ရဲ့ထွက်ပေါက်ကိုပြောတာပါ။ အဲဒီတော့ Gateway Server ဆိုတာက Network တစ်ခုနှင့်တစ်ခုကို

ဆက်သွယ်ပေးတဲ့ Server ဖြစ်ပါတယ်။  ကဲ..... Network တွေတစ်ခုနဲ့တစ်ခု ချိတ်ဆက်ပေးဖို့ရန်အတွက်

ဘာကြောင့် Gateway ဆိုတဲ့ ထွက်ပေါက်ကြီးလိုတာလဲဆိုတာကိုဆက်ရှင်းပြမယ်။ စဉ်းစားကြည့်နော်.........

ကမ္ဘာပေါ်မှာချိတ်ဆက်ထားတဲ့ Computer တွေသည် TCP/IP ဆိုတဲ့ Protocol ကိုအသုံးပြုပြီးချိတ်ဆက်ရတယ်။

TCP/IP ဆိုတဲ့ Protocol အသုံးပြုတာသည်  IP Address ကိုအသုံးပြုတယ်ဆိုတာကို အားလုံးသိပြီးသားဖြစ်မှာပါ။

IP Address ကိုအသုံးပြုတာဆိုရင် ကမ္ဘာနဲ့ချီပြီးချိတ်ဆက်ထားတဲ့ Computer တွေရဲ့ အလုံးအရေအတွက်ဟာ

လည်း မရေတွက်နိုင်လောက်အောင်ကို အင်မတန်မှများပြားလွန်းပါတယ်။ အဲဒီတော့ Computer တွေ

တစ်လုံးနဲ့တစ်လုံးပေးထားတဲ့ IP Address တွေလည်း မရေတွက်နိုင်လောက်အောင် ကိုများပြားလွန်းလှပါတယ်။

အဲဒီလိုမျိုး IP Address တွေများပြားလွန်းတာကတော့ ကိစ္စမရှိသေးပါဘူး။ ကိစ္စရှိတဲ့အကြောင်းအရင်းကတော့ IP

Address တွေမှာ Computer တစ်လုံးနဲ့တစ်လုံးချိတ်ဆက်ပြီး Network မိဖို့ရန်အတွက် Class

တူညီဖို့လိုအပ်ပါတယ်။ ဘာကြောင်လဲဆိုရင် TCP/IP Protocol အသုံးပြုတဲ့ IP Address တွေသည် Class

တူညီမှသာလျှင် Computer တစ်လုံးနှင့်တစ်လုံး Network မိမှာဖြစ်ပြီး Class မတူညီခဲ့ပါက Network

မိတော့မှာမဟုတ်ပါ။ အဲဒီတော့ ကမ္ဘာနဲ့အ၀န်း Network ချိတ်ဆက်ထားတဲ့ Computer တွေရဲ့ IP Address Class

တွေသည် တစ်ခုနှင့်တစ်ခုလည်းမတူညီနိုင်ပါဘူး။  ကဲဒီတော့ အဲဒီလို Class မတူညီပဲ Network ချိတ်ဆက်ထားတဲ့

Computer တွေ တစ်လုံးနဲ့တစ်လုံး Network မိအောင် Network တွေတစ်ခုနဲ့တစ်ခုချိတ်ဆက်လို့ရအောင်

စဉ်းစားစရာတစ်ခုလိုအပ်လာပါပြီ။ သိပ်လည်းစိတ်မပူပါနဲ့ အဲဒီ Class မတူညီတဲ့ Network တွေတစ်ခုနဲ့တစ်ခု

မိသွားဖို့ရန်အတွက် Gateway Server ကြီးကိုသာ ထိုင်ပေးလိုက်မယ်ဆိုရင်

အဲဒီပြဿနာတွေအားလုံးပြေလည်သွားပါလိမ့်မယ်။ ကဲဒါဆိုရင် Gateway Server ဆိုတာ

ဘာလဲလို့သဘောပေါက်လောက်ပြီပေါ့နော်.........အဲဒီတော့.......... Class မတူညီတဲ့ Network နှစ်ခုကို

ချိတ်ဆက်တော့မယ်ဆိုတာနဲ့ Gateway Server ထိုင်ပေးဖို့ကို မမေ့လိုက်ပါနဲ့နော်........

ကျွန်တော်အောက်မှာဆွဲပြထားတဲ့ ပုံလေးကိုသေသေချာချာ ကြည့်လိုက်ပါဦး........







ဘယ်လိုလဲခင်ဗျ....... အခုကျွန်တော်ဆွဲပြထားတဲ့ ပုံလေးကိုကြည့်ပြီး နားလည်သဘောပေါက်သွားပြီလား

Gateway Server ဆိုတဲ့အတိုင်းပေါ့ဗျာ။ ပုံမှာပြထားတဲ့အတိုင်း Network A နှင့် Network B ဆိုပြီးရှိတယ်။

Network A ရဲ့ IP Address : 192.168.0.x Mask : 255.255.255.0 နှင့် Network B ရဲ့ IP Address :

10.10.10.x Mask : 255.0.0.0 ဆိုပြီး Class မတူညီတဲ့ Network နှစ်ခုကို Gateway Server

ထိုင်ပြီးချိတ်ဆက်ထားတယ်။ ပုံမှာပြထားတဲ့အတိုင်း ၎င်း Network A နှင့် Network B သည် Class မတူညီတဲ့ IP

Address များဖြစ်သောကြောင့် Gateway Server ကြီးကိုသာ မထိုင်ထားဘူးဆိုရင် Network

မိမှာမဟုတ်တော့ပါဘူး။ပုံမှာပြထားတဲ့ Gateway Server ကြီးကိုကြည့်လိုက်ပါဦးနော်.......Gateway Server

ကြီးမှာ Network card ကို (2) card စိုက်ထားတယ်။ Network card (1) card သည် Network A နှင့်

ချိတ်ဆက်ထားပြီး ကျန် Network card (1) card သည် Network B ဖြင့်ချိတ်ဆက်ထားသည်။ Network A ဖြင့်

ချိတ်ဆက်ထားသော Network card ရဲ့ IP ကိုကျွန်တော်က IP:192.168.0.1 လို့ပေးထားပြီး ကျန် Network

card (1) card သည် Netxwork B ဖြင့်ချိတ်ဆက်ထားပြီး ၎င်း Network card ရဲ့ IP Address ကို

IP:10.10.10.1 လို့ပေးထားပါတယ်။ ဒါကြောင့်ကျွန်တော်ပြောချင်တာကတော့ Gateway Server သည်

မတူညီသော Network (2) ခုကို ချိတ်ဆက်ပေးထားတာဖြစ်သောကြောင့် ၎င်း Server သည် Network card (2)

card စိုက်ထားပေးရမည်ဖြစ်သည်။ နောက်တစ်ခုသတိပြုရန်အချက်မှာ Gateway Server ၌ Network A ဖြင့်

ချိတ်ဆက်ထားသော Network card ၏ IP Address :192.168.0.1 သည် Network A ထဲတွင်ရှိသော Client

တိုင်းရဲ့ Default  Gateway နေရာတွင်ထည့်ပေးရမည့် IP Address ဖြစ်သည်။ ထို့အတူ Gateway Server ၌

Network B ဖြင့်ချိတ်ဆက်ထားသော Network card ၏ IP Address :10.10.10.1 သည် Network B

တွင်ရှိသော Client တိုင်းရဲ့ Default Gaetway နေရာတွင် ထည့်ပေးရမည့် IP Adddress ဖြစ်သည်။

ဘာကြောင့်ထည့်ပေးရလဲဆိုတာကိုတော့မမေးနဲ့နော် .........ကျွန်တော်ပြောခဲ့ပြီးပြီ Gateway ဆိုတာ Network ရဲ့

ထွက်ပေါက်ကြီးဖြစ်တယ်လို့ ကျွန်တော်ပြောခဲ့ပြီးပြီနော် .....သေသေချာချာလေးစဉ်းစားကြည့်ရအောင်.........

ကျွန်တော်တို့သည် Class မတူတဲ့ Network ကြီး (2) ခုကို Gateway Server ထိုင်ပြီးတော့ ချိတ်ဆက်ထးတယ်။

ဒါပေမယ့် Client တွေရဲ့ Default Gateway နေရာမှာ Gateway Server ကြီးရဲ့ IP Address

ကိုထည့်မထားမိဘူးဆိုရင် အဲဒီ Client တွေသည် ဘယ် IP Address ကနေ ထွက်ရမယ်။ ဘယ် IP Address

ကိုသွားရမယ်ဆိုတာ မသိဘူးဖြစ်နေလိမ့်မယ်။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင် ကျွန်တော်တို့ Hotel

တစ်ခုမှာသွားနားမယ် ဆိုပါတော့။ အဲဒီတော့ ကျွန်တော်က Hotel ကိုရောက်ပြီပေါ့။ Hotel ရောက်တော့

Reception မှာ ကောင်မချောချောလေးတစ်ယောက်ကိုတွေ့မယ်လေ။ အဲဒီကောင်မချောချောလေးထံမှာ

ကျွန်တော်ရဲ့ နိုင်ငံသားမှတ်ပုံတင်ကဒ်ကိုပေးလိုက်ပြီ။ အဲဒီအခါမှာ ကောင်မလေးကကျွန်တော်ကို အကိုဒီ Hotel

မှာတည်းနိုင်ပါပြီလို့ပြောရင် ကျွန်တော်ဘယ်အခန်းမှာ တည်းလို့တည်းရမှန်းမသိဘူးလေ..........သူကတည်းခိုရမယ့်

အခန်းနံပါတ်ကိုပြောမှ ကွန်တော်တည်းလို့ရမှာလေ သဘောပေါက်လားတော့ မသိဘူး။ အကယ်၍ကျွန်တော့်ကို

သူသာတည်းခိုရမယ့် နံပါတ်မပြောပြရင် ကျွန်တော်ဘယ်အခန်းကိုဝင်ရမယ် ဘယ်အခန်းကနေထွက်ရမယ်

ဆိုတာမသိဘူးဖြစ်နေပြီပေါ့။ အဲဒီတော့ Reception မှာထိုင်နေတဲ့ကောင်မလေးသည် ကျွန်တော့်ရဲ့ Default

Gateway ကြီးဖြစ်နေပြီပေါ့။ အဲဒီကောင်မလေးသည် ကျွန်တော်တစ်ယောက်တည်းအတွက် Default Gateway

ကြီးမဟုတ်ပါဘူး။သူတို့ရဲ့ Hotel ထဲကိုရောက်လာတဲ့ ဧည်သည်တိုင်းအတွက်သူသည် Default Gateway

ကြီးဖြစ်နေပြီပေါ့.........အဲဒီတော့ဧည့်သည်တွေသည် IP Address ဖြစ်ပြီး လာသမျှဧည့်သည်တွေကို ဒိုင်ခံပြီး

အခန်းနံပါတ်ပြောပြဖြေရှင်းပေးနေတဲ့ ကောင်မလေးသည် Default Gateway ကြီးဖြစ်တယ်။ အဲဒါကြောင့် Client

တွေရဲ့ IP Address တိုင်းမှာ (ဧည့်သည်တွေပေါ့) Default Geatway ရဲ့ IP Address

(အခန်းနံပါတ်ပြောတဲ့ကောင်မလေး) ထည့်ပေးရမယ်ဆိုတာကိုမမေ့ပါနဲ့နော်..... Gateway Server ကိုဘယ်လို

Install လုပ်မလဲဆိုတာကို ဆက်လက်ဖက်ရှုပါ။ ဆက်လက်ဖော်ပြပေးထားပါတယ်နော်။ 

ကဲ...ရှေ့မှာ Gateway Server အကြောင်းကို ဖတ်ပြီးပြီဆိုတော့ အခုတစ်ခါ Gateway Server ကို Install

လုပ်ကြရအောင်။ အထက်မှာ Diagram လေးနဲ့ Gateway Server ကို ပုံဖော်ပြပေးထားတာကိုပြန်ကြည့်ပါ။

အထက်ပုံမှာပြထားတဲ့အတိုင်း Gateway Server ဟာ 172.0.0.0 Network နဲ့ 192.168.10.0 Network နှစ်ခုကို

ချိတ်ဆက်ပေးထားတာဖြစ်ပါတယ်။ သာမန်အားဖြင့် Class မတူတဲ့၊ Subnet မတူတဲ့ Network နှစ်ခုဟာ Network

မမိပါဘူး။ အဲဒီလို Class မတူညီတဲ့ Network တွေ၊ Subnet မတူတဲ့ Network တွေကိုချိတ်ဆက်ပေးချင်တယ်

ဆိုလို့ရှိရင် Router ကို အသုံးပြုလို့ရသလို၊ Gateway Server တွေထိုင်ပြီး အသုံးပြုလို့လည်း ရပါတယ်။ Gateway

Server ကို Install လုပ်တော့မယ်ဆိုရင် ၎င်း Computer မှာ Network Card နှစ်ကဒ်ရှိရပါမယ်။ ဒါမှ Gateway

Server ကို Install လုပ်လို့ရမှာပါ။ Network Card နှစ်ကဒ်က ဘာအတွက်လဲဆိုတော့ တစ်ခုက Network

တစ်ခုကို သွားမယ်။ ကျန်တဲ့တစ်ခုက အခြား Network ဆီကိုသွားမယ်။

ကဲ..Gateway Server ကို Install လုပ်ဖို့အတွက် ပထမဦးဆုံး Start>Programs>Administrative Tools>

Routing and Remote Access ကို ရောက်အောင်သွားပြီး Click နှိပ်လိုက်ပါ။




ဒါဆိုရင် Routing and Remote Access Box ကျလာပါလိမ့်မယ်။






၎င်း Routing and Remote Access Box ထဲက Server ပေါ်မှာ Right Click နှိပ်ပြီး ပေါ်လာတဲ့ Menu Box ထဲက

Configure and Enable Routing and Remote Access ဆိုတာကို Click နှိပ်လိုက်ပါ။



Welcome Page ကျလာတဲ့အခါ Next ကို နှိပ်ပြီး ရှေ့ဆက်သွားပါ။





ကဲ..Configure လုပ်ဖို့အတွက် Configuration Wizard Box ပေါ်လာပါပြီ။





၎င်း Configuration Wizard ထဲမှာ မိမိ Install လုပ်ချင်တဲ့ Server အမျိုးအစားကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ အခု ကျွန်တော်တို့က Gateway Server ကို Install လုပ်မှာဖြစ်တဲ့အတွက် Custom Configuration ကို ရွေးပြီးတော့ Next ကို ဆက်နှိပ်ပါ။



အခုဆိုရင် Custom Configuration Box ကျလာပါပြီ။ ၎င်း Box ထဲကမှ ကျွန်တော်တို့က LAN Routing ရဲ့ ဘေးမှာရှိတဲ့ Check Box လေးကို "on" ပေးလိုက်ပါ။ ဘာဖြစ်လို့ LAN Routing ကို ရွေးရတာလဲဆိုတော့ Gateway ဆိုတာကလည်း Local Area Network တွေကို တစ်ခုနဲ့တစ်ခု Route လုပ်ပေးတာပဲလေ။ ဒါကြောင့် LAN Routing ကို ရွေးချယ်ရတာပါ။






LAN Routing ရဲ့ ဘေးက Check Box ကို "On" ပြီးပြီဆိုလို့ရှိရင် Next ကို နှိပ်လိုက်ပါ။ Finish Box ကျလာပါပြီ။ Finish Button ကို နှိပ်လိုက်ပါ။






Gateway Server ကို Run နေပါပြီ။





အခု Routing and Remote Access ထဲမှာ Gateway Server ကို Run ပြီးပါပြီ။



ကဲ အခုဆိုရင် Gateway Server ကြီးကိုတော့ Install လုပ်လို့ပြီးသွားပါပြီ။ ဒါဆိုရင် အသုံးပြုလို့ရပြီပေါ့။ Gateway

Server ထိုင်ထားတဲ့ Computer ရဲ့ Network Card တွေကို IP Address တွေ အရင်ပေးရမှာပါ။ ဒါကြောင့်

Gateway Server Install လုပ်ထားတဲ့ Computer ရဲ့ My Network Place ကို Right Click နှိပ်ပြီး Properties ကို

နှိပ်လိုက်ပါ။



ဒါဆိုရင် My Network Place Properties Box ကျလာပါပြီ။ ၎င်း Box ထဲမှာ Network Connection

နှစ်ခုတွေ့ရပါလိမ့်မယ်။ Network Card နှစ်ခုရှိနေတဲ့အတွက်ပါ။ တစ်ခုကို Local Area Network အတွက်၊

ကျန်တစ်ခုကို Other Local Area Network အတွက်ဖြစ်ပါတယ်။ ၎င်း Network Connection နှစ်ခုကို LAN 1 နဲ့

LAN 2 ဆိုပြီး အမည်တွေ ပေးလိုက်ပါ့မယ်။ IP Address ပေးတဲ့အခါ မမှားအောင်လို့ပါ။






LAN 1 ရဲ့ IP Address ကို 192.168.10.1 လို့ပေးလိုက်ပါ။



LAN 2 ရဲ့ IP Address ကို 172.0.0.1 လို့ ပေးထားလိုက်ပါ။






ဒါဆိုလို့ရှိရင် Gateway Server ဘက်က လုပ်ဆောင်ရမယ့် အလုပ်တွေ ပြီးဆုံးသွားပါပြီ။

အခုကျွန်တော်တို့ Client Computer တွေဘက်ကို Configuration လုပ်ရမှာဖြစ်ပါတယ်။ LAN 1 ထဲမှာရှိတဲ့

Computer တွေကို IP Address ပေးကြရအောင်။ ဥပမာအနေနဲ့ LAN 1 ထဲမှာရှိတဲ့ Client 1 ကို IP Address

192.168.10.2 လို့ ပေးလိုက်မယ်။ ဒီနေရာမှာ အရေးကြီးတဲ့ အချက်တစ်ခုကို ပြောပြမယ်။ ၎င်း Client 1 ကို IP

Address တွေ ပေးလိုက်တယ်။ Subnet Mask တွေ ပေးလိုက်မယ်။ နောက် Default Gateway နေရာမှာ

Gateway Server ရဲ့ IP Address ကို ထည့်ပေးဖို့မမေ့ပါနဲ့။ ဒီ Client 1 ရဲ့ထွက်ပေါက်ဟာ Gateway Server

ကြီးလေ။ ဒါကြောင့် သူရဲ့ Default Gateway ဟာ Gateway Server ကြီးပဲပေါ့။



Client 1 မှာပေးသလို LAN 1 ထဲမှာရှိတဲ့ အခြား Client တွေ၊ အခြား Server တွေကိုလည်း ဒီအတိုင်းပဲ IP

Address တွေ ပေးရမှာပါ။ Default Gateway ကိုလည်း ပေးဖို့မေ့မနေပါနဲ့။ ကဲ...အခု LAN 2 ထဲမှာရှိတဲ့ Client 1

ကို IP Address 172.0.0.2 နဲ့ Subnet Gateway 255.255.0.0 လို့ပေးလိုက်မယ်။ သူ့မှာလည်းပဲ Default

Gateway ထည့်ပေးရမယ်။ LAN 2 ထဲက Client တွေ၊ အခြား Server တွေအတွက် Default Gateway

ဟာလည်းပဲ ဒီ Gateway Server ရဲ့ IP Address ကို ထည့်ပေးရမှာပါ။



Gateway Server မှာလည်း IP Address တွေ အသီးသီးထည့်ပြီးပြီ။ LAN 1 ထဲမှာရှိတဲ့ Client 1 ကိုလည်း IP

Address တွေ၊ Default Gateway တွေ ထည့်ပြီးပြီ။ LAN 2 ထဲမှာရှိတဲ့ Client 1 အတွက်လည်း IP Address တွေ၊

Default Gateway Address တွေ ထည့်ပြီးပြီဆိုတော့ ဒီ Local Area Network နှစ်ခု၊ Network Connection မိ၊

မမိ စစ်ဆေးလို့ရပါပြီ။ အရင်ဦးဆုံး Gateway Server ဘက်ကနေ LAN 1 နဲ့ LAN 2 ကို Connection မိ၊

မမိစစ်ဆေးပါမယ်။ ပထမဦးဆုံး LAN 1 ရဲ့ Client 1 ကို လှမ်းပြီး Ping ပါမယ်။




အခုဆိုရင် LAN 1 ရဲ့ Client 1 ကို Network မိသွားပါပြီ။ နောက် LAN 2 ရဲ့ Client 1 ကို လှမ်းပြီး Ping ပါမယ်။





Gateway Server ကနေ LAN 2 ရဲ့ Client 1 ကိုလည်း Network မိသွားပါပြီ။ ၎င်းနောက် LAN 1 ထဲက Client 1 ကနေ LAN 2 ထဲက Client 1 ဆီကို လှမ်း Ping ပါမယ်။







အခု LAN 2 ရဲ့ Client ကနေ LAN 1 ထဲက Client 1 ဆီကို Ping ကြည့်ပါဦး။






အခုဆိုရင် Network Connection တွေဟာ အားလုံးအချိတ်အဆက်မိနေပါပြီ။ ဒါကြောင့် မတူညီတဲ့ Network

နှစ်ခုကို အောင်မြင်စွာ ချိတ်ဆက်လို့ရသွားပြီပေါ့နော်။ အခုလို Gateway Server တွေကို အသုံးပြုခြင်းအားဖြင့်

ကျွန်တော်တို့က Router တွေကို အသုံးမပြုဘဲနဲ့ မတူညီတဲ့ Network တွေကိုချိတ်ဆက်ပေးလို့ရပြီပေါ့။ ကဲ

...ဒီလောက် ဆိုရင်တော့ Gateway Server ကို Install လုပ်တတ်လောက်ပြီလို့ ထင်ပါတယ်။



လာ​ရောက်​လည်​ပတ်​သူများအားလုံး​ကျေးဇူးတင်​ပါတယ်​ အိုင်​တီလူဆိုး​လေး

No comments:

Post a Comment

WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း

  windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...