Thursday, May 5, 2016

✔Facebook Like Pageမှmemberကို Banဘမ်းနည်း✔



-facebookမှာlike page​ထောင်​ထားသူများ
အတွက်​အ​ကြောင်းအမျိုးမျိုး​ကြောင့်​မိမိpageကို
likedလုပ်​ထားတဲ့memberကိုpageမှထုတ်​ပယ်
Banဘမ်းနည်းကို​ရေးသားလိုက်​ပါတယ်​-

၁။facebookကိုbrowserက​နေdeskstop
view​ပြောင်းပြီးloginဝင်​လိုက်​ပါ။

၂။loginဝင်​ပြီးရင်​news feedကို​ရောက်​မယ်​။

၃။အဲ့ဒိမှာweb pageရဲ့ဘယ်​ဘက်​အခြမ်းမှာ
title​ခေါင်းစဉ်​​တွေအများကြီး​တွေ့ရမယ်​။

၎။အဲ့ဒိ​ခေါင်းစဉ်​​တွေအထဲကကိုယ်​လုပ်​ထားတဲ့
ကိုယ့်​ရဲ့fb pageကိုရှာပြီး​တွေ့ရင်​clickနှိပ်​၍
ဝင်​လိုက်​ပါ။

၅။ကိုယ့်​pageထဲကို​ရောက်​ရင်​အ​ပေါ်ဆုံးနားမှာ
Page၊Activity၊Insights၊Settings
ဆိုတဲ့စာသား​လေးမျိုး​တွေ့မယ်​။
အဲ့ဒိအထဲက"Settings"ဆိုတဲ့စာသား​နေရာကို
clickနှိပ်​ပြီးဝင်​လိုက်​ပါ။အဲ့ဒိမှာpageနဲ့ပက်​သက်
တဲ့ဆက်​တင်​​တွေအများကြီး​တွေ့ပါမယ်​။

၆။အဲ့လို​ပေါ်လာရင်​ဘယ်​ဘက်​အခြမ်း၁၀ခု​မြောက်​က
Banned Users ဆိုတဲ့စာသား​နေရာကိုထပ်​ပြီး
clickနှိပ်​​ပေးပါ။

၇။ညာဘက်​မှာ​လေး​ထောင့်​ကွက်​​လေးထဲကမျှား​လေး
နဲ့Bannedဆိုတဲ့​နေရာ​ပေါ်လာပါမယ်​။
အဲ့ဒိ​နေရာကိုထပ်​ပြီးclickနှိပ်​လိုက်​ပါ။

၈။အဲ့ဒိမှာPepole Who Like Thisဆိုတဲ့​နေရာ
ကိုclickပြီးကိုယ်​Banဘမ်းမယ့်​သူကိုရှာလိုက်​ပါ။
မ​တွေ့ရင်​Pages That Like This ​နေရာကို
ထပ်​ဝင်​ပြီးရှာပါ။

၉။clickနှိပ်​ပြီးသွားရင်​ကိုယ့်​pageမှာlikeလုပ်​ထား
တဲ့သူ​တွေ​ပေါ်လာလိမ့်​မယ်​။အဲ့ဒိအထဲကမိမိဘမ်းချင်
တဲ့သူကိုရှာလိုက်​ပြီး​တွေ့ရင်​သူ့နာမည်​​ဘေးနားက
စက်​သွားပုံ​နဲ့ဆက်​တင်​​နေရာကိုတချက်​နှိပ်​လိုက်​ပါ။

၁၀။အဲ့ဒိမှာAssign Page Roleနဲ့Remove
ဆိုတာ​တွေ့မယ်​။
ဘမ်းမှာဆို​တော့Remove​နေရာကိုclickနှိပ်​လိုက်​။

၁၁။Removd Fanဆိုတဲ့စာ​ပေါ်လာလိမ့်​မယ်​။
အဲ့ဒိမှာBan Permanentlyစာသား​ဘေးနားက
ကွက်​လပ်​​လေးထဲကိုအမှတ်​ခြစ်​​ပေးလိုက်​ပြီးရင်
ညာဘက်​​ဘေးနားကအပြာ​ရောင်​နဲ့confirm
ဆိုတဲ့စာသား​နေရာကိုclickထပ်​နှိပ်​​ပေးလိုက်​ပါ။
ဒါဆိုရင်​အဲ့​ဒိအ​ကောင့်​န်​ဟာမိမိရဲ့pageကိုlike
ပြန်​လုပ်​ဖို့​နေ​နေသာသာpageကိုရှာလို့မ​တွေ့​တော့
အောင်​ရာသက်​ပန်​ဘမ်းလိုက်​တာပါ။
တကယ်​လို့မိတ်​​ဆွေကBan Permanently
စာသား​ဘေးနားက​လေး​ထောင့်​အကွက်​ထဲကို
အမှတ်​မခြစ်​​ပေးပဲနဲ့ဘမ်းမယ်​ဆိုရင်​​တော့သူက
မိတ်​​ဆွေရဲ့pageကို​နောက်​ထပ်​ရှာပြီးlikeလုပ်​၍
commentဝင်​​ရေးနိုင်​ဦးမှာပဲဖြစ်​တယ်​။
ဒါ့​ကြောင့်​ရာသက်​ပန်​ဘမ်းမယ်​ဆိုရင်​Ban Permanentlyစာသား​ဘေးကကွက်​လပ်​ထဲကို
markအမှတ်​ခြစ်​​လေးခြစ်​​ပေးပြီးမှconfirmနှိပ်
ok​ပေး၍ဘမ်းပါ။

၁၂။ပြီးရင်​backပြန်​ထွက်​ပါ။
Bannedဆိုတဲ့​နေရာမှာမိမိဘမ်းထားတဲ့သူရဲ့
အမည်​စာရင်း​တွေကို​တွေ့မြင်​ရမှာဖြစ်​ပါတယ်​။

၁၃။သူ့ကိုဘမ်းထားတာကိုပြန်​ဖြုတ်​ချင်​တယ်​။
ban listထဲကပြန်​ဖျက်​ချင်​တယ်​ဆိုရင်​​တော့
ကိုယ်​ဘမ်းထားတဲ့သူရဲ့နာမည်​​ဘေးကစက်​သွားပုံ
နဲ့ဆက်​တင်​​နေရာကိုclickနှိပ်​လိုက်​ပြီးရင်
Unban ဆိုတဲ့စာသား​နေရာကိုထပ်​နှိပ်​ပြီးok
ပေးလိုက်​ရင်​သူ့ကိုban listထဲက​နေပြန်​ဖြုတ်
ပေးလိုက်​ပြီပဲဖြစ်​ပါတယ်​။
အဲ့ဒါဆိုရင်​သူဟာမိမိရဲ့pageကိုlikeပြန်​လုပ်​၍
မိမိpageကတင်​တဲ့postများကိုပြန်​မြင်​ပြီး
commentတို့likeတို့messageတို့ကိုလည်း
ပြန်​လည်​လုပ်​​ဆောင်​နိုင်​မှာဖြစ်​ပါတယ်​။

-ယခုပို့စ်​အားစာအုပ်​အဖြစ်​သိမ်းယူထားလိုပါက
အောက်​ကလင့်​ခ်​မှာ​ဒေါင်းလုပ်​ဆွဲယူပါ-

★စာအုပ်​​ဒေါင်းရန်​လင့်​ခ်​★ 

http://www.solidfiles.com/d/a281a51e14/Facebook-Page-Member-Banned-Method-Written-By-Kozawthwin.pdf

-Apkအဖြစ်​ယူထားလိုက​အောက်​ကလင့်​ခ်​မှာ​ဒေါင်းပါ-

★Apkအား​ဒေါင်းရန်​လင့်​ခ်​★

http://www.solidfiles.com/d/499628a7ee/Facebook-Page-Member-Banned-Method-By-Kozawthwin.apk

♨Screen Shots♨











































        အဆင်​​ပြေပါ​စေ။


Computer C ခန်း D ခန်းတွေ ဖျောက်မယ် ၀ှက်မယ် မသိအောင် မဖွင့်နိုင်အောင် လုပ်ထားမယ်





ကဲ ဒီနေ့တော့ ကွန်ပျူတာ C အခန်း တစ်ခုလုံး ဖွက်နည်းလေး ပြောချင်ပါတယ်။ မသိတဲ့သူတွေဆို ကြောင်ပြီး
နေသွားမယ့် ပညာလေးတစ်ခုပေါ့ဗျာ။ အခြားသော ပတ်လမ်းနည်းနဲ့ သွားမှသာလျှင် အသုံးပြုနိုင်မှာပါ။ မသိရင်
မိမိလုပ်ထားတာ မေ့သွားရင်တော့ ဒုက္ခဘဲ။ မမေ့အောင်တော့ စာသားလေး ကူးထားပေါ့။ ကဲ စိတ်ဝင်စားလား
စိတ်ဝင်စားရင် စမယ်ဗျာ။ Run....gpedit.msc>>User Configuration>> Administrative TEmplates>> All Settings အထိ သွားလိုက်ပါ။ Hide these specified drives in My Computer ဆိုတဲ့ စာသားလေး လိုက်
ရှာပါ။ H ရဲ့ အတန်းအထိသွားပြီး ရှာပါ။ ရှာလို့တွေ့ရင် Hide these specified drives in My Computer ကို နှစ်
ချက် ကလစ်ပေးလိုက်ပါ။ ပေါ်လာတဲ့ ဘောက်လေးမှာ Enabled ကို ပြောင်းပြီး Restrict all drives မှာ Restrict C drive Only ကို ရွေးပေးပါ။ ပြီးရင်တော့ OK ကိုနှိပ်ပါ။ ကဲ ဒါဆိုရင်တော့ မိမိရဲ့ My Computer လေး
ကို နှစ်ချက် ကလစ်ပြီး ကြည့်လိုက်ပါ။ C အခန်း တစ်ခုလုံး ပျောက်နေတာကို တွေ့ရပါလိမ့်မယ်။ C အခန်းမှသာမဟုတ်



အခြားသော အခန်းများကိုလည်း ဖျောက်ထားနိုင်တယ်။ Program တွေ Control Panel ကိုလည်း ဖျောက်နိုင်
တယ်။ Run..ဘောက်ကိုလည်း ဖျောက်နိုင်ပါတယ်။ ဒီနည်းပညာက Computer ရဲ့ အဓိက စက်လည်ပတ်မှု အပိုင်းကနေ ပြုလုပ်တာဆိုတော့ အခြားသော ပရိုဂရမ်တွေနဲ့ ပြင်ဆင်ဖို့ရာ မလွယ်ကူနိုင်ပါဘူး။ Run..ဘောက်
မှာ gpedit.msc လို့ ရိုက်တဲ့ အသုံးမလိုတော့ရင် ပြန်ပြီးတော့ မူလသွားတဲ့အတိုင်းသွားပါ။ ပြန်ပြင်တဲ့အခါ ရှာရ
တာ အလွန်ခက်ပါတယ်။ ကျုပ်ကွန်ပျူတာကတော့ အောက်ဆုံးကနေပြီး အစဉ်အလိုက် တက်သွားရင် 60 ကျော်
မှာ Hide these specified drives in My Computer ဆိုတာ တွေ့ရမှာပါ။ မိတ်ဆွေတို့ ပြုလုပ်ချင်တဲ့ ပုံစံမျိုးစုံ
ဒီနေရာမှာ အပြည့်အစုံ ရှိပါတယ်။ ဘာကို Hide ထားချင်လဲ.။ လုပ်လို့ရပါတယ် ။ ကိုယ်လုပ်ထားတာကို မမေ့
ဖို့တော့ အရေးကြီးတာပေါ့။

ဒီအခုလုပ်တဲ့ နေရာမှာ ဒီနည်းကို ဥပမာထားပြီးတော့ အခြားသော နည်းပညာလေးတွေလည်း ပြန့်သွားနိုင်ပါ
တယ်။ ကလိလေ အကျိုးရှိလေပါဘဲ။ ဒီနည်းလေးကတော့ ငါ့ညီလေး စာအုပ်ထဲ မှတ်သားထားတဲ့ နည်းလေး
ပါ။ အဲဒါလေးတွေ့လို့ သြော် ဒီလိုနည်းပညာလေးလည်း မဆိုးဘူးဆိုပြီးတော့ ရေးလိုက်တာ။ မရေးရင် မသိဘူး
ပေါ့ဗျာ။ ရေးလိုက်တော့ ဖတ်ရတယ် မှတ်ရတယ်ဆိုတော့ ပိုအကျိုးများတာပေါ့ ဟုတ်ဘူးလား။
ကဲ ကျုပ်ပုံလေးတွေနဲ့ လုပ်ထားတယ်။ ပုံလေးတွေလည်း ဆက်ကြည့်ပါဦး သူများတွေလို စိတ်ဝင်စားအောင်
မရေးတတ်တာကိုတော့ ခွင့်လွတ်ပါ။.



 ပုံမှာ ပြထားသလို အဆင့်ဆင့် သွားလိုက်ပါ









C အခန်း ပျောက်နေတယ် တွေ့လား.ဟဲ ဟဲ



ကဲ အောက်က ပုံကတော့ ပြန်ဖော်တဲ့အခါ ပြုလုပ်တာပါ။ အောက်ကနေ အပေါ်ကို တက်ပြီး Hide these specified drives in My Computer ဆိုတာလေးကို ဘယ်လို ရှာရတယ်ဆိုတာ သိရောပေါ့





ကဲ အားလုံး အဆင်ပြေပါစေ။ ဒီနည်းကတော့ ဆော့ဝဲမလိုပါဘူး။ Floder Hide တာတို့ ဘာတို့က ဖျက်လိုက်
ရင်ပျက်ရော ခုနည်းကတော့ အခန်းတစ်ခုလုံးပါ ဖျောက်ထားတော့ ပိုကောင်းတာပေါ့။ ဒီနည်းမှာလည်း အား
နည်းချက်တွေ ရှိပါတယ်။ တစ်ကယ် စမ်းကြည့်ပါ။ ကြိုက်ရင်တော့ ကူးပြီး ကြော်ငြာပေးကြပါဦးနော်။ အားကိုး
ပါတယ်။ ကျုပ်ကလည်း နည်းပညာလေးတွေဆို ကူးစေချင်ပါတယ်။ ဘာကြောင့်ဆို လူအများသိတော့ ပိုအကျိုး
ရှိတာပေါ့ ။ ကိုယ့်ရဲ့ နည်းပညာကို များများ ရှယ်လေ ပိုအကျိုးရှိလေ ပိုပြီးတော့ ကုသိုလ်ရလေပါဘဲ။ အမျှပေး
သလိုပေါ့ဗျာ။ ကဲ အဆင်ပြေကြပါစေ... အဆင်မပြေရင်လည်း အဆင်ပြေအောင် ကြည့်လုပ်ရှားကြပေတော့


computer motherboard ပေါ်ရှိ connector port များ အကြောင်း ( hard ware ပိုင်းဆိုင်ရာ)






ကျွန်တော်တို့ဆိုဒ်မှာ အများအားဖြင့် ကွန်ပျူတာနဲ့ ပက်သက်ရင် အခြေခံနဲ့ ဆိုင်တဲ့အကြောင်းအရာ၊ ၀င်းဒိုးနဲ့ဆိုင်တဲ့ အကြောင်းအ၇ာလေးတွေပဲ အများအားဖြင့် တင်လေ့ရှိပါတယ်။ အခုလည်း ကျတော်ပြန်လည် ဝေမျှလိုတာကတော့ Hard ware နဲ့ဆိုင်တဲ့ အကြောင်းအရာ သိသင့်တာလေးတွေကို အခြေခံကျကျ ရေးသားရှင်းပြထားပေးတဲ့ အကြောင်းအရာလေးတွေကို ကျတော်ဖတ်မိသလို ကျတော့်ဆိုဒ်ကို လာလည်တဲ့ သူငယ်ချင်းများလည်း လေ့လာမှတ်သားလို့ရအောင် တစ်ဆင့်ပြန်လည် ဝေမျှခြင်းဖြစ်ပါတယ်။ ဘယ်အရာမဆို အခြေခံခိုင်ခိုင်မာမာရှိမှ အောက်ခြေခိုင်ခံ့မှ တစ်ဆင့်ပီးတစ်ဆင့် တက်တဲ့အခါ အစစအရာရာ အဆင်ပြေမှာဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သဘောကျနှစ်သက်မိလို့ မှတ်စုအနေနဲ့ရော တစ်ဆင့်ပြန်လည် ဝေမျှလိုတဲ့ သဘောနဲ့ပါ တင်ပေးလိုက်ပါတယ်။ သိပြီးသား ကျွမ်းကျင်ပီးသား သူများအတွက် လုံးဝမရည်ရွယ်ပဲ မူကြိုအဆင့်များကိုသာ ရည်ရွယ်ပါသည်။ ဘာကြောင့်လဲဆိုတော့ ကျတော်လည်း မူကြိုအဆင့်မှ မတက်နိုင်သေးသောကြောင့်ပါ....:D



အထက်ကပုံမှာဆိုရင် သာမှန်အားဖြင့် Desktop computer တစ်လုံးရဲ့  Case နောက်ဖက်မှာမြင်တွေ့  ရမည့် connector များဖြစ်ပါတယ်…ဒီ connector တွေဟာ built in connector တွေဖြစ်ပြီး သူတို့ မှာ standard color နဲ့  standard size လေးတွေရှိပါတယ်..ဥပမာအားဖြင့် ps/2 keyboard connector သည် အပြာရောင် သတ်မှတ်ထားပြီး pin အားဖြင့် 6pin mini din connector ဖြစ်ပါတယ်..ဒါက desktop ကွန်ပျူတာရဲ့ ဘယ် motherboard မဆို ဒီအတိုင်းသတ်မှတ်ထားတာဖြစ်ပါတယ်..ဒါမှလည်း ကီးဘုတ်ထုတ်တဲ့ company တွေ mouse ထုတ်တဲ့ company တွေအလုပ်ဖြစ်မှာပေါ့..နို့ မိုဆို သူတို့ ထုတ်ချင်တဲ့ design ကိုသာထုတ်မယ်ဆိုရင် motherboard တွေက အမျိုးမျိုးရှိတဲ့အတွက် အရွယ်အစား ကိုက်ညီမှာမဟုတ်ဘူးလေ..ဒါကြောင့် company တွေက သတ်မှတ်ထားတဲ့ standard color နဲ့  size ကိုလိုက်နာပြီး ဒီဇိုင်းထုတ်ကြရပါတယ်..user အနေတွေ ဖက်ကအနေနဲ့ ကြည့်မယ်ဆိုရင်လည်း ဒီလို color လေးတွေကို မှတ်သားခြင်းအားဖြင့် ဘယ် motherboard အမျိုးအစားမဆို color ကိုကြည့်လိုက်တာနဲ့  ဘယ် connector ကတော့ ဘယ် color ဆိုပြီး အလွယ်တကူ တပ်ဆင်နိုင်ပါတယ်..


PS/2 port(keyboard)

အပြာရောင်နဲ့ pin ၆ pin ပါတဲ့ connector ဟာ PS/2 keyboard connector ဖြစ်ပါတယ်..mini din keyboard connector လို့ လည်းခေါ်ပါတယ်..

PS/2 port(mouse)

အစိမ်းရောင်နဲ့ pin ၆ pin ပါတဲ့ connector ဟာ PS/2 mouse connector ဖြစ်ပါတယ်..mini din mouse connector လို့ လည်းခေါ်ပါတယ်..

USB port

USB port တွေဟာ 4 pin flat connector (ခေါင်းအပြား)ဖြစ်ပြီး အနည်းဆုံး နှစ်ခုပါလေ့ရှိပါတယ်..USB connector သုံးထားတဲ့ device မှန်သမျှ computer နဲ့ ချိတ်ဆက်ဖို့ ဒီ USB connector ကို လာတပ် ရပါတယ်..

Ethernet port(network)

Ethernet port ကို RJ-45 port လို့ လည်းခေါ်ပါတယ်..Desktop မှာ ရော laptop မှာပါ ဒီ RJ-45 port ကိုအသုံးပြုပါတယ်..မိမိကွန်ပျူတာကို network/internet ချိတ်ဆက်သည့်အခါ ဒီ port မှာလာတပ်ရပါတယ်..

Serial port(dial-up modem)

Phone line နဲ့ internet ချိတ်ဆက်သည့်အခါ အသုံးပြုတဲ့ modem port ဖြစ်ပါတယ် serial port connector တွေဟာ male connector ဖြစ်ပါတယ်..pin အရေတွက်အားဖြင့် 9 pin ပါရှိပါတယ်..

LPT1 printer port(printer)

Printer နဲ့ ကွန်ပျူတာ ချိတ်ဆက်ဖို့ ဒီ connector မှာ လာတပ်ပေးရပါတယ်..DB 25 connector လို့  လည်းခေါ်ပါတယ်..printer တွေကို USB port နဲ့  အသုံးပြုတာများပါတယ်..USB connector က printer မှာမပါဘူးဆိုရင်တော့ DB 25 printer port ကိုအသုံးပြုရမှာဖြစ်ပါတယ်…..

VGA port(monitor)

VGA DB connector ဟာ 3 row15 pin အပြာရောင် ဖြစ်ပါတယ်..motherboard တွေမှာ built in ပါလေ့ရှိပါတယ် တစ်ချို့ ဘုတ်တွေ မှာတော့ မပါဘူး အဲဒီလိုမပါခဲ့ရင် VGA card ကို ၀ယ်စိုက်ရပါတယ်..

Speakers port

သီးချင်းနားထောင်ဖို့  speaker သုံးပြီးဖွင့်မယ်ဆိုရင် jack plug ကို ဒီ အစိမ်းနုရောင် connector မှာ လာတပ်ရပါတယ်

Line in

Line in ဆိုတာ အပြင်က tape ,recorder တွေကို ကွန်ပျူတာထဲကို သွင်းချင်တယ်ဆိုရင် ဒီ အပြာနုရောင် line in connector မှာလာတပ်ပြီးတော့သွင်းလို့ ရပါတယ်..

Microphone

Microphone ကတော့ စကားပြောဖို့ အတွက် အသံသွင်းဖို့ အတွက် jack plug ကို ဒီ ပန်းနုရောင် connector မှာ လာတပ်ရပါတယ်..ဒီ connector တွေရဲ့ ဘေးနားလေးတွေမှာ microphone ဆိုလည်း microphone ပုံစံ speaker ဆိုလည်း speaker ပုံလေးတွေ case cover(I/O frame cover ) မှာပြထားပေးတတ်ကြပါတယ်..

Game port(joystick)

Joystick 2 row 15 pin connector ကို game ဆော့တဲ့အခါ အသုံးပြုတဲ့ connector ဖြစ်ပါတယ်..ခုနောက်ပိုင်းတော့ joystick ကို USB connector ကို အသုံးပြုတာများပါတယ်..ဒါပေမဲ့ backward compatible ဖြစ်အောင်ထည့်ပေးထားပါတယ်..တစ်ချို့ motherboard တွေမှာတော့ မပါပါဘူး..

Motherboard ပေါ်ရှိ Switch panel




Motherboard ပေါ်မှာ ရှိတဲ့  switch panel တွေဖြစ်ပါတယ်..သူကဘာလုပ်ပေးလဲဆိုတော့ စက်ကို power on ဖို့ Hard disk မီးလုံးလေးတွေလင်းစေဖို့  Restart ခလုပ်တွေ လာရောက်ချိတ်ဆက်ဖို့ အတွက် panel လေးတွေ ပါပါတယ်…ဒါအပြင် system beep အသံထုတ်ပေးဖို့ အတွက် speaker အသေးလေးပါရှိပါတယ်(ဒီ speaker က သီချင်းနားထောင်တဲ့ speaker မဟုတ်ပါ)ပုံမှာဆိုရင် switch panel ရဲ့  connector ငုတ်လေးတွေ တွေ့ ရမှာဖြစ်ပါတယ်..Hard disk LED ကိုတော့ ဘယ်ငုတ်မှာ တပ်ရမယ် power LED ကိုတော့ ဘယ်ငုတ်မှာ တပ်ရမယ်ဆိုတာ အဲဒီ panel ရဲ့ ဘေးနားမှာ ငုတ် အနေအထားရဲ့ ပုံစံအတိုင်း စာလေးနဲ့ ရေးပြထား ပါတယ်.. အဲဒီအတိုင်း တပ်ဆင်နိုင်တယ်..တကယ်လို့ မှ ဘယ် connector ကဘယ်ငုတ်မှာတပ်ရမှန်း မသေချာဘူးဆိုရင် motherboard မှာ manual book ကနေ ကြည့်ပြီးတပ်ဆင်နိုင်တယ်(manual စာအုပ်ပျောက်နေရင် motherboard model နဲ့ manual book ကို အင်တာနက်မှာ ရှာနိုင်တယ်)




RESET SW - ဆိုတာ restart ခလုတ်ပါပဲ ကျွန်တော်တို့ ကွန်ပျူတာကို restart ချချင်တယ်ဆိုရင် case က restart ခလုတ်ကို နိုပ်ရတယ်မလား..SW ဆိုတာ switch ကိုအတိုကောက်ရေးထားတာဖြစ်ပါတယ်..

H.D.D LED(IDE LED) - ဆိုတာ ကျွန်တော်တို့ hard disk ပုံမှန်အလုပ်လုပ်တဲ့အနေထားကို LED ကနေ ကြည့်ရင်သိနိုင်တယ် တစ်ခါတရံ စက်ကလေးလံနေပြီး ဘာမှလုပ်လို့ မရတော့တဲ့အခြေအနေမှာ Hard disk lED ကိုကြည့်လိုက်ပါ အနီရောင်ဖြစ်နေပြီး အကြာကြီးလင်းနေတတ်ပါတယ်..တစ်ခါတစ်ရံ HDD LED လို့ ရေးတတ်သလို IDE LED လို့ လည်းရေးတတ်ကြပါတယ်..motherboard company တစ်ခုနဲ့တစ်ခု မတူပါ..

POWER SW(PWR)- ဆိုတာ ကျွန်တော်တို့ စက်ကို စတင်ပြီး ခလုတ်ဖွင့်ဖို့ အတွက် ချိတ်ထားတဲ့ connector ပဲဖြစ်ပါတယ်…သူက motherboard မှတစ်ဆင့် power supply အလုပ်လုပ်စေဖို့ အတွက် စတင်စက်နိုးပေးတဲ့သူဖြစ်ပါတယ်..

POWER LED - ဆိုတာ power ပုံမှန်အလုပ်လုပ်မှု အနေထားတိုင်းရှိမရှိ LED ကနေသတိထား ကြည့်ရှု့  နိုင်ပါတယ်..power LED ကိုတပ်မထားလည်း ကိတ်စတော့မရှိပါ..သို့ သော် power ပိုင်းနဲ့  ပတ်သက်လာလျင်ခန့် မှန်းရလွယ်ကူအောင်တပ်ဆင်ပေးသင့်ပါတယ်..

Speaker - ဆိုတာ computer စက်စတက်တက်ချင်း တီ ဆိုတဲ့  post သံတွေ Error beep သံတွေ ပေးဖို့  အတွက် panel မှာ speaker ဆိုတဲ့နေရာမှာ တပ်ဆင်ပေးရပါတယ်….ဒီ RESET SW တို့  H.D.D LED connector တို့ ကို motherboard ပေါ်မှာ ရှိတဲ့ switch panel မှာ လာတပ်ပေးရပါတယ်..အခု switch panel တွေရဲ့ ငုတ်အနေအထားဟာ motherboard ထုတ်တဲ့ ကုမ္ပဏီတွေ တစ်ခုနဲ့ တစ်ခု မတူညီနိုင်ပါဘူး..ဒါကြောင့် manual ကြည့်တတ်ရမယ် motherboard ပေါ်မှာရှိတဲ့ panel ရဲ့ ဘေးမှာ ရေးထားတဲ့ စလုံးအတိုကောက်တွေ panel ရဲ့ အနေအထားပုံစံတွေကို သိဖို့ လိုပါတယ်..power LED တို့ Hard disk LED တို့ ဆိုတာ ဒီ connector တွေက case(computer casing) တိုင်းမှာ ပါရှိတဲ့ connector တွေဖြစ်ပါတယ်..


♪ Windows Computer ကို Factory Reset ပြုလုပ်နိုင်မယ့် နည်း (၄) နည်း ♫




သင့်ကွန်ပြူတာ လေးလံလာလို့ ဖြစ်ဖြစ်၊ Virus ကူးစက်လို့ ဖြစ်ဖြစ် ၊ ဖြေရှင်းမရတဲ့ Error ဖြစ်လို့ပဲ ဖြစ်ဖြစ် မူလအခြေအနေ ကို ပြန်ရောက်ရှိဖို့ အမြန်ဆုံး နဲ့ အလွယ်ဆုံး နည်းက စက်ရုံထုတ်အနေအထား အတိုင်း ပြန်ဖြစ်သွားအောင် ပြုလုပ်တာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Factory Reset ချတာဖြစ်ပါတယ်။ စမတ်ဖုန်းများ မှာ Factory Reset ချနိုင်တဲ့ စွမ်းဆောင်ချက် ကို ထည့်သွင်းပေးထားပါတယ်။ Wimdows Computer မှာလည်း Factory Reset ချနိုင်တဲ့ နည်းလမ်းများ ရှိပါတယ်။ 

Recovery Partitiion ကို အသုံးပြုပါ။
-------------------------------------
နောက်ပိုင်းထုတ် ကွန်ပြူတာများ မှာ Operating System ကို ကြိုတင်ထည့်သွင်းပေးထားပြီး Recovery Partition ပါရှိကြပါတယ်။ Recovery Partition ကို အသုံးပြုပြီး ၀င်းဒိုး ကွန်ပြူတာ ကို စက်ရုံထုတ်အခြေအနေ အတိုင်း ပြန်ဖြစ်အောင် ပြုလုပ်နိုင်ပါတယ်။ 
ကွန်ပြူတာ မှာ Recovery Partition ပါမပါ သိနိုင်ဖို့ My Computer ပေါ်မှာ Right Click နှိပ်ပြီး Manage ကိုနှိပ်ပါ။ Computer Management Window ပေါ်လာရင် ဘယ်ဘယ် Side Bar မှာ ရှိတဲ့ Storage အောက်က Disk Management ကိုနှိပ်ပါ။ အဲဒီမှာ Partition အားလုံး ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Recovery Partition ရဲ့ အရွယ်အစား မှာ 8GB ကနေ 20GB ၀န်းကျင်ရှိတတ်ပါတယ်။ အဲဒီအရွယ်အစား ရှိတဲ့ Partitioin ကိုတွေ့ရင် Recovery Partition ပါရှိတယ်လို့ ယူဆလို့ရပါတယ်။ 
Recovery Partition ကို အသုံးပြုပြီး ကွန်ပြူတာ ကို Factory Reset ချဖို့အတွက် အရင်ဆုံး ကွန်ပြူတာ ကို ပိတ်ပါ။ Power Button ကိုနှိပ်ပြီးတာနဲ့ ကွန်ပြူတာ အမျိုးအစားအလိုက် အောက်ဖော်ပြပါ ခလုတ်များ ကို နှိပ်ရမှာ ဖြစ်ပါတယ်။ 
o Acer – Alt + F10
o Asus – F9
o Dell/Alienware – F8
o HP – F11
o Lenovo – F11
o MSI – F3
o Samsung – F4
o Sony – F10
o Toshiba – 0 ( ကီးဘုတ် အပေါ်ထိပ်က Zero Key ကိုနှိပ်ရမှာ ဖြစ်ပါတယ်။ Numpad မှ Zero Key ကိုနှိပိရမှာ မဟုတ်ပါ။)
ကွန်ပြူတာ အမျိုးအစား အလိုက် သက်ဆိုင်ရာ ခလုတ်များ ကို နှိပ်ရင် Recovery Partition ကို အသုံးပြုလို့ရပါပြီ။ ပြီးရင် ညွှန်ကြားချက် အတိုင်းဆက်လက်ပြုလုပ်ပါ။ Program တစ်ခု ကို အင်စတော လုပ်ရင် တွေ့မြင်ရတဲ့ Wizard များလိုပဲ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ကွန်ပြူတာ တစ်လုံး နဲ့ တစ်လုံး ပြုလုပ်ပုံခြင်း မတူညီပေမယ့် ခက်ခဲမှု မရှိဘဲ လွယ်ကူပါတယ်။ 

Recovery Installer က Factory Reset ချပြီးတာနဲ့ သင့်ကွန်ပြူတာ ဟာ စက်ရုံထုတ် အခြေအနေ ကို ပြန်လည်ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ 

Recovery Discs ကို အသုံးပြုပါ။
---------------------------------

သင့်ကွန်ပြူတာ မှာ Recovery Partition မပါရှိရင် Recovery Disc ကို အသုံးပြုနိုင်ပါတယ်။ Operating System ကို ကြိုတင်ထည့်သွင်းထားတဲ့ ကွန်ပြူတာများ မှာ Recovery Disc ပါရှိတတ်ကြပါတယ်။ Recovery Disc များဟာ CD or DVD အချပ်များဖြစ်ပြီး သင့်ကွန်ပြူတာ ကို Factory Reset ချပေးနိုင်ပါတယ်။ 
Recovery Disc ကို အသုံးပြုရတာ Recovery Partition ကို အသုံးပြုပုံ နဲ့ တူညီပါတယ်။ ဒါပေမယ့် Recovery Partition ကို Boot တက်ရမှာ မဟုတ်ဘဲ BIOS Settings ထဲမှ Boot Order မှာ CD or DVD ကို ပြောင်းလဲပြီး Boot တက်ရမှာ ဖြစ်ပါတယ်။ BIOS Settings ထဲ ၀င်နည်းက ကွန်ပြူတာ တစ်လုံး နဲ့ တစ်လုံး မတူပါ။ Power ဖွင့်ပြီးရင် ပေါ်လာတဲ့ ကီး ကိုနှိပ်ပေးရမှာ ဖြစ်ပါတယ်။ 
သင့် ကွန်ပြူတာ မှာ Recovery Disc မပါရှိရင် လည်း ကိုယ်တိုင်ပြုလုပ်နိုင်ပါတယ်။ ၀င်းဒိုး မှာ Recovery Disc or Drive ပြုလုပ်ပေးနိုင်တဲ့ စွမ်းဆောင်ချက် ပါရှိပါတယ်။ ကွန်ပြူတာ ပြဿနာများ မဖြစ်မီမှာ Recovery Disc or Drive များ ပြုလုပ်ထားသင့်ပါတယ်။ 
တစ်ချို့ ထုတ်လုပ်သူများ က Recovery Disc များပြုလုပ်ဖို့ အတွက် Program များ ထည့်သွင်းပေးထားတတ်ပါတယ်။ Recovery Disc ပြုလုပ်ထားခြင်း အားဖြင့် Recovery Partition များကိုဖျက်ပစ်နိုင်ပြီး ကွန်ပြူတာ မှာ နေရာလွတ်များ ရရှိနိုင်ပါတယ်။ 

Windows 8 ရဲ့ Refresh or Reset ကို အသုံးပြုပါ။
----------------------------------------------------
Windows 8 ကစပြီး ကွန်ပြူတာ ကို Refresh နဲ့ Reset လုပ်နိုင်တဲ့ စွမ်းဆောင်ချက်များ ကို ထည့်သွင်းပေးထားပါတယ်။ အဲဒီစွမ်းဆောင်ချက်များ က အပေါ်ကနည်းများထက် ပိုမိုလွယ်ကူ လျှင်မြန်စွာ ကွန်ပြူတာ ကို Factory Reset ပြုလုပ်ပေးနိုင်ပါတယ်။ 
Refresh လုပ်တယ်ဆိုတာက ကိုယ်ပိုင် ဒေတာများ နဲ့ Metro Apps များကို သိမ်းပေးထားမှာ ဖြစ်ပေမယ့် အခြား Apps အားလုံး ကို ဖျက်ပစ်မှာ ဖြစ်ပါတယ်။ 
Reset လုပ်ရင် ကိုယ်ပိုင်ဒေတာများ အပါအ၀င် Metro App နဲ့ အခြား App အားလုံး ကို ဖျက်ပစ်မှာ ဖြစ်ပါတယ်။ ကွန်ပြူတာ ကို စက်ရုံထုတ် အခြေအနေ ရောက်အောင် ပြုလုပ်မှာ ဖြစ်ပါတယ်။ ကွန်ပြူတာ ကို အခြားသူ ကို ရောင်းတော့မယ်ဆိုရင် Reset လုပ်သင့်ပါတယ်။ Reset လုပ်ရင် ၀င်းဒိုး ကို ပြန်ပြီး အင်စတော လုပ်ပေးမှာ ဖြစ်ပေမယ့် ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များ နဲ့ Programs အားလုံး ကို ဖျက်ပေးမှာပါ။
Refresh or Reset လုပ်ဖို့အတွက် Windows Key + C ကိုနှိပ်ပြီး Charm Bar ကိုဖွင့်ပါ။ Settings > Change PC Settings ကိုနှိပ်ပါ။ General ကဏ္ဍ မှာ Refresh or Reset ပြုလုပ်နိုင်ပါတယ်။ 

သင့် Windows 8 ကွန်ပြူတာဟာ လုံးဝ Boot မတက်နိုင်တော့ရင် လည်း Refresh or Reset ကို အသုံးပြုနိုင်ပါတယ်။ဒီလိုအနေအထားမှာ Windows 8 Installation CD/DVD ကို ထည့်ပြီး Repair ကိုနှိပ်ပါ။ဒါဆိုရင် Refresh or Reset ကို အသုံးပြုနိုင်ပါပြီ။ 

ဝင်းဒိုး ကို Reinstall ပြုလုပ်ပါ။
--------------------------------
သင့်ကွန်ပြူတာ မှာ Recovery Partition or Recovery Disc များမပါရှိဘူးဆိုရင် ဒါမှမဟုတ် Windows 8 ကို အသုံးပြုတာမဟုတ်ရင် နည်းလမ်းဟောင်း ကိုအသုံးပြုပြီး ကွန်ပြူတာ ကို Factory Reset ချနိုင်ပါတယ်။ ၀င်းဒိုး ကို Clean Install ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ ၀င်းဒိုး အခွေ ကို စက်ထဲထည့် ပြီး CD or DVD ကနေ Boot တက်ရမှာ ဖြစ်ပါတယ်။ Custom or Upgrade ရွေးရမယ့်နေရာမှာ Custom ကိုရွေးပြီး Clean Install လုပ်ရမှာပါ။ 

စမတ်ဖုန်းများ မှာသာမကဘဲ ကွန်ပြူတာ မှာပါ Factory Reset လုပ်နိုင်တယ်ဆိုတာ စာဖတ်သူ သိရှိပါပြီ။ သင့်ကွန်ပြူတာ မှာ ပြဿနာများ ကြုံတွေ့ရတဲ့အခါ ၊ Virus ကူးစက်တဲ့ အခါများ မှာ အပေါ်ကနည်းလမ်းများကို အသုံးပြုပြီး ကွန်ပြူတာ ကို Factory Reset ပြုလုပ်နိုင်ပါတယ်။


Back up and Restore Window 7



ကျနော်အခုပြောချင်တာ Window 7 > Control Panel မှာပါတဲ့ Back up and
Restore ကို အသုံးပြုပြီး မိမိလက်ရှိတင်ထားတဲ့ဝင်းဒိုးတစ်ခုလုံးကို Back up ပြုလုပ်
ထားပြီး နောက်ဝင်းဒိုးတစ်စုံတစ်ခုပြဿနာပေါ်တဲ့အခါ သိမ်းထားတဲ့ Back up Image
file နဲ့ ပြန်ပြီး Restore လုပ်လိုက်ရင် ၀င်းဒိုး Format ချရတဲ့ဒုက္ခမှကင်းဝေနိုင်ပါ
တယ်။

ဥပမာ...၀င်းဒိုးအသစ်တင်လိုက်တယ်ဗျာ။ ပြီးတော့ လိုအပ်တဲ့ Driver/ Program
မောင်းထားလိုက်ပါ။ ဒါတွေအားလုံးစိတ်ကြိုက်ဖြစ်ပြီးဆိုရင် မိမိဝင်းဒိုးကို Backup and
Restore Tool နဲ့ Back up လုပ်ထားလိုက်ပါ။ ၀င်းဒိုးကို အကြာကြီးသုံးပြီးမှ
Back up လုပ်ရင် သိပ်မကောင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ နေရာအရမ်းယူတာများပြီး
Restore ပြန်လုပ်တဲ့အခါ အရမ်းလည်းကြံ့ကြာမှာဖြစ်ပါတယ်။ ဘာဖြစ်ဖြစ်သိထားရင်
အားလုံးအကျိုးရှိတာချည်းပါပဲ။
+/- အပြည့်အစုံသို့


Back up and Restore လုပ်နည်း

(၁) Control Panel > Back up and Restore ကိုနှိပ်

(၂) Create a system image ကို နှိပ်


(၃) နောက်ပေါ်လာတဲ့ Screenshot မှာ မိမိ Back up image file သိမ်းမည့်
နေရာကို ရွေးဖို့ပါ။ ကျနော်က HDD မှာ သိမ်းတာပိုပြီးကြိုက်တဲ့အတွက် on a hard
disk ကိုပဲရွေးလိုက်တယ်။


(၄) ဒီ Screenshot ကတော့ Bcack up လုပ်မည့် Driveတွေ၊ Back up လုပ်
မည့် နေရာ၊ Back up လုပ်မည့် Drive တွေရဲ့ GBတွေပြထားတာဖြစ်ပါတယ်။ ဘာမှ
လုပ်စရာမလိုပါဘူး။ Back up start ကိုသာနှိပ်


(၅) Back up လုပ်နေတာဖြစ်ပါတယ်။ ဒီအတိုင်းကြည့်ပါ


(၆)ဒီအဆင့်က Back up လုပ်တာပြီးသွားလို့ system repair disk လုပ်မလား
မေးတဲ့ ဘောက်စ်ပြားလေးပါ။ DVD Disk ကို Drive ထဲထည့်လိုက်ပါ။ ပြီးတော့
Yes ကိုနှိပ်။


(၇) နောက်ဘောက်စ်တစ်ခုမှာ Create disk ဆိုတာနှိပ်လိုက်တာနဲ့ system repair
a disk အတွက် ထည့်ပေးနေတာဖြစ်ပါတယ်။


(၈) system repair a disk လုပ်တာ ပြီးသွားတဲ့ဘောက်စ်လေးပါ။


အားလုံးပြီးတဲ့အခါ D Drive မှာ မိမိလုပ်ထားတဲ့ Back up file ရောလာတာတွေ့ရမှာပါ။



Back up file ကို Restore ပြန်လုပ်နည်း

Back up file ကို Restore ပြန်လုပ်ချင်ရင် အလွယ်ဆုံးနည်းကတော့ ခုဏက
လုပ်ထားတဲ့ system repair a disk ကို CD Drive ထဲသို့ထည့်ပြီး Boot
ကနေတက်လိုက်ပါ။ ပြီးတော့ system restore ကနေ မိမိသိမ်းထားတဲ့ Back
up ဖိုင်ကိုရွေးပြီး Restore လုပ်လိုက်ရုံပါပဲ။

အဲဒါမှမဟုတ်ရင်....

Control Panel > Back up and Restore ကိုနှိပ်

နောက်ပြီး Recover system setting or your computer ကိုနှိပ်


ပြီးတော့ Advance recovery method ကိုနှိပ်


ဒီအဆင့်က Choose Advance recovery method တွင် မိမိသိမ်းထားတဲ့
Back up file ကနေ restore လုပ်ချင်တယ်ဆိုရင် Use a system
image you created earlier to recover your computer ဆိုတာ
ကိုနှိပ်ပါ။



အဆင်ပြေပါစေ...


Intel Core i series Processors

...

ကျွန်​​တော်​တို့ Desktop ဖြစ်​ဖြစ်​ Laptop ဖြစ်​ဖြစ်​ ၀ယ်​​တော့မယ်​ဆို အဓိကထားစဉ်းစားရမှာက ဘယ်​လို CPU ကိုသုံးမလဲဆိုတာပါပဲ .. Core i3/i5/i7 ချင်းအတူတူ ​ဈေးနှုန်းဘာ​ကြောင့်​ကွာခြားရလဲဆိုတာ ဗဟုသုတရ​စေဖို့

Intel ထုတ်​ core i series processor များအ​ကြောင်း pdf နဲ့ တင်​ဆက်​လိုက်​ပါတယ်​ ။ အကြမ်းအားဖြင့် core i CPU ​တွေဟာ Generation တစ်ခုနဲ့ တစ်ခု စွမ်းေ​​​ဆာင်​ရည်​ 10% က​နေ 15 % အထိမြင့်​လာပါတယ်​ .. ဥပမာ 2nd generation core i5 CPU ထက်​ 3rd generation i5 က စွမ်း​ဆောင်​ရည်​ 10% to 15% တိုးလာတာပါ .. အဲဒီအတွက်​​ကြောင့်​ CPU series ချင်းတူ​ပေမဲ့ ​ဈေးနှုန်းကွာခြားရခြင်းဖြစ်​ပါတယ်​ .. အခုဆိုရင်​ 4th generation core i series CPU များကိုအသုံးပြုထားတဲ့ PC များ ကျွန်​​တော်​တို့ မြန်​မာပြည်​​ဈေးကွက်​မှာ ​ရောင်းချ​နေပြီဖြစ်​ပါတယ်​ .. အ​သေးစိတ်​ကို ​အောက်​ကလင့်​မှာ pdf နဲ့တင်​​ပေးထားပါတယ်​ .. အချက်​အလက်​​တွေကို​တော့  wikipedia မှရယူထားပါတယ်​ ...














အောက်​ကလင့်​မှ​ဒေါင်းပါ .


.pdf ​ဒေါင်းရန်​လင့်​ ..


WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း

  windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...