Thursday, November 17, 2016

အကောင်းဆုံး CMD Command ဖြင့် USB Bootable ဖြစ်အောင် လုပ်နည်း

 အကောင်းဆုံး CMD Command ဖြင့် USB Bootable ဖြစ်အောင် လုပ်နည်း



ဒီနည်းလေးကတော့ ကျနော်တို့ ဆော့ဝဲလ်မလိုပဲ မည်သည့် ISO Image ဖိုင်တွေကိုပဲ ဖြစ်ဖြစ် USB Bootable ဖြစ်အောင် လုပ်ပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းလေးပါ..။ အရင်တုန်းက ISO ဖိုင်တခုကို USB နဲ့ အသုံးပြုလို့ ရဖို့ဆိုရင် ဆော့ဝဲလ်တွေ လိုက်ရှာရပါတယ်..။ ဝင်းဒိုး ISO ဖိုင်တွေအတွက်ပဲ ဖြစ်ဖြစ်၊ တခြား ISO Image ဖိုင်တွေအတွက်ပဲ ဖြစ်ဖြစ်၊ USB Bootable ဖြစ်ဖို့အတွက် သူ့ ISO ဖိုင်အတွက် သူ့ဆော့ဝဲလ်ကို လိုက်ရှာယူရပါတယ်..။ အခု ဒီနည်းကတော့ ISO ဖိုင်အားလုံးကို USB နဲ့ ဘုတက်အောင်၊ Bootable ဖြစ်အောင် လုပ်ယူလို့ ရပါတယ်..။ အသုံးပြုနည်းက CMD နဲ့ အလုပ်လုပ်ပေးရမှာပါ..။ သိပ်တော့ မခက်ပါဘူး..။ စာကြောင်းအနည်းငယ်ကို ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်..။ အစအဆုံး လုပ်တတ်အောင် တဆင့်ချင်းစီကို အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ USB တွေနဲ့ ဝင်းဒိုးတင်တာတွေ၊ USB နဲ့ ဝင်းဒိုး Password ဖြုတ်တာတွေကို လုပ်တတ်ချင်တဲ့ သူများအတွက် မသိမဖြစ် နည်းလမ်းလေး တခုပါ..။ ဒီလုပ်နည်းကို သိထားရင် ဘယ် ISO ဖိုင်ကို မဆို USB Bootable ဖြစ်အောင် လုပ်ယူနိုင်မှာ ဖြစ်ပါတယ်..။ စိတ်ဝင်စားတဲ့ ၊ တတ်ထားချင်တဲ့ သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။

အောက်ကပုံလေးကတော့ usb တခု၊ သို့မဟုတ် နှစ်ခုကို စက်မှာ တပ်ထား၊ ထိုးထားရင် ပေါ်နေမယ့် Disk နံပါတ်တွေကို အောက်ကပုံအတိုင်း အရင်သွားကြည့်နိုင်ပါတယ်..။



ကျနော် အသုံးပြုမယ့် USB က အပေါ်ပုံမှာ 3.60 GB ရှိတဲ့.. Disk 2 နေရာမှာ ရောက်နေပါတယ်..။ အမှားမဖြစ်အောင် တခုကို ပြန်ဖြုတ်ထားလိုက်တော့ အောက်ကပုံအတိုင်း Disk 1 လို့ပဲ ပြနေပါလိမ့်မယ်..။ ဒါကတော့ အသုံးပြုမယ့် USB တခုကိုပဲ စက်မှာ တပ်ထားပါလို့ ဆိုလိုတာပါ..။


အပေါ်ပုံအတိုင်း မိမိတို့ အသုံးပြုမယ့် USB ထဲမှာ Data တွေရှိနေတယ်ဆိုရင် အရင်ဆုံး တနေရာကို ပြောင်းပြီး သိမ်းထားဖို့ လိုပါတယ်..။ အောက်မှာ လာမယ့် လုပ်နည်းတွေက USB ထဲက Data တွေ အားလုံးကို ဖျက်ပစ်ပြီးမှ လုပ်လို့ ရမှာ ဖြစ်တဲ့အတွက် ၊ ဖျက်ပစ်ပြီးမှ ပြန်ယူလို့ မရနိုင်တော့ပါ..။
အပေါ်ကအတိုင်း အားလုံး ပြင်ဆင်လို့ ပြီးသွားပြီဆိုရင်တော့ အောက်ကပုံလေးအတိုင်း Windows logo + R နဲ့ Run ဘောက်စ်ကို ဖွင့်ပြီး cmd လို့ ရိုက်ထည့်ပြီး OK ပေးလိုက်ပါ..။ ပေါ်လာတဲ့ CMD ထဲမှာ အောက်ကစာကြောင်းလေးတွေကို တကြောင်းစီ ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်..။

   diskpart
   list disk
   select disk {number}
   clean
   create partition primary
   select partition 1
   active
   format fs=ntfs quick
   (format fs=fat32 quick)
   assign
   exit

အပေါ်မှာ ပေးထားတဲ့ စာကြောင်းလေးတွေ တကြောင်းရိုက်ထည့်ပြီးတိုင်း ကီးဘုတ်မှ Enter တချက်စီ ခေါက်သွားပေး လိုက်ပါ..။



အပေါ်ပုံအတိုင်း ကျနော် USB တခုပဲ စက်မှာ တပ်ထားတာ ဖြစ်တဲ့အတွက် select disk 1 လို့ ရိုက်ထည့်ပြီး Enter ခေါက်ပေးလိုက်ပါတယ်..။ အောက်ကပုံမှာ ပြထားတဲ့ စာကြောင်းလေးပေါ်လာရင် နောက်တကြောင်း ဖြစ်တဲ့ clean ကို ထပ်ရိုက်ထည့်ပေးပါ..။



ဒီအဆင့်မှာတော့ USB တပ်ထားတဲ့ နေရာတွေမှာ သွားပြန်ကြည့်လိုက်ရင် အပေါ်ကပုံလိုမျိုး မြင်နေရမှာပါ..။ အောက်မှာ ပြထားတဲ့ စာကြောင်း နောက်တကြောင်းကို ထပ်ရိုက်ထည့်ပေးလိုက်ပါ..။



စာကြောင်းတကြောင်း ရိုက်ထည့်ပြီးတိုင်း အပေါ်ကလို ပုံတမျိုးစီ မြင်ရမှာ ဖြစ်ပါတယ်..။ အောက်မှာ ပြထားတဲ့ ပုံလေးတွေအတိုင်း ကျန်တဲ့ စာကြောင်းတွေကို ထပ်ရိုက်ထည့်ပေးလိုက်ပါ..။



ဒီအဆင့်မှာတော့ ကျနော့် USB ကို NTFS ဖေါ်မတ်နဲ့ ပြုလုပ်မှာဖြစ်တဲ့အတွက် အောက်မှာ မြင်နေရတဲ့ စာကြောင်းလေး format fs=ntfs quick နဲ့ လုပ်သွားတာ ဖြစ်ပါတယ်..။ မိမိတို့ အနေနဲ့ FAT32 ဖေါ်မတ်နဲ့ ပြုလုပ်ချင်တယ်ဆိုရင်တော့ ကွင်းစ၊ကွင်းပိတ်နဲ့ ပြထားတဲ့ (format fs=fat32 quick) စာကြောင်းလေးကို ပြောင်းရိုက်ထည့်ပေးရမှာပါ..။ သတိပြုရန်။ ။ NTFS ဖြင့်သာ ဝင်းဒိုးခွေနှင့် တခြား ဖိုင်ဆိုဒ်ကြီးတဲ့ ဖိုင်များကို အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ FAT32 ဖေါ်မတ်ဖြင့် အဆင်မပြေနိုင်ပါ..။


အပေါ်က စာကြောင်းလေး ရိုက်ထည့်ပြီးသွားရင်တော့ အောက်က ပုံ၂ပုံမှာ မြင်နေရတဲ့ 100% ပြည့်တဲ့အထိ စောင့်နေပေးရမှာ ဖြစ်ပါတယ်..။ ၁၀၀ ပြည့်ပြီးမှ ဆက်လုပ်ပါ..။




၁၀၀ ပြည့်ပြီးသွားရင်တော့ အပေါ်ကပုံအတိုင်း USB ကို မြင်ရပါပြီ..။ အဲ့ဒါဆိုရင်တော့ အောက်ကပုံအတိုင်း assign စာကြောင်းလေးကို ရိုက်ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ..။



အပေါ်ပုံအတိုင်း assign အောက်က successfully စာကြောင်းလေး ပေါ်လာရင် exit နဲ့ ထွက်၊ပိတ်လိုက်လို့ ရပါပြီ..။ ဒါဆိုရင် ဒီ USB က ဘုတက်တဲ့ ၊ Bootable USB တခု ဖြစ်သွားပါပြီ..။ ISO ဖိုင်တွေကို ထည့်တတ်အောင် အောက်ဆုံးက ပုံလေးတွေမှာ ဆက်ကြည့်ပေးပါ..။


အောက်ကပုံကတော့ ကျနော် ဝင်းဒိုး ပါတ်စ်ဝါဒ့် ဖြုတ်တဲ့ ISO Image ဖိုင်ကို WinRAR နဲ့ အရင် ဖိုင်ဖြည်ချလိုက်တာပါ..။




ISO ဖိုင်ကို ဖိုင်ဖြည်ပြီးလို့ Open နဲ့ဖွင့်လိုက်ရင် အောက်ကပုံအတိုင်း ဖိုင်တွေ အများကြီး မြင်ရမှာ ဖြစ်ပါတယ်..။ အားလုံးကို Select All ပေးပြီး copy ယူလိုက်ပါ..။ ပြီးရင်တော့ အပေါ်မှာ လုပ်ပြထားတဲ့ Bootable USB ထဲကို paste နဲ့ ထည့်ပေးလိုက်ရင် အားလုံး အဆင်ပြေသွားပါပြီ..။



အပေါ်ပုံအတိုင်း copy ယူပြီး..၊ အောက်ကပုံအတိုင်း Bootable ဖြစ်နေတဲ့ USB ထဲမှာ paste ထည့်ပေးလိုက်ပါ..။





Autorun ပါတဲ့အတွက် Antivirus တွေကို ခဏပိတ်ထားဖို့တော့ လိုပါလိမ့်မယ်..။



USB ကို ဖြုတ်ပြီး ပြန်တပ်ကြည့်လိုက်ရင်တော့ အောက်ကပုံအတိုင်း ၄င်း Image ဖိုင်ရဲ့ Logo ပုံလေးနဲ့ ပေါ်နေပါလိမ့်မယ်..။ ဒါဆိုရင် ဒီ USB လေးကို Bootable အဖြစ် အသုံးပြုလို့ ရသွားပြီ ဖြစ်ပါတယ်..။



အောက်ကပုံကတော့ Windows 8 ISO ဖိုင်ကို ဒီနည်းနဲ့ လုပ်ထားတာပါ..။ ကောင်းစွာ အသုံးပြုလို့ ရသွားပါပြီ..။ နောက်နေ့တင်မယ့် ပိုစ့်မှာ ဝင်းဒိုး ပါတ်စ်ဝါဒ့်ဖြုတ်တဲ့ ဆော့ဝဲလ် ISO ဖိုင်ကို တင်ပေးပါမည်..။


အားလုံးပဲ အလွယ်တကူ လုပ်တတ်၍ အဆင်ပြေစွာ အသုံးပြုနိုင်ကြပါစေ..။

Wednesday, October 12, 2016

USB Flash Drives နဲ့ Memory card တွေမှ Shortcut Virus Error ဖြေရှင်းနည်း





USB Flash Drives တွေနဲ့ Memory card တွေမှာ အဖြစ်များတဲ့ Shortcut Virus Error ကို အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်...။

shortcut virus
Start က  Search Box မှာ cmd  ရေးပြီး  Command prompt ကိုဖွင့်ပါ ..

  attrib -h -r -s /s /d g:\*.* 

အပေါ်က စာတွေကို Copy ကူးထည့်၍ဖြစ်စေ ရေး၍ဖြစ်စေ ထည့်ပြီး Enter ခေါက်ပါ... အနီရောင်နဲ့ g က 
မိမိရဲ့ Drives နာမည်ပါ....


သူ့ဘာသူ အလုပ်လုပ်နေပါလိမ့်မယ်.. ပြီးသွားရင် USB/Memory Card ကို ဖြုတ်ပြီး ပြန်တပ်ကြည့်ပါ 
Shortcut Error မရှိတော့တာတွေ့ရမှာပါ...။

xxxxxxxxxxxxxxxxxxxxxxxxx


 Software နဲ့ အလွယ်တကူ ဖြေရှင်းချင်တယ်ဆိုရင်တော့ ဒီ Software လေးကို  Downloat Shortcut Remover  ဒေါင်းယူပြီး  Click နှစ်ချက်နဲ့
 Run လိုက်ပါ .. (USB/Memory Card) ကို စက်မှာ တပ်ထားပြီးသားဖြစ်နေပါစေ..။
Size : 124.5KB ပဲ ရှိပါတယ်...


မိမိရဲ့ Drives နာမည်ကို ရေးထည့်ပြီး Enter ခေါက်ပါ...


ပြီးအောင်စောင့်ပေးလိုက်ပါ...


အပေါ်ကပုံအတိုင်း ပေါ်လာရင် Keyboard ပေါ်က Key တစ်ခုခုကို နှိပ်ပေးလိုက်ပါ...

အဆင်ပြေပါစေ

Monday, September 12, 2016

CD or DVD Drive Missing (CD/DVD Drive မပေါ်တဲ့ပြဿနာ)ကို ဖြေရှင်းနည်း



မိမိစက်မှာ CD/DVD Drive မပေါ်ရခြင်း၊ Detect ဆက်သွယ်မှုမရခြင်း ဖြစ်ရခြင်းအကြောင်းတွေကတော့ အောက်ပါ အချက်တွေပဲဖြစ်ပါတယ်။

• Corrupted registry entry.
• CD/DVD driver problem.
• Installation and un-installation of DVD recording programs.
• Un-installation of Microsoft Digital Image.

How to solve missing cd/dvd drive issue

အထက်ပါပြဿနာများကြုံလာခဲ့ရင် ဖြေရှင်းရမည့်နည်းလမ်းတွေကတော့ Window 7 အတွက် သူ့ system မှာပါတဲ့ troubleshooter ဖြင့်သော်၎င်း၊ Window XP နဲ့ Vista အတွက် Registry Editor ဖြင့်သော်၎င်းဖြေရှင်းနိုင်ပါတယ်လို့ အကြမ်းဖျင်းမှတ်ထားလို့ရပါတယ်။ 

Window 7 အတွက် ဖြေရှင်းနည်း
Window 7 မှာ CD/DVD Drive မပေါ်ဘူးဆိုရင် “Playing and Burning CDs, DVDs, and Blu-ray Discs troubleshooter” ဆိုတဲ့ နေရာမှာဝင်ရောက်ပြင်ဆင်ရမယ်။ အောက်ပါအဆင့်အတိုင်းလိုက်လုပ်ပါ။

1. Click Start button
2. On search box, type Troubleshooting. Open the result. ဒါမှမဟုတ် Control Panel> Click"Troubleshooting"






3. On left click “View All”.


4. Click “Playing and Burning CDs, DVDs, and Blu-ray Discs”. And Click “Next”


5. OK

အထက်ပါနည်းလမ်းတွေကို အသုံးပြုပြီးမှ အဆင်မပြေသေးဘူးဆိုရင် “Hardware and Devices troubleshooter” ဆိုတာကို ၀င်ရောက်ပြင်ဆင်ရဖို့ရှိတယ်။ ဒီနေရာမှာ မိမိကွန်ပျူတာမှာပါဝင်တဲ့ Hardware အားလုံးအလုပ်လုပ်၊ မလုပ်
Check လို့ရပါတယ်။ အောက်ပါအဆင့်အတိုင်းလိုက်လုပ်ပါ။
1. Again click on “Start” button.
2. On search box, type Troubleshooting. Open the result.
3. Under “Hardware and Sound” setting, click “Configure a device”. If prompted for confirmation click “Yes”.
4. Now reboot your computer and check for drive by clicking on Start button and then “Computer”.

Window Vista အတွက်ဖြေရှင်းနည်း

Window Vista အတွက်ဆိုရင် ကျနော်တို့ Registry Editor ကနေ ၀င်ရောက်ပြင်ဆင်ရမယ်။ အောက်ပါအဆင့် ဆင့်ကိုလိုက်လုပ်ပါ။
1. “Start” button ကိုနှိပ်
2. search box မှာ “regedit” လို့ရိုက်ထည့်ပါ. “regedit.exe” ကို ကလစ်နှစ်ချက်နှိပ်။
ဒါမှမဟုတ် Keyboard ပေါ်မှာ Win + R တွဲနှိပ်ပြီး, Run Box တွင် “regedit” လို့ရိုက်ထည့်ပါ။


3. confirmation ဘောက်စ်ပေါ်လာရင် “Allow” ကိုနှိပ်ပြီး Registry Editor ပွင့်လာပါလိမ့်မယ်။
4. registry editor တွင် အောက်အဆင့်ဆင့်ထိရောက်အောင်ဖွင့်လိုက်ပါ…

HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\Class\{4D36E965-E325-11CE-BFC1-08002BE10318}

5. အောက်ပါ folder name ကိုတစ်ခုချင်းဆီနှိပ်၊ထိုနောက် ညာဖက်မှာရှိတဲ့ “Upper filters” နဲ့“LowerFilters” တွေရဲ့ အပေါ်တွင် Right Click ထောက်ပြီး Delete ကိုလုပ်လိုက်ပါ။

“{4D36E965-E325-11CE-BFC1-08002BE10318}”


Note registry entry မှာ “UpperFilters.bak” ဆိုတာတွေ့ရင် အဲဒါကိုမဖျက်ပဲထားခဲ့ပါ။
ပြီးလျှင် ကွန်ပျူတာကို Restart

Windows XP အတွက်

1. Click “Start”. Click “Run”.
2. Run box မှာ “regedit” ရိုက်ထည့်ပါ။ click OK.


3. In registry editor, အောက်ပါအဆင့်ဆင့်ကိုသွားပါ။

HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\Class\{4D36E965-E325-11CE-BFC1-08002BE10318}

4. Click on {4D36E965-E325-11CE-BFC1-08002BE10318} . ညာဖက်မှာရှိတဲ့ “Upper filters”နဲ့ “LowerFilters” တွေရဲ့ အပေါ်တွင် Right Click ထောက်ပြီး Delete ကိုလုပ်လိုက်ပါ။
5. Registry editor ကနေထွက်ပြီး reboot your computer.

အကယ်၍အထက်ပါအဆင့်များနဲ့ CD/ DVD Drive အလုပ်မလုပ်သေးရင်၊ My Computer တွင် CD/DVD Drve မပေါ်သေးလျှင် Device Manager မှာ ၀င်ရောက်ပြင်ဆင်မည့်နည်းလမ်းကို ထပ်လုပ်ကြည့်ပါ။

Windows Vista and Windows 7

1. Click Start button
2. Type Device manager in the search box. Click on the result.


3. On device manager, expand “DVD/CD-ROM drives”. Right-click the CD and DVD devices, and then click “Uninstall”.


4. Reboot your PC.
5. The drivers will be automatically installed after your PC restarts.

Windows XP

1. Go to Start > Control Panel.
2. Click System and Maintenance > System.
3. Open the Hardware tab, click “Device Manager”.


4. Expand DVD/CD-ROM drives, right-click the CD and DVD device, and then selectUninstall.


5. Reboot your PC. All the drivers will be automatically reinstalled after restart.

WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း

  windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...