Thursday, May 5, 2016
ကွန်ပျူတာ ထိုးရပ်သွားစေနိုင်တဲ့ အကြောင်းရင်းများ  
                               ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများ အနက်ပြသနာတစ်ခုက memory ပါသူ့  ပြဿနာကလည်း Blue death screen တက်လာပြီး Fatal Exception Error ဖြစ်စေနိုင်တဲ့အကြောင်းရင်းတစ်ခုပါပဲ။ ဒီmemoryကြောင့်ဖြစ်တဲ့ ပြဿနာကလည်း အတော်များများကြုံတွေ့ရလေ့ရှိပါတယ်။fatal error ဆိုတာက Hardware နဲ့ပါတ်သတ်ပြီး ပြဿနာကြီးကြီးမားမားတစ်ခုရှိနေပြီဆိုတာကိုညွှန်ပြခြင်းပါပဲ။ တစ်ခါတလေမှာ….လုံးဝသုံးမရတော့ဘဲ အသစ်တစ်ခုအစားထိုးရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒါပေမယ့် memory ကြောင့်ဖြစ်တဲ့ Fatal error ဆိုရင်တော့ chips အချင်းချင်း တွဲဖက်မညီတဲ့အခါမျိုးမှာလည်းဖြစ်တတ်ပါတယ်။ဥပမာ - 70ns Ram နဲ့ 60ns Ram နှစ်ချောင်းကိုတွဲစိုက်ထားမယ်ဆိုရင်ပိုနှေးတဲ့ 60ns နဲ့ပဲ ကွန်ပျူတာက အလုပ်လုပ်မှာပါပဲ။အဲဒါကိုမှmemory ကို overworked ဖြစ်စေတဲ့ Program မျိုးကိုဖွင့်လိုက်တဲ့အခါမှာ၊Memory များများသုံးတဲ့ software တွေကိုသုံးလိုက်တဲ့အခါမျိုးမှာကွန်ပျူတာက….Crash ဖြစ်သွားတော့တာပါပဲ။သူမှာက 70ns Ram လည်းရှိနေတော့ အဲဒီအမြန်နှုန်းနဲ့သုံးဖို့ကြိုးစားပါလေရော။ဒါပေမယ့် 60ns Ram ကမလိုက်နိုင်တဲ့အခါ…ထိုးရပ်သွားတော့တာပေါ့။ ကဲ……ဒီပြဿနာကို ဖြေရှင်းကြည့်ရအောင်။ပထမနည်းလမ်းကတော့ BIOS setting မှာ Ram ရဲ့ Wait state ကိုတိုးပေးထားလို့ရပါတယ်။ဒီလိုလုပ်ခြင်းအားဖြင့် memory ကိုပိုတည်ငြိမ်စေပါတယ်။နောက်ထပ်နည်းလမ်းတစ်ခုကတော့……..Motherboard ပေါ်က memory တွေကို နေရာပြောင်းကြည့်ခြင်းပါပဲ။ memoryကိုဖြုတ်တဲ့နေရာမှာ တစ်ခုသတိထားရမှာက၊ ကြေးပြားခြေထောက်အချောင်းလေးတွေကို မထိမိစေဖို့ပါပဲ။လူမှာရှိတဲ့ Static charge ကြောင့် memory ကိုပျက်စီးစေနိုင်လို့ပါ။အကောင်းဆုံးကတော့…… ..မတူညီတဲ့ အမြန်နှုန်းနဲ့ Ram နှစ်ခုပြိုင်တူထည့်မထားဖို့ပါပဲ။ ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများအနက်အန္တရာယ်အကြီးဆုံး ပြဿနာက အပူလွန်ကဲခြင်းပါပဲ။ Software ကိုသာမက Hardwareကိုပါ ပျက်စီးစေနိုင်တဲ့အတွက်ကွန်ပျူတာအတွင်းအပူလွန်ကဲခြင်းမဖြစ်အောင်အမြဲသတိပြုသင့်ပါတယ်။ ကွန်ပျူတာအတွင်းမှာအလုပ်အများဆုံးလုပ်ဆောင်ရပြီး အပူအများဆုံးထွက်တာ CPU များဖြစ်ပါတယ်။ ဒါကြောင့် CPU များမှာ အပူမလွန်ကဲအောင် အအေးခံအတောင်များနဲ့ ပန်ကာများတပ်ဆင်ထားပေးရပါတယ်။ တကယ်လို့ CPU ပန်ကာမလည်တော့ပဲရပ်သွားမယ်ဆိုရင် CPUမှာ အပူလွန်ကဲလာပြီး Kernel error တက်လာပါလိမ့်မယ်။ ဒီလိုဆိုရင်ကွန်ပျူတာအတွင်းရှိ ပန်ကာ များနဲ့ အအေးခံ စနစ်ကောင်းစွာ အလုပ်လုပ်ခြင်းရှိမရှိကိုချက်ခြင်းစစ်ဆေးသင့်ပါတယ်။Chipsetများကို ပုံမှန်လုပ်နိုင်တဲ့ စွမ်းဆောင်ရည်ထက် ပိုခိုင်းပြီး Overclockingလုပ်တဲ့အခါမှာလည်း အပူလွန်ကဲလာတတ်ပါတယ်။ ဒါကြောင့် ကွန်ပျူတာပုံး မှာပြည့်စုံလုံလောက်တဲ့အအေးခံစနစ်မရှိပဲ Overclocking မလုပ်သင့်ပါဘူး။Overclocking လုပ်လိုက်လို့ မီးခိုးထွက်လာတဲ့အထိအပူလွန်ကဲတာကိုကြုံဖူးပါတယ်CPUကြောင့်ဖြစ်တဲ့ပြဿနာကိုBIOS setting မှာ CPU internal cache ကို Disableလုပ်ထားခြင်းဖြင့်လည်းဖြေရှင်းနိုင်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ ကွန်ပျူတာကိုပိုနှေးသွားစေနိုင်ပေမယ့်တည်ငြိမ်မှုပိုရစေနိုင်ပါတယ်။ ကွန်ပျူတာကို Crash ဖြစ်စေတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကHard disk ကိုအသုံးပြုတာကြာလာတဲ့အခါမှာ Hard disk ပေါ်မှာ ဖိုင်တွေနေရာချထားတာရှုပ်ထွေးလာပြီး မနိုင်ဝန်ပိကာ ကွန်ပျူတာထိုးရပ်သွားစေတာပါပဲ။Hard disk fragmented ဖြစ်တယ်ပေါ့ဗျာ။ ဒီလိုဆိုရင်တော့ ဖြေရှင်းဖို့ရာ နည်းလမ်းများစွာ ရှိပါတယ်။အရိုးရှင်းဆုံးနည်းလမ်းကတော့ Start>Programs>Accessories>System Tools>Disk Defragmenter ကနေDisk Defragmenter ကိုဖွင့်ပြီး ဖိုင်တွေကိုအစီစဉ်တကျပြန်စီခြင်းပါပဲ Defragment လုပ်နေစဉ်အတွင်းမှာ Hard disk ပေါ်မှာ ဖိုင်တွေထပ်ရေးခြင်းမလုပ်သင့်ပါဘူးဒါကြောင့် ကျနော်တို့အနေနဲ့ ကွန်ပျူတာကို ဘာမှမသုံးတဲ့အချိန်မှာပဲDefragment လုပ်သင့်ပါတယ်။ နောက်ထပ်သတိထားသင့်တာ တစ်ခုက Antivirus program ကိုလည်း ပိတ်ထားပေးသင့်ပါတယ်။ Hard disk မှာ ထည့်ထားတာ အရမ်းပြည့်လာတဲ့အခါမှာလည်းအလုပ်လုပ်တာနှေးလာပြီး system ကို crash ဖြစ်စေနိုင်တာပါပဲ။ဒါကြောင့် မလိုအပ်တော့တဲ့ဖိုင်တွေကို အပါတ်စဉ် ဒါမှမဟုတ် လစဉ် ရှင်းထုတ်ပြီးHard disk မှာ နေရာလွတ်ရှိအောင်ဖန်တီးထားသင့်ပါတယ်။ Temporary files တွေကိုပုံမှန်ရှင်းထားပေးရင်ကို နေရာလွတ်တော်တော် များများရနိုင်မှာပါ။start>run>%temp% ဆိုရင် Temporary folder ထဲရောက်သွားပါလိမ့်မယ်။ဖျက်သင့်တယ်ထင်တာ ဖျက်ပစ်ပေါ့ဗျာ။အများစုက… software တစ်ခုတင်တဲ့အချိန်၊ အသုံးပြုတဲ့အချိန်မှာ ဖန်တီးထားတဲ့ဖိုင်တွေပါအတော် များများဖျက်လို့ရပါတယ်။Recycle Bin ကိုလည်းရှင်းဖို့မမေ့ပါနဲ့ဦး။အမှိုက်ပုံးသွန်ရတာ အလုပ်ရှုပ်လွန်းလို့ ကျွန်တော်ဆို…ဘယ်တော့မှအမှိုက်ပုံးထဲကိုမပို့ဘူး……Shift+delete နဲ့အပြီးရှင်းထုတ်လိုက်တာပဲ။ ဒါပေမယ့်မဖျက်ခင် အသေအချာစဉ်းစားဖို့တော့လိုတယ်လေ၊ နောင်တမရကြေးပေါ့ဗျာ Hard disk နဲ့ပါတ်သတ်တဲ့ နောက်တစ်ခုက Hard disk မှာ errors တွေ၊ bad sectors တွေရှိမရှိအနည်းဆုံး တစ်လတစ်ခါလောက်တော့ scan လုပ်ပေးသင့်ပါတယ်။ Start>All programs>Accessories>System tools>Scan Disk ကိုသွားပြီး လုပ်လို့ရပါတယ်။တခါတရံမှာ အဲဒီ Start Menu ထဲမှာ Scan Disk မပါဘဲ ဖြစ်နေတတ်ပါတယ်။ ဒီလိုဖြစ်နေပြီဆိုရင်တော့ Start>Run မှာ chkdsk လို့ရိုက်ပေးလိုက်ပါ။MS-DOS ကနေ Scan လုပ်ပေးပါလိမ့်မယ်။ဒီလိုမှမလုပ်ချင်ဘူးဆိုရင်လည်း ကိုယ်စစ်ချင်တဲ့ Hard disk ရဲ့ Properties ကိုခေါ်ပြီး Tools tab အောက်မှာ Error-checking ဆိုတဲ့ ခေါင်းစဉ်အောက်က Check Now နဲ့စစ်လည်းဖြစ်ပါတယ်။  ကဲ......သတိပြုနိုင်ကြပါစေဗျာ 
Wednesday, May 4, 2016
၂၀၁၅ တွက်​ Root လုပ်​စရာမလိုဘဲ မြန်​မာစာ သွင်းနိုင်
၂၀၁၅ တွက်​ Root လုပ်​စရာမလိုဘဲ မိုဘိုင်းဖုန်း
 Samsung ချစ်​သူများတွက်​ မြန်​မာစာမြင်​နိုင်​ ဖတ်​နိုင်​ သွင်းနိုင်​တဲ့
 ZawgyiOne2015 နဲ Exodus2 တို့ကို ရယူအသုံးပြုနိုင်​ပါပြီ။
အသုံးပြုနည်းက Apk install လုပ်​ပြီး open မ​ပေါ်ပါ။
Done ကိုနှိပ်​ပြီး ဖုန်း Setting /Display /Font Style ၌
ZawgyiOne2015 Apk
 Download Here
Exodus2 (ifont)2015
 http://pc.cd/1vI 
WINDOWS 10 နှင့် ပတ်သက်၍ သိထားရမည့် အချက်များ
ယခုအခါတွင် Windows 10 ကို အခမဲ့ download ပြုလုပ်၍ install ပြုလုပ်ထားသည့် သူများသည် Windows ဗားရှင်းသစ်နှင့် ပတ်သက်၍ သတင်းအချက် အလက်များ သိရှိလိုကြသည်။ ထို့ ကြောင့် သုံးစွဲသူများကHow-to geek ဝက်ဘ်ဆိုက်ထံသို့ အီးမေးလ်များ ပေးပို့၍ Windows 10  နှင့် ပတ်သက်၍  မေးခွန်းပေါင်းရာပေါင်း များစွာကို မေးမြန်းကြသည်။ အောက်ဖော်ပြပါ မေးခွန်းများသည် How-to geek  ဝက်ဘ်ဆိုက်သို့ လူပေါင်းများစွာက  မကြာခဏ မေးမြန်းကြသည့် မေးခွန်းများ ဖြစ်ပါသည်။
Windows 10 က အခမဲ့လား။
လူများအကြားတွင် ပြီးခဲ့သည့်နှစ်က မိတ်ဆက်ခဲ့သည့် Windows 10 ၏ ဈေးနှုန်းနှင့် ပတ်သက်၍ ရောထွေးမှုများ ဖြစ်ပေါ်နေသည်။ Microsoft အနေဖြင့်၎င်း OS သစ်ကို တိုးတက်လာစေရန် ဆောင်ရွက်ခြင်းနှင့် beta ဗားရှင်း စမ်းသပ် စဉ်ကာလအတွင်း upgrade နှင့် ဈေးနှုန်း သတ်မှတ်ရေး အစီအစဉ် တို့ကို အကြိမ်ရေ အနည်းငယ် ခန့် ပြောင်းလဲခဲ့သည်။
သုံးစွဲသူ အများအပြားအတွက် ရည်ရွယ်၍ Windows 10 သည် ခြွင်းချက်မရှိ အခမဲ့ဖြစ် သည်။ လက်ရှိတွင် သင့်အနေဖြင့် တရားဝင်Windows 7 သို့မဟုတ် Windows 8.1 အသုံးပြုထားပါက Windows 10 ကိုအခမဲ့ အဆင့်မြှင့်တင်နိုင်သည်။ အကယ်၍ pirate ဗားရှင်း အသုံးပြုထားသည့် Windows ထုတ်ကုန်တွင်လည်း အခမဲ့ အဆင့်မြှင့်တင်မှု များ ပြုလုပ်နိုင်ကြောင်း Microsoft မှ အရိပ်အမြွက် ပြောကြားခဲ့သည်။ Windows 7/ Home/Basic/Premium နှင့် Windows 8.1 သုံးစွဲသူများ သည် Windows 10 Home ကို အခမဲ့ အဆင့်မြှင့်တင်နိုင်သည်။ Windows 7 Professional/ Ultimate နှင့် Windows 8.1 Pro သုံးစွဲသူများသည် Windows 10 Pro အား အခမဲ့ အဆင့်မြှင့်တင်မှု ပြုလုပ်နိုင်သည်။
သတိပြုရန်မှာ Windows 10 စတင်ထွက်ရှိလာသည့် ပထမဆုံး နှစ်တွင်သာ အဆင့်မြှင့်တင်မှုများ အခမဲ့ ပြုလုပ်နိုင်မည် ဖြစ်သည်။ Windows 10 ကို ၂၉.၇.၂၀၁၅ တွင် တရားဝင် ဖြန့်ချိခဲ့သောကြောင့် ၎င်းအဆင့်မြှင့်တင်မှုကို၂၈.၇.၂၀၁၆ အထိသာ အသုံးပြု နိုင်မည် ဖြစ်သည်။
Windows 10 ကိုဘယ်လိုရယူ အသုံးပြုမလဲ။
Windows 10 သုံးစွဲလိုသူများ အနေဖြင့် Microsoft မှ Windows 10 intaller tool ကို download ပြုလုပ်ပြီး reboot တွင် install ပြုလုပ်ကာ သုံးစွဲနိုင်သည်။ ၎င်းလုပ် ငန်းစဉ်သည် အလွန် ရိုးရှင်းပြီး အဆင့်မြှင့်တင်မှုများ ပြုလုပ်ရာ တွင် လွယ်ကူချောမွေ့မှု ရှိ သည်။ Windows 7 သို့မဟုတ် 8.1 မှ Windows 10 သို့ update ပြုလုပ်သည့်အခါ အင်တာနက် ချိတ်ဆက်မှုဖြင့်လည်း download ပြုလုပ်နိုင်သည်။
ကွန်ပျူတာတိုင်းမှာ Windows 10 အသုံးပြုနိုင်မလား။
သုံးစွဲသူ တစ်ဦးချင်းစီ၏ အသုံးပြုထားသည့် ကွန်ပျုတာအပေါ် မူ တည်၍ မေးမြန်းထားသည့် မေးခွန်းတစ်ခု ဖြစ်သည်။ Windows 7 သို့မဟုတ် Windows 8 အသုံးပြုနေသည့် သုံးစွဲသူများတွင် hardware သစ်များ အသုံးပြုထား ပါက ၎င်းတို့၏ ကွန်ပျူတာတွင် Windows 10 အသုံးပြုနိုင်မည့် အခွင့်အရေးများပြားမည် ဖြစ်သည်။ သို့မဟုတ်ပါက Windows XP သုံးစွဲထားသည့် ကွန်ပျူတာများတွင် Windows 7 ကို စိတ်ကျေနပ်မှု အပြည့်အဝဖြင့် အသုံးမပြုနိုင်လျှင် Windows 10 အား ကောင်းမွန်စွာ အသုံးပြုနိုင်မည် မ ဟုတ်ပေ။
Windows 10 ကို အဆင့်မြှင့်တင် မှု လုပ်ကို လုပ်ရမှာလား။
Windows သုံးစွဲသူများ အနေဖြင့် Windows 10 ကိုမဖြစ်မနေ ပြောင်းလဲအသုံးပြုရန် မလိုအပ် ပေ။ Microsoft အနေဖြင့်  Windows 10 ထုတ်ကုန် အလွန် အမင်း ကြော်ငြာမှုများ ပြုလုပ်နေ သော်လည်း သုံးစွဲသူများ ဆန္ဒရှိမှသာ အဆင့်မြှင့်တင်မှုများ ပြုလုပ်နိုင်သည်။
Windows 10 အဆင့်မြှင့်တင်မှု လုပ်သင့်သလား။
Windows 10 သည် Windows 7 နှင့် အလွန်အမင်းကွာခြားသွားသည်။ Windows 10 မှ တိုးတက် ပြောင်းလဲမှုများသည် Windows 8 ၏ အားနည်း ချက်များကြောင့် ပေါ်ထွက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် Windows 8 ကို ဦးစွာ update ပြုလုပ်၍ သုံးစွဲသင့်သည်။ Windows 10 သည် ထုတ်ကုန် ထုတ်လုပ်သည့် ကုမ္ပဏီများ အတွက် driver များ update ပြု လုပ်ရန် အချိန်အတိုင်းအတာ တစ်ခု အထိရထားပြီး ၎င်းတွင် မမြင်မတွေ့ရသော ပြဿနာများကို ပြင်ဆင်ထားရခြင်းမရှိသေးပေ။ Windows 10 ကို သုံးစွဲလိုသူများသည် ဖိုင်များ အားလုံးကို backup ပြုလုပ်၍ ၎င်း OS ကို ပြောင်းလဲရန် အသင့်ပြင်ဆင်ထားသင့်သည်။ သုံးစွဲသူများ အနေဖြင့် ၁ လ သို့မဟုတ် ၆ လခန့် စောင့်ဆိုင်းလိုက်လျှင် Windows 10 သည်တည်ငြိမ်မှုရှိလာမည် ဖြစ်သည်။
Windows 10 အသုံးပြုဖို့ Clean install ပြုလုပ်ရမှာလား။
Windows 10 ကို အဆင့်မြှင့် တင်ရာတွင် စိတ်ပျက်စရာ အ ကောင်းဆုံးတစ်ခုမှာ clean install ပြုလုပ်လိုလျှင် installer တွင် တရားဝင် Windows 7 သို့မဟုတ် 8 key ကိုအသုံးပြုရမည် မဟုတ် တော့ပေ။ သုံးစွဲသူအနေဖြင့် Windows 7 သို့မဟုတ် 8 ကို  Windows 10 update ပြုလုပ်ပြီး မှသာ clean install ပြုလုပ်ရန် installer ကို အသုံးပြုရမည် ဖြစ်သည်။
Windows 10 မသုံးလိုလျှင် Windows 7 ပြန်သုံးနိုင်သလား။
Windows 10 မှ ယခင် Windows 7 သို့မဟုတ် Windows 8.1 ကို downgrade ပြုလုပ်၍ အသုံးပြုနိုင်သည်။ ထို့အပြင် သုံးစွဲသူများသည် Windows 10 ကို ဖယ် ရှား၍ ယခင် key အဟောင်းဖြင့် Windows ဗားရှင်းဟောင်းများကို ပြန်လည် install ပြုလုပ်နိုင်သည်။
သို့ရာတွင် ၎င်းလုပ်ငန်းစဉ်မှာ Windows 10 ကို install ပြုလုပ်ပြီးနောက် ပထမဆုံး ရက် ၃၀ အတွင်းသာ ပြုလုပ်နိုင်မည် ဖြစ်သည်။
အကယ်၍ ရက် ၃၀ အထက်ကျော်လွန်သွားပါက ကွန်ပျူတာတွင် သိမ်းဆည်းထားသော rollback ဖိုင်များ ပျက်သွားမည် ဖြစ်ပြီး ယခင် Windows ဗားရှင်းကို ပြန်သွင်းရန် မလိုအပ်ဘဲ downgrade ပြုလုပ်သော လုပ်ငန်းစဉ်မှာ ဖြစ်နိုင်ခြေမရှိတော့ပေ။
App အဟောင်းနှင့် ဆက်စပ်ပစ္စည်းများ ဆက်အသုံးပြုနိုင် သေးသလား။
Windows 10 တွင် အသုံးမပြုနိုင်သည့် app များမရှိသေးပေ။ သို့သော်လည်း Windows 7 တွင် အသုံးပြုရ အဆင်ပြေသည့် photo print သည်လည်း Windows 8 driver များမရှိသလို Windows 10 ထောက်ပံ့မှု မရရှိသေးပေ။ Win-dows 10 တွင် app ၏ update များအလိုအလျောက် download ပြုလုပ်ပေးလျက်ရှိသည်။ ထိုသို့ အလို အလျောက် update ပြုလုပ်ပေးသည့် setting များကို Windows 10 တွင်ပြောင်းလဲထားနိုင်သည်။
Solitaire နဲ့ DVD Playback ကို ငွေပေးချေပြီး သုံးရမှာလား။
Microsoft သည် နှစ် ၂၀ ကျော်ခန့် Windows OS များ တွင် ပါဝင်ခဲ့သော Solitarie နှင့် Minesweeper app များကို Windows 8 ၌ ဖယ်ထုတ်ခဲ့သည်။ Windows 10  တွင်လည်း Solitarire နှင့် Minesweeper ဂိမ်းများကစားလိုပါက တစ်နှစ်လျှင် ကန်ဒေါ်လာ ၂၀ ပေးရမည် ဖြစ်သည်။ Windows 7 မှ Windows 10 ပြောင်းလဲ အသုံးပြုရာတွင် ထူးခြားမှာ DVD playback ထောက်ပံ့မှု ပါဝင်လာခြင်း မရှိပေ။ သုံးစွဲသူများ အနေဖြင့် data DVD များ ဆက်လက် အသုံးပြုနိုင်သေးသော်လည်း Windows အတွင်း DVD ဗွီဒီယို playback အတွက် လိုင်စင်လည်း မပါဝင်ပေ။ ထို့ကြောင့် သုံးစွဲသူများအနေဖြင့် ကွန်ပျူတာအတွင်း ပုံမှန် DVD ရုပ် ရှင်များ ထည့်သွင်း၍ ကြည့်ရှု၍ မရနိုင်သောကြောင့် တရားဝင် Windows အတွက် Microsoft DVD App ကို ၁၅ ကန်ဒေါ်လာဖြင့် ဝယ်ယူရမည် ဖြစ်သည်။
Tuesday, May 3, 2016
နိုင်ငံခြားဇာတ်လမ်းတွေကို မြန်မာစာတန်း အမြန်ထိုးကြမယ်
 နိုင်ငံခြား ဇာတ်လမ်းတွေကို မြန်မာစာတန်းထိုး လုပ်ဖို့အတွက် နည်းလမ်းတွေ ၃ ၊ ၄ မျိုးလောက်ရှိပါတယ်။ (ကာရာအိုကေ စာတန်းထိုးမဟုတ်ပါ)။ Adobe PhotoShop ထဲမှာ စာတန်းတွေလုပ် ပြီးတော့ အဲဒါတွေကို Adobe Premier ထဲထည့် TimeLine နဲ့လိုက်ညှိ စိတ်ရှည်ရှည်နဲ့လုပ်ရပါတယ်။ အခု ကျွန်တော် ပြောပြမယ့် နည်းလမ်းကတော့ တော်တော်လေးမြန်ပါတယ်။ ဘာသာပြန်ကျွမ်းကျင်တဲ့သူတွေ (သို့) ဘာသာပြန်ပြီးသားဖိုင်တွေသာ ရှိရင် ဟောတခွေ၊ ဟောတခွေ နဲ့ကို လုပ်လို့ရပါတယ်။
Type of Subtitle
စာတန်းထိုး လို့ ဆိုရာမှာ Hardsub နဲ့ Softsub ဆိုပြီး ၂ မျိုးရှိပါတယ်။ Hardsub ဆိုတာ ဇာတ်ကား တနည်းအားဖြင့် Video file ထဲမှာ တခါတည်း စာတန်းထိုး တွဲပါတာမျိုးပါ။ Softsub ဆိုတာ Video file က ဘာစာတန်းထိုးမှ မပါ ပါဘူး။ စာတန်းထိုးဖိုင်ကို(srt file) သပ်သပ် ပြန်လုပ်ပြီးတော့ Video file နဲ့ ပြန်ပေါင်းကြည့်တာပါ။ ဥပမာ Iron man 2 ဇာတ်လမ်းဆိုကြပါစို့။ အဲဒါကို English srt နဲ့ ပေါင်းကြည့်ရင် English စာတန်းထိုးဖြစ်သွားရော ၊ Indonesian srt နဲ့ပေါင်းကြည့်ရင် Indonesian စာတန်းထိုးဖြစ်သွားရော ။
How to use softsub?
Softsub တွေကို အလုပ်လုပ်ဖို့အတွက် VobSub လို Software မျိုးတွေသွင်းပြီး Windows Media Player နဲ့ တွဲကြည့်လို့ရသလို ၊ VLC Player ဆိုရင် ဘာမှ ကို သွင်းစရာမလိုပဲ နဲ့ softsub တွေ အလုပ်လုပ်ပါတယ်။ တခု သတိထားရမှာက video file နဲ့ subtitle file တို့က တူညီတဲ့ ဖိုင်နာမည် ရှိရမှာ ဖြစ်ပြီး ၊ တူညီတဲ့ လမ်းကြောင်းအောက်မှာ ရှိရပါမယ်။ ဥပမာ c:\ironman2.avi ဆိုတဲ့ ဇာတ်ကားရှိရင်၊ subtitle ဖိုင်ကို c:\ အောက်မှာ ပဲ c:\ironman2.srt ဆိုပြီးထားရပါမယ်။
Subtitle တွေကို ဘယ်မှာ ရှာရမလဲ??
Subtitle တွေကို ပေးတဲ့ site တွေ တော်တော်များများရှိပါတယ်။ ဒီနေ့လို ဇာတ်လမ်းအသစ်ထွက်ပြီဆိုတာနဲ့ နောက် ၂ ရက်လောက်ဆို english subtitle တွေ ထွက်လာပါပြီ။ ကိုယ့်မှာ ရှိတဲ့ video file နဲ့ timeline ကိုက်ညီတဲ့ subtitle တွေကို ရှာတတ်ဖို့လိုပါတယ်။ အဲဒီလိုမဟုတ်ရင် စာတန်းထိုးက စောနေတာမျိုးတို့ ၊ နောက်ကျနေတာမျိုးလို့ ဖြစ်တတ်ပါတယ်။ များသောအားဖြင့်တော့ video file name နဲ့ တူတဲ့ subtitle တွေကိုသာ ရှာတာ အကောင်းဆုံးပါ။ ဥပမာ ironman2_dvdrip_SAINTS.avi ဆိုရင် စာတန်းထိုးကလည်း ironman2_dvdrip_SAINTS.srt အဲဒီလိုပေးကြတာများပါတယ်။
http://subscene.com/
http://www.opensubtitles.org/
http://www.divxsubtitles.net/
http://www.mysubtitles.org/
http://www.allsubs.org/
http://www.tvsubtitles.net/
မြန်မာစာတန်းထိုးပြောင်းကြမယ်
video file လည်းရပြီ ၊ သူနဲ့ ကိုက်တဲ့ english subtitle လည်းရပြီ ဆိုပါစို့။ ဒီအဆင့်ရောက်ရင် မြန်မာလို ပြန်ပြောင်းဖို့က အရမ်းလွယ်သွားပါပြီ။ srt စာတန်းထိုးဖိုင်ကို notepad နဲ့ဖွင့်လိုက်ပါ။ ပြီးတော့ အင်္ဂလိပ်လို ရိုက်ထားတဲ့နေရာတွေမှာ ဘာသာပြန်သမားက မြန်မာလိုပြန်ပြီးရိုက်လိုက်ရုံပါပဲ။ တခု သတိထားရမှာက အပေါ်က timeline တွေကို မပြင်လိုက်ဖို့လိုပါတယ်။ timeline မှားသွားရင်တော့ စာတန်းထိုး စောတာတွေ ၊ နောက်ကျတာတွေ ဖြစ်ကုန်မှာပါ။ နောက်တခု အရေးကြီးတာ ကျန်သေးတယ်။ file ကို save လုပ်တဲ့နေရာမှာ save as နဲ့ လုပ်ပါ။ Encoding မှာ Unicode လို့ ရွေးဖို့လိုအပ်ပါတယ်။ Default က ANSI ပါ။ အဲဒါနဲ့သိမ်းမိရင်တော့ ရိုက်ထားသမျှ စာတွေ အကုန်ပြန်ရိုက်ဖို့သာ ပြင်ပေတော့။
Produce DVD,VCD or Hardsub
မြန်မာလို့ အကုန်ပြန်ပြင်ရိုက်ပြီးပြီဆိုရင်တော့ Xilisoft video converter ultimate 6.x ဒါမှမဟုတ် Power Director စတဲ့ software တွေနဲ့ Video file နဲ့ မြန်မာစာတန်းထိုး srt ဖိုင်ကို ကိုယ့်စိတ်ကြိုက် VCD,DVD ထုတ်လို့ရပါပြီ။
Sunday, May 1, 2016
✏Windows 8 အတွက် Zawgyi-One Font ၊ Zawgyi keyboard၊ IE Zawgyi Gtalk Font✏
-Windows 8 အသုံးပြုသူများအတွက်​ အရင်ဦးဆုံး Zawgyi Font and Zawgyi typing Keyboard မရှိသေးသူများ အောက်မှာပေးထားတဲ့ Links လေးတွေကနေ အရင်းဆုံးဒေါင်းလုပ်ယူလိုက်ပါ-
★Download For Zawgyi-One font★
★Download for Zawgyi keyboard★
★Download for IE Zawgyi Gtalk Font ★
ပြီးရင် Zawgyi-One Font ကိုInstall လုပ်ပါ…. Zawgyi typing Keyboard ဖိုင်ကိုဖွင့်ပြီး Setup ဆိုတာလေးကို Install လုပ်လိုက်ပါ...။ ပြီးရင် ဒုတိယဖိုင်ထဲက IEZawGyiGtalkfont ဆိုတာကို install လုပ်ပါ....။ အဲဒါတွေက ပထမအဆင့်ပါ… ဒုတိယအဆင့်က Control Panel ထဲဝင်ပြီး Language Setting ကိုပြင်ရပါမယ်…။ 
အဆင့်(၁) Control Panel ဖွင့်လိုက်ပါ ပြီးရင် All Control Panel Items ထပ်ဖွင့်လိုက်ပါ…။ ပြီးရင် ပုံမှာပြထားတဲ့အတိုင်း Language ဆိုပြီး ကမ္ဘာလုံးပုံလေးကို ကလစ်လိုက်ပါ….။
အဆင့်(၂) ပုံမှာပြထားတဲ့အတိုင်း Advaced Settings ဆိုတာကို ကလစ်လိုက်ပါ...။
အဆင့်(၃) ပုံမှာပြထားတဲ့အတိုင်း Override for default input method ဆိုတာကိုရှာပါ...။ အဲဒီအောက်က ဘားလေးထဲမှာ English(United States)- Zawgyi Myanmar Unicode L ဆိုတာလေးကို ရွေးပေးပါ... ပြီးရင် Save လိုက်ပါ...။ ဒါဆိုရင် Zawgyi Font ကို windows 8 မှာ အသုံးပြုလို့ရပါပြီ...။
   အဆင်​​ပြေပါ​စေ
iPhone Pattern & Password Lock ဖြည်နည်း
နည်းလမ်း(၁)
1. ကွန်ပျူတာနဲ့ချိတ်ဆက်ပါ။
2. iFunBox အသုံးပြုပြီး "RawFile System" (File mgr.) ထဲ ဝင်ပါ။
3./Library/MobileSubstrate/DynamicLibraries ထဲဝင်ပြီး AndroidLock နာမည်နဲ့အစပြုတဲ့ ဖိုင်နှစ်ခုကို Delete လုပ်ပါ။
4. iDevice ကို ပါဝါပိတ်ပြီး ပြန်ဖွင့်ပါ။
5. မြင်နေကျ "Slide to Unlock" ဆိုတဲ့ screen ကို တွေ့ရပါလိမ့်မယ်။Done!
နည်းလမ်း(၂)
ကွန်ပျူတာနဲ့ချိတ်ဆက်ပါ။
iFunbox ကို ဖွင့်ပါ။ ပြီးလျှင်/var/mobile/Library/Preferences ကို သွားပါ။
com.zmaster.AndroidLock.plist ဆိုတဲ့ File Text Editor တစ်ခုခုနဲ့ ဖွင့်ပါ။
<key>Password</key>
<string>123456 </string> ကြားက နံပါတ်များသည်Password ဖြစ်ပါတယ်။
Download
iTunes ဒေါင်းရန်နှိပ်ပါ
i-funbox ဒေါင်းရန်နှိပ်ပါ
iPhone Pattern & Password Lock ဖြည်နည်း
နည်းလမ်း(၁)
1. ကွန်ပျူတာနဲ့ချိတ်ဆက်ပါ။
2. iFunBox အသုံးပြုပြီး "Raw File System" (File mgr.) ထဲ ဝင်ပါ။
3. /Library/MobileSubstrate/DynamicLibraries ထဲဝင်ပြီး AndroidLock နာမည်နဲ့အစပြုတဲ့ ဖိုင်နှစ်ခုကို Delete လုပ်ပါ။
4. iDevice ကို ပါဝါပိတ်ပြီး ပြန်ဖွင့်ပါ။
5. မြင်နေကျ "Slide to Unlock" ဆိုတဲ့ screen ကို တွေ့ရပါလိမ့်မယ်။Done!
နည်းလမ်း(၂)
ကွန်ပျူတာနဲ့ချိတ်ဆက်ပါ။
iFunbox ကို ဖွင့်ပါ။ ပြီးလျှင် /var/mobile/Library/Preferences ကို သွားပါ။
com.zmaster.AndroidLock.plist ဆိုတဲ့ File Text Editor တစ်ခုခုနဲ့ ဖွင့်ပါ။
<key>Password</key>
<string>123456 </string> ကြားက နံပါတ်များသည်Password ဖြစ်ပါတယ်။
WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း
  windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...