Monday, February 1, 2016

အယူအဆအလွဲများ

အယူအဆအလွဲများ
Floor (ကြမ်းခင်း) ကွန်ကရစ်များကို ဂရုစိုက်ပြီး column (တိုင်) ကွန်ကရစ်များကို အလေးထားမှုနည်းနေခြင်း
ကြားဖူးမှာပေါ့ ဒီနေ့ဘယ်အလွှာ ကွန်ကရစ်လောင်းမှာမို့ ဘယ်လိုတွေ အလုပ်များကြောင်း၊ Ready mixed concrete ကို ဘယ်လောက် grade နဲ့မှာလောင်းကြောင်း စသဖြင့်ပေါ့လေ။
Floor concrete လောင်းတာ ဂရုစိုက်တာ ကောင်းပါတယ်။ ဒါပေမယ့် တိုင်တွေကိုတော့ ဖြစ်သလိုလူနဲ့ဖျော်ပြီးတော့ Floor မှာ ဘယ်လောက် concrete grade ကောင်းကောင်းနဲ့ လောင်းပေမယ့်လည်း တိုင်တွေကိုတော့ 1:2:4 ကနေမတက်တော့ပါဘူး။
Floor လောင်းရင်တော့ Engineers တွေ သေချာဂရုစိုက်ကြပေမယ့် တိုင်တွေကတော့ ဂရုစိုကမှုအားနည်းပြီး အဖာရာဗလာပွနဲ့လဲ ဖြစ်ချင်ဖြစ်နေတတ်ပါတယ်။
နောက် Floor လောင်းပြီးရင် ရေမှန်မှန်လောင်းပြီး curing ပေးဖို့ သတိရပေမယ့် column တွေကိုတော့ curing ပေးဖို့မေ့နေတတ်ကြပါတယ်။
၁) အဆောက်အဦတစ်ခုမှာ Load Path က ဒီလိုရှိပါတယ်။ Slab ကနေ load တွေက beam ကိုရောက်ပါတယ်။ Beams တွေကနေမှ Column ကိုရောက်ပါတယ်။ နောက် Column ကနေ Foundation ရောက်ပြီး နောက်ဆုံးတော့ မြေကြီးကို ရောက်ပါတယ်။
၂) ဒီတော့ အထပ်မြင့်လေ column တွေအတွက် concrete strength လိုအပ်ချက်က မြင့်လေလေပါပဲ။ Column ဆိုတာက အထပ်မြင့်လေ အပေါ်က loading ကို ပိုထမ်းရလေလေကိုး။ Beam (ထုတ်) တွေ Slab (ကြမ်းခင်း) တွေကတော့ (ယေဘုယျအားဖြင့်) တထပ်စာကို တထပ်ချင်းထမ်းရတာလေ။
၃) ဒါကြောင့် အထပ်မြင့်တွေမှာ Column ကို high strength conrete ပေးပြီး Floor (Beam + Slab) တွေကိုတော့ Normal ပေးတတ်ပါတယ်။ ဆိုလိုတာက Column တွေကို Floor (Beam + Slab) တွေထက် Concrete strength ပိုပေးလေ့ရှိတယ်ဆိုတာပါ။]၄) ပြောရရင် Column တွေက Floor (Beam + Slab) တွေထက် ပိုအရေးကြီးတယ်ဆိုတာပါ။
Credit
(ဗိုလ်ဗိုလ်ကျော်)

No comments:

Post a Comment

WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း

  windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...