ပြီးလျှင် net user (your user name) * လို့ရိုက်လိုက်ပါ။ (your user name) နေရာတွင် သင့်ကွန်ပျူတာနာမည်ကို ရိုက်ထည့်ပါ။ Type a password for the user: ဆိုရင် ဘာမှ မရိုက်ပဲ Enter ခေါက်ပေးလိုက်ပါ။ ပြီးလျှင် ဘာမှရိုက်ပဲ login ၀င်ကြည့်ပါ။
အနီအောက်ရောင်ခြည် (Infrared) LED တွေကိုအသုံးပြုပြီး ညအမှောင်မှာ ပုံရိပ်ကိုရယူနိုင်ဖို့ တည် ဆောက်ထားတဲ့ camera ပါ။ အလင်းရောင်ရှိချိန်မှာ ရောင်စုံ(color) ပုံရိပ်ကိုရယူပြီး ညမှောင်ချိန်မှာတော့ IR LED တွေကိုအသုံးပြုပြီး အဖြူ အမည်း( black/white ) ပုံရိပ်ကိုသာရယူ နိုင်ပါတယ်။ ယခုနောက်ပိုင်း CCTV camera တွေကတော့ IR Day/ Night Camera များသာဖြစ်ပါတယ်။ camera lens ရဲ့ဘေးဖက်တွေမှာ LED မီးလုံးလေးတွေ ပါတယ်ဆိုရင် တော့ ဒါဟာ Day/ Night Camera ဆိုတာကိုအလွယ်တကူသိနိုင်ပါတယ်။
Hidden Camera / Covert Camera
CCTV Camera အသွင်ပုံစံနဲ့ မတူပါဘူး။ smoke detector, PIR sensor စသည့် ပစ္စည်းများ၏ ပုံစံ ဖြင့် ပုံရိပ်ကို လူမသိအောင် ဖမ်းယူဖို့ design လုပ်ထားတာပါ။
PTZ Camera
PTZ ဆိုတာ Pan, Tilt, Zoom ကိုဆိုလိုတာပါ။ Pan (အပေါ်အောက်) Tilt(ရှေ့နောက်) Zoom ( အနီးအဝေး) စသည်တို့ကို အဝေးမှ လိုသလို ထိန်းချုပ်နိုင်တဲ့ camera အမျိုးအစားပါ။
Surround / Panoramic View Camera (or) Multi Lens Camera
Camera တစ်လုံးထဲတွင် တစ်ခုထက်ပိုသော lens များကို ပတ်ပတ်လည်ထည့်သွင်းတပ်ဆင်ထားပြီး ထို lens များမှ ပတ်ပတ်လည်မှာရှိတဲ့ ပုံရိပ်တို့ကိုဖမ်းယူတွက်ချက်ကာ ပုံရိပ်တစ်ခုတည်းအဖြစ် cable တစ်ခုတည်းမှ ထိန်းချုပ် သိုလှောင်စက်သို့ ပို့ဆောင်ပေးတဲ့ camera ပဲဖြစ်ပါတယ်။ ပတ်ပတ်လည်း 180 ဒီဂရီ၊ 270 ဒီဂရီ၊ 360 ဒီဂရီ စသည်ဖြင့် အမျိုးမျိုးရှိပါတယ်။ မြင်ကွင်းကျယ် ပုံရိပ်ကို ဖမ်းယူထားနိုင်ပါတယ်။ camera များများ တက်ရမည့် နေရာများတွင် Multi lens camera တစ်လုံးတည်းတပ်ဆင်ခြင်းဖြင့် ဖြေရှင်းနိုင်ပါတယ်။ ကျယ်ဝန်းသော car parking ၊ public place တို့မှာ အသုံးများပါတယ်။ outdoor နှင့် indoor အမျိုးအစား နှစ်ခုစလုံးရှိနိုင်ပါတယ်။ vandal proof အဖြစ်လဲ ရှိတက်ပါတယ်။
Fish Eyes Lens Camera
Surround/ Panoramic View Camera အမျိုးအစားပဲဖြစ်ပါတယ်။ ပတ်ပတ်လည် ပုံရိပ်ကို Lens တစ်ခုတည်းကို အသုံးပြုပြီး ဖမ်းယူတာပဲဖြစ်ပါတယ်။ 180 ဒီဂရီ ၊ 360 ဒီဂရီ စသည်ဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ Multi lens camera လောက်တော့ ကျယ်ဝန်းတဲ့ နေရာတွေမှာတော့ အသုံးမပြုနိုင်ပါဘူး။ super market ,meeting room, small office စတဲ့ နေရာတွေမှာ camera တွေများများ မသုံးတော့ပဲ fish eye camera တစ်လုံးတည်းကို တပ်ဆင်နိုင်ပါတယ်။ indoor မှာအသုံးများပါတယ်။
Thermal Imaging Camera
လူ့ခန္ဓာကိုယ် အပါအ၀င် အရာဝတ္တုတွေမှ လူရဲ့သာမန်မျက်စိ ဖြင့် မြင်နိုင်စွမ်းမရှိတဲ့ လျှပ်စစ်သံလိုက် လှိုင်း(electromagnetic radiation) ထုတ်လွှတ်ပါတယ်။ ထိုသံလိုက်လှိုင်း (radiation) ရဲ့ လှိုင်းအလျား (wavelength) ဟာ အရာဝတ္တုရဲ့ အပူချိန်(temperature) အပေါ်မှာမူတည်ပြီး ကွဲပြားပါတယ်။ အပူချိန်များတဲ့ အရာဝတ္တုဟာ wavelength တိုပါ တယ်။ အပူချိန်နည်းတဲ့ ၀တ္တုရဲ့ထုတ်လွှတ်တဲ့ wavelength ဟာရှည်ပါတယ်။ Thermal Imaging camera ဟာ ထိုလျှပ်စစ်သံလိုက်လှိုင်းရဲ့ wavelength အတိုအရှည်တို့အပေါ်မူတည်ပြီး ပုံရိပ်ကိုဖမ်းယူရရှိနိုင်ဖို့ design ပြုလုပ်ထားတာပါ။ Thermal Imaging camera ဟာ အလင်းရောင်လုံးဝမရှိတဲ့ နေရာမှာ အလင်းရောင်ရှိနေသလို နီးပါး ပုံရိပ်ကိုဖမ်းယူနိုင်ပါတယ်။ IR Day/Night နဲ့ကွားခြားချက်ကတော့ IR camera ဟာ camera ရဲ့LED များမှထုတ်လွှတ်တဲ့ IR ray ရောက်နိုင်တဲ့ အကွာအဝေးမှ ပုံရိပ်ကိုသာဖမ်းယူနိုင်ပြီး Thermal Imagine Camera ကတော့ အပူထုတ်လွှတ်တဲ့ ၀တ္ထု မှန်သမျှရဲ့ပုံရိပ်ကိုဖမ်းယူနိုင်တဲ့ အတွက် ပိုပြီးဝေးဝေးမှာရှိတဲ့ ပုံရိပ်တွေကို အတားအ ဆီးရှိနေရင်တောင် ဖမ်းယူရရှိနိုင်ပါတယ်။ ဓာတုပစ္စည်းသိုလှောင်ရုံများ ၊ စက်ပစ္စည်းများမှ အပူထုတ်လွှတ်မှုကို မှတ်တမ်းတင်ခြင်း စသည် တို့တွင် Thermal Imaging camera များကိုအသုံးပြုကြပါတယ်။ စစ်ဘက်သုံး နှင့် အခြားသော အရေးကြီးလိုအပ်သည့် နေရာများတွင်လည်း Thermal camera များကိုအသုံးပြုပါတယ်။
မော်တော်ကားများရဲ့ လိုင်စင်နံပါတ်ပြား (License Plate) နံပါတ်များကို ပုံရိပ်ဖမ်းယူတဲ့ camera ဖြစ်ပါ တယ်။ LPR camera တွေဟာအခြား camera တွေထက် shutter speed နဲ့ frame rate တို့ပိုမိုမြင့်မားပါ တယ်။ shutter speed ပိုမြန်လေ လှုပ်ရှားတဲ့ ပုံရိပ်ကိုဖမ်းယူရာမှာ မှုန်ဝါးမှု (blur) နည်းပါးလေဖြစ်ပါတယ်။ ဒီတော့ ရွေ့လျားနေတဲ့ မော်တော်ကားများရဲ့ လိုင်စင်နံပါတ်ပြားကို LPR camera ကိုအသုံးပြုပြီး ဖမ်းယူရရှိနိုင် ပါတယ်။
Camera Lens
Video surveillance system တစ်ခုမှာ camera တွေရဲ့ lens ကိုရွေးချယ်အသုံးပြုမှုဟာလည်း အရေးပါတဲ့အချက်ပဲဖြစ်ပါတယ်။ camera ရဲ့ lens တွေအကြောင်းကိုနားလည်ထားမှသာလျှင် camera ကိုထားရှိအ သုံးပြုမည့်နေရာနှင့် ကိုက်ညီမယ့် lens ကိုရွေးချယ်နိုင်မှာပဲဖြစ်ပါတယ်။
Focal Length(mm)
အပြင်မှအလင်းတန်းများဟာ camera ရဲ့ lens ကို ဖြတ်လာပြီး တစ်နေရာမှာအလင်းဆု စုံပါတယ်။ ထို့နောက်အလင်းဟာ ပြန်လည်ပြန့်ကားသွားပြီး Image sensor လို့ခေါ်တဲ့ ပုံရိပ်ဖမ်းပစ္စည်း ပေါ်ကို ဖြန့်ကျက်ကျရောက်ပါတယ်။ ထို lens မှ အလင်းစုဆုံရာနေရာ(focus) ကြားအကွားအဝေးကို focal length လို့ခေါ်ပါတယ်။ focal length ကို mili-meter နဲ့တိုင်းတာပါတယ်။ ယေဘုယျအားဖြင့်တော့ security camera အတော်များများမှာ focal length 3.6 mm ရှိတက်ကြပါတယ်။ 3.6 mm lens ဆိုတာနဲ့ camera ရဲ့ lens focus (အလင်းစုဆုံရာနေရာ) ဟာ Image sensor မှ 3.6 mm အကွာအဝေးရှိတယ်ဆိုတာ ကိုသိရှိနိုင်မှာပဲဖြစ် ပါတယ်။ focal length နီးတဲ့ camera ဟာ ကျယ်ဝန်းတဲ့ မြင်ကွင်း ကိုဖမ်းယူမှာဖြစ်ပေမယ့် အဝေးမှာ ရှိတဲ့ ပုံရိပ်ကို သဲကွဲစွာမြင်နိုင်မှာမဟုတ်ပါဘူး။ focal length ဝေးရင်တော့ ဖမ်းယူရရှိတဲ မြင်ကွင်းဟာ ကျဉ်းမြောင်းပြီး အဝေးမှာရှိတဲ့ ပုံရိပ်ကို သဲသဲကွဲကွဲမြင်နိုင်မှာပဲဖြစ်ပါတယ်။ home နဲ့ small office စတဲ့ သိပ်ပြီးမကျယ်ဝန်းတဲ့ နေရာတွေမှာတော့ focal length နည်းပါးတဲ့ camera တွေကိုအသုံးပြုနိုင်ပါတယ်။ အတော်ဝေးဝေးမှ ပုံရိပ်ကို ဖမ်းယူလိုရင်တော့ focal length ဝေးတဲ့ camera တွေကိုအသုံးပြုရမှာပဲဖြစ်ပါတယ်။
Digital camera များမှာတော့ resolution ကို pixel (အစက်) အရေအတွက်နဲ့သတ်မှတ်ပါတယ်။ ဥပမာ 1280 x 720 resolution ရှိတယ်ဆိုရင် အလျား 1280 နဲ့ အမြင့် 720 ရှိတဲ့ပုံရိပ်ဟာ (1280 x 720 = ) pixel (အစက်) ပေါင်း 921,600 ပေါ်မှာကြည်လင်စွာပြသနိုင်ပါတယ်။ pixel များလေ resolution ကောင်းလေ ဖြစ်ပါတယ်။ 1920 x 1080 ဆိုရင်တော့ pixel ပေါင်း 2,073,600 ( 2 Mega Pixel ) ရှိမှာဖြစ်ပါတယ်။ HD ( High Definition ) resolution ပါ။ နောက်ပိုင်း 3MP, 4MP, 10MP, 16MP စသဖြင့် Mega Pixel များများနဲ့ ပုံရိပ်တွေကိုဖမ်း ယူနိုင်တဲ့ camera များရှိနေပါပြီ။
Resolution များများနဲ့ ဖမ်းယူထားတဲ့ ပုံရိပ်ဟာ Digital Zoom ဆွဲယူကြည့်ရှုရာမှာ သက်ရောက်မှု ရှိပါ တယ်။ Resolution များရင် Digital Zoom ကိုမှုန်ဝါးမှု နည်းပါးစွာ ခပ်နီးနီးဆွဲယူနိုင်ပြီး resolution နည်းရင် တော့ Digital Zoom မှာပုံရိပ်ဟာ မပြတ်သားမှုန်ဝါးနေမှာဖြစ်ပါတယ်။
Analog & Digital Camera
Analog နဲ့ Digital Camera တို့ရဲ့အဓိက ကွာခြားချက်ကတော့ video signal ကိုပို့ဆောင်ပုံ ပါပဲ။ Analog camera များကတော့ video signal ကို ယခင် TV များတွင်အသုံးပြုသည့် TVL resolution သတ်မှတ်ချက် ဖြင့် analog data ကို cable မှတဆင့်ပို့ဆောင်တာပဲဖြစ်ပါတယ်။ Digital Camera ကတော့ ရရှိလာတဲ့ video signal ကို camera တွင်ပူးတွဲပါဝင်သည့် encoder ဖြင့် digital data အဖြစ်ပြောင်းလဲပြီး ပို့ဆောင် ပေးတာဖြစ်ပါတယ်။
Analog camera များကို camera တစ်လုံးချင်းစီ၏ setting များကို လိုအပ်သလို configuration လုပ်ဆောင်လို့မရပါဘူး။ အများစုကတော့ ထုတ်လုပ်ကတည်းက သတ်မှတ်ပြီးသား setting (fixed setting) ဖြင့်သာ လုပ်ဆောင်နိုင်ပါတယ်။ Digital camera များကိုတော့ camera တစ်လုံးချင်းစီ၏ resolution, motion detection, preset စတာတွေကို လိုအပ်သလို setting သတ်မှတ်နိုင်ပါတယ်။
Analog camera တစ်လုံးချင်းစီ၏ပုံရိပ်ကို IP Network, Internet စသည်တို့မှ ဆက်သွယ်ကြည့်ရှု့နိုင်ခြင်း မရှိပါဘူး။ ဗဟိုထိန်းချုပ်စက်(DVR) မှသာ တဆင့်ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ Digital Camera များကို တော့ IP Network, Internet စသည်တို့မှ ဆက်သွယ်ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ ဒါကြောင့် Digital Camera များကို IP Camera ဟုလည်းခေါ်ဆိုကြပါတယ်။
Analog Camera များဟာ အမြင့်ပိုင်း resolution များဖြင့် ပုံရိပ်ကိုဖမ်းယူနိုင်ခြင်းမရှိပါဘူး။ Digital Camera များကတော့ HD resolution အမြင့်ဖြစ်တဲ့ Mega pixel များဖြင့် ပုံရိပ်များကိုကြည်လင်ပြတ်သားစွာ ဖမ်းယူရရှိနိုင်ပါတယ်။ ဒါကြောင့် Digital Zoom မှာ Digital camera များက ပိုပြီးဝေးဝေးမှ ပုံရိပ်ကို Analog camera ထက်ကြည့် ရှု့နိုင်ပါတယ်။
Analog Camera များကို ကြိုးမဲ့ ဆက်သွယ်နိုင်ပေမယ့် video data ကို encrypt လုပ်ဆောင်လို့ မရနိုင် တဲ့အတွက် အခြားသူများမှ ကြားဖြတ်ကြည့်ရှု့နိုင်ပါတယ်။ Digital Camera များကတော့ ကြိုးမဲ့ ဆက်သွယ် တဲ့အခါမှာ encrypt လုပ်ဆောင်နိုင်သည့်အတွက် ကြားဖြတ်ဝင်ရောက်ကြည့်ရှု့ဖို့ရာ မလွယ်ကူပါဘူး။
Analog Camera များဟာ video data ကို camera side မှာ ချုံ့နိုင်စွမ်း(compression) မရှိပါဘူး။ DVR side မှာသာ compress လုပ်ဆောင်တဲ့အတွက် ပုံရိပ်ကို သိမ်းဆည်းရမှာ file အရွယ်အစားကြီးမားပါတယ်။ digital camera များကတော့ camera side မှာတင် compress လုပ်ဆောင်တဲ့အပြင် NVR side မှာလည်း compress လုပ်ဆောင်တဲ့အတွက် ပုံရိပ်ကိုသိမ်းဆည်းရာမှာ file အရွယ်အစားပိုမိုသေးငယ်စွာ သိမ်းဆည်း နိုင်ပါတယ်။
Digital Camera များဟာ resolution မြင့်မားတဲ့အတွက် facial recognition, license plate recognition စတဲ့ applicationတွေကိုထည့်သွင်းအသုံးပြုနိုင်ပါတယ်။