Monday, February 15, 2016

Android ဆိုတာဘာလဲ



 

ကျွန်တော် ဒီ ပို့စ်ကို မိတ်ဆက်အနေနဲ့ ရေးပေးတာ ဖြစ်ပါတယ်။ iPhone, Android, Windows Mobile စသည်ဖြင့် အဓိကကျတဲ့ Mobile Development တွေ ရှိကြတဲ့အထဲမှာ အနီးစပ်ဆုံး ဖြစ်တဲ့ Open Source ဖြစ်တဲ့ Android ကို မိတ်ဆက် ပေးချင်ပါတယ်။ tutsplus နဲ့ အခြား ကောင်းနိုးရာရာ Android နဲ့ ဆိုင်တဲ့ ဆိုက်တွေအကုန် လေ့လာပြီး မိတ်ဆက်အနေနဲ့ ရေးပေးမှာ ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် အခုမှ စလေ့လာမှာ ဖြစ်ပါတယ်။ Mobile Development ကို လေ့လာဖို့ သေချာပေါက်လို အပ်နေတဲ့ အချိန်မှာ ကျွန်တော်ကတော့ Android ကို ရွေးချယ် ဖြစ်ပါတယ်။ ဘာကြောင့် ရွေးဖြစ်ရတာလဲ ဆိုရင် Open Source ဖြစ်နေလို့ပါပဲ။


 

Android ဆိုတာဘာလဲ

Android ဆိုတာ Open Source Mobile Operating System ဖြစ်ပါတယ်။ Open Source Projects တွေ ပေါင်းစပ် တည်ဆောက်ပြီး ပေါ်ထွက်လာတဲ့ Open Source System လည်း ဖြစ်ပါတယ်။ ဒီတော့ Open Sources တွေရဲ့ ထုံးစံအတိုင်း Developer တွေ အနေနဲ့ Source Code တွေကို Access လုပ်ခွင့်ရှိပါတယ်။ Download ချခွင့်လည်း ရှိပါတယ်။ Mobile Phone မှာ ဘယ်လို Run မယ်ဆိုတာကို ကိုယ့်စက်ထဲမှာ Virtual Mobile Phone အနေနဲ့ ကြည့်လို့ရပါတယ်။ iPhone နဲ့ မတူညီတဲ့ အချက်မှာ အဲဒီအချက်က အဓိက ဖြစ်ပါတယ်။ အဲဒီလို Developer တွေ အနေနဲ့ Source Code တစ်ခုလုံးအပြင် အခြား လိုအပ်တဲ့ Document တွေ၊ Sample Projects တွေပါ တစ်ခါတည်း ရယူနိုင်မှာ ဖြစ်ပါတယ်။

ဘာကြောင့် Android ကို သုံးသင့်သလဲ

Android ကို သုံးသင့်တဲ့ အချက်တွေ အများကြီးရှိပါတယ်။ အားသာချက်တွေ ဆိုပါတော့။

Development စဖို့အတွက် ပိုက်ဆံ တစ်ပြားမှ မကုန်ပါဘူး – Development Tools တွေကို Free download ချလို့ ရပါတယ်။ ကိုယ့်ရဲ့ Application တွေကို Android Market မှာ ရောင်းချင်တယ် ဆိုရင်တော့ ပိုက်ဆံ အနည်းငယ်ပေးရမှာပါ။ နှစ်စဉ်ကြေး လစဉ်ကြေးတွေ ပေးစရာ မလိုပါဘူး။လွတ်လပ်စွာ တီထွင် ဖန်းတီးခွင့်ရှိပါတယ်– Android OS က Linux Kernel နဲ့ အခြား Open-source libraries တွေ အပေါ်မှာ အခြေခံထားပြီး တည်ဆောက်ထားတဲ့ Open-source platform ဖြစ်ပါတယ်။ Android Devices တွေအပေါ်မှာ အသုံးပြုနိုင်အောင် တည်ဆောက်ထား ပါတယ်။ ဒီတော့ မိုဘိုင်းဖုန်းမှ မဟုတ်ပါဘူး။ အခြား Devices တွေမှာ Android ကို သုံးနိုင်ပါတယ်။ Android platform ကို Developer တွေအနေနဲ့ ကြိုက်သလို ပြုပြင် ဖန်တီးခွင့်လည်း ရှိပါတယ်။လွတ်လပ်စွာ ပူးပေါင်းဆောင်ရွက်ခွင့် ရှိပါတယ် – Android Developers တွေ အနေနဲ့ NDA(Non-Disclosure Agreement) တွေမှာ လက်မှတ် ထိုးထားစရာ မလိုပါဘူး။ အချင်းချင်း Code တွေ အပြန်အလှန် ဝေမျှလို့ရသလို လွတ်လပ်စွာ ပူးပေါင်းဆောင်ရွက်ခွင့် ရှိပါတယ်။ Black Duck Software ရဲ့ စစ်တမ်း ကောက်ယူချက်အရ open source mobile apps တွေ libraries တွေရဲ့ တိုးတက်ပွားများမှုနှုန်းဟာ ၂၀၀၈ ကနေ ၂၀၀၉ အတွင်း ၁၆၈% အထိ ရှိတယ်လို့ သိရပါတယ်။ Android ကတော့ တစ်ခြား Platform တွေထက် ပိုမြန်တယ်လို့ သိရပါတယ်။ အဲဒီတော့ သင့်အနေနဲ့ သူများတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး သူများရေးထားတဲ့ Code တွေကို Share လုပ်ပြီး မြန်မြန် Product ထုတ် မြန်မြန် ဈေးကွက်တင်လို့ ရနိုင်တဲ့ အခြေအနေပါ။လွတ်လပ်တဲ့ ဖြန့်ချီရေးပုံစံ – Google Android ရဲ့ ဈေးကွက်ရဲ့ Content (သို့) Functionality ပိုင်းမှာလည်း ကန့်သတ်ချက် အနည်အကျဉ်းပဲ ထည့်ထားပြီး Developers တွေ အနေနဲ့ အခြား Distribution Channel တွေမှာလည်း လွတ်လပ်စွာ ဖြန့်ချီခွင့်ရှိပါတယ်။Multi-platform အထောက်အပံ့ပေးပါတယ် – Android ကို သုံးထားတဲ့ Hardware Devices တွေကလည်း အများကြီးပါ၊ မိုဘိုင်းဖုန်း၊ Tablet PC  စသည်ဖြင့် အများကြီး ရှိနေပြီ ဖြစ်ပါတယ်။ Windows, Mac OS ဒါမှမဟုတ် Linux မှာလဲ Development လုပ်လို့ရပါတယ်။Multi-carrier အထောက်အပံ့ပေးပါတယ်– Google Android ကို သုံးမယ် Telecom ကုမ္ပဏီတွေကလည်း အများကြီးပါ။ ဒီထက်လည်း အများကြီး ထွက်လာနိုင်စရာ ရှိနေပါသေးတယ်။

Android Development အတွက် ဘာတွေလိုလဲ

Eclipse IDE ကို Eclipse IDE for Java Developers ကို ရွေးပြီး Download ချ Install လုပ်ဖို့ လိုပါတယ်။ ဒီ နေရာ မှာသွားပြီး Download ချနိုင်ပါတယ်။Android SDK ကို Download ချ Installလုပ်ဖို့လိုပါတယ်။Android Development Tools (ADT)ဆိုတဲ့ Eclipse Plugin ကို install လုပ်ဖို့ လိုပါတယ်။

Android နဲ့ ပတ်သက်တဲ့ Resources တွေ ရနိုင်တဲ့ နေရာတွေကတော့

Books

The Busy Coder’s Guide to Android DevelopmentThe Busy Coder’s Guide to Advanced Android DevelopmentAndroid Programming Tutorials

ဆိုတဲ့ စာအုပ်တွေပါ။ တစ်နှစ်လုံးမှ ဒေါ်လာ ၄၀ ပေးပြီး ရယူနိုင်ပါတယ်။

Sample Code & Graphics

apps for android – simple projects ၁၀ ခု စုပေးထားပါတယ်။shelves – ဆိုတာကတော့ Google Developer တွေရဲ့ နမူနာတွေနဲ့တကွ ဖော်ပြပေးထာတဲ့ Application Site ပါ။astrid – ဆိုတာကတော့ Android Market မှာတင်ပြီးသား ဖြစ်တဲ့ Android full-featured todo list application ဖြစ်ပါတယ်။Android GUI PSD – ကတော့ Addroid GUIs အတွက် Photoshop file တွေ ရနိုင်ပါတယ်။Android Snippets – ဒါကတော့ Google Android အတွက် Code Snippets တွေပါ။Web Views – Android Framework Source တွေပါ။

Tutorials

Google I/O 2009 တုန်းက ဟာတွေပါ
A General-purpose Caching Architecture for Offline-capable Web Applications with HTML 5 Databases or GearsAndroid Lightning TalksCoding for Life — Battery Life, That IsDebugging Arts of the Ninja MastersHow Do I Code Thee? Let Me Count the WaysLooking Beyond the Screen: Text-To-Speech and Eyes-Free Interaction on AndroidMastering the Android Media FrameworkPixel Perfect Code: How to Marry Interaction and Visual Design the Android WaySupporting Multiple Devices with One BinaryTurbo-charge your UI: How to Make your Android UI Fast and EfficientWriting Real-Time Games for AndroidArticles – Eclipse က Android နဲ့ ပတ်သက်တဲ့ Articles တွေပါ။

Forums

Google Groupsandroid-beginnersandroid-developersandroid-discussanddev.organdroidcommunity.org forumsandroidforums.org

Blogs

Google Mobile Blog (or) Android Developers BlogAndroid GuysAndroinica



လာ​ရောက်​လည်​ပတ်​သူများအားလုံး​ကျေးဇူးတင်​ပါတယ်​ အိုင်​တီလူဆိုး​လေး

No comments:

Post a Comment

WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း

  windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...