Monday, February 1, 2016

Civil နဲ့ပတ်သက်တဲ့ အမေးအဖြေ

Civil နဲ့ပတ်သက်တဲ့ အမေးအဖြေ
Structure Designers ဖြစ်ချင်လို့ ဘာစာအုပ်တွေ ဖတ်ရမလဲ
ဘာစာအုပ်ကို ဖတ်ရမလဲလို့ မေးတဲ့အတွက် သူဟာ သူဖြစ်ချင်တဲ့ လမ်းကြောင်းပေါ်မှာ မရှိသေးဘူးဆိုတာ သိပါတယ်။ လမ်းကြောင်းပေါ်ရောက်သွားပြီဆိုရင်တော့ သူဘာလုပ်ရမလဲဆိုတာ သိသွားပါပြီ။ ဒါကြောင့် လမ်းကြောင်းပေါ်ရောက်အောင် ဒီ post က အကူအညီပေးပါလိမ့်မယ်။
Structure designer တစ်ယောက် သိထားရမယ့် နယ်ပယ်တွေက
1) Structural Mechanics
2) Mechanics of Materials
3) Structural Analysis
4) Design
5) Geotechnical Engineering
စတာတွေဖြစ်ပါတယ်။
ဘာတွေမှန်းလဲ မသိဘူးလို့ ထင်မလားမသိဘူး smile emoticon
ဒါဆိုအဲဒါတွေ ဆက်မပြောသေးခင် ဖတ်သင့်တဲ့ စာအုပ်နည်းနည်း အရင်ပြောပါမယ်။ တကယ်တော့ ဖတ်ရမယ့် စာအုပ်တွေကတော့ အများကြီးရှိပါတယ်။ အစအနေနဲ့တော့ ကိုယ်နဲ့အဆင်ပြေမယ့် စာအုပ်တစ်အုပ်အုပ်ကို စဖတ်ဖို့လိုပါတယ်။ နောက်မှ ကျန်တဲ့စာအုပ်တွေကို ဖတ်ပေါ့။ မြန်မာပြည်က အင်ဂျင်နီယာတွေ အတွက်တော့ ဆရာကြီးဦးညီလှငယ် ပြုစုတဲ့ စာအုပ်တွေနဲ့ စသင့်တယ် ထင်ပါတယ်။
1) Reinforced Concrete Design
2) Structural Steel Design
3) Fundamental of Structural Analysis
စာအုပ်တွေပါ။ အဲ့ဒီထဲကမှ RC စာအုပ်ကိုစဖတ်ပေါ့။ တစ်အုပ်ကို ကြေကြေညက်ညက်ဖတ်ပြီးသွားရင် နောက်စာအုပ်တွေ ဆက်ဖတ်ဖို့ လွယ်သွားသလို စာဖတ်ရမှာလည်း မကြောက်တော့ဘဲ ပျော်လာပါလိမ့်မယ်။
ခုနကပြောခဲ့တဲ့ Structure designer တစ်ယောက် သိထားရမယ့် နယ်ပယ်တွေဆိုတာကို နည်းနည်းပြောကြည့်ပါဦးမယ်။
1) Structural Mechanics
Static နဲ့ Dynamics ဆိုပြီး (၂)ပိုင်းပါဝင်ပါတယ်။
Static က Static Equilibrium မှာ သက်ရောက်တဲ့ Forces တွေ Moments တွေ ပါဝင်ပါတယ်။
Dynamics မှာတော့ Kinematics လို့ခေါ်တဲ့ ရွေ့လျားနေတဲ့ particles တွေ objects တွေ အကြောင်းနဲ့ Kinetics လို့ခေါ်တဲ့ particles တွေ objects တွေကို ရွေ့လျားစေတဲ့ Forces တွေအကြောင်း ပါဝင်ပါတယ်။
2) Mechanics of Materials
Structural Mechanics က Forces တွေ Moments တွေအကြောင်း လေ့လာတာဖြစ်ပြီးတော့ Mechanics of Materials ကတော့ ဖြစ်ပေါ်လာတဲ့ stress တွေ deformation တွေကိုပါ လေ့လာတာဖြစ်ပါတယ်။
ဖတ်သင့်တဲ့ စာအုပ်တချို့ကတော့
3) Structural Analysis
Statically Determinate နဲ့ Statically Indeterminate ဆိုပြီးရှိပါတယ်။
1),2),3) က ခွဲခြားပြောပေမယ့် စာအုပ်တွေကတော့ စာအုပ်အနေနဲ့ကတော့ သီးသန့်ရှိသလို တစ်ခုတည်းသီးသန့်ရယ် မဟုတ်ဘဲ (၂)မျိုး၊ (၃)မျိုးရောပါတာတွေလည်းရှိပါတယ်။
ဖတ်သင့်တဲ့ စာအုပ်တချို့ကတော့
Engineering Mechanics of Solids by Egor. P. Popov
Mechanics of Materials by R.C. Hibbeler
DYNAMICS OF STRUCTURES by Anil K. Chopra
4) Design (RC, Steel, etc)
ဒါကတော့ RC ဆိုရင်လည်း Footing, Column, Beam, Slab, Wall စတာတွေပါ။ Rc အတွက်စာအုပ်ကလည်း အများကြီးရှိပါတယ်။ အဲ့အထဲကမှ မြန်မာပြည်က ကျောင်းတွေ Refer လုပ်တာကတော့
Design of Concrete Structures by Arthur H. Nilson
ှSteel အနေနဲ့ဆိုရင်လည်း စာအုပ်က အများကြီးရှိပါတယ်။ အဲ့အထဲကမှ မြန်မာပြည်က ကျောင်းတွေ Refer လုပ်တာကတော့
Steel Structures Design and Behavior by Charles G. Salmon
Connection design အနေနဲ့တော့ နောက်ထပ်စာအုပ်တွေ ထပ်ဖတ်ဖို့ လိုပါဦးမယ်။ နမူနာအနေနဲ့တော့
Handbook of structural steel connection design and detail by Akbar R. Tamboli
SCI P207 Moment Connections
SCI P212 Simple Connections
နောက် ACI, ASCE, UBC, IBC စတဲ့ code တွေကိုလည်း ဖတ်ရပါမယ်။
5) Geotechnical Engineering
ှSoil ပိုင်း Foundation ပိုင်းပါ။ ဒီအပိုင်းကတော့ Braja စာအုပ်တွေက ဒီမှာလူကြိုက်များပါတယ်။
ဖတ်သင့်တဲ့ စာအုပ်တချို့ကတော့
Principles of Foundation Engineering by Braja M. Das
Geotechnical Engineering Handbook by Braja M. Das
FOUNDATION ANALYSIS AND DESIGN by Joseph E. Bowles, RE., S.E.
Structure Designers ဖြစ်ဖို့ ဘယ်စာအုပ်တွေ ဖတ်ရမလဲ ဆိုတဲ့ မေးခွန်းကတော့ Chat Box ကနေ တော်တော်အမေးခံရတဲ့ မေးခွန်းပါ။ အချိန်ပေးဖြေရမှာ ဖြစ်တဲ့အတွက် ပြန်မဖြေဖြစ်ပါဘူး။ ဒီ note က Begineers တွေအတွက် လမ်းကြောင်းကို ညွှန်ပေးလိုတဲ့ စေတနာနဲ့ ရေးဖြစ်တာပါ။ ဆရာတစ်ဆူမဟုတ်တဲ့အတွက် အမှားပါရင် ခွင့်လွှတ်ပြီး အမှန်ပြင်ပေးကြပါဦးခင်ဗျား။
Credit
(ဗိုလ်ဗိုလ်ကျော်)

No comments:

Post a Comment

WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း

  windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...