Tuesday, August 30, 2016

iPhone က data တွေကို Android ထဲ ဘယ်လိုရွှေ့ ကြမလဲ

အသစ်အသစ်တွေထွက်တဲ့ခေတ်မှာ ဖုန်းအသစ် OS အသစ်နဲ့ စိတ်ရှုပ်စရာပါပဲ။ စိတ်မပူပါနဲ့ ။ ယခု ညွှန်ကြားချက်ဟာ သင့် iPhone ကနေ Android ပြောင်းရာမှာ ကြိုးမလိုဘဲနဲ့ မြန်မြန်ဆန်ဆန် switch လုပ်ရာမှာ အကူအညီပေးသွားမှာ ဖြစ်ပါတယ်။

ထပ်ပြောပါမယ်။ ယခုနည်းလမ်းမှာ ဘယ် USB ကြိုးမှလည်း မလိုသလို ကွန်ပျူတာလည်းမလိုပါဘူး။ သင့်အနေနဲ့ ယခုလို ပြောင်းဖို့ ဖုန်းနှစ်လုံးနဲ့ အချိန် ၁၅ မိနစ်ပဲ လိုပါတယ်။
ပထမဆုံးအနေနဲ့  လုပ်စရာလေးတစ်ချို့ ရှိပါတယ်။ အနီးစပ်ဆုံး ခန့် မှန်းခြေအားဖြင့် အောက်ပါအတိုင်း လိုပါတယ်။
            Step By Step Guide
အဆင့် (၁) ။   ။ ပထမ သင့်ရဲ့ အန်းဒရိုက်ဖုန်းကို ဖွင့်ပြီး Google Account ကို ဖွင့်ပါ။ ပြီးတာနဲ့ Google Account ဖွင့်ဖို့ ကိုတော့ တစ်ဆင့်ချင်း လုပ်သွားရမှာဖြစ်ပါတယ်။
သင့်အနေနဲ့ Google Account တစ်ခုလိုအပ်ပါတယ်။ ဒါမှသာ အောက်မှာဖော်ပြထားတဲ့ အက်ပလီကေး ရှင်းကို Play Store ကနေ ဒေါင်းလုပ်ဆွဲပြီး ရယူနိုင်မှာ ဖြစ်ပါတယ်။
အဆင့် (၂) ။   ။ ကိုယ့်ဖုန်းက အန်းဒရိုက်ဖုန်းဆိုပါက Play Store ကို ယူပြီး အိုင်ဖုန်းဆိုရင်တော့ Apple Store ကနေ Copy My Data ဆိုတဲ့ အက်ပ်ကို ဒေါင်းလုပ်ဆွဲလိုက်ပါ။ ဆွဲရမယ့် လင့်ခ်ကိုလည်း အောက်မှာ ပေး ထားပါတယ်။
အဆင့် (၃) ။ ။ ဖုန်းနှစ်လုံးစလုံးကို WiFi network တစ်ခုတည်းမှာ ချိတ်ထားပြီး နှစ်လုံးစလုံးမှာရှိတဲ့ ယခု အက်ပ်ကို ဖွင့်လိုက်ပါ။
အဆင့် (၄) ။ ။ အန်းဒရိုက်နဲ့ အိုင်ဖုန်းမှာရှိတဲ့ ပထမဆုံး option ကို ရွေးပြီး အက်ပလီကေးရှင်းကို search ရှာတာကို ပြီးအောင်လုပ်လိုက်ပါ။
အဆင့် (၅) ။ ။ အိုင်ဖုန်းအက်ပလီကေးရှင်းရဲ့ menu မှာ ကိုယ့်ရဲ့ အန်းဒရိုက်ဖုန်းကို ရွေးပြီး ပထမ option ဖြစ်တဲ့ Copy data to selected device ကို ရွေးပါ။
အဆင့် (၆) ။ ။ ပေးထားတဲ့ ကုဒ်ကို ရိုက်ပေးပါ။
အဆင့် (၇) ။ ။ အိုင်ဖုန်းကနေ ကိုယ် copy ကူးလိုတဲ့ data ကိုရွေးပါ။ (သင့်အနေနဲ့ Contacts တွေ Photos တွေ ၊ Calendar နဲ့ Video တွေကို ရွေးလို့ ရပါတယ်။)

အဆင့် (၈) ။ ။ အက်ပလီကေးရှင်းအလုပ်လုပ်တာကို စောင့်ပေးပါ။ မြန်မမြန်ကတော့ သင့်ရဲ့ WiFi လိုင်းကောင်းမကောင်းနဲ့  ကိုယ်ရွှေ့ လိုက်တဲ့ data ပမာဏပေါ်မူတည်ပြီး ကွာပါတယ်။ ( data ကို တစ်ခုချင်းစီ လွတ်လွတ်လပ်လပ် ရွှေ့ မယ်ဆိုရင် data ကြပ်သွားတာမျိုးကို ရှောင်ရှားပြီး ဖြစ်သွားပါမယ်။)
မှတ်ထားရမှာက ဒီ အက်ပလီကေးရှင်းနဲ့  လုပ်နည်းပုံစံက သီချင်းကလွဲရင် တစ်ခြား data အားလုံးကို ရွှေ့ ပြောင်းလို့ ရပါတယ်။ အန်းဒရိုက်ဖုန်းထဲကို သီချင်းရွှေ့ ဖို့ ဆိုရင် ယခု ညွှန်ကြားတဲ့ အဆင့်တွေထက် ပိုများတဲ့ လုပ်နည်းနဲ့ iTunes ကိုသုံးပြီး သင့်ရဲ့ music library ကို ချိန်ညှိဖို့ လိုပါတယ်။

Wai Lin Aung (Myanmar Mobile App)

Samsung FRP Tool

Samsung ဖုန်းများမှာ FRP Lock ကျရင်အလွယ်တကူ ဖြည်နိုင်မဲ့
Samsung FRP Tool လေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။
အသုံးပြုလိုတယ်ဆိုရင်တော့ Download ရယူနိုင်ပါတယ်။

Sony All model Pattern / Password remove files

Sony တွေကို Pattern / Password ကျနေလို့ ပြန်လည်ဖြည်နိုင်မဲ့ file လေးတွေကို
ပြန်လည်မျှဝေပေးလိုက်ပါတယ်။ Flashtool ကနေ flash ပေးရမှာပါ။
လိုအပ်ရင်တော့ ရယူလိုက်ပါ။

SP Flashtool

SP Flashtool တွေထဲက v5.1515 ကိုလိုအပ်သူများရယူနိုင်ရန် မျှဝေပေးလိုက်ပါတယ်။
တော်တော်လေးအသုံးဝင်တဲ့ version လေးပါ။ download link ရှားတဲ့အတွက်ကြောင့်
upload တင်ပေးတဲ့မူရင်းလင့်အတိုင်း ပြန်တင်ပေးလိုက်ပါတယ်။

Sony Android v4.4.2 to v6.0.1 install Zawgyi & Unicode

Sony ဖုန်းများအတွက် Android version 4.4.2 ကနေ 6.0.1 အထိကို
Zawgyi Font & Unicode Font ထည့်သွင်းနိုင်မဲ့ Tool လေးတစ်ခုကိုတင်ပေးလိုက်ပါတယ်။
ဒီ Tool လေးကို ကိုစည်သူရဲရင့်ထွန်းမှ ဖန်တီးပေးထားတာဖြစ်ပါတယ်။ အသုံးပြုနိုင်ရန်အတွက်
ဖုန်းမှာ Root တော့လိုအပ်ပါမယ်။ Tool လေးကိုလိုအပ်ပါက ရယူနိုင်ပါတယ်။

SHUAME version 3.6.0

Android device တွေရဲ့ Pattern , Passcode ( Screen Lock ) တွေကိုဖြုတ်တဲ့နေရာမှာ
မသိသူမရှိအောင် နံမည်ကြီးဖြစ်တဲ့ SHUAME software latest version လေးကိုတင်ပေးလိုက်ပါတယ်။
ဒီကောင်လေးကိုသုံးပြီး Root Genius နဲ့ Android version တော်တော်များများကိုလည်း ROOT ပြုလုပ်
နိုင်ပါသေးတယ်။ CHINA ROM တွေကိုလည်းဒီကောင်လေးထဲမှာ လေ့လာရင်လေ့လာနိုင်သလိုရရှိနိုင်ပါတယ်။
လိုအပ်ပါက ရယူလိုက်ပါ။
Link ထဲရောက်သွားရင် မျှားအောက်ဆိုဒ်နေတဲ့ အပြာရောင်ကွက်လေးကိုနှိပ်ပြီး Download ရယူပါ။

Thursday, July 28, 2016

Huawei ဖုန်းအားလုံးအတွက် IMEI Repair Tool 100%





မင်္ဂလာပါချစ်ပရိတ်သတ်ကြီး

ဒီနေ့ အစ်ကိုကျော်ထူးပို့ပေးလာတဲ့ စပါယ်ရှယ် ပိုစ့်တစ်ခုကို
Huawei ချစ်သူများအတွက် အပြေးကလေးလာပြီး မျှဝေပေးလိုက်တယ်ခင်ဗျား

ခေါင်းစဉ်ကိုမြင်တဲ့အတိုင်းပဲနော် ဘာဆိုတာကိုသိလောက်ပြီထင်တယ်
ဒီတော့ အားလုံးထက် နံပါတ်တစ်ဖြစ်အောင် ဒေါင်းလော့ရယူတော့နော်
Fake မဟုတ်လောက်ဘူး Real ပဲဆိုပြီး မျှော်လင့်ချက်လေးထားလိုက်ပါ


နာမည်က Huawei IMEI Repair Tool နော်
အားလုံးလည်း မျှော်လင့်နေကြတဲ့ Tool လေးဖြစ်မယ်ထင်ပါတယ်၊

ဖုန်းကလစ်သူတွေနဲ့ Serivce သမားတွေအတွက် ပျော်ပျော်ပါးပါး
လှေလှော်သွားနိုင်လောက်ပါပြီ၊ ဒီ Tool လေးကိုသာဆောင်ထားလိုက်
ဖုန်းကို စိတ်ကြိုက်ကလစ်လိုက်တော့ဗျာ မိမိရဲ့ Data Collection ထဲမှာ
သူရှိနေရင် သတိရတုန်း Repair ပြုလုပ်နိုင်တော့တာပေါ့။

ဒီနေရာမှာ ကျနော်ကိုယ်တိုင်စမ်းသပ်အောင်မြင်ပြီးသားတော့
မဟုတ်ရသေးဘူးဆိုတာကိုတော့ ပထမဦးဆုံးဝန်ခံထားပါရစေ

မူရင်းတင်ပေးထားသူ Nishan Gsm လည်း အသုံးပြုနည်း
အပြည့်အစုံကို မရေးသားထားတော့ ဒီပိုစ့်ကိုကျနော်ရေးနေတဲ့
အချိန်မှာ ပြီးပြည့်စုံတဲ့ အနေအထားသို့ မရောက်သေးတာပါ

ဒါပေမယ့် မူရင်း တင်ပေးထားတဲ့ ပိုစ့်ထဲမှာတော့ အောက်ပါအတိုင်း
ရေးပေးထားပါတယ် ဖတ်ကြည့်လိုက်ပါဦး

(Repair IMEI just in few seconds, no root, just direct in manufacture mode)

ဟေဟေ ဘယ်လိုလဲ Root access လဲမလိုသလို စက္ကန့်ပိုင်းအတွင်
သင့်ဖုန်းရဲ့ IMEI ကိုအလွယ်တကူ Repair လုပ်ယူနိုင်တာတဲ့နော်

ဒီလောက်ဆိုရင် ယခုဖေါ်ပြပါ Any Huawei IMEI Repair Tool က
သင့်အတွက် ခက်ခဲမှုမရှိပဲ လွယ်လင့်တကူဖြင့် 100% လောက်အဆင်ပြေ
လောက်ပြီဆိုတာကို ယုံကြည်နိုင်လောက်ပြီလို့ ထင်ပါတယ်။

ကဲသင့်ဖုန်းအတွက် အကြောင်းအမျိုးမျိုးကြောင့် IMEI ပျောက်ပျစ်စီးသွားပြီလား
Invilad Error တက်ပြီး ဘာမှလုပ်မရတော့တာလား Tool ပေါင်းစုံပြီး
ပွဲမတိုးဖြစ်နေတာလား အရမ်းအဆင်ပြေနိုင်မယ့် အလွယ်ကူဆုံး
Repair Tool လေးကိုလိုက်ရှာမိနေတာလား သင်မျှော်လင့်နေတဲ့
နောက်ဆုံးမဟုတ်သေးတဲ့ နောက်ဆုံး Any Huawei IMEI Repair Tool 100%
လေးကို အောက်ကလင့်မှာဒေါင်းလော့ရယူနိုင်ပါပြီ။

Download Here Any Huawei IMEI Repair Tool 100%

WinRar Pass-Nishan50 

Tool Username-Password
Username: HCU
Password: power

အားလုံးပဲ စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒပြည့်ဝနိုင်ကြပါစေ

WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း

  windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...