windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လိုက်ပါ။ ပြီးရင် restart ချလိုက်ပါ။ အောက်ကပုံလေးကို ရောက်သွားပါလိမ့်မယ်။
အဲဒီမှာ Lauch Startup Repair (recommended) ကိုနှိပ်လိုက်ပါ။
Repair လုပ်ပြီးရင် အပေါ်ကလို Box လေးကျလာပါလိမ့်မယ်။ Cancel ကိုနှိပ်လိုက်ပါ။
အပေါ်ကလို Box လေးကျလာရင် Down Arrow လေးကိုနှိပ်လိုက်ပါ။
Scroll bar ကိုနှိပ်ပြီး အောက်ဆုံးက လင့်လေးကိုနှိပ်ပါ။
notepad လေးဖွင့်လာရင် File ထဲက Open ကို နှိပ်ပါ။
ဘေးက Computer ကို click ပြီး Local Drive ထဲကို ၀င်ပါ။ Local Drive က C: ဆိုရင် C: ထဲဝင်ပါ။ D: ဆိုရင် D: ထဲကို ၀င်လိုက်ပါ။
ဝင်ပြီးသွားရင် Local Drive အောက်က Windows/System32 ထဲကိုဝင်လိုက်ပါ။
System32 ထဲက sethc ဆိုတာကို လိုက်ရှာပါ။ ရှာတွေ့ရင် Right-click ထောက်ပြီး Rename ပြောပါ။ ပြီးရင် sethc0 လို့ပေးလိုက်ပါ။ Filess of type နေရာမှာ All Files လို့ ပြောင်းပြီးမှ ရပါတယ်။
ပြီးရင် cmd ကိုလိုက်ရှာပါ။ Copy ကူးပြီး အောက်ဆုံးမှာ Paste လုပ်လိုက်ပါ။
ပြီးရင် Right-click ထောက်ပြီး Rename ပေးပါ။ နာမည်ကို sethc လို့ နာမည်ပေးပါ။ ပြီးရင် ပြန်ထွက်ပါ။
Computer restart ကျသွားပါလိမ့်မယ်။ Login နေရာမှာရောက်နေရင် Shift key ကို ငါးကြိမ်း ဆက်တိုက်နှိပ်ပါ။ cmd ကျလာပါလိမ့်မယ်။
net user လို့ command ရိုက်လိုက်ပါ။
ပြီးလျှင် net user (your user name) * လို့ရိုက်လိုက်ပါ။ (your user name) နေရာတွင် သင့်ကွန်ပျူတာနာမည်ကို ရိုက်ထည့်ပါ။ Type a password for the user: ဆိုရင် ဘာမှ မရိုက်ပဲ Enter ခေါက်ပေးလိုက်ပါ။ ပြီးလျှင် ဘာမှရိုက်ပဲ login ၀င်ကြည့်ပါ။
အဆင်ပြေသွားပါလိမ့်မယ်။
အမှားပါသွားရင် ခွင့်လွှတ်ပါ။