Thursday, October 17, 2019

WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း


windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လိုက်ပါ။ ပြီးရင် restart ချလိုက်ပါ။ အောက်ကပုံလေးကို ရောက်သွားပါလိမ့်မယ်။
အဲဒီမှာ Lauch Startup Repair (recommended) ကိုနှိပ်လိုက်ပါ။
Repair လုပ်ပြီးရင် အပေါ်ကလို Box လေးကျလာပါလိမ့်မယ်။ Cancel ကိုနှိပ်လိုက်ပါ။
အပေါ်ကလို Box လေးကျလာရင် Down Arrow လေးကိုနှိပ်လိုက်ပါ။
Scroll bar ကိုနှိပ်ပြီး အောက်ဆုံးက လင့်လေးကိုနှိပ်ပါ။
notepad လေးဖွင့်လာရင် File ထဲက Open ကို နှိပ်ပါ။
ဘေးက Computer ကို click ပြီး Local Drive ထဲကို ၀င်ပါ။ Local Drive က C: ဆိုရင် C: ထဲဝင်ပါ။ D: ဆိုရင် D: ထဲကို ၀င်လိုက်ပါ။
ဝင်ပြီးသွားရင် Local Drive အောက်က Windows/System32 ထဲကိုဝင်လိုက်ပါ။

System32 ထဲက sethc ဆိုတာကို လိုက်ရှာပါ။ ရှာတွေ့ရင် Right-click ထောက်ပြီး Rename ပြောပါ။ ပြီးရင် sethc0 လို့ပေးလိုက်ပါ။ Filess of type နေရာမှာ All Files လို့ ပြောင်းပြီးမှ ရပါတယ်။
ပြီးရင် cmd ကိုလိုက်ရှာပါ။ Copy ကူးပြီး အောက်ဆုံးမှာ Paste လုပ်လိုက်ပါ။
ပြီးရင် Right-click ထောက်ပြီး Rename ပေးပါ။ နာမည်ကို sethc လို့ နာမည်ပေးပါ။ ပြီးရင် ပြန်ထွက်ပါ။
Computer restart ကျသွားပါလိမ့်မယ်။ Login နေရာမှာရောက်နေရင် Shift key ကို ငါးကြိမ်း ဆက်တိုက်နှိပ်ပါ။ cmd ကျလာပါလိမ့်မယ်။
net user လို့ command ရိုက်လိုက်ပါ။
ပြီးလျှင် net user (your user name) * လို့ရိုက်လိုက်ပါ။ (your user name) နေရာတွင် သင့်ကွန်ပျူတာနာမည်ကို ရိုက်ထည့်ပါ။ Type a password for the user: ဆိုရင် ဘာမှ မရိုက်ပဲ Enter ခေါက်ပေးလိုက်ပါ။ ပြီးလျှင် ဘာမှရိုက်ပဲ login ၀င်ကြည့်ပါ။
အဆင်ပြေသွားပါလိမ့်မယ်။
 အမှားပါသွားရင် ခွင့်လွှတ်ပါ။

Monday, July 23, 2018

CCTV Camera အမျိုးအစားများကြာင်း


Camera များကို တည်ဆောက်ပုံ၊ ထားရှိရတဲ့ ပတ်ဝန်းကျင်အခြေအနေ၊ အသုံးပြုမှုပုံစံ စသည်တို့ပေါ် မှာမူ တည်ပြီး design အမျိုးမျိုးကွဲပြားစွာ ထုတ်လုပ်ထားပါတယ်။

Indoor Camera

အမိုးအကာအောက် မှာသာအသုံးပြုဖို့ design လုပ်ထားတာပါ။ ရေဒဏ်၊ လေဒဏ် စသည်တို့ကို ခံနိုင်ရည်မရှိပါဘူး။

Outdoor Camera

ရသီဥတု ရေဒဏ် ၊မိုးဒဏ်၊ တို့ကို ခံနိုင်ရည်ရှိပါတယ်။ အမိုးအကာ မရှိတဲ့ နေရာတွေမှာ အသုံးပြုဖို့ design လုပ်ထားတာပါ။

Bullet Camera

စလင်ဒါပုံ ၀ိုင်းဝိုင်းရှည်ရှည် ပုံစံရှိတဲ့ camera ပါ။ indoor (သို့) outdoor အမျိုးအစားနှစ်မျိုးစလုံးမှာ ရှိတက်ပါတယ်။

Dome Camera

လုံးလုံး ၀ိုင်းဝိုင်း ပုံစံရှိတဲ့ camera ပါ။ indoor (သို့) outdoor အမျိုးအစားနှစ်မျိုး ရှိတက်ပါတယ်။

Box Camera

Bullet Camera ပုံစံနှင့် အနည်းငယ်ကွဲပြားတဲ့ ပုံစံရှိပါတယ်။ အများအားဖြင့် တော့ box camera တွေ ဟာ lens (မှန်ဘီလူး) မပါတက်ပါဘူး။ lens ကိုသီးခြားဝယ်ယူရတက်ပါတယ်။ အများအားဖြင့် indoor တွေမှာအသုံးများပါတယ်။ outdoor တွေမှာသုံးချင်ရင်တော့ outdoor housing ဖြင့်တက်ဆင်အသုံးပြုနိုင်ပါတယ်။

Vandal Proof Camera

အလွန်ကြမ်းတမ်းသော နေရာများတွင်အသုံးပြုနိုင်ပါတယ်။ အလွယ်တကူ ဖြတ်စီးလို့မရနိုင်တဲ့ camera ပါ။ အကျဉ်းထောင်၊ ရာသီဥတု ကြမ်းတဲ့နေရာ၊ တောတွင်း စောင့်ကြည့်ရေး စသည့် နေရာတို့ တွင် အသုံးပြုပါတယ်။ body ဟာအတော်ပဲမာကျော တဲ့အပြင် အတွင်းမှာအသုံးပြုထားတဲ့ chipset တွေဟာလည်း ပူလွန်း အေးလွန်း တဲ့နေရာတွေမှာပါ ပုံမှန်အတိုင်း လုပ်နိုင်စွမ်းရှိပါတယ်။

IR Day Night Camera

အနီအောက်ရောင်ခြည် (Infrared) LED တွေကိုအသုံးပြုပြီး ညအမှောင်မှာ ပုံရိပ်ကိုရယူနိုင်ဖို့ တည် ဆောက်ထားတဲ့ camera ပါ။ အလင်းရောင်ရှိချိန်မှာ ရောင်စုံ(color) ပုံရိပ်ကိုရယူပြီး ညမှောင်ချိန်မှာတော့ IR LED  တွေကိုအသုံးပြုပြီး အဖြူ အမည်း( black/white ) ပုံရိပ်ကိုသာရယူ နိုင်ပါတယ်။ ယခုနောက်ပိုင်း CCTV camera တွေကတော့ IR Day/ Night Camera များသာဖြစ်ပါတယ်။ camera lens ရဲ့ဘေးဖက်တွေမှာ LED မီးလုံးလေးတွေ ပါတယ်ဆိုရင် တော့ ဒါဟာ Day/ Night Camera ဆိုတာကိုအလွယ်တကူသိနိုင်ပါတယ်။

Hidden Camera / Covert Camera

CCTV Camera အသွင်ပုံစံနဲ့ မတူပါဘူး။ smoke detector, PIR sensor စသည့် ပစ္စည်းများ၏ ပုံစံ ဖြင့် ပုံရိပ်ကို လူမသိအောင် ဖမ်းယူဖို့ design လုပ်ထားတာပါ။

PTZ Camera

PTZ ဆိုတာ Pan, Tilt, Zoom ကိုဆိုလိုတာပါ။ Pan (အပေါ်အောက်) Tilt(ရှေ့နောက်) Zoom ( အနီးအဝေး) စသည်တို့ကို အဝေးမှ လိုသလို ထိန်းချုပ်နိုင်တဲ့ camera အမျိုးအစားပါ။

Surround / Panoramic View Camera (or) Multi Lens Camera

Camera တစ်လုံးထဲတွင် တစ်ခုထက်ပိုသော lens များကို ပတ်ပတ်လည်ထည့်သွင်းတပ်ဆင်ထားပြီး ထို lens များမှ ပတ်ပတ်လည်မှာရှိတဲ့ ပုံရိပ်တို့ကိုဖမ်းယူတွက်ချက်ကာ ပုံရိပ်တစ်ခုတည်းအဖြစ် cable တစ်ခုတည်းမှ ထိန်းချုပ် သိုလှောင်စက်သို့ ပို့ဆောင်ပေးတဲ့ camera ပဲဖြစ်ပါတယ်။ ပတ်ပတ်လည်း 180 ဒီဂရီ၊ 270 ဒီဂရီ၊ 360 ဒီဂရီ စသည်ဖြင့် အမျိုးမျိုးရှိပါတယ်။ မြင်ကွင်းကျယ် ပုံရိပ်ကို ဖမ်းယူထားနိုင်ပါတယ်။ camera များများ တက်ရမည့် နေရာများတွင် Multi lens camera တစ်လုံးတည်းတပ်ဆင်ခြင်းဖြင့် ဖြေရှင်းနိုင်ပါတယ်။ ကျယ်ဝန်းသော car parking ၊ public place တို့မှာ အသုံးများပါတယ်။ outdoor နှင့် indoor အမျိုးအစား နှစ်ခုစလုံးရှိနိုင်ပါတယ်။ vandal proof အဖြစ်လဲ ရှိတက်ပါတယ်။

Fish Eyes Lens Camera

Surround/ Panoramic View Camera အမျိုးအစားပဲဖြစ်ပါတယ်။ ပတ်ပတ်လည် ပုံရိပ်ကို Lens တစ်ခုတည်းကို အသုံးပြုပြီး ဖမ်းယူတာပဲဖြစ်ပါတယ်။ 180 ဒီဂရီ ၊ 360 ဒီဂရီ စသည်ဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ Multi lens camera လောက်တော့ ကျယ်ဝန်းတဲ့ နေရာတွေမှာတော့ အသုံးမပြုနိုင်ပါဘူး။ super market ,meeting room, small office စတဲ့ နေရာတွေမှာ camera တွေများများ မသုံးတော့ပဲ fish eye camera တစ်လုံးတည်းကို တပ်ဆင်နိုင်ပါတယ်။ indoor မှာအသုံးများပါတယ်။

Thermal Imaging Camera

လူ့ခန္ဓာကိုယ် အပါအ၀င် အရာဝတ္တုတွေမှ လူရဲ့သာမန်မျက်စိ ဖြင့် မြင်နိုင်စွမ်းမရှိတဲ့ လျှပ်စစ်သံလိုက်            လှိုင်း(electromagnetic radiation) ထုတ်လွှတ်ပါတယ်။ ထိုသံလိုက်လှိုင်း (radiation) ရဲ့ လှိုင်းအလျား (wavelength) ဟာ အရာဝတ္တုရဲ့ အပူချိန်(temperature) အပေါ်မှာမူတည်ပြီး ကွဲပြားပါတယ်။ အပူချိန်များတဲ့ အရာဝတ္တုဟာ wavelength တိုပါ တယ်။ အပူချိန်နည်းတဲ့ ၀တ္တုရဲ့ထုတ်လွှတ်တဲ့ wavelength ဟာရှည်ပါတယ်။ Thermal Imaging camera ဟာ ထိုလျှပ်စစ်သံလိုက်လှိုင်းရဲ့ wavelength အတိုအရှည်တို့အပေါ်မူတည်ပြီး ပုံရိပ်ကိုဖမ်းယူရရှိနိုင်ဖို့ design ပြုလုပ်ထားတာပါ။ Thermal Imaging camera ဟာ အလင်းရောင်လုံးဝမရှိတဲ့ နေရာမှာ အလင်းရောင်ရှိနေသလို နီးပါး ပုံရိပ်ကိုဖမ်းယူနိုင်ပါတယ်။ IR Day/Night နဲ့ကွားခြားချက်ကတော့ IR camera ဟာ camera ရဲ့LED များမှထုတ်လွှတ်တဲ့ IR ray ရောက်နိုင်တဲ့ အကွာအဝေးမှ ပုံရိပ်ကိုသာဖမ်းယူနိုင်ပြီး Thermal Imagine Camera ကတော့ အပူထုတ်လွှတ်တဲ့ ၀တ္ထု မှန်သမျှရဲ့ပုံရိပ်ကိုဖမ်းယူနိုင်တဲ့ အတွက် ပိုပြီးဝေးဝေးမှာရှိတဲ့ ပုံရိပ်တွေကို အတားအ ဆီးရှိနေရင်တောင် ဖမ်းယူရရှိနိုင်ပါတယ်။ ဓာတုပစ္စည်းသိုလှောင်ရုံများ ၊ စက်ပစ္စည်းများမှ အပူထုတ်လွှတ်မှုကို မှတ်တမ်းတင်ခြင်း စသည် တို့တွင် Thermal Imaging camera များကိုအသုံးပြုကြပါတယ်။ စစ်ဘက်သုံး နှင့် အခြားသော အရေးကြီးလိုအပ်သည့် နေရာများတွင်လည်း Thermal camera များကိုအသုံးပြုပါတယ်။

LPR / ANPR (License Plate Recognition / Automatic Number Plate Recognition)

မော်တော်ကားများရဲ့ လိုင်စင်နံပါတ်ပြား (License Plate) နံပါတ်များကို ပုံရိပ်ဖမ်းယူတဲ့ camera ဖြစ်ပါ တယ်။ LPR camera တွေဟာအခြား camera တွေထက် shutter speed နဲ့ frame rate တို့ပိုမိုမြင့်မားပါ တယ်။ shutter speed ပိုမြန်လေ လှုပ်ရှားတဲ့ ပုံရိပ်ကိုဖမ်းယူရာမှာ မှုန်ဝါးမှု (blur) နည်းပါးလေဖြစ်ပါတယ်။ ဒီတော့ ရွေ့လျားနေတဲ့ မော်တော်ကားများရဲ့ လိုင်စင်နံပါတ်ပြားကို LPR camera ကိုအသုံးပြုပြီး ဖမ်းယူရရှိနိုင် ပါတယ်။
27459370_374340316369113_3331672584126632649_n
CCTV Camera အမျိုးအစားများ


Camera Lens

Video surveillance system တစ်ခုမှာ camera တွေရဲ့ lens ကိုရွေးချယ်အသုံးပြုမှုဟာလည်း အရေးပါတဲ့အချက်ပဲဖြစ်ပါတယ်။ camera ရဲ့ lens တွေအကြောင်းကိုနားလည်ထားမှသာလျှင် camera ကိုထားရှိအ သုံးပြုမည့်နေရာနှင့် ကိုက်ညီမယ့် lens ကိုရွေးချယ်နိုင်မှာပဲဖြစ်ပါတယ်။

Focal Length(mm)

အပြင်မှအလင်းတန်းများဟာ camera ရဲ့ lens ကို ဖြတ်လာပြီး တစ်နေရာမှာအလင်းဆု စုံပါတယ်။ ထို့နောက်အလင်းဟာ ပြန်လည်ပြန့်ကားသွားပြီး Image sensor လို့ခေါ်တဲ့ ပုံရိပ်ဖမ်းပစ္စည်း ပေါ်ကို ဖြန့်ကျက်ကျရောက်ပါတယ်။ ထို lens မှ အလင်းစုဆုံရာနေရာ(focus) ကြားအကွားအဝေးကို focal length လို့ခေါ်ပါတယ်။ focal length ကို mili-meter နဲ့တိုင်းတာပါတယ်။ ယေဘုယျအားဖြင့်တော့ security camera အတော်များများမှာ focal length 3.6 mm ရှိတက်ကြပါတယ်။ 3.6 mm lens ဆိုတာနဲ့ camera ရဲ့ lens focus (အလင်းစုဆုံရာနေရာ) ဟာ Image sensor မှ 3.6 mm အကွာအဝေးရှိတယ်ဆိုတာ ကိုသိရှိနိုင်မှာပဲဖြစ် ပါတယ်။ focal length နီးတဲ့ camera ဟာ ကျယ်ဝန်းတဲ့ မြင်ကွင်း ကိုဖမ်းယူမှာဖြစ်ပေမယ့် အဝေးမှာ ရှိတဲ့ ပုံရိပ်ကို သဲကွဲစွာမြင်နိုင်မှာမဟုတ်ပါဘူး။ focal length ဝေးရင်တော့ ဖမ်းယူရရှိတဲ မြင်ကွင်းဟာ ကျဉ်းမြောင်းပြီး အဝေးမှာရှိတဲ့ ပုံရိပ်ကို သဲသဲကွဲကွဲမြင်နိုင်မှာပဲဖြစ်ပါတယ်။ home နဲ့ small office စတဲ့ သိပ်ပြီးမကျယ်ဝန်းတဲ့ နေရာတွေမှာတော့ focal length နည်းပါးတဲ့ camera တွေကိုအသုံးပြုနိုင်ပါတယ်။ အတော်ဝေးဝေးမှ ပုံရိပ်ကို ဖမ်းယူလိုရင်တော့ focal length ဝေးတဲ့ camera တွေကိုအသုံးပြုရမှာပဲဖြစ်ပါတယ်။
  • focal length နီးလေ မြင်းကွင်းကျယ်လေ အဝေးကိုမပြတ်သားလေ
  • focal length ဝေးလေ မြင်ကွင်းကျဉ်းလေ အဝေးကိုပြတ်ပြတ်သား မြင်ရလေ ဖြစ်ပါတယ်
27164573_374340746369070_2816496413195828452_o
Focal Length

Field of View ( FOV )

FOV ဟာ မြင်ကွင်း area ကိုပြောတာပါ။ focal length နဲ့ဆက်စပ်မှုရှိပါတယ်။ တကယ်လို့ camera ဟာ wide angle ( မြင်ကွင်းကျယ်) ဆိုရင် focal length နီးပါမယ်။ ဥပမာ 2.8 mm လောက်ပဲရှိပါလိမ့်မယ်။ ပေ ၂၀ ပတ်လည် လောက်ပဲရှိတဲ့ အခန်းဆိုရင်တော့ wide angle ဟာအသင့်တော်ဆုံးပဲဖြစ်ပါတယ်။
27067313_374340816369063_4420326574713618288_n
Field of View

Monofocal နှင့် Varifocal ကွာခြားချက်

Monofocal ဆိုတာ lens ကို focal length တစ်ခုမှာ အသေတပ်ဆင်ထားတာကိုဆိုလိုတာပါ။ ဒါကြောင့် focal length ဟာတစ်ခုတည်းပဲရှိပါတယ်။ fixed lens လို့လဲခေါ်ဆိုနိုင်ပါတယ်။ 3.6 mm (သို့) 16 mm စသ ဖြင့် focal length တစ်ခုတည်းသာဖော်ပြထားမယ်ဆိုရင်တော့ Monofocal ဖြစ်ပါတယ်။
Varifocal ကတော့ focal length အနီးအဝေးကို လိုသလို ချိန်ညှိလို့ရနိုင်တဲ့ camera အမျိုးအစားပဲ ဖြစ်ပါတယ်။ lens တွေကို အကွာအဝေးအမျိုးမျိုးမှာ ထည့်သွင်းတပ်ဆင်ထားတာပါ။ ဥပမာ 2.5 – 6 mm (သို့) 5 – 50 mm ဆိုတာ ကိုတွေ့ရင် varifocal ပဲဖြစ်ပါတယ်။ varifocal camera ဟာ focal length ကို manually    ( လက်ကိုအသုံးပြု ) ပဲချိန်ယူနိုင်ပါတယ်။ monofocal နဲ့ varifocal မှာ varifocal ဟာ ပိုပြီးဈေးကြီးပါတယ်။

Motorised Zoom Lens

Zoom lens ဆိုတာကတော့ varifocal ပဲဖြစ်ပါတယ်။ ကွာခြားတာကတော့ varifocal ကို manually ချိန်ယူရပြီးတော့ zoom lens ကတော့ focal length ကို မော်တာဖြင့် အလိုအလျောက်(auto) ချိန်ယူပေးပါတယ်။

Optical Zoom and Digital Zoom

Optical Zoom ဆိုတာ Lens ရဲ့ focal length ကို ချိန်ယူပြီး အဝေးမှပုံရိပ်ကို အနီးဆွဲယူခြင်းဖြစ်ပါ တယ်။ Lens ကိုချိန်ယူပြီး real time မှာ zoom ဆွဲယူခြင်းဖြစ်ပါတယ်။ Digital zoom ကတော့ Lens ကိုအသုံးပြု     ခြင်းမဟုတ်ပဲ ပုံရိပ်ရဲ့ resolution ကိုချဲ့ယူခြင်းသာဖြစ်ပါတယ်။ သာမန် monitor မှာပေါ်နေတဲ့ ရုပ်ထွက်၏ pixel ကိုချဲ့ယူခြင်းဖြစ်ပါတယ်။
   Optical Zoom ဘယ်လောက်ဝေးဝေး ဆွဲယူနိုင်တယ်ဆိုတာကတော့ varifocal lens ဘယ်လောက်ထိ ပါတယ်အပေါ်မှာမူတည်ပါတယ်။ focal length များများပါလေ ဝေးဝေးမှ ပုံရိပ်ကိုဆွဲယူရရှိနိုင်လေဖြစ်ပါတယ်။ Digital Zoom ကတော့ camera ဟာဘယ်လောက် resolution နဲ့ပုံရိပ်ကိုဖမ်းယူထားတယ် ဆိုတဲ့အပေါ်မှာမူ တည်ပါတယ်။ resolution ကောင်းလေ Digital Zoom မှာ ကြည်လင်လေဖြစ်ပါတယ်။ resolution မကောင်း ရင်တော့ Digital Zoom ဆွဲယူတဲ့အခါမှာ မှုန်ဝါးနေမှာပါ။ camera မှပုံရိပ်များကိုဖမ်းယူပြီးချိန် play back ပြန်လည်ကြည့်ရှု့ချိန်မှာ zoom ဆွဲယူတာကတော့ Digital Zoom ပါ။ Optical Zoom ကတော့ real time zoom မှာပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Manual Iris နှင့် Auto Iris ကွာခြားချက်

Iris ဆိုတာ အလင်းထိန်းတံခါးပဲဖြစ်ပါတယ်။ camera အတွင်းသို့ အလင်းဝင်ရောက်မှုကို ချိန်ညှိပေး ပါတယ်။ အလင်းများများဝင်ရောက်ပါက ပုံရိပ်ဟာအလွန်တောက်ပနေမှာဖြစ်ပြီး ဖြူဖွေးနေသော ရုပ်ထွက်ဖြင့် ပုံရိပ်ဟာသဲကွဲမှာမဟုတ်တော့ပါ။ အလင်းဝင်ရောက်မှု နည်းပါးပါကလည်း ပုံရိပ်ဟာ မှောင်နေပြီး ရုပ်ထွက်မသဲ ကွဲဖြစ်ပါတယ်။ Iris မှာလည်း auto နဲ့ manual အပြင် fixed လဲရှိပါတယ်။ fixed Iris ကတော့ Iris အသေဖြစ် တဲ့အတွက် ချိန်ညှိလို့မရနိုင်ပါဘူး။ manual ကတော့ Iris ကို လက်နဲ့ ချိန်ယူနိုင်ပါတယ်။ auto ကတော့ Iris ကို အလိုအလျောက်ချိန်ညှိပေးမှာပဲဖြစ်ပါတယ်။ manual နဲ့ fixed Iris camera တွေကိုတော့ အလင်းရောင် ပြောင်းလဲမှုမရှိတဲ့ Indoor တွေမှာအသုံးပြုနိုင်ပါတယ်။ အလင်းရောင်အမြဲအပြောင်းအလဲ ရှိနေတဲ့ Outdoor တွေမှာ တော့ auto Iris camera ကိုသာအသုံးပြုသင့်ပါတယ်။


Illumination

Illumination ကိုနားလည်ဖို့အတွက် Luminance နဲ့ Illuminance ကိုဦးစွာနားလည်ဖို့လိုအပ်ပါတယ်။ Luminance ဆိုတာကတော့ အလင်းလွှတ်ပစ္စည်း(light source)မှ အလင်း ထုတ်လွှတ်သည့် အလင်းစူး ပမာဏ (သို့) ထို အလင်းလွှတ်ပစ္စည်းမှ အလင်းသည် အခြားအရာဝတ္တုတစ်ခုကို ထိပြီး အလင်းပြန် (reflection) ခြင်းမှအလင်းစူးသည့် ပမာဏ ပဲဖြစ်ပါတယ်။ ဥပမာ နေမှ အလင်းထုတ်လွှတ်သည့် အလင်းစူး ပမာဏဟာ Luminance ပဲဖြစ်ပါတယ်။ ထို့ပြင် နေမှ အလင်းရောင်သည် လသို့ ကျရောက်ပြီး လမှတဆင့်အ လင်းပြန်ခြင်းအားဖြင့် လမှအလင်းပြန်သည့်အလင်းစူးပမာဏဟာ လည်း Luminance ပဲဖြစ်ပါတယ်။ အလင်းလွှတ်ပစ္စည်း(light source) မှ ထုတ်လွှတ်သည့် အလင်းစူးမှု ပမာ ကို candela / square meter ဖြင့်တိုင်းတာပါတယ်။ candela ဆိုသည်မှာ ဖယောင်းတိုင်တစ် တိုင်အားလို့ ယူဆနိုင်ပါတယ်။ 1 candela(cd) x 1 steradian ဟာ 1 Lumen ဖြစ်ပါတယ်။ steradian ဆိုတာ solid angle ကိုတိုင်းတာတဲ့ unit တစ်ခုပဲဖြစ်ပါတယ်။ Lumen နဲ့ cd/m^2 နဲ့ ကွာခြားချက်ကတော့ Lumen က အလင်းလွှတ်အားဖြစ်ပြီး candela/square meter ကတော့ အလင်းစူးအား ဖြစ်ပါတယ်။
Illuminance ဆိုတာ အလင်းလွှတ်ပစ္စည်းမှ ထုတ်လွှတ်လိုက်တဲ့ အလင်းဟာ မျက်နှာပြင်တစ်ခုခုကို ကျရောက်သွားတဲ့ အလင်းပမာဏ ပဲဖြစ်ပါတယ်။ ဥပမာ ဓာတ်မီးတစ်လက်ကို ကြမ်းပြင်သို့ ထိုးလိုက်ပါက ထို ဓာတ်မီးဟာ အလင်းလွှတ်အား Lumen ပမာဏတစ်ခု ဖြင့် ကြမ်းပြင်ကိုသွားထိပါတယ်။ ထိုအခါ ကြမ်းပြင်မှာ မီးအ    လင်းရောင် အ၀ိုင်းတစ်ခုဖြစ်နေတာကိုမြင်ရမှာဖြစ်ပါတယ်။ ထိုမီးအလင်းရောင် အ၀ိုင်းကျရောက်နေတဲ့ အရွယ်အစားကို Lumen/square meter ဖြင့်တိုင်းတာပါတယ်။ 1 lumen/square meter ကို 1 Lux လို့သတ်မှတ်ပါတယ်။ ထို Lux ဟာ Illuminance ဆိုတဲ့ မျက်နှာပြင်ပေါ်ကျရောက်တဲ့ အလင်းပမာဏပဲဖြစ်ပါတယ်။ ( Lux ဟာအလင်းစူး အားမဟုတ်ပါ )
ဓာတ်မီးဟာ light source ဖြစ်ပါတယ်။ ဒီတော့ ဓာတ်မီမှ အလင်းစူးအား( candela/square meter) ဟာ Luminance ဖြစ်ပါတယ်။ ထိုဓာတ်မီးမှ ကြမ်းပြင်သို့ ကျရောက်သည့် အလင်းပမာဏဟာ Illuminance ဖြစ်ပါတယ်။ ကြမ်းပြင်သို့ ကျရောက်သည့်အလင်းဟာ ထပ်မံအလင်းပြန်ပါတယ်။ ထိုအလင်းပြန်သည့် အလင်း စူးအားဟာလည်း Luminance ဖြစ်ပါတယ်။ ( candela, Lumen နဲ့ Lux တို့အကြောင်းကို သိလိုပါက အသေး စိတ်ရှာဖွေလေ့လာပါရန် )
ယခင် မီးလုံး မီးသီးတို့အား Watt ဖြင့်တိုင်းတာပါတယ်။ ယခုနောက်ပိုင်းတော့ Watt ဟာ မီးလုံး ရဲ့ Power စားသုံးမှုကိုသာပြသနိုင်ပြီး အလင်းအားကိုတိုင်းတာဖို့မဖြစ်နိုင်ပါဘူး။ ဒါကြောင့် နောက်ပိုင်း LED မီးသီး များမှာ Lumen (အလင်းလွှတ်အား) ပမာဏကိုဖော်ပြလာကြပါတယ်။ 100 W မီးသီးဟာ 1600 Lumens ရှိပါ တယ်။ 75 W ဆိုရင် 1100 Lumens ၊ 60 W ဆိုရင် 800 Lumens ၊ 40 W ဆိုရင် 45 Lumens စသဖြင့် မီးသီး ရဲ့ အလင်းလွှတ်အားကို ဖော်ပြလာကြပါတယ်။
Camera တွေမှာ Min.Illumination ဆိုပြီးဖော်ပြထားတာကိုတွေ့ဖူးကြမှာပါ။ 1.0 Lux, 0.02 Lux, 0 lux on IR စသည်ဖြင့်ရေးထားတာကိုတွေ့ကြရမှာဖြစ်ပါတယ်။ 1.0 lux ဆိုတာ သာမန် အလင်းရောင်ရှိနေ တဲ့အချိန်မှာ အရာဝတ္တုပေါ်သို့ အလင်းကျရောက် သည့် 1.0 ပမာဏအထိ ထို camera မှပုံရိပ်ကိုဖမ်းယူနိုင် သေးတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ 0 lux on IR ဆိုတာက တော့ အလင်းရောင်ကျရောက်မှု ဘာမှမရှိတော့ဘူး ဆိုရင်တော့ IR    ( infrared Ray) ဖြင့် ပုံရိပ်ကိုဖမ်းယူနိုင် သေးတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ Night Vision camera လို့ဆိုလိုတာပါ။
27173319_374340873035724_3502971636465883471_o
Luminance & Illuminance


Camera Sensors

Lens ကိုဖြတ်ပြီးဝင်ရောက်လာတဲ့အလင်းရောင်ဟာ Image sensor ပေါ်ကိုကျရောက်ပါတယ်။ Sensor မှ ကျရောက်လာတဲ့အလင်းရောင်ကို လျှုပ်စစ်(electrical) signal အဖြစ်ပြောင်းလဲပေးပါတယ်။ ထို electrical signal ကို video signal အဖြစ် circuit မှထပ်မံပြောင်းလဲပေးပါတယ်။ အဓိကအသုံးပြုတဲ့ sensor နှစ်မျိုးရှိပါတယ်။ CCD ( Charged Coupled Device) နှင့် CMOS ( Complementary Metal Oxide Semiconductor) တို့ပဲဖြစ်ပါတယ်။ CCD sensor ဟာ အရည်အသွေးမြင့်ပြီး noise နည်းတဲ့ ပုံရိပ်ကိုထုတ်လုပ် နိုင်ပါတယ်။ ဒါပေမယ့် CCD ဟာထုတ်လုပ်စရိတ်ပိုပြီး မြင့်မားတဲ့အပြင် Power စားသုံးမှုလည်းမြင့်မားပါတယ်။ CMOS ကတော့ CCD လောက် ရုပ်ထွက်အရည်အသွေးမကောင်းပေမယ့် ထုတ်လုပ်စရိတ်သက်သာပြီး Power စားသုံးမှု နည်းပါးပါတယ်။ ဒါကြောင့် နောက်ပိုင်း camera များမှာ CCD sensor ကိုအသုံးပြုမှု နည်းပါးလာပြီး CMOS sensor ကိုပဲပိုမိုကောင်းမွန်အောင် ထုတ်လုပ်လာခဲ့ကြပါတယ်။
သို့ပေမယ့်လည်း ရွေးလျားပုံရိပ်တွေကို ရိုက်ကူးတဲ့အခါမှာတော့ CCD sensor ဟာပိုပြီး ကြည်လင်ပြတ် သား  ပြီး noise နည်းပါးတဲ့ ရုပ်ထွက်ကိုဖမ်းယူနိုင်ပါတယ်။ ဒါကြောင့် လျင်မြန်စွာရွေ့လျားနေတဲ့ ကား၊လေယဉ်စသည်တို့မှာ တပ်ဆင်မယ့် camera ကိုတော့ CCD sensor အသုံးပြုထားတဲ့ camera ကိုတပ်ဆင်သင့်ပါတယ်။
27356302_374340889702389_2060152418787696149_o
27458906_374340909702387_613315870689524122_n
CMOS နှင့် CCD  sensor များကွခြားချက်


Image Resolution

Image Resolution ဆိုတာ ပုံရိပ်ရဲ့ အသေးစိတ်သတ်မှတ်ချက်ဖြစ်ပါတယ်။ Analog camera များမှ ဖမ်းယူရရှိတဲ့ image resolution ကို TV lines (TVL) ဖြင့်တိုင်းတာပါတယ်။ TVL ဆိုတာ အဖြူအမည်း ဒေါင် လိုက်(vertical)လိုင်းရဲ့ ရေပြင်ညီ(horizontal)အရေအတွက်ဖြစ်ပါတယ်။ယခင် analog TV များရဲ့ resolution ကိုတိုင်းတာတဲ့ unit ဖြစ်ပါတယ်။ ဥပမာ 400 TVL ဆိုရင် အဖြူဒေါင် လိုက်လိုင်း 200 နဲ့ အမည်းဒေါင်လိုက်လိုင်း 200 ပါဝင်တယ်လို့ဆိုလိုတာပါ။ ဥပမာ အလျား 15 လက်မ ၊ အနံ 12 လက်မ ရှိတဲ့ monitor ဟာ 400TVL resolution ရှိတဲ့ ပုံရိပ်ကို ၁၂ လက်မရှိတဲ့ အဖြူအမည်းဒေါင်လိုက်လိုင်း(vertical line) 400 ဟာ အလျား 15 လက်မအတွင်း အချိုးကျကျ ဖော်ပြပေးမှာဖြစ်ပါတယ်။ တကယ်လို့ monitor ဟာ အလျား ၂၀လက်မ၊ အနံ ၁၆ လက်မ ရှိမယ်ဆိုရင်တော့ ၁၆လက်မရှိတဲ့ အဖြူအမည်းဒေါင်လိုက်လိုင်း 400 ကို အလျား ၂၀လက်မ အတွင်းအချိုးကျကျ ပြသပေးမှာပါ။ TVL နည်းပါးစွာ ဖမ်းယူထားတဲ့ ပုံရိပ်ကို monitor ကြီးကြီးမှာ ကြည့်မယ်ဆို ရင်တော့ ပုံရိပ်ဟာ သိပ်ပြီးကြည်လင်တော့မှာမဟုတ်ပါဘူး။ TVL များလေ resolution ကောင်းလေဖြစ်ပါတယ်။
Digital camera များမှာတော့ resolution ကို pixel (အစက်) အရေအတွက်နဲ့သတ်မှတ်ပါတယ်။ ဥပမာ 1280 x 720 resolution ရှိတယ်ဆိုရင် အလျား 1280 နဲ့ အမြင့် 720 ရှိတဲ့ပုံရိပ်ဟာ (1280 x 720 = ) pixel (အစက်) ပေါင်း 921,600 ပေါ်မှာကြည်လင်စွာပြသနိုင်ပါတယ်။ pixel များလေ resolution ကောင်းလေ ဖြစ်ပါတယ်။ 1920 x 1080 ဆိုရင်တော့ pixel ပေါင်း 2,073,600 ( 2 Mega Pixel ) ရှိမှာဖြစ်ပါတယ်။ HD ( High Definition ) resolution ပါ။ နောက်ပိုင်း 3MP, 4MP, 10MP, 16MP စသဖြင့် Mega Pixel များများနဲ့ ပုံရိပ်တွေကိုဖမ်း ယူနိုင်တဲ့ camera များရှိနေပါပြီ။
Resolution များများနဲ့ ဖမ်းယူထားတဲ့ ပုံရိပ်ဟာ Digital Zoom ဆွဲယူကြည့်ရှုရာမှာ သက်ရောက်မှု ရှိပါ တယ်။ Resolution များရင် Digital Zoom ကိုမှုန်ဝါးမှု နည်းပါးစွာ ခပ်နီးနီးဆွဲယူနိုင်ပြီး resolution နည်းရင် တော့ Digital Zoom မှာပုံရိပ်ဟာ မပြတ်သားမှုန်ဝါးနေမှာဖြစ်ပါတယ်။
27368994_374340933035718_2076850265304265554_o



Analog & Digital Camera

Analog နဲ့ Digital Camera တို့ရဲ့အဓိက ကွာခြားချက်ကတော့ video signal ကိုပို့ဆောင်ပုံ ပါပဲ။ Analog camera များကတော့ video signal ကို ယခင် TV များတွင်အသုံးပြုသည့် TVL resolution သတ်မှတ်ချက်   ဖြင့် analog data ကို cable မှတဆင့်ပို့ဆောင်တာပဲဖြစ်ပါတယ်။ Digital Camera ကတော့ ရရှိလာတဲ့ video signal ကို camera တွင်ပူးတွဲပါဝင်သည့် encoder ဖြင့် digital data အဖြစ်ပြောင်းလဲပြီး ပို့ဆောင်     ပေးတာဖြစ်ပါတယ်။
Analog camera များကို camera တစ်လုံးချင်းစီ၏ setting များကို လိုအပ်သလို configuration လုပ်ဆောင်လို့မရပါဘူး။ အများစုကတော့ ထုတ်လုပ်ကတည်းက သတ်မှတ်ပြီးသား setting (fixed setting) ဖြင့်သာ လုပ်ဆောင်နိုင်ပါတယ်။ Digital camera များကိုတော့ camera တစ်လုံးချင်းစီ၏ resolution, motion detection, preset စတာတွေကို လိုအပ်သလို setting သတ်မှတ်နိုင်ပါတယ်။
Analog camera တစ်လုံးချင်းစီ၏ပုံရိပ်ကို IP Network, Internet စသည်တို့မှ ဆက်သွယ်ကြည့်ရှု့နိုင်ခြင်း မရှိပါဘူး။ ဗဟိုထိန်းချုပ်စက်(DVR) မှသာ တဆင့်ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ Digital Camera များကို တော့ IP Network, Internet စသည်တို့မှ ဆက်သွယ်ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ ဒါကြောင့် Digital Camera များကို IP Camera ဟုလည်းခေါ်ဆိုကြပါတယ်။
Analog Camera များဟာ အမြင့်ပိုင်း resolution များဖြင့် ပုံရိပ်ကိုဖမ်းယူနိုင်ခြင်းမရှိပါဘူး။ Digital Camera များကတော့ HD resolution အမြင့်ဖြစ်တဲ့ Mega pixel များဖြင့် ပုံရိပ်များကိုကြည်လင်ပြတ်သားစွာ ဖမ်းယူရရှိနိုင်ပါတယ်။ ဒါကြောင့် Digital Zoom မှာ Digital camera များက ပိုပြီးဝေးဝေးမှ ပုံရိပ်ကို Analog camera ထက်ကြည့် ရှု့နိုင်ပါတယ်။
Analog Camera များကို ကြိုးမဲ့ ဆက်သွယ်နိုင်ပေမယ့် video data ကို encrypt လုပ်ဆောင်လို့ မရနိုင် တဲ့အတွက် အခြားသူများမှ ကြားဖြတ်ကြည့်ရှု့နိုင်ပါတယ်။ Digital Camera များကတော့ ကြိုးမဲ့ ဆက်သွယ် တဲ့အခါမှာ encrypt လုပ်ဆောင်နိုင်သည့်အတွက် ကြားဖြတ်ဝင်ရောက်ကြည့်ရှု့ဖို့ရာ မလွယ်ကူပါဘူး။
Analog Camera များဟာ video data ကို camera side မှာ ချုံ့နိုင်စွမ်း(compression) မရှိပါဘူး။ DVR side မှာသာ compress လုပ်ဆောင်တဲ့အတွက် ပုံရိပ်ကို သိမ်းဆည်းရမှာ file အရွယ်အစားကြီးမားပါတယ်။ digital camera များကတော့ camera side မှာတင် compress လုပ်ဆောင်တဲ့အပြင် NVR side မှာလည်း compress လုပ်ဆောင်တဲ့အတွက် ပုံရိပ်ကိုသိမ်းဆည်းရာမှာ file အရွယ်အစားပိုမိုသေးငယ်စွာ သိမ်းဆည်း နိုင်ပါတယ်။
Digital Camera များဟာ resolution မြင့်မားတဲ့အတွက် facial recognition, license plate recognition စတဲ့ applicationတွေကိုထည့်သွင်းအသုံးပြုနိုင်ပါတယ်။

Wednesday, July 19, 2017

Window 10 password reset ချနည်း

Windows 10 Password မေ့သူသူများအတွက်ကော

အကြာင်းအမျိုးမျိုးကြောင့် Windows Password အခက်အခဲဖြစ်သူများအတွက်

Password unlock ပြုလုပ် နည်း Video Tutorial တင်ပေးလိုက်ပါတယ်။

Windows 10 Password Unlock လုပ်ဖို့ အတွက်

Ultimate DLC System Boot CD လိုပါတယ်။

ထုံးစံအတိုင်း Password Reset ချဖို့အတွက်

Fist Boot ကို CD နဲတက်ပေါ့ဗျာ။အကယ်၍ USB Boot လုပ်ထားရင်လဲ

USB Boot နဲ့တက်ပေါ့ဗျာ။ ကျွန်တော် အရင်ကလဲ

Windows 7 Password Reset ချနည်း Tutorial တင်ထားပေးဖူးပါတယ်။

အခု Tutorial ထဲ့မှာတော့ အခု Ultimate DLC System Boot 2016 Version

 ခွေနဲလုပ်ပြထားတာပါ။ 
2016 Boot CD ကျတော့ Password Reset Tools တွေပိုလွယ်ကူလာပါတယ်။

System 2016 Boot CD Download Now

Windows 10 Password Unlock Tutorial


NORTHON GHOST ဖြင့် HDD တွေကို CLONE ရိုက်နည်း




 


 
HDD တွေကို ဘာကြောင့် Clone ရိုက်ရသလည်း ဆိုတာကို အရင်ရှင်းပြပါ့မယ်။


ကျွန်တော်တို့ စက်တစ်လုံးကို Window တင်တဲ့အခါမှာ WindowInstallation အပိုင်းချည်းပဲကို အနည်းဆုံး ၄၅ မိနစ်လောက်ကြာပါတယ်။ ဂိမ်းဆိုင် သို့မဟုတ် အင်တာနက်ဆိုင်အတွက် အခြားလိုအပ်

တဲ့ Software တွေကိုပါ ထပ်သွင်းမယ်ဆိုရင် အနည်းဆုံး ၂နာရီကျော်ကျော်လောက်ကြာပါတယ်။ ဒါဟာ စက်တစ်လုံးတည်းအတွက်ပါ။အကယ်လို့များ ကျွန်တော်တို့က ဆိုင်တစ်ဆိုင်မှာ စက်အလုံး ၂၀
ရှိတယ်ဆိုပါစို့ ကျွန်တော်တို့က တစ်လုံး ချင်းစီ တင်မယ်ဆိုရင်အချိန်ဘယ်လောက်ကြာမလည်းဆိုတာကို တွက်ကြည့်လိုက်ပါ။


ဒီတော့ ကျွန်တော်တို့က အချိန်တွေကိုလျော့ချပြီး အမြန်ဆုံး ပြီးစီးအောင် လုပ်ဆောင်ဖို့နည်းလမ်းကတော့ HDD Clone ရိုက်နည်းပဲဖြစ်ပါတယ်။ Clone ရိုက်နည်းများစွာရှိတဲ့အထဲမှာမှ ကျွန်တော်ဒီ Post မှာ Northon Ghost နဲ့ လုပ်ဆောင်နည်းကို ပြောပါ့မယ်။


ကဲ စကားတွေများသွားပြီဆက်လိုက်ရအောင် ကျွန်တော်တို့ အရင်
ဆုံး Northon Ghost ကို Install လုပ်လိုက်ပါ့မယ်။ ပြီးသွားပြီဆိုတာနဲ့Software ကို ဖွင့်လိုက်ပါ့မယ်။ဒါဆိုရင်အောက်ပါပုံအတိုင်းပေါ်လာပါလိမ့်မယ်။ 





အထက်ပါပုံအတိုင်းပေါ်လာပြီဆိုရင် ကျွန်တော်တို့က အောက်ပါပုံ

အတိုင်း




Ghost Advanced ကိုဝင်လိုက်ပါ့မယ်။ ဒီနေရာမှာ ကျွန်တော်တို့က

ညာဘက်ခြမ်းမှာရှိသော Clone ဆိုတာကို ၀င်လိုက်ပါ့မယ်။ ဒါဆိုရင်




အထက်ပါပုံအတိုင်းပေါ်လာပြီဆိုရင်တော့ ကျွန်တော်တို့က Next ကိုနှိပ်

လိုက်ပါ့မယ်။အောက်ပါပုံအတိုင်းပေါ်လာတဲ့အခါမှာ




ကျွန်တော်တို့က တစ်ခု အရေးကြီးဆုံး သတိထားရမယ့်အချက်က HDD ရဲ့ Model Number, Serial Number တွေပဲဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ အဲဒီ အချက်တွေကို သတိမထားပဲ မှားယွင်းလုပ်ဆောင်မိတယ်ဆိုရင် မူရင် Final လုပ်ထားတဲ့ HDD ကို ထိခိုက်ပျက်

စီးစေမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က Board မှာတပ်ဆင်မယ့်အခါမှာ Port ဘယ်လောက်မှာတပ်မှာလည်း?..... နောက်တစ်ချက်က HDD ရဲ့ Lable မှာပါတဲ့ Size, Model, Serial Number

တွေကို သေချာမှတ်ရပါမယ်။ မူရင်း HDD ကို Source နေရာမှာဖော်ပြပေးပြီးတော့ Clone လုပ်မယ့် HDD ကို Desination နေရာမှာဖော်ပြပေးမှာဖြစ်ပါတယ်။ အထပ်ဖော်ပြပါပုံအတိုင်း Select မှတ်ပေး

ပြီးတာနဲ့ Next ကို နှိပ်ပေးလိုက်ပါမယ်။




ဖော်ပြပါပုံကတော့  Clone လုပ်မယ့် Disk ကို ပြောတာဖြစ်ပါတယ်။

ကျွန်တော်တို့က OK ကို နှိပ်လိုက်ပါမယ်။






ပြီးသွားရင် အထပ်ပါပုံအတိုင်းမှ Next ကို နှိပ်လိုက်ပါမယ်။ Advanced settings

ထဲကို ၀င်စရာမလိုပါ...





အထက်ပါပုံအတိုင်းပေါ်လာပြီဆိုရင် ကျွန်တော်တို့က Run Nowဆိုတာကို နှိပ်ပေးလိုက်ပါမယ်။ဒါဆိုရင်တော့ အောက်ပါပုံအတိုင်း

ပေါ်လာမှာဖြစ်ပါတယ်။




ဒီနေရာမှာ Message ပြတာကတော့ OK နှိပ်ပြီးတာနဲ့ စက်က Restartကျသွားပြီး DOS Mode ထဲကနေ လုပ်မယ်ဆိုတာကိုပြောတာဖြစ်ပါတယ်။

OK နှိပ်ပြီးတာနဲ့ ကွန်ပျူတာက Restart ကျသွားပါမယ်။ ပြန်တက်လာတဲ့

အခါမှာတော့




ရွေးချယ်စရာ ထဲမှာမှ Option 1 ကိုရွေးချယ်ပေးလိုက်ပါမယ်။ ဒါဆိုရင်တော့




 HDD ကို Clone လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။

% 100 ပြီးသွားပြီဆိုရင်တော့  HDD ကို Clone လုပ်ဆောင်ခြင်းပြီးသွားပြီဖြစ်ပါတယ်။ ဒီအခါမှာတော့ မိမိကွန်ပျူတာတွေမှာ တပ်ဆင်ပြီး အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ အချိန်အားဖြင့် အနည်းဆုံး

၃၀ မိနစ်လောက်ကြာမြင့်မှာဖြစ်ပါတယ်။ နောက်ထပ်ဆက်လက်ပြီးတော့လည်း Ancronic True Image ဆိုတဲ့ Software နဲ့ Clone လုပ်နည်းကိုလည်း ဖော်ပြပေးပ့ါမယ်။ Ancronic နဲ့ ဆိုရင်တော့

အများဆုံး ၁၅ မိနစ်လောက်ပဲကြာမှာဖြစ်ပါတယ်။ အားလုံးပဲအဆင်

ပြေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်။

 Download here


WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း

  windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...